အခန်း ၃၇
Vol. 2 Ch. 37
Chapter 37
နင်းမုန့်ယောင်က သူမဘေးကယောကျာ်းကိုကြည့်လိုက်သည်။သူ့ပုံစံကအေးစက်စက်ဆိုပေမယ့် သူ့စကားတွေက လျှာစောင်းထက်လိမ့်မယ်လို့တော့ သူမမထင်ထားပေ။
ဒါပေမယ့် သူမက ဒီနေရာမှာ ဝင်မပါချင်ပေ။သူမအကျင့်စရိုက်ကိုမသိတဲ့တစ်ခြားလူတွေကတော့ သူမက သူများကံဆိုးနေတာကို နှစ်သက်စွာကြည့်နေတယ်လို့တွေးကြလိမ့်မည်။
တကယ်က သူမကထွက်သွားချင်ပေမယ့် တစ်ဖက်လူက သူမကို သွားခွင့်မပြုတာဖြစ်သည်။
နင်းမုန့်ယောင်က နောက်ပြန်လှည့်တဲ့အချိန်မှာ ရန်ကွေ့က သူမလမ်းကိုတားလိုက်ပြန်သည်။
"နင် အရှက်မရှိတဲ့မိန်းမ နင်ကငါနဲ့အစ်ကိုချောင်ကြားကဆက်ဆံရေးမှာ သဘောထားကွဲသွားအောင်လုပ်ခဲ့တာ ငါတို့မပြီးသေးဘူး"
နင်းမုန့်ယောင်က စိတ်မရှည်တော့ပေ။သူမက အနိုင်ကျင့်ဖို့လွယ်တဲ့ပုံပေါက်နေလို့လား?ဒါမှမဟုတ် အဲ့မိန်းမကပဲ လူစကားနားမလည်တာလား?
သူမအခုလေးတင်ဘာပြောလိုက်လဲ?အခု ဒီမိန်းမက သူများကိုအပြစ်တွေအကုန်လာတင်နေတယ်....
ချောင်ထျန်းချန်က သူတို့နှစ်ယောက်ရှေ့ကိုလျှောက်သွားလိုက်ပြီး ရန်ကွေ့ကိုဘေးတွန်းလိုက်ကာ သူ့ခေါင်းကိုငုံ့ပြီး နင်းမုန့်ယောင်ကို နွေးထွေးစွာပြောလိုက်သည်
"မင်းအရင်ပြန်သွားသင့်တယ် သူ့ကိုစိတ်ထဲမထားနဲ့"
သူက ဒီလိုမိန်းမမျိုးကို အများကြီးတွေ့ဖူးတယ် ပြီးတော့ သူတို့ကို ဘယ်လိုဆက်ဆံရမလဲဆိုတာလည်းသိတယ်၊သူစိုးရိမ်တာတစ်ခုထဲက သူမက ပြဿနာသယ်လာမှာကိုပဲ။
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး ရစ်ငှက်နဲ့တောယုန်ကိုယူကာ ထွက်သွားဖို့ပြင်လိုက်ပေမယ့် ရန်ကွေ့ကအရှုံးမပေးသေးချေ။သူမက ရွာသားတွေကိုနှိုးဆော်လိုက်ပြီး ဒါကြောင့် သူတို့ကမြင်တဲ့အခါမှာ သူမကိုလက်ညှိုးထိုးကြသည်။အထူးသဖြင့် မျိုးစုံစော်ကားနေတဲ့ ရန်ကွေ့ရဲ့စကားတွေကြားပြီးတဲ့နောက်မှာဖြစ်သည်။
လူအုပ်ကြီးက သူမကို လက်ညှိုးထိုးပြီး အပြစ်တင်နေတာကိုမြင်တော့ နင်းမုန့်ယောင်က မျက်မှောင်ကြုတ်လျုက်ပြီး ရန်ကွေ့ကတော့ သူမကနစ်နာသူလိုဟန်ဆောင်နေကာ နင်းမုန့်ယောင်ကိုဘယ်လိုဖြစ်ကြောင်းပြောနေသည်။
တစ်ယောက်ယောက်က သူမကိုမြူဆွယ်တဲ့မိန်းမလို့ပြောတာကြားတော့ နင်းမုန့်ယောင်မျက်နှာကရုပ်ဆိုးလာသည်။
"နင်ကငါသူ့ကိုမြူဆွယ်တယ်လိုပြောတယ်နော်။အရင်ဆုံး ငါမလုပ်ဘူး ပြီးတော့ ငါလုပ်ရင်တောင်မှ နင်နဲ့ဘာဆိုင်လို့လဲ?သူရောငါရောနှစ်ယောက်လုံးက လူလွတ်တွေပဲ။လက်မထပ်ရသေးတဲ့မိန်းကလေးတစ်ယောက်က သူ့အပေါ်မှာခံစားချက်ရှိတာ နင်နဲ့ဘာဆိုင်လို့လဲ?နင်ကသူ့မိန်းမလား ဒါမှမဟုတ် စေ့စပ်ထားတဲ့သူမလို့လား?တစ်ခြားလူတွေရဲ့ကိစ္စကိုနင်ဝင်စွက်ဖက်ခွင့်ရတယ်လို့ထင်နေတာလား"
ပုံမှန်အတိုင်းဆိုရင် သူမက ဒီလိုစကားတွေပြောမှာမဟုတ်ပေ ဒါပေမယ့် သူမပြောလိုက်တာက ရန်ကွေ့ကို ဒေါသထွက်စေဖို့ပဲဖြစ်သည်။
ချောင်ထျန်းချန်ရဲ့စကားတွေကနေ သူဒီမိန်းမပေါ်မှာ ဘယ်လိုခံစားချက်မှမရှိဘူးဆိုတာ သူမနားလည်နိုင်သည်။အားလုံးက ရန်ကွေ့ဘာသာ စိတ်ကူးယဉ်ထားတာတွေပဲ။
နင်းမုန့်ယောင်က နွေးထွေးပြီးနူးညံ့တာမြင်တော့ သူမက နင်းမုန့်ယောင်ကို အနိုင်ကျင့်ဖို့လွယ်မယ်လို့တွေးခဲ့ပြီး ဘာမှပြန်မပြောလောက်ဘူးလို့ထင်ခဲ့သည်။သူမ ဒီလိူစကားတွေပြောလိုက်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?ပြီးတော့ တစ်ယောက်မှဒါကို မငြင်းကြဘူး။
လူတွေရဲ့မျက်လုံးထဲမှာတော့ ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင်က မိဘမဲ့တွေပဲဖြစ်သည်။သူတို့နှစ်ယောင် အတူတူရှိရင်တောင်မှ ဒါက ဘာမှမမှားပေ။
နင်းမုန့်ယောင်ကလှပပြီး ချောင်ထျန်းချန်ကအရည်အချင်းရှိသည်။တစ်ခြားအချက်တွေကို ဂရုမစိုက်ဘဲနဲ့တောင် သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် တကယ်လိုက်ဖက်သည်။
ထပ်ပြောရရင် သူတို့ဘယ်တုန်းကမှ ချောင်ထျန်းချန်နဲ့ရန်ကွေ့က ဆက်ဆံရေးရှိတယ်လို့မကြားဖူးပေ။ချောင်ထျန်းချန်က သူ့ကိစ္စတွေကို အမြဲတမ်းတစ်ယောက်ထဲလုပ်လေ့ရှိပြီး ရွာသားတွေနဲ့လည်း ဘယ်လိုဖြစ်ရပ်မျိုးမှမရှိပေ။သူ့အိမ်နီးချင်းဖြစ်တဲ့ ရန်ကွေ့တို့မိသားစုနဲ့လည်းအတူတူပဲဖြစ်သည်။
ရန်ကွေ့က အရင်က ဒါကိုမစဉ်းစားဘဲ ငိုကြွေးပြီးတိုင်တန်းပေမယ့် အခုတော့ ကိုယ့်မျက်နှာကိုယ်ပြန်ရိုက်လိုက်တာပဲ။
ဒီအချိန်မှာ ချောင်ထျန်းချန်ကရှေ့ထွက်ရပ်လိုက်ပြီး သူ့မျက်လုံးထဲမှာ ဘယ်လိုခံစားချက်မှမရှိဘဲ အေးစက်နေကာ
"ရန်ကွေ့ ငါအရင်ကပြောထားတဲ့စကားတွေကိုမင်းမေ့သွားတာလား?ငါနဲ့မင်းကြားမှာ ဘာဆက်ဆံရေးမှမရှိဘူး၊မင်းနောက်တစ်ကြိမ်နံရံကျော်ပြီးငါ့အိမ်ထဲကိုဝင်တာမျိုးမလုပ်တာပိုကောင်းလိမ့်မယ်"
ချောင်ထျန်းချန်ရဲ့စကားတွေက လူအုပ်ကြီးက အံ့အားသင့်သွားစေသည်။သူတို့က ရန်ကွေ့ကို မယုံနိုင်စွာကြည့်လိုက်ကြသည်။သူမက မိန်းမတစ်ယောက်ဖြစ်နေပြီးတော့ နံရံကျော်ပြီးယောကျာ်းတစ်ယောက်အိမ်ထဲကိုဝင်တယ်။ဘာကိစ္စပဲဖြစ်ဖြစ် ဒါက မသင့်လျော်ဘူး ပြီးတော့ သူမက မကောင်းတာကို တစ်ခြားလူကို စွပ်စွဲလိုက်သေးတယ်။
"မိန်းကလေးရန်ကွေ့ ငါသားကောင်တွေဝယ်လိုက်တာက ဘယ်လိုစည်းမျဉ်းကိုချိုးဖောက်သွားပြီး နင့်ကိုစိတ်အနှောင့်အယှက်ဖြစ်သွားစေလဲဆိုတာမသိဘူး။နင်သူ့ကိုကြိုက်တာက နင့်ကိစ္စလေ ဒါပေမယ့် တစ်ခြားလူတွေကို ပြဿနာထဲမဆွဲထည့်နဲ့။နင်ကောင်းကောင်းလက်ထပ်ချင်တယ်ဆိုရင် သီလလေးပါးကိုလေ့လာပြီး လိုက်နာတာကပိုကောင်းတယ်"
သူမ နင်းမုန့်ယောင်က တစ်ခြားလူတွေထင်သလို လူကောင်းမဟုတ်ပေ။သူမလည်း ဒေါသထွက်တတ်ပြီး ပြန်ပြောတတ်သည်။
ဘေးနားကလူတွေက သူမစကားကိုကြားတော့ ဘာဖြစ်တာလဲဆိုတာ နားလည်သွားကြသည်။အထူးသဖြင့် နင်းမုန့်ယောင်လက်ထဲက တောယုန်တွေနဲ့ရစ်ငှက်တွေကို မြင်တဲ့အခါမှာဖြစ်သည်။
သူတို့က နင်းမုန့်ယောင်က ပိုက်ဆံပြတ်နေတဲ့လူ မဟုတ်ဘူးဆိုတာသိတာကြောင့် တောရိုင်းတိရစ္ဆာန်တွေဝယ်ပြီး အိမ်မှာချက်စားတာ ပုံမှန်ပဲဖြစ်သည်။ဒါပေမယ့် လက်မလွှတ်လဲ အကိုက်ခံလိုက်ရတာကတော့ မကောင်းပေ။
လူအုပ်ကြီးရဲ့ လက်ညှိုးထိုးတာကိုရင်ဆိုင်ရတော့ ရန်ကွေ့မျက်နှာက ခဏလေးအတွင်းမှာပဲ စိမ်းဖျော့သွားသည်။နောက်ဆုံးမှာတော့ နင်းမုန့်ယောင်ကို ဒေါသတကြီးလက်ညှိုးထိုးလိုက်ပြီး
"ငါနင်နဲ့မပြီးသေးဘူး!"
ရန်ကွေ့လူအုပ်ကြီးကိုတိုးတိုက်ပြီး အိမ်ပြန်သွားတာကိုမြင်တော့ နင်းမုန့်ယောင်အကြည့်ကလည်းအေးစက်သွားသည်။သူမ(ရန်ကွေ့) သူမကို(နင်းမုန့်ယောင်)လာပြီး ဒေါသထွက်အောင်မလုပ်ရင် အကောင်းဆုံးပဲ။မဟုတ်ရင် သည်းမခံလို့ဆိုပြီး သူမကို အပြစ်မတင်နဲ့။