← Chapters

အခန်း ၃၈

Vol. 2 Ch. 38

အခန်း ၃၈

Vol. 2 Ch. 38

Chapter 38

ရန်ကွေ့က အဝေးကိုထွက်သွားခဲ့ပြီး လှောင်ရယ်စရာလူမရှိတော့တာကြောင့် လူအုပ်ကြီးလည်းတဖြည်းဖြည်းနည်းပါးသွားသည်၊ချောင်ထျန်းချန်ကခေါင်းငုံ့ထားပြီး နင်းမုန့်ယောင်ကို တောင်းပန်လိုက်သည်

"ဒီနေ့ကိစ္စအတွက် ကိုယ်တကယ့်ကိုတောင်းပန်ပါတယ်"

"အဆင်ပြေပါတယ်၊ကျွန်မအရင်ပြန်တော့မယ်"

နင်းမုန့်‌ယောင်က သူမပစ္စည်းတွေယူပြီး ထွက်သွားခဲ့သည်။

ချောင်ထျန်းချန်ရဲ့နွေးထွေးတဲ့အမူအရာက နင်းမုန့်ယောင်ထွက်သွားတာနဲ့ပြောင်းလဲသွားသည်။သူ့ခေါင်းကိုလှည့်ကာ သူဝယ်ထားတဲ့အိမ်ကိုတိုင်းတာဖို့လုပ်လိုက်ပြီး သူနေရာရွေးတာမှားသွားပြီဟုတွေးလိုက်သည်။

သူသာ စောစောသိခဲ့ရင် သူဒီအိမ်ကိုဝယ်ခဲ့မှာမဟုတ်ဘူး။အခုတော့ လက်တွေ့လေ့ကျင့်ဖို့ အိမ်ကိုပြင်ဆောက်ရုံပဲရှိတော့သည်။

ရန်ကွေ့အိမ်ပြန်ရောက်တဲ့အခါမှာ သူမက သူမအခန်းထဲကပစ္စည်းတွေကို ရိုက်ခွဲပစ်သည်။ကံကောင်းစွာနဲ့ အိမ်မှာဘယ်သူမှမရှိပေ။မဟုတ်ပါက သူမအတွက်နောက်ထပ်ပြဿနာတစ်ခုရောက်လာမှာဖြစ်သည်။

"ဆိုးဝါးတဲ့အပြင်ကကောင်မ!သူကများငါနဲ့ပြိုင်ပြီးလုရဲတယ်!"

ရန်ကွေ့ကအံကြိတ်လိုက်ပြီး သူမမျက်နှာက တဖြည်းဖြည်းနက်မှောင်လာသည်။သူမ ချောင်ထျန်းချန်ရှေ့မှာရှိတုန်းကပုံစံနဲ့ အများကြီးကွာခြားသည်။

ချောင်ထျန်းချန်ပထမဆုံးရောက်လာတဲ့အချိန်ကတည်းက သူမကသူ့ကို အာရုံစိုက်မိတာပဲဖြစ်သည်။သူက အများကြီးမတူညီပေမယ့်လို့ သူ့အိမ်နီးချင်းအနေနဲ့ သူမရှင်းရှင်းလင်းလင်းသိသည်။‌နေ့တိုင်း သူကသားကောင်အများကြီးဖမ်းမိပြီး မြို့ကိုသွားရောင်းသည်။တစ်နေ့ကို သူက ငွေစခုနစ်စနေကရှစ်စအထိရရှိသည်။ရွာသားတွေအတွက်တော့ ဒါကကြီးမားတဲ့ဝင်ငွေပဲဖြစ်သည်၊ထပ်ပြောရရင် သူကချောတယ်။ဒါကပဲ သူမကို ပိုပြီးတော့ လိုချင်စိတ်ဖြစ်စေသည်။

သူမအရင်က သူမမိဘတွေကို သူ့ရည်ရွယ်ချက်ကိုမေးခိုင်းပေမယ့် သူက နှစ်ခါမစဉ်းစားဘဲငြင်းခဲ့သည်၊ဒါက သူမကို အရမ်းဒေါသထွက်စေတယ်။ဒါတောင်မှ သူမက မတတ်နိုင်ဘဲ သူ့ကိုရူးသွပ်နေတုန်းဖြစ်သည် အထူးသဖြင့် သူက မိန်းမတွေအားလုံးကို ဒီလိုပဲဆက်ဆံတယ်ဆိုတာ သိရတာကြောင့်ဖြစ်သည်။

ဒါပေမယ့် ဒီနေ့ဖြစ်သွားတဲ့အပေါ်မှာ သူမရဲ့ချောင်ထျန်းချန်ပေါ်မှာထားတဲ့ ထင်မြင်ချက်တွေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။သူမက ချောင်ထျန်းချန်က တစ်ခြားမိန်းမတွေကိုလည်း ဒီလိုပဲလို့ထင်ခဲ့ပေမယ့် ဒီနေ့မှာတော့ သူမမှားသွားကြောင်းသိလိုက်ရသည်။

ဒါက နည်းနည်းလေးကွဲပြားတာဆိုပေမယ့် သူမခံစားမိနေတယ်။အဲ့ဒီမိန်းမကိုမြင်တဲ့အခါမှာ ချောင်ထျန်းချန်ရဲ့မျက်လုံးတွေက အရမ်းကိုနွေးထွေးနေပြီး သူပါးစပ်ကလည်းအသာလေးပြုံးနေသည်။သူ သူမကိုကြည့်တဲ့အကြည့်က သဘောကျမှုတွေပါဝင်နေသည်။ဒါက ရန်ကွေ့ တစ်ခါမှမစဉ်းစားရဲဖူးတဲ့အရာဖြစ်ပြီး အခု အပြင်လူဆီကနေခိုးယူခံလိုက်ရသည်၊။သူမ ဘယ်လိုလုပ်ခွင့်ပြုနိုင်မှာလဲ?အဲ့ဒီမိန်းမဘာတွေပဲပြောပြော သူမသဘောမတူပေ။

အစကတော့ သူမရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို အသုံးချရင် ချောင်ထျန်းချန်ကိုရနိုင်မယ်လို့တွေးခဲ့သည်။ဒါပေမယ့် ချောင်ထျန်းချန်ရဲ့ရွံရှာမှုကိုသာ ရသွားမယ်လို့ မထင်ခဲ့ပေ။ဒါတွေ အကုန်လုံးက နင်းမုန့်ယောင်အမှားပဲ။

ထိုအကြောင်းကိုစဉ်းစားမိတော့ ရန်ကွေ့က သူမလုပ်ရပ်တွေမမှန်ကန်ဘူးဆိုတာလည်း ခံစားမိသည်။အခုအဲ့အကြောင်းကိုစဉ်းစားလိုက်ရင် ချောင်ထျန်းချန်ပြန်လာပြီး သူမကို သူ့အိမ်ထဲမြင်တဲ့အချိန်တုန်းက သူ့အမူအရာကသေချာပေါက်ရုပ်ဆိုးနေခဲ့သည်၊သူမက ဒါကို သတိမထားမိခဲ့တာပင်။

အခုပြန်တွေးကြည့်တော့ အဲ့တုန်းက သူ့ပုံစံက ကြောက်စရာကောင်းသည်။

တစ်ဖက်မှာတော့ ရန်ကွေ့က ဒီနေ့သူမလုပ်ရပ်တွေက မမှန်ဘူးလို့ခံစားနေရပေမယ့် တစ်ခြားတစ်ဖက်မှာ သူမရဲ့ကိစ္စကောင်းကိုဖျက်ဆီးသွားတာ နင်းမုန့်ယောင်လို့ပဲခံစားနေရသည်။နင်းမုန့်ယောင်သာ ရုတ်တရက်မပေါ်လာရင် သူမအောင်မြင်လောက်တယ်။

ထိုကိစ္စကို စဉ်းစားပြီးရင်းစဉ်းစားပြီးတဲ့နောက်မှာတော့ ရန်ကွေ့က နင်းမုန့်ယောင်ကို လုံးဝမုန်းတီးသွားသည်။

ဒါပေမယ့် သူမက နင်းမုန့်ယောင်နဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာ မစဉ်းစားပေ။အဲ့ဒီအစား ချောင်ထျန်းချန်က သူမနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ခံစားချက်တွေရအောင် ဘယ်လိုပြန်လုပ်ရမလဲဆိုတာကို‌ပဲ စဉ်းစားနေခဲ့သည်။

နေ့ခင်းဘက်ရောက်တဲ့အခါမှာ ရန်ကွေ့က ချောင်ထျန်းချန်အိမ်ရှေ့ကိုသွားပြီး သူ့အိမ်တံခါးကိုခေါက်လိုက်သည်။

ချောင်ထျန်းချန်က အဲ့မှာ အေးတိအေးစက်ရပ်နေတာကိုမြင်တော့ ရန်ကွေ့ကရှက်ရွံ့စွာပြောလိုက်သည်။

"အစ်ကိုချောင် အရင်ကကိစ္စအတွက်ညီမတောင်းပန်ပါတယ်။ညီမမှားသွားပါတယ်။ညီမကိုစိတ်မဆိုးပါနဲ့နော် ဟုတ်ပြီလား?"

သူမရဲ့ချစ်စရာကောင်းပြီးဖြူစင်တဲ့ပုံစံက တစ်ခြားလူတွေကို အလွယ်လေး သူမကိုလူကောင်းလို့ထင်သွားစေသည်။

ဒါပေါ့ ချောင်ထျန်းချန်ကတော့ အဲ့ဒီလူအုပ်စုထဲမှာမပါပေ။

"မင်းကအဲ့ဒါပြောဖို့ရောက်လာတာလား"

ရန်ဟွေ့လာတုန်းက သူမစိတ်ထဲမှာ မျိုးစုံတွေးနေခဲ့ပြီး ချောင်ထျန်းချန်က သူမကို သူ့အိမ်ထဲဝင်ခိုင်းတာတို့၊ဒါမှမဟုတ် ဒါကအဆင်ပြေပါတယ်ဆိုပြီးပြောတာမျိုး ဒါမှမဟုတ် တစ်ခြားအရာတွေဆိုပြီး တွေးလာခဲ့သည်။သူ့ကို‌ဒီလိုအေးစက်နေလိမ့်မယ်‌လို့တော့ သူမမတွေးထားခဲ့ပေ၊သူပြောလိုက်တဲ့စကားတွေက သူမကိုနောက်ထပ်ဘာဆက်လုပ်ရမယ်မှန်းမသိ ဖြစ်သွားစေသည်။

ချောင်ထျန်းချန်ကိုကြည့်လိုက်ပြီး ရန်ကွေ့မျက်လုံးတွေက နီရဲလာကာ မျက်ရည်တွေအဆက်မပြတ်ကျလာသည်။ဒါက ချောင်ထျန်းချန်ကိုပြီး သူမကို အထင်သေးသွားစေသည်၊ရန်ကွေ့သူမပါးစပ်မဖွင့်ခင် သူကတံခါးကိုချက်ချင်းပိတ်လိုက်ပြီး အဲ့ဒီနောက်ပြောလိုက်သည်

"မင်းငိုချင်တယ်ဆိုရင် အိမ်ပြန်ငို"

ရန်ကွေ့ကအစကတော့ မျက်ရည်ကျချင်‌ယောင်ဆောင်တာဖြစ်ပေမယ့် သူ့စကားတွေကြားတော့ တကယ်မျက်ရည်ကျလာခဲ့သည်။သူမမျက်ရည်တွေက အဆက်မပြတ်စီးကျနေပေမယ့် ချောင်ထျန်းချန်ကတော့ မမြင်ရတော့ပေ၊

All Chapters