← Chapters

အခန်း ၃၉

Vol. 2 Ch. 39

အခန်း ၃၉

Vol. 2 Ch. 39

Chapter 39

အိမ်ပြန်ရောက်တဲ့နောက်မှာ ရန်ကွေ့ကခုံတန်းလျားနားမှာမတ်တပ်ရပ်ပြီး သူမအိမ်ဘေးကခြံဝင်းထဲကိုကြည့်လိုက်သည်။ချောင်ထျန်းချန်ဘာလုပ်နေတယ်ဆိုတာကို သူမမြင်တဲ့အခါမှာတော့ မေ့လဲမတတ်ဖြစ်သွားသည်။

ဘာလို့လဲ?ချောင်ထျန်းချန်ကသူ့အိမ်နံရံအောက်မှာကျယ်ပြီးနက်တဲ့မြောင်းတစ်ခုတူးပြီး မြောင်းကအရမ်းနက်တယ်။နက်တာက ရသေးတယ်။ဒါပေမယ့် ချောင်ထျန်းချန်က သစ်သားအချွန်တိုင်တွေလည်း အများကြီးစိုက်ထားသေးတယ်။တစ်ချက်ကြည့်ရုံနဲ့တင် ဘာလို့အဲ့နားထားလဲဆိုတာ သူမသိတယ်။

ချောင်ထျန်းချန်က ရန်ကွေ့ကိုမြင်ပေမယ့် လျစ်လျှူရှုထားလိုက်ပြီး သူ့အလုပ်သာဆက်လုပ်‌ နေလိုက်သည်။ကောင်းကင်မှောင်သွားမှသာ သူလုပ်တာရပ်လိုက်ပြီး အိမ်ထဲပြန်ဝင်သွားသည်။

ရန်ကွေ့က ချောင်ထျန်းချန်ကိုပဲကြည့်နေပြီး သူအိမ်ထဲပြန်ဝင်သွားမှသာ သူမအကြည့်ကိုရုတ်လိုက်သည်။

ခုံတန်းလျားပေါ်ကနေဆင်းပြီး သူမခြံဝင်းထဲမတ်တပ်ရပ်ကာ မေ့မောနေမိသည်။သူက သူမကို အဲ့လောက်တောင် မုန်းတာလား?သူမ ဒီနေ့လိုမျိုး သူ့အိမ်နံရံကိုကျော်တက်ပြီး အိမ်ထဲဝင်တာကို တားဖို့အတွက်နဲ့ သူကဒီလိုဟာမျိူကိုလုပ်ပစ်လိုက်တယ်။

ရန်ကွေ့အမေ သခင်မချန်းက သူမပြန်လာတော့ ရန်ကွေ့ကိုခြံဝင်းထဲမတ်တပ်ရပ်နေပြီး မျက်လုံးတွေကမျက်ရည်အပြည့်ဖြစ်နေတာမြင်တော့ ချက်ချင်းစိုးရိမ်သွားသည်။

သခင်မချန်းက သားနှစ်ယောက်၊သမီးတစ်ယောက်ရှိသည်။ဒီသမီးက မျက်နှာလှလှလေးနဲ့ကြီးပြင်းလာပြီး သူမကချစ်ခင်ကာအလိုလိုက်ထားပြီး သူမသမီးက ချမ်းသာတဲ့ယောကျာ်းတစ်ယောက်ကိုလက်ထပ်နိုင်လိမ့်မယ်လို့ သေချာပေါက်မျှော်မှန်းထားသည်။အခု သူမ သမီးကငိုနေတော့ သူမစိတ်ပူလာပြီး

"ကွေ့အာ ဘာဖြစ်လို့လဲ?သမီးကိုဘယ်သူအနိုင်ကျင့်လို့လဲ?"

သူမအမေကိုမြင်တော့ ရန်ကွေ့က ဝါးခနဲ အကျယ်ကြီးငိုချလိုက်ပြီး ဒီနေ့ဖြစ်တာကို သခင်မချန်းကိုပြောပြလိုက်သည်။

သခင်မချန်းက သူမသမီးက မိဘမဲ့မုဆိုးကိုသဘောကျပြီး နံရံကျော်ကာသူများအိမ်ထဲဝင်တာက စိတ်တိုစရာဆိုတာသိပေမယ့် သူမ သမီးနစ်နာတာကိုပဲ ပိုပြီးစိတ်ထဲထားသည်။ရန်ကွေ့ပြောတာကိုနားထောင်ပြီး သူမက ချောင်ထျန်းချန်ကိုအရမ်းမကျေမနပ်ဖြစ်သွားသည်။

သူမ မျက်လုံးထဲမှာတော့ သူမသမီးကတော်ကာထက်မြတ်ပြီး ချောင်ထျန်းချန်ကိုသဘောကျနေတာက သူ့အတွက်ကံကောင်းတာပဲ။အဲ့ဒါကို သူက ဝမ်းမသာဘဲနဲ့ သူမသမီးကို စိတ်ဆိုးအောင်လုပ်လိုက်တယ်။တကယ်အကြင်နာမဲ့တာပဲ

သခင်မချန်း ဒီလိုမြင့်မြင့်မားမား အကဲဖြတ်တာက သူမ သားနှစ်ယောက်ကြောင့်ပဲဖြစ်သည်။သားတစ်ယောက်က မြို့မှာ ဈေးဆိုင်ပိုင်ရှင်ဖြစ်ပြီး တစ်ယောက်က ပညာရှင်ပဲဖြစ်သည်။သူမ သမီးက ပညာရှင်တစ်ယောက်ရဲ့ညီမဖြစ်ပြီး သူမလက်ထပ်ချင်တဲ့ ဘယ်သူ့ကိုမဆို လက်ထပ်နိုင်သည်။အဲ့ဒီ ဆင်းရဲတဲ့မုဆိုးမှာ ဘာများရွေးချယ်ခွင့်ရှိလို့လဲ?

ဒီအကြောင်းကိုသူမပိုပြီးတွေးလေ သခင်မချန်းက ပိုပြီးစိတ်တိုလာလေဖြစ်သည်။သူမက သူမ သမီးကို ပုံမှန်အတိုင်းနှစ်သိမ့်လိုက်ပြီး အဲ့ဒီနောက် အိမ်နီးနားချင်းအိမ်ကိုလျှောက်သွားလိုက်သည်။

ရန်ကွေ့က သူမအမေကို တိုင်တန်းချင်တာပဲဖြစ်ပြီး တစ်ခြားအကြောင်းအရင်းမရှိပေ။ဒါကြောင့် သူမအမေလှုပ်ရှားတာကိုမြင်တော့ သူမက ထိတ်လန့်သွားသည်။သခင်မချန်းသာ ချောင်ထျန်းချန်အိမ်ကိုသွားပြီး ရန်ရှာပါက သူမတစ်ခြားလူတွေကိုမျက်နှာချင်းဆိုင်ဖို့ မျက်နှာရှိမှာမဟုတ်တော့ဘူး။

"အမေ ဘာလုပ်နေတာလဲ"

"သူက သမီးကိုနစ်နာစေတာလေ။အမေက သမီးအတွက် သေချာပေါက် တရားမျှတမှုပြန်ယူပေးရမှာပေါ့"

သခင်မချန်းက ဒါဟာ ကမ္ဘာပေါ်မှာ အသိသာဆုံးအရာလိုပြောဆိုပြီး သူမသမီးလက်ကိုပုတ်ကာ စိတ်ချလက်ချပြောလိုက်သည်။

"အမေ့သမီးလေး စိတ်မပူနဲ့၊အမေက သူသမီးကိုသေချာပေါက်တောင်းပန်အောင်လုပ်ပြမယ်"

ရန်ကွေ့မျက်နှာက ချက်ချင်းရုပ်ဆိုးလာသည်။သူမအမေက ဘာလို့ဒီလောက် တုံးအရတာလဲ?

"အမေ မလုပ်ပါနဲ့။အမေသာ အခုသွားလိုက်ရင် တစ်ခြားလူတွေက ဒီအကြောင်းသိသွားကြမှာ အဲ့ဒါဆို သမီးက ရှေ့ဆက်သူတို့ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ"

သခင်မချန်းက မပျော်မရွှင်ဖြစ်နေပေမယ့်လည်း ရန်ကွေ့စကားကိုကြားတော့ ခေါင်းငြိမ့်လိုက်သည်။သူမစိတ်ထဲမှာတော့ ချောင်ထျန်းချန်ကို အရမ်းမုန်းနေတယ်။ဒါပေါ့ ရန်ကွေ့ကတော့ ဒါကိုတွေးမိမှာမဟုတ်ပေ။

နောက်တစ်နေ့ ချောင်ထျန်းချန်ကို သူမတို့အိမ်ရှေ့ကနေဖြတ်သွားတာ သခင်မချန်းမြင်တော့ သူမက အသံပြုလိုက်သည်။အဲ့ဒီနောက် သူမက ဖားပြုတ်တစ်ကောင်က ငန်းသားစားချင်တယ်ဆိုတဲ့အကြောင်း ရေရွတ်နေလိုက်သည်။

ထိုစကားတွေကြားတော့ ချောင်ထျန်းချန်ကဉပေက္ခာပြုထားလိုက်သည်။တစ်ဖက်လူက နာမည်ရောမျိုးရိုးနာမည်ရောမထည့်တာကြောင့် သူမပြောနေတာသူ့အကြောင်းလို့ အသိအမှတ်ပြုမှာမဟုတ်ပေ။

နောက်ရက်တွေမှာတော့ ရွာထဲက သူမသမီးရဲ့အတင်းအဖျင်းတွေကြောင့် သခင်မချန်းမျက်နှာက အရမ်းရုပ်ဆိုးနေသည်။

"ကွေ့အာ ငါ့ကိုရှင်းရှင်းပြော အတိအကျဘာဖြစ်ခဲ့တာလဲ"

သခင်မချန်းက သူမသမီးကိုကြည့်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။

ဒီရက်တွေမှာ သူမအပြင်တစ်ခါထွက်လိုက်တိုင်း လူတွေဆီကနေလက်ညှိုးထိုးခံရသည်။အစကတော့ သူမက ထူးဆန်းတယ်လို့ထင်ခဲ့ပေမယ့် နောက်ကျ သူတို့ပြောနေတာ သူမသမီးအကြောင်းမှန်းသိလိုက်ရသည်။ပြီးတော့ စကားလုံးတွေက ကြားရတာအဆင်မပြေပေ။သူတို့က အပျိုစင်လေးတစ်ယောက်က တစ်ခြားလူအိမ်ထဲကို နံရံကျော်ကာဝင်သွားတာနဲ့ တစ်ခြားအရာတွေပါပြောကြသည်။

ပြောကြတဲ့စကားတွေက နားထောင်ဖို့အလွန်ဆိုးတာကြောင့် သခင်မချန်းက မျက်နှာမရှိတော့သလိုပင်။

သူမသားငယ် ပညာရှင်ဖြစ်လာတဲ့အချိန်ကတည်းက ဒါမျိုးတစ်ခါမှမဖြစ်ဖူးပေ။

ရန်ကွေ့ရဲ့ မျက်နှာအမူအရာကပြောင်းသွားပြီး သူမအမေကို အစွပ်စွဲခံရသလို ကြည့်လိုက်သည်။

"အမေ သမီးကို ဒါတွေအတွက် အပြစ်တင်လို့မရဘူး၊ဒါတွေအားလုံးက နင်းမုန့်ယောင်ဆိုတဲ့ မိန်းမကြောင့်ပဲ"

အဲ့ဒီနောက် သူမက ကိစ္စတွေကိုထုတ်ပြောလိုက်ပြီး နားထောင်ပြီးတဲ့အခါမှာတော့ သခင်မချန်းမျက်နှာကပြောင်းလဲသွားသည်။

"အဲ့ဒီခွေးမ!သူကများငါတို့ကိုရေညစ်လောင်းရဲတယ်!"

သခင်မချန်းက အံကြိတ်ကာပြောလိုက်သည်။

သေချာတာပေါ့ သူမက နင်းမုန့်ယောင်အိမ်တံခါး‌ရှေ့ကိုပြေးသွားပြီး လက်ညှိုးထိုးကာ ဒေါသတကြီးကြိမ်းမောင်းလိုက်သည်။

"နင်းမုန့်ယောင်!ခွေးမ!ထွက်လာခဲ့!”

All Chapters