အခန်း ၄၀
Vol. 2 Ch. 40
Chapter 40
ခြံဝင်းထဲမှာ ကလေးတွေကိုစာသင်နေတဲ့နင်းမုန့်ယောင်က မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။သူမခေါင်းကိုငုံ့ကာ မုလေးနဲ့တစ်ခြားသူတွေကိုကြည့်လိုက်ပြီး
"စာအုပ်တွေ ကိုယ့်ဘာသာ သွားဖတ်ထားကြနော်။ဘာကိစ္စလည်းဆိုတာ မမသွားကြည့်လိုက်ဦးမယ်"
"ဟုတ်ကဲ့ ဆရာမ"
ကလေးအချို့က အပြင်က အသံတွေကို လျစ်လျှူရှုပြီး သူတို့စာအုပ်တွေကိုပဲစိတ်အားထက်သန်စွာဖတ်နေကာ နင်းမုန့်ယောင်သင်တာတွေကို လေ့လာနေသည်။
နင်းမုန့်ယောင်က တံခါးအပြင်ကိုထွက်သွားလိုက်ပြီး သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက် တံခါးရှေ့မှာ ခါးထောက်ပြီးရပ်နေကာ အပေါက်ဆိုးဆိုးပုံစံရှိသည်။
ဒီအမျိုးသမီးကြီးကဘယ်သူလဲ?တစ်ဖက်လူရဲ့စကားတွေက နားထောင်ရတာအဆင်မပြေပေမယ့် နင်းမုန့်ယောင်ရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်ကြောင့် သူမက ဆဲဆိုတဲ့စကားတွေမပြောပေ။
သခင်မချန်းက မျက်လုံးပင့်ပြီး သူမရှေ့ကမိန်းကလေးကို မထီမဲ့မြင်ကြည့်လိုက်သည်။မျက်နှာမှာလုံးဝမကြိုက်တဲ့ပုံစံနဲ့
"နင်ကအပြင်လူ နင်းမုန့်ယောင်ဆိုတာလား"
မျက်ခုံးတွေကိုအသာလေးတွန့်လိုက်ကာ နင်းမုန့်ယောင်က သခင်မချန်းကို စိတ်မချမ်းမသာကြည့်လိုက်သည်
"ကျွန်မက နင်းမုန့်ယောင်ပါ ဒီဘက်ကအမျိုးသမီးကဘယ်သူလဲဆိုတာကျွန်မမသိ......"
"ချောင်ထျန်းချန်လိုသနားစရာကောင်းတဲ့ကောင်လေးက နင့်အတွက်ပြောပေးတာ အံ့ဩစရာမရှိတော့ပါဘူး နင်ကမြေခွေးမပုံစံနဲ့ပဲ"
သခင်မချန်းက နင်းမုန့်ယောင်ကိုလှောင်ပြောင်လိုက်ပြီး သူမအသံနဲ့ပုံစံက အထင်သေးမှုတွေပြည့်နေသည်။
စဉ်းစားစရာမလိုအောင်ဘဲ ဒီလူကဘယ်သူဆိုတာ နင်းမုန့်ယောင်သိသွားပြီဖြစ်သည်။ရန်ကွေ့ဆိုတဲ့မိန်းကလေးရဲ့အမေပဲဖြစ်ရမယ်။
"အဒေါ်ကြီးက ဒီကိုလာပြီး အဲ့ဒါတွေပြောမှာဆိုရင်တော့ ကျွန်မတောင်းပန်ပါတယ် ကျွန်မအလုပ်များနေတယ် ဒါကြောင့် အဒေါ့်ရဲ့အဓိပ္ပာယ်မရှိတာတွေနားထောင်ပေးဖို့ အချိန်မရှိဘူး"
ပြောပြီးတာနဲ့ နင်းမုန့်ယောင်က ထွက်သွားဖို့လုပ်လိုက်ပေမယ့် သခင်မချန်းကတားလိုက်သည်။
သခင်မချန်းက နင်းမုန့်ယောင်မျက်နှာကို လက်ညှိုးထိုးလိုက်ပြီး ဒေါသတကြီးကြိမ်းမောင်းလိုက်သည်
"နင်အရှက်မရှိတဲ့မိန်းမ!နင်ကအရှက်မရှိဘူး ကောင်းပြီ ဒါပေမယ့် ငါ့သမီးကိုလည်း နှောင့်ယှက်သေးတယ်!နင့်လိုလူမျိုးက ဒီပိုင်ရှန်းရွာမှာမနေသင့်ဘူး!ငါ့သားကိုပြောပြီး ရွာသူကြီးကိုနင့်ကိုဒီကနေမောင်းထုတ်ဖို့ပြောခိုင်းမယ်!"
အစကတော့ နင်းမုန့်ယောင်က တစ်ဖက်လူက အကြီးဖြစ်နေတာကြောင့် ဘာမှမပြောဘဲနဲ့ ပြဿနာမရှာဘဲနေဖို့လုပ်ထားတာဖြစ်သည်။အဲ့ဒီ သက်လတ်ပိုင်းမိန်းမက သူမကို လွှတ်မပေးတော့ကျ သူမ စိတ်ထဲမပျော်တော့ပေ။
"ဟက် ကျွန်မကိုဒီနေရာကမောင်းထုတ်ရအောင် အဒေါ့်မှာဘယ်လိုအရည်အချင်းမျိုးရှိလို့လဲ?"
နင်းမုန့်ယောင်က သူမလက်ကိုထုတ်ကာ သခင်မချန်းလက်ကို ဘေးဖယ်ထုတ်လိုက်ပြီး သူမကိုထိုးနေတဲ့လက်ညှိုးကိုပုတ်ချကာ တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်သည်။
သခင်မချန်းက နင်းမုန့်ယောင်ကိုကြည့်လိုက်ပြီး ဝင့်ကြွားစွာပြောလိုက်သည်
"ငါ့သားက ပိုင်ရှန်းရွာကတစ်ဦးထဲသော ပညာရှင်ပဲ!ပညာရှင်ရဲ့စကားကို ဘယ်သူကများနားမထောင်ဘဲငြင်းရဲလို့လဲ?"
နင်းမုန့်ယောင်က သူမခေါင်းကိုငြိမ့်ကာ သဘောပေါက်ကြောင်းပြလိုက်သည်။သခင်မချန်းက သူမခြိမ်းခြောက်နိုင်လိုက်တယ်လို့ တွေးနေတုန်းမှာပဲ နင်းမုန့်ယောင်က ရုတ်တရက်ပြောလိုက်သည်
"ဒါဆို အဲ့ဒါကြောင့်ပေါ့။ဒါဆိုရင် ကျွန်မအဲ့ဒီပညာရှင်ကိုမေးချင်တယ်။သူများရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို ဝင်ရောက်ကျူးကျော်တာက ပညာရှင်တစ်ယောက်ရဲ့ညီမလုပ်သင့်ရဲ့လား?ဒီလိုမျိုး စဉ်းစားဉာဏ်မရှိဘဲ ယောကျာ်းတစ်ယောက်အိမ်ကိုပြေးဝင်တဲ့ ညီမမျိုးကိုရထားတာ သူ့မျက်နှာကိုအဝေးကိုပစ်လိုက်တာနဲ့မတူဘူးလား"
ရှေးခေတ်တုန်းက ဒီလိုလူမျိုးရှိတဲ့မိသားစုအတွက် သူတို့ရဲ့ဂုဏ်သိက္ခာက အရေးအကြီးဆုံးဖြစ်သည်။သခင်မချန်းကငြင်းချင်ပေမယ့် နင်းမုန့်ယောင်က ပြုံးပြုံးလေးဆက်ပြောလိုက်သည်။
"ပြီးတော့ ကျွန်မသူ့ကိုမေးချင်တယ် သူ့လိုပညာရှင်တစ်ယောက်အနေနဲ့ ဒီလိုအမေမျိုးရထားတာ မရှက်ဘူးလားလို့"
သခင်မချန်းရဲ့ အခုအမူအရာက ကြွားလုံးထုတ်နေပြီး သူမကပဲ လူတိုင်းရဲ့အထက်မှာရှိနေတဲ့ပုံစံဖြစ်သည်။
ပညာရှင်တစ်ယောက်ရဲ့အမေနဲ့ တစ်ခြားလူတွေရဲ့အထက်မှာနေရတာ အဆင်ပြေတယ်လို့ သူမခံစားရတယ် ဒါပေမယ့် ဒီရာထူးကိုအသုံးချပြီး တစ်ခြားလူတွေကိုဖိနှိပ်ကာ မကောင်းတာတွေ လုပ်မယ်ဆိုရင်တော့ အဲ့ဒါဆို ပညာရှင်ရဲ့မျက်နှာကိုအဝေးကိုလွှင့်ပစ်လိုက်သလိုဖြစ်သည်။
သခင်မချန်းက နင်းမုန့်ယောင်စကားတွေကြောင့် ပြောစရာစကားကင်းမဲ့သွားသည်။သူမသားက သူမမောက်မာတာ ဒါမှမဟုတ် တစ်ခြားလူတွေကို အထက်စီးကနေဆက်ဆံတာကို မတားဘူးဆိုပေမယ့် သူ့သိက္ခာကိုသုံးပြီး မကောင်းတာလုပ်တာမျိုးကိုတော့ သည်းခံမှာမဟုတ်ပေ။
အခုကိစ္စက ဦးနှောက်နည်းနည်းပဲရှိတဲ့လူတောင် ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ သိသည်။သူမက မဆင်မခြင်ခြိမ်းခြောက်လိုက်ပေမယ့် ဒီမိဘမဲ့က အဲ့လောက်သိနေမယ်လို့ မထင်ထားပေ။
ပုံမှန်ဆိုရင် တစ်ခြားလူတွေက ပညာရှင်၊သခင်ကြီး စတဲ့စကားတွေကြားရင် သူတို့ကကြောက်ရွံတုန်လှုပ်သွားလိမ့်မည်။ဒါပေမယ့် သူမကတော့ မကြောက်ရုံတင်မကဘဲ ပွဲကိုပြောင်းပြန်လှန်ပစ်ကာ သူမကိုခြိမ်းခြောက်ခဲ့သည်။
သူမဒီနေ့တစ်ခုခုလုပ်ချင်ရင် အချိန်ကျလာတဲ့အခါကျ သူမပြီးဆုံးသွားလိမ့်မယ်။
ကိစ္စသာကြီးသွားရင် သူတို့အတွက် ဘာအကျိုးအမြတ်မှရမှာမဟုတ်ဘူး။
"အဒေါ်ကြီး တစ်ခြားကိစ္စရှိသေးလား"
သခင်မချန်းကဘာမှမပြောပေမယ့် သူမမျက်လုံးထဲက တောက်ပတဲ့အလင်းရောင်ကြောင့် နင်းမုန့်ယောင်က ပါးစပ်အသာလေးဖွင့်လိုက်သည်။
သခင်မချန်းကနင်းမုန့်ယောင်ယောင်ကို တိုင်းတာကြည့်လိုက်ပြီး
"နင်က သနားစရာကောင်းတဲ့မိဘမဲ့ဆိုတာမြင်တော့ ငါနင့်ကိုဘာမှမလုပ်တော့ဘူး။ငါ့သမီးကိုသာတောင်းပန်ပြီး တစ်ရွာလုံးရှေ့မှာ လူလေးချောင်ထျန်းချန်ကို မမြူဆွယ်ပါဘူးလို့သာ ကတိပေးလိုက်"
လေသံက အားလုံးကအဲ့ဒီလိုဖြစ်သင့်တဲ့ပုံစံဖြစ်ပြီး နင်းမုန့်ယောင်က မတတ်နိုင်ဘဲ ရယ်လိုက်သည်။ဒီလူက သူ့ကိုယ်သူ အထက်စီးကလို့ထင်နေတာပဲ