← Chapters

အခန်း ၄၁

Vol. 2 Ch. 41

အခန်း ၄၁

Vol. 2 Ch. 41

Chapter 41

သခင်မချန်းက နင်းမုန့်ယောင်ရယ်တာကိုမြင်တော့ မကျေမနပ်မျက်မှောင်ကြုတ်လိုက်ပြီး

"နင်ကဘာကိစ္စပြုံးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး အဒေါ်ကြီးကသာအိပ်ပျော်နေသေးတာလား။ဘယ်လိုအိပ်မက်မျိူးမက်နေတာလဲ?အဒေါ်က ကျွန်မကို အ‌ဒေါ့်သမီးကိုတောင်းပန်စေချင်တယ်ပေါ့လေ?ကျွန်မကိုတောင်းပန်ခိုင်းရအောင် အ‌ဒေါ်သမီးက ဘာအရည်အချင်းရှိလို့လဲ?ပြီးတော့ ရွာသားတွေရှေ့မှာတောင်းပန်စေချင်တာလား?ကျွန်မကိုတောင်းဆိုဖို့ ဘယ်လိုပုံစံကိုသုံးမှာလဲ?"

နင်းမုန့်ယောင်က ပညာရှင်တစ်‌ယောက်ကိုကြောက်မယ်များထင်နေတာလား?မဖြစ်နိုင်တာတွေ

ပိုပြီးနားထောင်ကောင်းတဲ့နည်းနဲ့ပြောရရင် သူ့သားကကျော်ကြားမှုရှိတယ် ကြမ်းတမ်းတဲ့နည်းနဲ့ပြောရင်တော့ သူ့သားက ခပ်ညံ့ညံ့ပညာရှင်တစ်ယောက်ပဲဖြစ်သည်။ပညာရှင်တစ်ယောက်ရဲ့အမေကသာ သူမပြောတာကပဲ တစ်လောကလုံးမှာအမှန်ဖြစ်သလို ပြုမူနေတာဖြစ်သည်။သူမက အာဏာအတော်ရှိတယ်လို့ ထင်နေပုံပဲ။

"နင်......"

"အဒေါ်ကြီးဆိုတာက ယဉ်ကျေးသမှုနဲ့ခေါ်နေတာပါ ကျွန်မကအဒေါ့်ကိုကြောက်တယ်လို့ထင်နေတာလား?ကျွန်မကိုလာပြီး ပြဿနာရှာနေမယ့်အစား အိမ်ပြန်ပြီး အဒေါ့်သမီးကိုသာ ကောင်းကောင်းသွန်သင်ဆုံးမပါ အနည်းဆုံးတော့ လူတွေရှေ့မှာ ကိုယ့်ကိုကိုယ်အရှက်မခွဲမိတော့ဘူးပေါ့"

နင်းမုန့်ယောင်က အေးစက်ရက်စက်စွာပြောလိုက်သည်။

သူမအစတုန်းက ဒီနည်းလမ်းကအရမ်းကောင်းတယ်လို့ ထင်ခဲ့တာဖြစ်သည်။ထိုအမျိုးသမီးက ကျေးဇူးမတင်ဘူးဆိုရင်တောင်မှ ဝမ်းမြောက်ဝမ်းသာသဘောတူသင့်သည်၊ဒီနည်းနဲ့ဆို သူမ သမီးနဲ့ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်နိုင်သည်။ဒီအမျိုးသမီးက သဘောမတူပဲနေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?

"နင်ငါ့ကို အဆိုးထဲကအကောင်းလာပြောမနေနဲ့"

နင်းမုန့်ယောင်က အသာလေးပြုံးလိုက်ပြီး သခင်မချန်းကို ဂရုမစိုက်တဲ့ပုံစံနဲ့ကြည့်လိုက်သည်။

"အဒေါ်ကြီး လုပ်ချင်တာလုပ်လို့ရတယ်၊ကျွန်မစောင့်နေမယ်"

သူမက ရွာကမိန်းမကြီးကိုကြောက်နေရမှာလား?ဒါပေါ့ ဘယ်ဟုတ်မလဲ။သူမ လုပ်ချင်တာလုပ်လို့ရတယ်။သူမ(သခင်မချန်း)က သူမ(နင်းမုန့်ယောင်)ကို ဒီနေရာက နှင်ထုတ်ချင်တယ်ဆိုရင် သူတို့အဲ့လိုလုပ်နိုင်စွမ်းရှိမရှိ ကြည့်ရဦးမှာပေါ့။

သခင်မချန်းက သူမမျက်လုံးကြီးတွေပြူးကာ ဒေါသထွက်နေပြီး အံကြိတ်ကာ နင်းမုန့်ယောင်ကိုကြည့်နေသည်။အဆုံးမှာတော့ နင်းမုန့်ယောင်ဆီကနေ ဘာအကျိုးအမြတ်မှမရတာကြောင့် ခြေဆောင့်ကာ ထွက်သွားသည်။

ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတဲ့ပုံရိပ်ကိုကြည့်ပြီး နင်းမုန့်ယောင်က အသာလေးပြုံးလိုက်သည်။လက်တုံ့ပြန်ချင်တာလား?ဒါဆို သူမစောင့်နေမယ်။

ရန်ကွေ့က သူမအမေကို အိမ်ကနေစောင့်နေပြီး သခင်မချန်းဒေါသတကြီးပြန်လာတာမြင်တော့ သူမစိတ်ထဲသံသယဝင်သွားသည်။သူမအမေက အဲ့ဒီ ခွေးမလေးကို ပြဿနာသွားရှာတာမဟုတ်ဘူးလား?ဘာလို့ ဒေါသတကြီးပြန်လာရတာလဲ?

သူမစိတ်ထဲက သံသယကိုမေးလိုက်သည်

"အမေ ဘာဖြစ်လာတာလဲ"

"အဲ့ဒီခွေးမလေးက အကောင်းအဆိုးကိုနားမလည်ဘူး။ကြည့်ရတာတော့ ဒါအလုပ်ဖြစ်ဖို့ ငါတို့နင့်အစ်ကိုကိုခေါ်မှရမယ်"

သခင်မချန်းက ဒေါသတကြီးပြောလိုက်သည်။

ရန်ကွေ့က ကြောင်ကြည့်နေလိုက်သည်။သူမအမေကိုကြည့်ပြီး တုန်လှုပ်သွားသည်။သူမ အမေက နင်းမုန့်ယောင်ဆီကဘာမှကောင်းတာမရခဲ့ဘူးလား?ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ရန်ကွေ့စိတ်ထဲ ဘယ်လောက်ပဲအံ့ဩနေပါစေ အဆုံးမှာတော့ သခင်မချန်းက သူမ ဒုတိယသား ရန်ဟွိုက်ကို ပြန်ခေါ်ခဲ့သည်။

သုံးရက်ကြာပြီးတဲ့နောက်မှာ သခင်မချန်းက ရန်ဟွိုက်ကိုခေါ်ပြီး နင်းမုန့်ယောင်အိမ်ကို နောက်တစ်ကြိမ်ထပ်သွားခဲ့သည်။နင်းမုန့်ယောင်က ကလေးတွေကို စာသင်နေတုန်းဖြစ်သည်။

ရန်ဟွိုက်ကအပြင်ကနေ ပြတ်သားတဲ့စာသင်သံကိုနားထောင်သည်။သူမရှင်းပြတဲ့အရာတွေက သူအရင်ကသင်ခဲ့ဖူးတဲ့စာတွေဖြစ်ပေမယ့် ဒီသင်ခန်းစာကိုနားထောင်လိုက်ရတာက သူ့ကိုဉာဏ်အလင်းပွင့်သွားသလိုခံစားရစေသည်။အချိန်တိုလေးအတွင်းမှာပဲ သူဒါကို သဘောကျသွားသည်။

သူမသားက စကားမပြောဘဲ အထဲကအသံကို တိတ်တဆိတ်နားထောင်နေတာမြင်တော့ သခင်မချန်းမျက်နှာက ပိုပိုပြီးရုပ်ဆိုးလာသည်။

"သား မင်းဘာလုပ်နေတာလဲ?အမေက မင်းကိုဒီလာပြီး သင်ခန်းစာနားထောင်ခိုင်းတာမဟုတ်ဘူး မင်းညီမလေးကိုမျက်နှာပြန်ရအောင်လုပ်ဖို့လာရှာတာ"

သခင်မချန်းက သူမသားကို မပျော်မရွှင်စိုက်ကြည့်လိုက်သည်။

ရန်ဟွိုက်က သူ့မျက်ခုံးတွေကို အနည်းငယ်တွန့်လိုက်ပြီး သူမက သူ့အမေဖြစ်နေတာကြောင့် သူဘာမှမပြောပေ။ဒါပေမယ့် သူမရဲ့ရိုင်းစိုင်းတဲ့စကားတွေနဲ့ အသွင်အပြင်က သူ့ကို အလွန်မကျေမနပ်ဖြစ်စေသည်။

"အမေ သူမက အခုမှ လက်မထပ်ရသေးတဲ့ အပျိုလေးပဲရှိသေးတာ။ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေမခေါ်ပါနဲ့လား။တစ်ခြားလူတွေကအမေ့ကို အောက်တန်းကျတယ်လို့ထင်နေကြလိမ့်မယ်"

ရန်ဟွိုက်ကမျက်မှောင်ကြုတ်လိုက်ပြီး သူပြောလိုက်တဲ့စကားတွေက သခင်မချန်းမျက်နှာကိုမည်းမှောင်သွားစေသည်။

သခင်မချန်းကသူ့သားကိုဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"နင်ကအဲ့ဒီခွေးမလေးကိုသဘောကျလို့လား?ငါပြောမယ်နော် ငါမသေသရွေ့ မင်းဒီအကြောင်းစဉ်းကိုမစဉ်းစားနဲ့"

နင်းမုန့်ယောင်က အထဲကနေအပြင်ကအသံတွေကိုကြားနေရပြီး မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသွားသည်၊ကလေးတွေစာရေးနေတာမြင်တော့ သူမလက်ထဲကစာအုပ်ကိုအောက်ချကာ အပြင်ကိုထွက်လာခဲ့သည်။သူမက သခင်မချန်းရဲ့မည်းမှောင်နေတဲ့မျက်နှာကိုမြင်လိုက်ရသည်။

"နှစ်‌ယောက်လုံးဒီကိုဘာလာလုပ်ကြတာလဲ?ပြဿနာရှာဖို့လာတာဆိုရင်တော့ နေ့လယ်မှသာပြန်လာခဲ့ကြပါတော့ ကျွန်မလုပ်ဖို့ကိစ္စတွေရှိသေးလို့"

"နင်ခွေးမ......"

"မိန်းကလေး မင်းစာသင်နေတာကိုလာနှောင့်ယှက်သလိုဖြစ်သွားလို့ ကျွန်တော်တို့တကယ်တောင်းပန်ပါတယ်"

ရန်ဟွိုက်က နင်းမုန့်ယောင်ကို ဦးညွှတ်ပြီး‌တောင်းပန်လိုက်သည်။

နင်းမုန့်ယောင် စာသင်တဲ့ပုံစံက သူ့ကျောင်းကဆရာတွေလိုမဟုတ်ဘဲ ရှင်းလင်းကာ နားလည်လွယ်သည်၊

All Chapters