← Chapters

အခန်း ၄၂

Vol. 2 Ch. 42

အခန်း ၄၂

Vol. 2 Ch. 42

Chapter 42

သခင်မချန်းက သူ့သားနဲ့လာတဲ့အချိန်တုန်းက ခေါင်းမော့ရင်ကော့လာခဲ့တာဖြစ်ပေမယ့် သူမသားက သူမမကြိုက်တဲ့မိန်းမကို တအားယဉ်ကျေးပြနေတဲ့အပြင် တောင်းပန်နေတာကိုမြင်တော့ သခင်မချန်းက သူမမျက်နှာကိုဖြတ်ရိုက်သွားသလို ခံစားလိုက်ရသည်။

"ဘာမှမဖြစ်ပါဘူး ရှင်တို့တစ်ခြားကိစ္စမရှိတော့ရင် ကျေးဇူးပြုပြီး ဒီနေရာကနေထွက်သွားပါတော့"

နင်းမုန့်ယောင်က ချက်ချင်းနှင်ထုတ်လိုက်သည်။

သူမရဲ့မာနကြီးတာကိုမြင်တော့ သခင်မချန်းကဒေါသထွက်ပြီးရင်းထွက်လာခဲ့သည်။သူမက နင်းမုန့်ယောင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး လက်ညှိုးထိုးကာ

"နင်းမုန့်ယောင် နင်မကောင်းတဲ့မိန်းမ!နင်က တကယ့်ကို မြူဆွယ်တတ်တဲ့လူပဲ ငါ့သားကိုမြူဆွယ်ရဲတယ်ပေါ့လေ!ငါနင့်ကိုပြောလိုက်မယ် နင်ငါ့မိသားစုထဲကိုလက်ထပ်ပြီးဝင်လာချင်ရင် ငါသေတဲ့အထိ လုံးဝခွင့်ပြုမှာမဟုတ်ဘူး!"

နင်းမုန့်ယောင်ရဲ့မျက်ခုံးတွေက တွန့်သွားသည်။ဒီမိန်းမကြီးခေါင်းထဲက တွင်းပေါက်ကအရမ်းကြီးနေတာမဟုတ်ဘူးမလား?သူမဘယ်တုန်းကများ သူ့မိသားစုထဲလက်ထပ်ပြီးဝင်ချင်တယ်လို့ပြောမိလို့လဲ?

"အဒေါ်ကြီး လိမ်ညာချဲ့ကားပြောရတာကြိုက်တဲ့ ရောဂါဖြစ်နေတာလားဟင်"

နင်းမုန့်ယောင်က သခင်မချန်းကိုစိုက်ကြည့်လိုက်သည်။

သခင်မချန်းကနင်းမုန့်ယောင်ကိုစိုက်ကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။

"နင့်ကိုမကောင်းတဲ့မိန်းမလို့ပြောတာကိုက အတော်လေးလျှော့ပေးထားတာ!"

နင်းမုန့်ယောင်က သခင်မချန်းက လူစကားနားမလည်နိုင်တာကိုမြင်တော့ သူမခေါင်းကိုရန်ဟွိုက်ဘက်လှည့်လိုက်ပြီး

"ရှင့်အမေက နေမကောင်းနေတာတော့မဟုတ်ဘူးမလား"

သူမက သူမခေါင်းကိုညွှန်ပြလိုက်သည်။

ရန်ဟွိုက်က သူ့ပါးစပ်တွေကို တင်းတင်းစေ့လိုက်ပြီး ပြောစရာစကားကင်းမဲ့စွာ နင်းမုန့်ယောင်ကိုကြည့်လိုက်သည်။ပိုင်ရှန်းရွာကလူတိုင်းက သူကပညာရှင်တစ်ယောက်ဆိုတာသိတယ် ဒါတောင်မှ သူ့အမေက စည်းမဲ့ကမ်းမဲ့ပြုလုပ်နေပြီး သူ့ဆီကိုဦးတည်လာသည်၊

သူက ဘယ်တုန်းကမှ နင်းမုန့်ယောင်လိုမျိုး ပြတ်ပြတ်သားသားပြောတတ်တဲ့လူမျိုး မကြုံဖူးပေ။

သူက ပြောစရာစကားကင်းမဲ့သွားပြီး တစ်ချိန်ထဲမှာပဲ ရှက်သွားသည်။

"အမေ ဒီလိုမလုပ်လို့မရဘူးလား"

ရန်ဟွိုက်က အမှန်တကယ်ကိုအရှက်ရနေတာကြောင့် သူ့အမေကို ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"ရန်ဟွိုက် ငါဒီနေ့နင့်ကိုလာခိုင်းတာက ဒီမကောင်းတဲ့မိန်းမကိုနင့်ညီမကိုတောင်းပန်ခိုင်းဖို့နဲ့ ငါတို့ကို တာဝန်ယူခိုင်းဖို့ပဲ။မဟုတ်ရင် ဒီကိစ္စမပြီးဘူး"

သခင်မချန်းက ဒေါသတကြီးငြင်းခုံလိုက်ပြီး သူမသားကို မျက်နှာသာမပေးပေ။

ရန်ဟွိုက်စကားပြောဖို့လုပ်တဲ့အချိန်မှာ နင်းမုန့်ယောင်ကသူ့ကိုဖြတ်ပြောလိုက်သည်

"အဒေါ်ရဲ့သမီးက နံရံကျော်တက်ပြီးယောကျာ်းတစ်ယောက်အိမ်ထဲဝင်တာလေ ပြီးတော့ အသားလာဝယ်တဲ့ကျွန်မက မြင်သွားတာနဲ့ပဲ ကျွန်မအပေါ်ပဲ အကုန်လုံးအပြစ်တင်မလို့လား အဲ့လိုလား"

ရန်ဟွိုက်ရဲ့မျက်နှာကပြောင်းသွားသည်။သူ မနေ့ နေ့လယ်က လာတဲ့အချိန်တုန်းက ရွာသားတွေက သူ့ညီမကအရှက်မရှိဘူးဆိုပြီး ပြောဆိုနေကြတာကို ကြားခဲ့သည်။အဲ့ဒီအချိန်တုန်းက သူအရမ်းဒေါသထွက်ခဲ့ပြီး ကိစ္စတွေကိုရှင်းလင်းအောင်မေးချင်ခဲ့ပေမယ့် အဲ့ဒီရွာသားတွေက သူ့နားရောက်တာနဲ့ပြေးသွားကြပြီး သူလည်း ကူကယ်ရာမဲ့ဖြစ်သွားသည်။

အခု နင်းမုန့်ယောင်က ဒီလိုပြောလာတော့ ဒီကိစ္စကသခင်မချန်းပြောထားသလို ဟုတ်ပုံမရပေ။

သူ့ခေါင်းကိုလှည့်ကာ သူ့အမေကိုကြည့်လိုက်ပြီး ရန်ဟွိုက်က လေးနက်စွာမေးလိုက်သည်

"အမေ အတိအကျဘာဖြစ်ခဲ့တာလဲ*

"ဘာလဲ နင်ကတစ်ခြားမိန်းမကိုယုံပြီး နင့်အမေအရင်းကိုမယုံဘူးလား"

သခင်မချန်းကဒေါသထွက်သွားသည်။သူမ သူ့ကိုအလိမ်တွေပြောတော့ရောဘာဖြစ်လဲ?သူက သူမသားပဲလေ သူမပြောတာမှန်သမျှသူနားထောင်ရမယ်။

ရန်ဟွိုက်က သခင်မချန်းကို စိတ်ပျက်စွာကြည့်လိုက်ပြီး အသာလေးပြောလိုက်သည်

"သူ(မ)အလိမ်တွေပြောနေတာမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံတယ်"

နင်းမုန့်ယောင်မျက်လုံးတွေက အလိမ်အညာမရှိကာ ရှင်းလင်းနေပြီး အခုသူ့အမေမျက်လုံးတွေထဲမှာတော့ ထိတ်လန့်မှုတွေဖြတ်ပြေးသွားသည်။ဒါကိုမြင်တော့ ဘယ်သူကအမှန်ပြောတယ် မပြောဘူးဆိုတာ သူသိသွားသည်။

ဒါပေမယ့် သူ့ရဲ့နင်းမုန့်ယောင်အပေါ်ယုံကြည်မှုက သခင်မချန်းကိုဒေါသထွက်စေပြီး သွေးအန်မတတ်ဖြစ်သွားသည်။ဒါ သူမရဲ့ သားလိမ္မာလေးတဲ့.......

"ငါနင့်ကို ပညာသင်ပေးခဲ့ရပြီး အခုအရည်အချင်းရှိလာတော့ ငါ့ကိုဒီလိုပြန်ကျေးဇူးဆပ်တာလား"

သခင်မချန်းက အံကြိတ်ထားသည်။

ရန်ဟွိုက်က သူ့အမေကိုလေးနက်စွာကြည့်လိုက်ပြီး

"အမေက ကျွန်တော်ရဲ့ကျော်ကြားမှုကို ဒီလိုအရာတွေလုပ်ဖို့သုံးချင်နေမှတော့ အနာဂတ်မှာအရှက်ကွဲနေမှာစိုးလို့ ကျွန်တော်စာမသင်တော့ဘူး"

အကောင်းအဆိုး မခွဲခြားနိုင်တဲ့ ဒီလိုအမေမျိုးရှိတာက သူ့အနာဂတ်ကိုညစ်ညမ်းစေသည်။

သူ့အတန်းဖော်တွေကဘာလို့သူ့အိမ်ကိုအလည်လာဖို့ငြင်းပယ်ကြတာလဲ?ဘာလို့လဲဆိုတော့ သူ့မှာ ဒီလိုအမေမျိုးရှိလို့လေ....

သခင်မချန်းက မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်လိုက်ပြီး

"နင်လုပ်ရဲလား...."

နင်းမုန့်ယောင်က သူတို့နှစ်ယောက် ရန်ဖြစ်တော့မှာကိုမြင်တော့ အေးစက်စွာပြောလိုက်သည်

"ရှင်တို့ရန်ဖြစ်ချင်တယ်ဆိုရင် အိမ်ပြန်ဖြစ်ကြ တစ်ခြားလူအိမ်ရှေ့မှာလာမလုပ်ကြနဲ့"

"နင်....မကောင်းတဲ့မိန်းမ!ဒါတွေနင့်အပြစ်တွေပဲ!ငါနင့်ကိုသေအောင်ရိုက်ပစ်မယ်!"

သခင်မချန်းကပြောကာ လုပ်ဖို့ပြင်လိုက်ပေမယ့် သူမ နင်းမုန့်ယောင်ဆီမရောက်ခင်မှာပဲ ရန်ဟွိုက်ဆီကနေ အတားခံလိုက်ရသည်။

ရန်ဟွိုက်က သူ့အမေကို စိတ်မရှည်စွာကြည့်လိုက်သည်

"အမေ ကျွန်တော့်ကိုအနာဂတ်မှာအရာရှိဖြစ်လာစေချင်ရင် ဒီလိုဟာမျိုးတွေမလုပ်ပါနဲ့"

သူ့မိသားစုကိုတောင် ကောင်းကောင်းမစီမံနိုင်ရင် သူ့မှာအရာရှိတစ်‌ယောက်ဖြစ်လာဖို့ ဘယ်လိုအရည်အချင်းမျိုးပိုင်ဆိုင်ပါ့မလဲ?တစ်ခြားလူတွေကို ဘယ်လိုစီမံမလဲ?

All Chapters