အခန်း ၄၃
Vol. 2 Ch. 43
Chapter 43
နင်းမုန့်ယောင်ကအတော်လေးအံ့ဩသွားသည်။သူမက ဒီလူက မဆိုးဘူးလို့ မတွေးခဲ့ပေမယ့် အနည်းဆုံးတော့သူက သခင်ချန်းရဲ့စိတ်နေစိတ်ထားကို မဆက်ခံထားပေ။မဟုတ်ရင်တော့ ဒါက လူတွေကို ရွံရှာသွားစေလိမ့်မည်။
သခင်မချန်းက ရန်ဟွိုက်ရဲ့စကားတွေကြောင့် ပြောစရာပျောက်ဆုံးသွားသည်။သူတို့နဲ့အဲ့နားမှာရှိနေတဲ့ရန်ကွေ့က မကျေမနပ်ဖြစ်လာပြီး ရန်ဟွိုက်ကိုလက်ညှိုးထိုး အော်လိုက်သည်
"ဒါက အစ်ကိုအမေ့ကိုစကားပြောတဲ့ပုံစံလား!ရန်ဟွိုက် အစ်ကိုစာအုပ်တွေအများကြီးဘာအတွက်ဖတ်ထားတာလဲ!"
"နင့်ပါးစပ်ကိုပိတ်ထားစမ်းပါ!နင်သာအရှက်မရှိမဖြစ်ခဲ့ရင် ဒီကိစ္စကဘယ်လိုလုပ်ဖြစ်လာမှာလဲ!နင်လုပ်တဲ့အရာတွေအတွက် ဖုံးကွယ်ပေးဖို့ငါ့မှာတာဝန်မရှိဘူး!"
ရန်ဟွိုက်က ရန်ကွေ့ကိုပြောတဲ့စကားတွေမှာ တစ်ကွဲတစ်ပြားခံစားချက်များမပါပေ။
သူ့ညီမက အလိုလိုက်ခံထားရတာကြောင့် ဆိုးသွမ်းနေကာ အခု သူမကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူမသိတော့ပေ။
ရန်ကွေ့က သူမအစ်ကိုကို စိုက်ကြည့်လိုက်သည်။သူမ ငယ်ငယ်လေးထဲကနေ အခုချိန်အထိ ဒီအစ်ကိုက သူမကို အလိုလိုက်ဆုံးမဟုတ်ခဲ့ပေ။အလိုလိုက်တာကိုပြောပါဆိုရင် သူမအစ်ကိုအကြီးဆုံးက အလိုလိုက်ဆုံးဖြစ်ပြီး ဒီအစ်ကိုကတော့ သူမကိုမကြိုက်တဲ့အပြင် အထင်သေးသည်။
သခင်မချန်းက သူမသားကိုစိုက်ကြည့်လိုက်သည်။သူမက အစတုန်းကတော့ သူ့ကို မကျေမနပ်ဖြစ်ရုံတင်ဆိုပေမယ့် အခု သူ့ညီမကို ပြောတဲ့စကားတွေကြားတော့ သူမစိတ်ထဲ ပိုပြီးမပျော်မရွှင်ဖြစ်လာသည်
"ဒါ မင်းညီမအရင်းကိုဆက်ဆံတဲ့ပုံစံလား"
ရန်ဟွိုက်က ဘာမှမပြောဘဲ စိတ်ပျက်တဲ့အနေနဲ့သာ ခေါင်းရမ်းလိုက်သည်။သူ့ညီမလေးကို သူဘယ်လိုလုပ်သဘောမကျဘဲနေမှာလဲ?သူတို့ငယ်ငယ်တုန်းက သူ သူမကိုအလိုလိုက်ခဲ့တယ် ဒါပေမယ့် သနားစရာကောင်းစွာနဲ့ပဲ သူမကအခု ဆိုးဆိုးရွားရွားအလိုလိုက်ခံထားရတယ်။
ရန်ကွေ့ကနင်းမုန့်ယောင်ကို မုန်းတီးစွာကြည့်လိုက်ပြီး
"နင်းမုန့်ယောင် အရှက်မရှိတဲ့မိန်းမ!နင်က ငါနဲ့ငါ့အစ်ကိုဆက်ဆံရေးကြားကို သွေးခွဲပြီး ငါ့အစ်ကိုနင့်ကိုကူညီလာအောင်လုပ်နေတာ!"
နင်းမုန့်ယောင်က ဒီမိသားစုကို တကယ့်ကို စိတ်မရှည်တော့ပေ
"ကျေးဇူးပြုပြီး ရှင့်ရဲ့အမေနဲ့ညီမကို ဒီကနေခေါ်သွားလိုက်ပါတော့"
ရန်ဟွိုက် မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုနဲ့ပြည့်သွားသည်။ဒီလိုအမျိုးသမီးမျိုးရဲ့ရှေ့မှာ သူ့မျက်နှာပျက်ရတာ သူ့စိတ်ထဲတကယ့်ကိုမပျော်ပေ။
"အမေ ပြန်ကြရအောင်၊နောက်ကျရင် သူများတွေကို ပြဿနာမရှာပါနဲ့၊ရန်ကွေ့ကဒါတွေကို ခံသင့်တယ်"
ရန်ဟွိုက်က ဖျော့တော့စွာပြောလိုက်ပြီး သူ့လေသံက အတော်လေးစိတ်မရှည်တော့ပေ၊
ဒီစကားတွေက သခင်မချန်းရဲ့မျက်နှာကိုဖြတ်ရိုက်လိုက်ရုံတင်မကဘဲ အပြင်လူတွေကိုကူညီကာ ကိုယ့်ညီမကိုဆွဲချနေသည်။
သခင်မချန်းက စိတ်မသက်မသာခံစားရတာကြောင့် ဒေါသထွက်ပေမယ့် ဘာမှမပြောနိုင်ပေ။သူမရဲ့ တုန်လှုပ်နေတဲ့လက်တွေနဲ့ သူမသားကိုထိုးလိုက်ပြီး နေ့တစ်ဝက်လောက် ဘာမှမပြောနိုင်ပေ။အဆုံးမှာတော့ ဒေါသတကြီးနဲ့ သူမသမီးကိုသာ ပြန်ခေါ်သွားရသည်။
သူမက ဒီနေ့အတော်လေးမျက်နှာပျက်ရတယ်။သူမရဲ့သားအရင်းက တစ်ခြားမိန်းမကို ကူညီပြီး သူမတို့ကို အနိုင်ကျင့်တယ်။ဒီထက်ပိုပြီး ရက်စက်တာရှိပါဦးမလား?
နှစ်ယောက်ထွက်သွားပြီးတဲ့နောက်မှာတော့ ရန်ဟွိုက်က နင်းမုန့်ယောင်ကို အားနာစွာကြည့်လိုက်သည်
"ကျွန်တော်တောင်းပန်ပါတယ် ဒီနေ့ကိစ္စကကျွန်တော့်ညီမအမှားပါ သူ(မ)ကိုခွင့်လွှတ်ပြီး အပြစ်မယူဖို့မျှော်လင့်ပါတယ် သူ(မ)က အခုထိ ကလေးပဲရှိပါသေးတယ်"
သူတောင် ဒီစကားတွေကိုမယုံတာ တစ်ခြားလူတွေက ဒါကိုယုံပါ့မလား?
"ကလေးလား?ဒါက ရှင်တို့မိသားစုထင်တာလေ။ရှင့်ညီမကို ကောင်းကောင်းစောင့်ကြည့်ပြီး ကျွန်မဆီ ပြဿနာသယ်မလာရင်ကောင်းမယ်၊မဟုတ်ရင် ကျွန်မက လွယ်လွယ်လေးကျော်သွားပေးမှာမဟုတ်ဘူး"
ရန်ဟွိုက်ရဲ့စိတ်ထားက မဆိုးတာကြောင့်သာမဟုတ်ရင် သူမ ဒါကို လွယ်လွယ်လေးလွှတ်ပေးလိုက်မှာမဟုတ်ပေ။သူမအိမ်ရှေ့ကို အကြောင်းအရင်းမရှိပြေးလာပြီး သူမကို လှည့်ပတ်ကြိမ်းမောင်းသွားကာ အဲ့ဒီနောက် အေးဆေးထွက်သွားသည်။ကောင်းကင်အောက်မှာ ဒီလောက်ကောင်းတာမျိုး တစ်ခါမှမရှိဘူး။
ရန်ဟွိုက်က တကယ်တော့ နင်းမုန့်ယောင်နဲ့ ရင်းနှီးချင်သေးသည်။သူက ဒီအပျိုစင်ကိုသဘောကျတယ် ဒါပေမယ့် သူမရဲ့ပြန်ပြောတဲ့စကားတွေကြောင့် ရန်ဟွိုက်က စိတ်မသက်မသာဖြစ်သွားသည်။သူက ရှက်ပြုံးလေးနဲ့သာထွက်လာခဲ့ရသည်။
တံခါးမှာခဏလောက်ရပ်ပြီးတော့ နင်းမုန့်ယောင်က လှည့်ထွက်လာခဲ့သည်။သူမပြန်ရောက်လာတဲ့အချိန်မှာ ကလေးတွေက သူတို့ရဲစာတွေရေးပြီးသွားကြပြီဖြစ်သည်။
သူတို့ကိုမြင်တော့ နင်းမုန့်ယောင်က ဖွဖွလေးပြုံးလိုက်သည်။ဒီကလေးတွေနဲ့ရှိရတာက တကယ့်ကို ပိုပြီးပျော်ဖို့ကောင်းသည်။
နေ့ခင်းမှာ ကလေးတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် ပြန်သွားပြီးတဲ့နောက်မှာ ယန်ရှိုးအာက အပြင်ကနေရောက်လာပြီး နင်းမုန့်ယောင်ကို မျက်ခုံးတွန့်ကာကြည့်ပြီး
"နင် ရန်ကွေ့နဲ့ပြဿနာဖြစ်တာဆို"
ဒီစကားတွေက နင်းမုန့်ယောင်ကိုမေးတာဆိုပေမယ့် လေသံကတော့ စုံစမ်းစစ်ဆေးနေတဲ့လေသံဖြစ်သည်။
သူမ မြေဖြူတွေကိုကောက်ယူကာ ယန်ရှိုးအာကိုကြည့်လိုက်ပြီး နင်းမုန့်ယောင်ကမဖြေဘဲ သူမခြံဝင်းထဲကပစ္စည်းတွေကိုသာဆက်သိမ်းနေသည်။
နင်းမုန့်ယောင်က သူမကို မရှိတဲ့လေလို လျစ်လျှူရှုထားတာမြင်တော့ ယန်ရှိုးအာရဲ့အမူအရာက ရုပ်ဆိုးလာသည်။
"နင်းမုန့်ယောင် ငါနင့်ကိုစကားပြောနေတယ်လေ။နင်မကြားဘူးလား။နင်ငါ့ကိုတောင်းပန်ရင် ငါနင့်ကိုကူညီပေးမယ်။ငါနဲ့ ရန်ကွေ့ရဲ့ဆက်ဆံရေးက သိပ်မဆိုးဘူး"
ယန်ရှိုးအာက ခေါင်းမော့ထားကာ နင်းမုန့်ယောင်ကိုကြည့်လိုက်သည်။
နောက်ဆုံးတော့ သူမ နင်းမုန့်ယောင်ကို ဆန့်ကျင်နိုင်တဲ့ အရာတစ်ခုရှိလာခဲ့ပြီ။သူမက နင်းမုန့်ယောင်ကို သူမရှေ့မှာ အရှက်ကွဲအောင်လုပ်ပြမယ်။