← Chapters

အခန်း ၄၄

Vol. 2 Ch. 44

အခန်း ၄၄

Vol. 2 Ch. 44

Chapter 44

ယန်ရှိုးအာက ရန်ကွေ့နဲ့ ငယ်ငယ်လေးထဲက သူငယ်ချင်းတွေဖြစ်ပြီး ရန်ကွေ့မိသားစုအခြေအနေက သူမဟာထက်ကောင်းတာကြောင့် ရန်ကွေ့နဲ့ကစားပြီး အဲ့မိန်းကလေးက သူမမိသားစုကိုကူညီဖို့မျှော်လင့်နေခဲ့တာဖြစ်သည်။ဒါပေမယ့် သူမမြို့ကို မကြာခဏသွားတဲ့အချိန်ကတည်းက သူတို့ဆက်ဆံရေးက အေးစက်လာပြီဖြစ်သည်။

အခု သူမပြန်လာပြီဖြစ်ပြီး ရန်ကွေ့ကမောက်မာတယ်ဆိုပေမယ့် သူတို့ဆက်ဆံရေးကကောင်းနေတုန်းဖြစ်သည်။

ရန်ကွေ့က နင်းမုန့်ယောင်ကိုလွှတ်ပေးစေချင်ရင် တစ်ခွန်းထဲနဲ့တော့မရပေ။ဒါပေါ့ နင်းမုန့်ယောင်က သူမ မသိတဲ့ တစ်စုံတစ်ရာကိုပြန်ပေးဆပ်ရမယ်။

နင်းမုန့်ယောင်က ဘာမှ‌မပြောသေးပေ။သူမရဲ့စားပွဲတွေနဲ့ခုံတွေသိမ်းပြီးတဲ့နောက် မီးဖိုချောင်ဆီလျှောက်သွားလိုက်သည်။သူမတစ်ယောက်ထဲဖြစ်တာကြောင့် ခက်ခက်ခဲခဲတွေမချက်ချင်တော့ဘဲ ကြက်ဉနှစ်လုံးသာကြော်လိုက်သည်။ယုန်သားဆော့စ်ထည့်ပြီးတဲ့နောက်မှာတော့ သူမက သူတို့အားလုံးကိုစားပစ်လိုက်သည်။

နင်းမုန့်ယောင်စားနေတဲ့အရာတွေကိုမြင်တော့ ယန်ရှိုးအာမျက်လုံးထဲမှာ လောဘကြီးတဲ့အရိပ်အယောင်ဖြတ်သန်းသွားသည်။ ဆော့စ်အနံ့က တကယ့်ကိုကောင်းတယ် သူမ မတတ်နိုင်ဘဲ သွားရေကျလာတယ်......

"နင်ဘာလုပ်တာလဲ?ငါလည်းစားချင်သေးတယ်......"

နင်းမုန့်ယောင်က အိုးကိုပြန်သိမ်းနေတာမြင်တော့ ယန်ရှိုးအာက ရုတ်တရက်ပြောလိုက်သည်။

ယန်ရှိုးအာကိုစိုက်ကြည့်လိုက်ပြီး နင်းမုန့်ယောင်က သူမကို လျစ်လျှူရှုကာ ပြန်လှည့်ပြီး သူမလက်ထဲကပစ္စည်းတွေကိုထားလိုက်သည်။

ယန်ရှိုးအာက နင်းမုန့်ယောင်သူမကို တောင်းပန်ဖို့မျှော်လင့်နေတုန်းဖြစ်သည်။ရန်ကွေ့အစ်ကိုက ပညာရှင်တစ်ယောက်ဆိုတာ သိထားပြီးဖြစ်ပေမယ့် နင်းမုန့်ယောင်ကိုကြည့်တော့ သူမက ဒီကိစ္စတွေအားလုံးကို ဂရုစိုက်ပုံမပေါ်ပေ။

ဒါက ယန်ရှိုးအာရဲ့မျက်နှာကို ရုပ်ဆိုးသွားစေသည်။နင်းမုန့်ယောင်ထွက်သွားတော့မယ့်အချိန်မှာ သူမက တစ်ခုခုပြောလိုက်ချင်ပေမယ့် နင်းမုန့်ယောင်ကျောမှာ ခြင်းတောင်းလွယ်ထားတာမြင်လိုက်သည်။

"ငါအပြင်သွားမလို့ နင့်မှာတစ်ခြားကိစ္စမရှိဘူးဆိုရင် ကျေးဇူးပြုပြီးထွက်သွားပါတော့"

အဲ့ဒီလေသံဖျော့ဖျော့က ယန်ရှိုးအာကို သူစိမ်းလို့သတ်မှတ်ထားတာဖြစ်သည်။

ယန်ရှိုးအာရဲ့ မောက်မာတဲ့လေသံက သူမကို မပျော်မရွှင်ဖြစ်စေတယ် အထူးသဖြင့် ယန်ရှိုးအာရဲ့မျက်နှာအမူအရာကိုမြင်တဲ့အခါမှာဖြစ်သည်။

မျက်စိနဲ့မမြင်ရတဲ့အရာအတွက် စိတ်က စိတ်မပူတာကောင်းတယ်။သူမစိတ်ဆိုးသင့်လား ဒါဆိုရင်တော့ ထိုဟာကကောင်းမှာမဟုတ်ပေ။

ယန်ရှိုးအာရဲ့ ဆန္ဒမရှိတဲ့ အမူအရာကိုမြင်တော့ နင်းမုန့်‌ယောင်နှုတ်ခမ်းတွေက လှောင်ပြုံးပြုံးလိုက်သည်။

ကျောခြင်းတောင်းလွယ်ကာ ထွက်လာခဲ့လိုက်ပြီး အိမ်ကနေနှင်ထုတ်ခံလိုက်ရတဲ့ ယန်ရှိုးအာက တောင်ပေါ်တက်သွားတဲ့နင်းမုန့်‌ယောင်ကို မကျေမနပ်ကြည့်လိုက်သည်။ယန်ရှိုးအာမျက်လုံးထဲမှာ မုန်းတီးတဲ့အရိပ်အယောင်တွေရှိနေပြီး နောက်ဆုံးမှာတော့ သူမမျက်နှာကြီး မည်းမှောင်ကာ ထွက်လာခဲ့လိုက်သည်။

သူမအိမ်ထဲ ယန်ရှိုးအာဝင်လာတာမြင်တော့ ရန်ကွေ့ကစိတ်မရှည်တော့ပေ

"ဘယ်လိုလဲ"

"ဘယ်လိုဖြစ်ရမှာလဲ?သူ(မ)ကနင့်ကို မျက်လုံးထဲမထည့်ဘူး"

ယန်ရှိုးအာက သူမနှုတ်ခမ်းတွေစု‌ထော်ကာ မပျော်မရွှင်ဖြေလိုက်သည်။

ရန်ကွေ့ကဒါကိုကြားတဲ့အခါမှာ သူမမျက်လုံးတွေမှေးကာ ယန်ရှိုးအာကိုကြည့်လိုက်ပြီး တစ်ဖက်မိန်းကလေးရဲ့အမူအရာကိုမြင်တော့ သူမကအမှန်တွေပြောနေတာဖြစ်သည်။

"နင် သေချာလား"

"ဒါပေါ့ သူ(မ)ကိုယ်တိုင်ပြောတာ။ငါက သူ(မ)သာ နင့်ကိုတောင်းပန်ချင်တယ်ဆိုရင် နင်က သူ(မ)ကိုခွင့်လွှတ်ပေးလိမ့်မယ်လို့ပဲပြောတာ ဒါပေမယ့် သူ(မ)ကဘာမှမပြောဘူး"

သူမ ဒါကိုပြောတဲ့အချိန် နင်းမုန့်ယောင်အမူအရာအတိုင်း ရန်ကွေ့ကို လုပ်ပြလိုက်သည်။ဒီလိုပုံစံက ရန်ကွေ့ကို ဒေါသထွက်‌သွားစေပြီး သူမလက်ထဲက ပစ္စည်းကို ကြမ်းပြင်ပေါ် ရိုက်ခွဲပစ်လိုက်သည်။

ဒီနင်းမုန့်ယောင်က တကယ်ကြီး သူ(မ)က တစ်ခုခုလို့ထင်နေတာပဲ။သူမက မကောင်းဘူးဆိုရင်တောင်မှ ပညာရှင်တစ်ယောက်ရဲ့ညီမပဲ။

သူ့(မ)လိုမိဘမဲ့မျိုးက ဘာကိုကြည့်ပြီး သူမကို အထင်သေးတာလဲ?

"သူ(မ)က ငါ့ကို အထင်သေးရဲတယ်ပေါ့လေ။ငါ့အစ်ကိုက ပညာရှင်တစ်ယောက်ပဲ"

ဒီအချိန်မှာ အရင်တုန်းက နင်းမုန့်ယောင်အိမ်မှာ ရန်ဟွိုက်က သူမကို မျက်နှာသာမပေးခဲ့ဘူးဆိုတာ ရန်ကွေ့မေ့သွားခဲ့သည်။

ယန်ရှိုးအာက ခေါင်းငြိမ့်လိုက်ပြီး ရန်ကွေ့ကိုပြောလိုက်သည်။

"မှန်တယ် ဒါကတကယ်လွန်တာပဲ။ဘာလို့ဒီလိုမျိုးဖြစ်ရမှာလဲ?နင်ကဘယ်လိုပဲဖြစ်ဖြစ် ပညာရှင်တစ်ယောက်ရဲ့ညီမဖြစ်နေတုန်းပဲကို။သူ(မ)က ဘယ်သူမလို့လဲ?သူ(မ)က နင့်ကိုဒီလိုမျိုးဆက်ဆံရဲတယ်"

ဒီစကားတွေက ရန်ကွေ့ကိုနှစ်သိမ့်နေပြီး တစ်ချိန်ထဲမှာပဲ မီးထဲကိုဆီလောင်းထည့်လိုက်ကာ ရန်ကွေ့ကိုပိုပြီး ဒေါသထွက်သွားစေသည်။

မျှော်လင့်ထားသလိုပဲ ယန်ရှိုးအာစကားတွေကိုကြားတော့ ရန်ကွေ့မျက်နှာပေါ်ကအမူအရာက ယင်တစ်ကောင်စားမိသလို ဆိုးရွားလာသည်။

ရန်ကွေ့က သူမလက်ထဲကပစ္စည်းကို ကြမ်းပြင်ပေါ်ရိုက်ခွဲပစ်လိုက်ပြီး ဒေါသထွက်ကာ

"ငါသေချာပေါက် နင်းမုန့်ယောင်ဒါကိုလုပ်မိတာ နောင်တရသွားအောင်လုပ်ပြမယ်!"

အသံထဲက ပြင်းထန်တဲ့အမုန်းက ယန်ရှိုးအာကို မတတ်နိုင်ဘဲ ရယ်မိစေသည်။

သွား ရန်ဖြစ်ချေ၊‌ဖျက်ဆီးပစ်။တစ်ချိန်ထဲမှာပဲ သူမက လွယ်လွယ်လေးအကျိုးအမြတ်ရမှာဖြစ်သည်။

လူနှစ်ယောက်က ကြံစည်နေခဲ့ကြပေမယ့် သူတို့မသိခဲ့တာက သူတို့ရဲ့အိမ်နီးချင်း ချောင်ထျန်းချန်က အကုန်ကြားသွားခဲ့သည်။

သူက ဒီရက်တွေမှာ သခင်မချန်း နင်းမုန့်ယောင်ကို ပြဿနာသွားရှာနေတဲ့ ကိစ္စကိုသိပြီး ကူညီချင်ပေမယ့် သူသာအချိန်ကိုက်ရောက်သွားမယ်ဆိုရင် နင်းမုန့်ယောင်အတွက် ကိစ္စတွေ ပိုပြီးခက်ခဲလာမယ်ဆိုတာ သူရှင်းရှင်းလင်းလင်းသိသည်။

All Chapters