← Chapters

အခန်း ၄၅

Vol. 2 Ch. 45

အခန်း ၄၅

Vol. 2 Ch. 45

Chapter 45

ဒါပေမယ့် သူတို့အခုပြောနေကြတာကို ကြားတော့ ချောင်ထျန်းချန်က စိုးရိမ်လာခဲ့သည်။ကိစ္စတွေသာ ဒီလိုဆက်ဖြစ်နေရင် တစ်ခုခုကတော့ သေချာပေါက်ဖြစ်လာလိမ့်မယ်.....

ထိုဟာကို ပြန်တွေးကြည့်ပြီးတဲ့နောက်မှာတော့ ချောင်ထျန်းချန်က အိမ်နီးချင်းနံရံကိုကြည့်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။

နင်းမုန့်ယောင်အိမ်ဆီလျှောက်လာခဲ့ပြီး အိမ်ထဲဝင်တော့ အနည်းငယ်ရှက်ရွံ့နေသည်။နင်းမုန့်ယောင်က သူ့ကိုမြင်တာ သိပြီး သူမက ဝင်လာခွင့်ပြုလိုက်သည်။

"တစ်ခုခုလိုတာများရှိလို့လား"

သူမက အခုလေးတင် ချောင်ထျန်းချန်ကို အပြင်မှာတွေ့လိုက်ပြီး သူမကို တစ်ခုခုပြောချင်နေပုံပေါက်ကာ အိမ်ထဲဝင်ဖို့ရှက်နေခဲ့သည်။

"ရန်ကွေ့နဲ့ ကျန်တဲ့လူတွေကို ဘယ်လိုလုပ်မယ်လို့ မင်းစီစဉ်ထားလဲ?"

ချောင်ထျန်းချန်က သူမရဲ့ အတွေးတွေကို သိချင်သည်။

နင်းမုန့်ယောင်က ကြောင်သွားပြီး ချောင်ထျန်းချန်ကို မသင်္ကာစွာကြည့်လိုက်သည်

"ရှင်ကဘာလို့ဒါကိုမေးတာလဲ?ကျွန်မက ရန်ကွေ့ကို တစ်ခုခုလုပ်လိုက်မှာစိုးရိမ်လို့လား"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ဒီမေးခွန်းကိုကြားတဲ့အချိန်မှာ ဒါကိုအရင်ဆုံးတွေးလိမ့်မယ်လို့ မထင်ထားခဲ့ပေ။သူက အကူအညီမဲ့စွာ ခေါင်းရမ်းလိုက်ပြီး

"မဟုတ်ပါဘူး သူ(မ)နဲ့ကိုယ်က ဘာဆက်ဆံရေးရှိလို့လဲ?ကိုယ် ဒီကိုရောက်လာတာက မင်းကို ဂရုစိုက်ဖို့သတိပေးချင်လို့ ရန်ကွေ့အမေက ကြင်နာတတ်တဲ့လူမဟုတ်ဘူး မင်းသာသူ့ကို တကယ်ဆန့်ကျင်ရင် အရှုံးခံစားရတဲ့လူက မင်းပဲဖြစ်လိမ့်မယ်"

ချောင်ထျန်းချန်ကို ထူးဆန်းစွာကြည့်လိုက်ပြီး ဒီယောကျာ်းက တကယ်ထူးဆန်းတယ်လို့ နင်းမုန့်ယောင်ခံစားလိုက်ရသည်။သူက ဘာလို့ရုတ်တရက်ကြီးရောက်လာပြီး သူမကို ဒါတွေပြောနေရတာလဲ?

"မင်းက သူတို့ကို မင်းမျက်လုံးထဲထည့်မှာမဟုတ်ပေမယ့် သူတို့ကမင်းကို တကယ်တစ်ခုခုလုပ်ချင်ရင်တော့ သူတို့ကထည့်မှာပဲ။သူတို့မျက်လုံးထဲမှာ မင်းကပိုက်ဆံပဲရှိပြီး တစ်ခြားဘာမှမလုပ်နိုင်ဘူး အထူးသဖြင့် မင်းကမိဘမဲ့ဖြစ်နေတာပဲ"

ချောင်ထျန်းချန်က နင်းမုန့်ယောင်တွေးနေတာကို သိပုံရပြီး စိတ်အားထက်သန်စွာကြည့်ပြီးပြောလိုက်သည်။

နင်းမုန့်ယောင်က မျက်မှောင်ကြုတ်လိုက်သည်။သူမက ဒါကိုအရင်က စိတ်ထဲမထားပေ ဒါပေမယ့် ချောင်ထျန်းချန်စကားတွေကိုကြားတော့ ကိစ္စတွေက တကယ်ဒီနည်းလမ်းအတိုင်းဖြစ်ပုံရသည်။

သူမက ကူညီပြီးတော့ရွာသားတွေနဲ့ပေါင်းစည်းတယ်ဆိုပေမယ့် ရွာသားတွေသာသူမကိုဆန့်ကျင်လိုက်ရင် ဒါကဖြစ်နိုင်သည်။

ဒါက ချောင်ထျန်းချန်ပြောချင်တာပဲ။သူတို့မျက်လုံးထဲမှာ သူမက ပိုက်ဆံသာရှိပြီး အာဏာမရှိတဲ့ မိဘမဲ့တစ်‌ယောက်ပဲ။

သန်မာတဲ့နဂါးက မြွေကိုမြေကြီးပေါ်မှာ ဖိအားမပေးနိုင်ပေ။ဒါက ရှေးခေတ်ကတည်းကတည်ရှိလာတဲ့ အကြောင်းအရာဖြစ်သည်။

သူမ ဒီနေရာကို ပထမဆုံးရောက်လာတဲ့အချိန်တုန်းက သူမက သက်သောင့်သက်သာဘဝကို ဖြတ်သန်းသွားချင်တာပဲဖြစ်ပြီး အဲ့ဒီလူစုတွေကို သူမဘယ်ကလာလဲဆိုတာမပြောခဲ့ပေ။

အခုဒါကိုမြင်တော့ သူမအတွေးတွေ အနည်းငယ်ပြောင်းသင့်ပုံပဲ။ပျော်ရွှင်စရာကောင်းတဲ့ သာယာတဲ့ဘဝကိုရချင်ရင် သူမမှာလည်း အာဏာရှိပြီး လူတွေ သူမကို‌ကြောက်ဖို့ ချုပ်ကိုင်နိုင်စွမ်းရှိရမည်။

လူတွေကိုကြောက်အောင်လုပ်တဲ့အချိန်မှာ သူတို့ကိုဘယ်အမှားမှ လက်ညှိုးမထိုးရဲအောင်လည်း သူမလုပ်ရမည်။ထိုအချိန်မှာ တစ်ယောက်ယောက်က သူမကို ဆန့်ကျင်ချင်တယ်ဆိုရင်တောင်မှ သူ့ကို ကူညီမယ့်လူတစ်ယောက်မှမရှိရဘူး။

ဖိနှိပ်မှုက ပါးစပ်ပေါ်မှာပဲရှိပြီး လူတွေကို ချိတုံချတုံဖြစ်စေလိမ့်မယ်။ဒီအကြောင်းပြချက်က လူတိုင်းကိုရှင်းလင်းသည်။

ဒီနေရာက ရွာသားတွေက ခေတ်မမှီကြပေ။သူတို့ဘဝတွေက အများကြီးမဟုတ်ပေမယ့် သာမန်ဖြစ်ပြီး ရိုးသားကြသည်။

နင်းမုန့်ယောင် တိတ်နေတာကိုမြင်တော့ ချောင်ထျန်းချန်က မသေချာကာ

"မင်း ဘာအကြောင်းစဉ်းစားနေတာလဲ"

"ကျွန်မ နောက်ဘာဆက်လုပ်သင့်လဲဆိုတာ စဉ်းစားနေတာပါ"

နင်းမုန့်ယောင်က သူမပုခုံးတွန့်ပြလိုက်သည်။

သူမလုပ်ချင်တဲ့ကိစ္စကြီးတွေကို သူမလုပ်နိုင်တယ် ဒါပေမယ့် လင်းလော်က ဒါကိုသိပြီးတော့ ရောက်မလာနိုင်ဘူးလား........

သူမ ဒါကိုအရင်စဉ်းစားဖို့လိုတယ်.....

ထိုအကြောင်းကိုတွေးမိတော့ နင်းမုန့်ယောင်က စဉ်းစားနေတဲ့အခြေအနေထဲရောက်သွားသည်။

"မင်းမှာ ကိုယ်ပိုင်အတွေးရှိ‌တယ်ဆိုမှတော့ ဒါဆို အဆင်ပြေပါတယ်။ကိုယ်မင်းကို ကူညီဖို့က အဆင်မပြေဘူး။ကိုယ်သာ ဝင်ပြောလိုက်ရင် အဲ့ဒီလူတွေကသေချာပေါက် ပိုပြီး အထိန်းအချုပ်လွတ်သွားမှာ။မင်း သတိထားသင့်တယ် ။ကိုယ်မင်းကို အရေးပေါ်အချိန်တွေမှာ ကူညီမယ်"

ချောင်ထျန်းချန်က စိတ်အားထက်သန်စွာနင်းမုန့်ယောင်ကိုကြည့်လိုက်ပြီး သူ့ရဲ့အသံနက်ကြီးနဲ့ပြောလိုက်သည်။

ဒီကိစ္စက သူနဲ့အကြီးကြီးသက်ဆိုင်ပြီး သူ့အမှားလည်းဖြစ်တယ်။သူ့ကြောင့်ဟာမဟုတ်ရင် နင်းမုန့်ယောင်ဘဝကလည်း အေးချမ်းနေပြီး ဒီလိုကိစ္စမျိုးကြုံရမှာ မဟုတ်ဘူး။

"ကျွန်မ သိပြီ၊ကျွန်မကို ဒါပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

"ဘာမှမဖြစ်ပါဘူး ဒါဆို ကိုယ်သွားတော့မယ်"

ပြောပြီးတော့ သူက လှည့်ထွက်လာခဲ့သည်။

ချောင်ထျန်းချန်ရဲ့ ထွက်သွားတဲ့ပုံရိပ်ကိုကြည့်ပြီး နင်းမုန့်ယောင်က အသာလေး မျက်မှောင်ကြုံ့လိုက်သည်။ဒီခံစားချက်က ထူးဆန်းတယ်။ဘယ်လိုထူးဆန်းတာလဲဆိုတာတော့ သူမ မပြောတတ်ဘူး။

သူမကိုယ်ကိုပြန်လှည့်ကာ အခန်းထဲပြန်ဝင်လိုက်သည်။နင်းမုန့်ယောင်က ခြံထဲက သစ်ပင်ကြီးအောက်မှာ နက်နက်ရှိုင်းရှိုင်းစဉ်းစားနေသည်။သူမ ဒါကို ဘယ်လိုကိုင်တွယ်ရမလဲ?

သူမသာ အလောတကြီးပြုမူလိုက်ရင် ဒါဆို လင်းလော်က သူမအိမ်တံခါးကိုမကြာခင် လာခေါက်‌တော့မှာဖြစ်သည်။အဲ့ဒါသာဖြစ်ရင် သူမဘဝလည်း ရှုပ်ထွေးသွားပြီး ဒါက သူမလိုချင်တာမဟုတ်ပေ။ဒါပေမယ့် သူမ တစ်ခြားအရာတွေကိုလည်း မလုပ်နိုင်ပေ။

All Chapters