အခန်း ၄၆
Vol. 2 Ch. 46
Chapter 46
နင်းမုန့်ယောင်က တိတ်တိတ်လေး ဟင်းသီးဟင်းရွက်စိုက်ခင်းကိုကြည့်နေလိုက်သည်။သူမက မော်ဒန်ခေတ်နဲ့ပတ်သက်တာ တစ်ခုခုမလုပ်နိုင်ဘူးဆိုရင် မြေရှင်ဖြစ်တာကလည်း အဆိုးကြီးတော့မဟုတ်ဘူး။
ဒါကိုစဉ်းစားမိတော့ နင်းမုန့်ယောင်က ရယ်လိုက်သည်။သူမ ဈေးဆိုင်တစ်ဆိုင်လောက်တော့ ဖွင့်သင့်တယ်ထင်တယ်။
သူမစိတ်ထဲ အကြံအစည်တစ်ခုရှိနေပြီး နင်းမုန့်ယောင်က ပျင်းရိစွာနဲ့ခါးကြောဆန့်လိုက်သည်။သူမက တံခါးသော့ခတ်ပြီး အပြင်ထွက်လာခဲ့သည်။
သူမ ရန်ကျူးအိမ်ကိုရောက်တဲ့အချိန်မှာ ရန်လဲ့လဲ့နဲ့သခင်မချောင်က ခြံဝင်းထဲမှာ ပန်းထိုးနေကြသည်။သူတို့နှစ်ယောက်လုံးက အရမ်းပျော်နေကြတယ်။
"ယောင်ယောင် နင်လာလည်ပြီပေါ့"
ရန်လဲ့လဲ့က သူမပန်းထိုးထည်ကိုချထားလိုက်ပြီး နင်းမုန့်ယောင်လက်မောင်းကိုဆွဲကာ သူမမှားသွားမှာစိုးတဲ့မျက်နှာနဲ့ပြောလိုက်သည်။
ဒီသနားစရာကောင်းတဲ့ပုံစံလေးက နင်းမုန့်ယောင်ကိုမတတ်နိုင်ဘဲ ရယ်သွားစေမိသည်။ဒီကောင်မလေးက တကယ့်ကို...........
လွန်ခဲ့တဲ့ရက်တွေတုန်းက သခင်မချန်းကိစ္စနဲ့ သူမရန်လဲ့လဲ့ဆီကိုမသွားဖြစ်ပေ။ကျောင်းသားတွေစာသင်ချိန်လျော့သွားတာတောင်မှဖြစ်သည်။
"ငါမြင်တာတော့နင်ပျင်းနေတဲ့ပုံပဲ"
နင်းမုန့်ယောင်က ပြုံးလိုက်သည်။
ဒီအကြောင်းကိုပြောတော့ ရန်လဲ့လဲ့ကမျက်နှာပျက်သွားပြီး နင်းမုန့်ယောင်ကို ဝမ်းနည်းစွာကြည့်လိုက်သည်။
"နင်က အခုထိဒီမှာရယ်နေသေးတယ်။ရန်ကွေ့တို့မိသားစုကိစ္စကို ဘယ်လိုကိုင်တွယ်မယ်လို့နင်စဉ်းစားထားလဲ"
သူမ တကယ့်ကိုမသိတော့ဘူး။ဘာလို့ အဲ့ဒီလူတွေက ယောင်ယောင်လိုလူကောင်းတစ်ယောက်ကို ပြဿနာရှာနေရတာလဲ?ရန်လဲ့လဲ့က ဒါကို တစ်စက်ကလေးမှမကြိုက်ဘူး။
"ဘာမှမဖြစ်ဘူး။လှိူင်းလုံးကြီးတွေမမနိုင်ဘူး။ဟုတ်သားပဲ ဦးလေးရန်အိမ်မှာရှိလား"
သူမလာရတဲ့ရည်ရွယ်ချက်ကိုစဉ်းစားမိတော့ နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုပြုံးပြီးမေးလိုက်သည်။
"ငါ့အဖေက အပြင်ကို ကိစ္စတစ်ခုနဲ့ထွက်သွားတယ်။နင်ဘာလို့ သူ့ကိုရှာနေတာလဲ"
"ကိစ္စလေးတွေရှိလို့ ဒါဆို ငါသူပြန်လာတာစောင့်နေလိုက်မယ်"
နင်းမုန့်ယောင်က ပြုံးလိုက်ပြီး စိတ်ထဲမထားပေ။
"ကောင်းပြီ"
နင်းမုန့်ယောင်က ဘေးမှာထိုင်ကာ ကောင်မလေးနှစ်ယောက်ပန်းထိုးနေတာကိုကြည့်လိုက်ပြီး ပြုံးလိုက်သည်။အခု သခင်မချောင်ကလည်း သူ့ယောင်းမလေးနောက်ကိုလိုက်ပြီး ပန်းထိုးဖို့သင်နေပြီ။
သူမရဲ့ ယောင်းမ ရန်လဲ့လဲ့အပေါ် အလွန်ကျေနပ်ပြီး ရက်ရောသည်။
သူတို့သုံးယောက်က လုပ်စရာရှိတာလုပ်နေရင်း စကားတွေပြောနေကြရာ တစ်နာရီလောက်ကြာပြီးတဲ့နောက်မှာတော့ ရန်ကျူးကပင်ပန်းနွမ်းနယ်နေတဲ့မျက်နှာနဲ့ပြန်လာခဲ့သည်။
"အဖေ ပြန်လာပြီလား"
"ဦးလေးရန်"
ရန်ကျူးက နင်းမုန့်ယောင်ရှိနေတာကိုမြင်ပြီး သူ့မျက်နှာကပြုံးသွားသည်။
"ယောင်ယောင်လာတာပဲ ဒီနေ့လာတာ ဘာအတွက်လဲ"
"ကျွန်မ မြေနည်းနည်းလောက်ဝယ်ဖို့ ဦးလေးရန်ကိုရှာခိုင်းချင်လို့"
"မြေဝယ်တာလား?ဘာလုပ်ဖို့မြေဝယ်မှာလဲ?"
ရန်ကျူးက နင်းမုန့်ယောင်ကို အံ့ဩစွာကြည့်လိုက်သည်။
သူမက အပင်စိုက်မယ့်လူနဲ့လည်းမတူပေ။ဘာလို့ ရုတ်တရက်ကြီး မြေဝယ်ရတာပါလိမ့်?ဒါက မယုံနိုင်စရာကောင်းတယ်။
ရန်လဲ့လဲ့ကလည်း နင်းမုန့်ယောင်ကို အံ့ဩစွာကြည့်လိုက်ပြီး သူမ အမူအရာက သရဲတစ်ကောင်မြင်သလိုပင်။
"ဟုတ်တယ် ကျွန်မမြေဝယ်ချင်တယ်။ကိုယ်ရေးကိုယ်တာသုံးဖို့ ဒါမှမဟုတ် ငှားဖို့ပေါ့"
နင်းမုန့်ယောင်ကပြုံးလိုက်ပြီး ကြုံရာဖြေရှင်းချက်ပေးလိုက်သည်။
ရန်ကျူးက ထိုဟာကိုတွေးကြည့်လိုက်သည်။ဒါက အဓိပ္ပာယ်ရှိတယ်။
"ကောင်းပြီ ဒါဆို ဘယ်လောက်ဝယ်ဖို့စီစဉ်ထားလဲ"
"ရွာထဲမှာ ရောင်းဖို့ရှိတဲ့မြေဘယ်လောက်ရှိလဲ"
နင်းမုန့်ယောင်က စဉ်းစားပြီး ရန်ကျူးကိုကြည့်လိုက်သည်။
ရန်ကျူးက နင်းမုန့်ယောင်ကို အကူအညီမဲ့စွာကြည့်လိုက်ပြီး
"သမီးအိမ်နားလေးမှာ ဆယ်မူလောက်ရှိတဲ့မြေလွတ်တစ်ခုရှိတယ်"
"ဘယ်လိုဖြစ်တာလဲ"
"တစ်မိသားစုလုံးက တစ်ခုခုချိုးဖောက်မိသွားလို့ မြေသိမ်းခံလိုက်ရပြီး အစကနေထပ်ပြီး အတေခံလိုက်ရတာ။ဒါ ဒီနေ့ ဦးလေးလုပ်လာတာပဲ။ဦးလေးက အစကတော့ဒါကို ရွာသားတွေပြောမလို့ပဲ ဒါပေမယ့် သမီးလိုချင်တယ်ဆိုရင် သမီးကိုပဲ တိုက်ရိုက်ပေးလိုက်တော့မယ်"
ရန်ကျူးက ခေါင်းရမ်းလိုက်သည်။ဒီလိုအရာမျိုးတစ်ကြိမ်ဖြစ်ရင် သူအလုပ်များလာရတယ်။အလုပ်များတာက အဆင်ပြေသေးတယ် ဒါပေမယ့် ပြီးလည်းပြီးရော သူကဘာမှမရဘူး။
တစ်ယောက်ကမြေကောင်းတစ်ကွက်ကိုဝယ်လိုက်ရင် ဒါဆို အဲ့ဒါကပျော်စရာပဲ ဒါပေမယ့် ဆင်းရဲတဲ့လူဆိုရင် တံတွေးထဲမြောပြီးသေသွားနိုင်တယ်။
မလိုအပ်ဘူးဆိုရင် ဒီလိုအားအင်ကုန်မယ့်အရာမျိုးကို သူဝင်မစွက်ဖက်ချင်ဘူး။
နင်းမုန့်ယောင်က ထိုအကြောင်းကို တွေးလိုက်သည်။သူမအိမ်တံခါးကိုရိုက်ချိုးပစ်လိုက်တာက ဘာမှမဟုတ်ဘူး ပြီးတော့နီးလည်းနီးတယ်။ဒါကြောင့် သူမက သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်တယ်
"ဒါဆို ကျွန်မကိုပဲပေးပါ။ဦးလေးရန် ကျွန်မကိုအသေးစိတ်လေးပြောပြပါ့လား"
ရန်ကျူးက ခေါင်းငြိမ့်လိုက်ပြီး အသေးစိတ်ပြောပြတော့သည်။ဒီမြေအပိုင်းက စုပ်ယူမှုအားကောင်းတဲ့နှစ်ဆယ်မူရှိတယ်။ဆယ့်ငါးမူကတော့ အလယ်အလတ်အဆင့်ပဲ အနိမ့်ဆုံးအဆင့်ကတော့ငါးမူပဲ။မြေကွက် နဲ့တောင်မြေက သုံးဆယ့်ငါးမူအတူတူရှိတယ်။မြေကွက်ရဲ့ စုပ်ယူမှုအားကောင်းတဲ့နှုန်းကာ ပိုပြီးဈေးကြီးပေမယ့် ထိုမြေကွက်အားလူံးကိုဝယ်ချင်ရင် သုံးရမယ့်
ပိုက်ဆံပမာဏကနည်းမှာမဟုတ်ပေ။
"ရေထွက်ကောင်းတဲ့မြေက တစ်မူကို ငွေစရှစ်စ။အလယ်အလတ်က ငွေစခြောက်စ အနိမ့်ဆုံးက ငွေစလေးစ။တောင်မြေနဲ့ ကုန်းမြေကတော့ ဈေးချင်းအတူတူပဲ တစ်မူကို ငွေစနှစ်စ။မိန်းကလေးမုန့်ယောင် မင်းဝယ်ချင်သေးလား"
ရန်ကျူးက နင်းမုန့်ယောင်က မသေချာသလိုကြည့်လိုက်ပြီး စိတ်ပူစွာပြောလိုက်သည်။
"ဟုတ်ကဲ့ ကျွန်မဝယ်ချင်တယ်။စုစုပေါင်း ငွေစ သုံးရာ့လေးဆယ်ပေါ့။ကျေးဇူးပြုပြီး ကျွန်မကိုကူညီပြီး လုပ်နည်းအတိုင်းဖြေရှင်းပေးလို့ရလား။ကျွန်မက အဲ့ဒါတွေ သိပ်နားမလည်ဘူး"
နင်းမုန့်ယောင်က ရှက်ရွံသွားသည်။သူမအရင်တုန်းကဒါကိုတစ်ခါမှမလုပ်ဖူးတာကြောင့် ဒါကတကယ့်ကို သူမရဲ့ပထမဆုံးအကြိမ်ဖြစ်သည်။
(မူက တရုတ်ရှေးဟောင်းတိုင်းတာချက်တစ်ခုဖြစ်ပါတယ်။တည်နေရာအလိုက် ကွဲပြားပေမယ့် အများအားဖြင့် 806.65 စတုရန်းကိုက်၊1/30 ကေန 1/18 ဟက်တာ(333.333 ကနေ 1250 စတုရန်းမီတာ)