အခန်း ၄၇
Vol. 2 Ch. 47
Chapter 47
"အရမ်းကောင်းတယ်။ဦးလေးက ဒီကိစ္စကြောင့်အပြင်သွားတော့မှာမလို့ ပြဿနာမရှိဘဲ မြန်မြန်ဆန်ဆန်ပြီးသွားအောင် ကူညီပေးမယ်"
ရန်ကျူးကပြောပြီးတာနဲ့ထွက်သွားသည်။
ရန်ကျူးရဲ့စိတ်အားထက်သန်တဲ့ပုံစံကြောင့် အံ့အားသင့်သွားပြီး နင်းမုန့်ယောင်က ကူကယ်ရာမဲ့ဖြစ်သွားသည်။
"ဦးလေးရန် ကျွန်မအခုထိပိုက်ဆံမပေးရသေးဘူးလေ ဒီလိုမျိုးသွားတော့မလို့လား"
ရန်ကျူးက ကြောင်သွားပြီး သူဘာလုပ်နေမိတယ်ဆိုတာ သတိပြုမိသွားသည်။သူက ရှက်ရယ်ရယ်လိုက်သည်။
နင်းမုန့်ယောင်က ငွေစသုံးရာ့ငါးဆယ်ထုတ်လိုက်ပြီး ရန်ကျူးကိုပေးလိုက်သည်။
"ဦးလေးရန် စာရွက်စာတမ်းတွေစီမံရတာ ပိုက်ဆံအများကြီးကုန်တယ်ဆိုတာ ကျွန်မသိတယ်။နည်းနည်းပါးပါးကျန်ရင် လုပ်ပေးခအဖြစ်တွက်လိုက်ပါ"
"မဟုတ်တာ ငါကဘယ်လိုလုပ်လက်ခံရမှာလဲ"
ရန်ကျူးကချက်ချင်းငြင်းပယ်လိုက်သည်။
"ဦးလေးရန် ဒီလိုမျိုးဆက်လုပ်နေရင် ကျွန်မဦးလေးဆီကနေ နောက်ထပ်အကူအညီတောင်းမှာမဟုတ်တော့ဘူးနော်"
ရွာမှာလည်း ရွာစည်းမျဉ်းရှိသည်။မြေဝယ်တဲ့အခါ ဒီလိုအကျိုးအမြတ်မျိုးရှိရသည်။
ရန်ကျူးက နင်းမုန့်ယောင်ကို အကူအညီမဲ့စွာကြည့်လိုက်ပြီး
"ကောင်းပြီ ဦးလေးမင်းစကားကိုနားထောင်လိုက်မယ်"
သူက အဲ့ဒီနောက် အိမ်ကနေထွက်သွားပြီး နင်းမုန့်ယောင်ကိစ္စကိုဖြေရှင်းဖို့ပြင်ဆင်ခဲ့သည်။
ဒီတစ်ကြိမ်မြေကွက်က စိုးရိမ်စရာလေးတွေရှိတာကြောင့် ရန်ကျူးက အားစိုက်ထုတ်ပြီး နင်းမုန့်ယောင်နာမည်အောက် လက်မှတ်ထိုးရန်လုပ်ရသည်။
ရွာသားတွေဒီသတင်းကိုရတဲ့အချိန်မှာ အားလုံးပြီးသွားပြီ။
တစ်ယောက်မှဘာမှမပြောကြပေမယ့် သူတို့ခံစားနေရတာတစ်ခုက နင်းမုန့်ယောင်ကတအားချမ်းသာတာပဲ။သူမကမြေဝယ်လိုက်တာနဲ့ မြေရှင်လေးဖြစ်လာပြီ။
မြေဝယ်ချင်တဲ့လူနည်းစုကပဲ မပျော်မရွှင်ဖြစ်နေတာဖြစ်သည်။သူတို့က ထိုဟာအကြောင်း သတင်းအစအနလေးတောင်မကြားရဘဲနဲ့ တစ်ခြားတစ်ယောက်က ဝယ်ပြီးသားဖြစ်နေပြီ။ဒီလိူကိစ္စမျိုး ဘယ်လိုလုပ်ရှိရတာလဲ?
ဒါကြောင့် မြေဝယ်ချင်တဲ့လူတွေ ဆွေးနွေးကာ ရန်ကျူးအိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်ကြသည်။သူတို့ထဲက တစ်ယောက်ကတော့ သခင်မချန်းပဲဖြစ်သည်။
သူမ မိသားစုက ချမ်းသာပေမယ့် လယ်မြေတွေအများကြီးမပိုင်ပေ။သူမလည်းနောက်ထပ် ငှားပြီးအကျိုးအမြတ်ရဖို့ မြေကွက်တွေထပ်ဝယ်ချင်တာဖြစ်သည်။
ဒါပေမယ့် အခုကျ မဖြစ်နိုင်တော့ပေ။
လူအုပ်ကြီးက ရန်ကျူးအိမ်ကိုရောက်လာကြပြီး သခင်မချန်းကအရင်ပြောလိုက်သည်။
"ရွာသူကြီး ရှင်နဲ့အဲ့ကောင်မလေး ဆက်ဆံရေးကောင်းတယ်ဆိုတာ ကျွန်မတို့သိပါတယ် ဒါပေမယ့် ရှင်ဒီလိုလုပ်လို့မရဘူးလေ။ရှင်က မြေကွက်တစ်ခုလုံးကို အသံတိတ်ရောင်းပစ်လိုက်တယ် ကျွန်မတို့ထင်မြင်ချက်ကိုဘယ်တုန်းကလာမေးလိုက်လဲ?"
သခင်မချန်းရဲ့စကားတွေက သာယာနာပျော်ဖွယ်မကောင်းပေ။အထူးသဖြင့် သတင်းကြားလို့ရောက်လာတဲ့ နင်းမုန့်ယောင်ပဲဖြစ်သည်။
သူမက ပြန်ပြောတော့မယ့်အချိန်မှာပဲ ရန်ကျူးကအရင်ပြောလိုက်သည်
"မင်းတို့ထင်မြင်ချက်ကိုနားထောင်ရမှာလား?ရွာသူကြီးကဘယ်သူလဲ?မင်းတို့လားငါလား? မင်းတို့အားလုံးက မြေဝယ်ချင်တယ်လို့ပြောကြတယ်နော်။ခုနစ်ဆယ့်ငါးမူရှိတဲ့ မြေတစ်ခုလုံးဝယ်လိုက်ကြရင်ရောဘယ်လိုလဲ ဟမ်"
သခင်မချန်းရဲ့မျက်နှာက ရုပ်ဆိုးသွားသည်။
"ရှင်ဒီလိုပြောလို့မရဘူး။ကျွန်မတို့ မြေအားလုံးကိုမဝယ်ဘူးဆိုရင်တောင်မှ ကျွန်မတို့လည်း မူနည်းနည်းလောက်တော့ဝယ်မှာ။ရှင်ကမြေတွေအားလုံးကို သူ(မ)ကို ရောင်းပစ်လိုက်တာကို ကျွန်မတို့ကို အေးဆေးလေးနေစေချင်သေးတာလား"
သခင်မချန်းရဲ့စကားတွေက ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေတာဖြစ်သည်။
ရန်ကျူးက သခင်မချန်းကိုကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ပြောလိုက်သည်
"ငါမိန်းကလေးမုန့်ယောင်ကို မြေရောင်းလိုက်တာက တိုက်ဆိုင်မှုပဲ။သူ(မ)လာမေးတဲ့အချိန် မြေကလည်းရှိနေတာ။ပြီးတော့ မင်းတို့တွေထဲကတစ်ယောက်မှ ငါ့ကိုမြေဝယ်ချင်တဲ့အကြောင်း လာမပြောထားကြဘူး။မင်းတို့က ငါ့ကို တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်ပြီး မြေဝယ်ဦးမလားလို့ မေးစေချင်ကြတာလား?ဒီနေရာမှာ အပြစ်ရှိတာဘယ်သူတွေလဲ"
ရွာတွေမှာ မြေဝယ်တာက ဒီလိုပဲဖြစ်သည်။မြေဝယ်ချင်တယ်ဆိုရင် ကြိုပြောထားရတာဖြစ်သည်။မြေကွက်ရှိလာရင် ရွာသူကြီးကသူတို့ကို အသိပေးမှာဖြစ်သည်။
ဒါပေမယ့် သူတို့တွေက မြေဝယ်ချင်တယ်ပြောကြပေမယ့် ထိုအကြောင်းကို ဘာမှမလာမပြောကြပေ။မြေဝယ်ချင်ကြောင်းမပြောထားဘဲနဲ့ အခုကျ သူတို့ကပြဿနာလာရှာနေတာမဟုတ်ဘူးလား?
လူအုပ်ကြီးကနားထောင်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။မှန်တယ် သူတို့တွေ ရွာသူကြီးကိုအရင်မပြောထားရဘူး။မြေတွေအကုန်လုံးကို ဝယ်ချင်တဲ့လူရှိမှတော့ ဒါက သတင်းကောင်းမဟုတ်ဘူးလား?သူတို့လည်းပဲ ရွာသူကြီးကို တစ်အိမ်ဆီ အသိပေးအောင်မလုပ်နိုင်ဘူးလေ။
ဒါက ဒီလိုဆိုမှတော့ တောင်မြေနဲ့ ခြောက်သွေ့မြေပဲကျန်တော့မှာဖြစ်သည်။ရောင်းလိုက်တဲ့ဟာက မြေကွက်ကောင်းဖြစ်သည်။ဒါပေမယ့် လူကတော့ ဒီလိုမဟုတ်ပေ။သူမက မြေကွက် ကောင်းလားဆိုးလား ဂရုမစိုက်ဘဲ အကုန်ဝယ်ခဲ့တာဖြစ်သည်။သူတို့က ဒါကိုဘယ်လိုဆန့်ကျင်ပြီးပြောရမှာလဲ?
ခဏအတွင်း သဘောမတူတဲ့လူမရှိပေ၊သခင်မချန်းက မကျေမနပ်နဲ့အော်လိုက်သည်
"ရွာသူကြီး ရှင်ကလူတွေကိုအထင်သေးတာလား"
ရန်ကျူးကပြောလိုက်ချင်ပေမယ့် နင်းမုန့်ယောင်က ခြေတစ်လှမ်းဦးသွားသည်။သူမက မတ်တပ်ရပ်လိုက်ပြီး သခင်မချန်းကိုကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်
"ခုနစ်ဆယ့်ငါးမူမြေ ငွေစသုံးရာ့ငါးဆယ်ရှိတယ်။အဒေါ်က မြေဝယ်ချင်နေမှတော့ ကျွန်မကိုပိုက်ဆံအခုပေးလိုက်လေ။အကုန်လုံးမဝယ်ချင်ဘူးဆိုရင်တော့ ပြဿနာလာမရှာနဲ့"
"နင်........"
သခင်မချန်းက နင်းမုန့်ယောင်ကို စိုက်ကြည့်လိုက်သည်။သူမက မူနည်းနည်းမြေလေးလောက်ပဲ ဝယ်ချင်တာလေ၊ကောက်ပဲသီးနှံမဖြစ်တဲ့ ခြောက်သွေ့မြေကြီးကို ဝယ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။
"ကျွန်မ ဘာလဲ။ အဒေါ်ဝယ်ချင်တယ်ဆိုရင် မြေကွက်အကုန်လုံးကိုဝယ်၊မဝယ်ချင်ဘူးဆိုရင် ဒီမှာလာပြီး အော်ဟစ်မနေနဲ့။အဒေါ်က အခုထိ ပညာရှင်တစ်ယောက်ရဲ့အမေဖြစ်နေတုန်းပဲနော် အဲ့ဒါတောင် ကိုယ့်အရှက်ကိုခွဲတာကနေမရှောင်ဘူး"
နင်းမုန့်ယောင်က မပျော်မရွှင်နဲ့ အေးစက်စက်နှာရှုံ့လိုက်သည်။
လူအုပ်ကြီးကနောက်ဆုတ်သွားကြပြီး ဘာမှမပြောကြပေ။နင်းမုန့်ယောင်စကားတွေက အလွန်ရှင်းသည်။ထိုဟာက မင်းမှာသာလုပ်နိုင်စွမ်းရှိရင် သူတို့အားလုံးကိုတယ် ဒါပေမယ့် မရှိဘူးဆိုရင်တော့ ဘေးဖယ်ပြီးငြိမ်ငြိမ်လေးသာနေ။