အခန်း ၄၈
Vol. 2 Ch. 48
Chapter 48
သခင်မချန်းက နင်းမုန့်ယောင်ကိုစိုက်ကြည့်လိုက်သည်။သူမသား ပညာရှင်ဖြစ်လာတဲ့အချိန်ထဲက ဘယ်သူကမှ သူမကိုဒီလောက်မျက်နှာပျက်အောင် မလုပ်ဖူးဘူး။
နင်းမုန့်ယောင်ကို ဒေါသတကြီးစိုက်ကြည့်နေလိုက်ပြီး သူမပုံစံက နင်းမုန့်ယောင်ကို အရိုးထိဝါးစားမယ့်ပုံပေါက်နေသည်။
"ခွေးမ!အဲ့ဒီပိုက်ဆံက သန့်ရှင်းလား မသန့်ရှင်းဘူးလားဆိုတာ ဘယ်သူမှမသိရဘူး!နင်ကဘာတွေဂုဏ်ယူနေတာလဲ"
နင်းမုန့်ယောင်က သခင်မချန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နည်းနည်းလေးတောင် ဒေါသမထွက်ပေ
"အဲ့လိုညစ်ပတ်တဲ့ပိုက်ဆံတောင်အဒေါ့်မှာမရှိဘူးလေ"
ဘေးနားမှာရှိတဲ့လူတွေက မတတ်နိုင်ဘဲရယ်မိသွားကြသည်။နင်းမုန့်ယောင်က အဲ့လိုညစ်ပတ်တဲ့အရာတွေလုပ်မယ့်လူပုံစံမဟုတ်ပေ။သူမရဲ့ ပုံစံက အေးတိအေးစက်ဆိုပေမယ့် စကားပြောဖို့လွယ်ကူသည်။ သူမကို နှောင့်ယှက်သလိုဖြစ်သွားမှာစိုးတာကြောင့်လည်း သူတို့က စကားအများကြီးမပြောရဲကြပေ။
"နင်တို့ကဘာရယ်ကြတာလဲ?ငါ့သားကိုပြောပြီးနင်တို့ကိုထောင်ထဲပို့ပစ်မယ်ဆိုတာယုံလား"
လူအုပ်ကြီးကဒါကိုကြားတဲ့အခါမှာ မပျော်မရွှင်ဖြစ်သွားကြသည်။
ဒါပေမယ့် နင်းမုန့်ယောင်ကတော့ လှောင်ပြောင်မှုအပြည့်နဲ့ရယ်လိုက်သည်။
"ကြောက်စရာကောင်းတဲ့ခြိမ်းခြောက်မှုကြီးပါလား!အား....မသိတဲ့လူတွေက အဒေါ်ကြီးသားက လူတွေကိုထောင်ထဲထည့်တဲ့ အရာရှိတွေထင်နေဦးမယ်။ကျွန်မတကယ်မေးချင်တာကလေ ဒီလူတွေက ဘယ်လိုကြီးမားတဲ့ရာဇဝတ်မှုကိုကျူးလွန်ထားလို့လဲ"
"ဟုတ်တယ် သခင်မချန်း ရှင့်မှာပညာရှင်သားတစ်ယောက်ရှိတာနဲ့ ရှင့်ကိုယ်ရှင်အံ့ဩစရာကောင်းတယ်လို့ထင်နေတာလား?ငါတို့က ငါတို့ကိစ္စလုပ်တာ ဒါကို ရှင်က ငါတို့ကိုထောင်ထဲသွားစေချင်တာလား?ရှင့်ကိုယ်ရှင်ဘယ်သူလို့ထင်နေလဲ"
"သခင်မချန်း မင်းကိုယ်မင်းအရမ်းအထင်မကြီးနဲ့"
နင်းမုန့်ယောင်နောက်ကနေ မနည်းတဲ့လူအုပ်ကြီးက လိုက်ပြီး ပြောဆိုလာသည်။
ဒီနေ့ကစပြီး သခင်မချန်းက သေချာပေါက်ရွာရဲ့လမ်းဘေးကြွက်ဖြစ်ပြီဆိုတာ နင်းမုန့်ယောင်သိသည်။
သခင်မချန်းက နင်းမုန့်ယောင်ကိုစိုက်ကြည့်လိုက်ပြီး ဘာမှမပြောပေ။ဒီစကားတွေက နင်းမုန့်ယောင်ကိုပြဿနာရှာဖို့ပဲကို ဘာလို့သူမ(နင်းမုန့်ယောင်)က တစ်ခြားသူတွေကို ဒေါသထွက်အောင်လုပ်လိုက်ရတာလဲ?
ရန်ကျူးက သူတို့တွေ အတော်လေး ရုတ်ရုတ်ဖြစ်လာတာကိုမြင်တော့ သူတို့ကိုကြည့်လိုက်သည်။
"ကောင်းပြီ ကောင်းပြီ ဘာလို့စကားများကြမှာလဲ?ဘာကိစ္စကြီးလဲ သခင်မချန်း မင်းသားကအခုထိ တရားဝင်အရာရှိမဖြစ်သေးတာကို မင်းကဒီလိုဖြစ်နေပြီ။ဒါဆို မင်း သားတရားဝင်အရာရှိဖြစ်လာတဲ့အခါကျရင် မင်းဘယ်လိုလုပ်မလဲ?အဲ့ဒီအချိန်ကျရင် တစ်ရွာလုံးကမင်းမိသားစုအပိုင်ဖြစ်လာမှာတော့မဟုတ်ဘူးမလား"
ရန်ဟွိုက်က လိမ္မာတဲ့ကလေးဆိုပေမယ့် သူ့အမေကတော့ ဘာမှမဆိုင်ပေ။
သခင်မချန်းက ဒီနေ့မြေကိစ္စကြောင့် လာခဲ့တယ်ဆိုပေမယ့် ဒီလောက်အထိ ဒေါသထွက်ရလိမ့်မယ်လို့ မထင်ခဲ့ပေ။စိတ်တိုလွန်းလို့ သွေးအန်မတတ်ဘဲ။
ဒါတွေကိုမြင်တော့ အဆုံးမှာတော့ သခင်မချန်းကဒေါသတကြီးထွက်သွားသည်။
သူမထွက်သွားပြီးတဲ့နောက်မှာ နင်းမုန့်ယောင်က ရွာသားတွေကိုကြည့်ပြီး ပြုံးလိုက်သည်။
"မြေကွက်အကောင်းနဲ့ အလယ်အလတ်မြေကို ကျွန်မသေချာပေါက် ငှားမှာပါ။ရှင်တို့အားလုံးလည်းမြင်တာပဲ ငှားတဲ့လူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အများကြီးမကျန်တော့ဘူးလေ။ရှင်တို့တစ်ခြားလူတွေနဲ့လည်းပြောလို့ရပါတယ်"
ဘာပဲဖြစ်ဖြစ် ဒီလိုမြေတွေရဲ့ဈေးကနည်းမှာမဟုတ်ပေ။
လူအုပ်ကြီးက ခဏလောက်တိတ်သွားကြပြီး အဲ့ဒီနောက် ခေါင်းငြိမ့်ကာ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသည်။
နင်းမုန့်ယောင်ဒါကိုစောစောကတွေးလိုက်သင့်တယ်။ခြောက်သွေ့မြေနဲ့တောင်မြေကို သူမယာခင်းအတွက်သုံးလိုက်မယ်။တစ်ခြားမြေတွေကတော့ နောက်မှဆွေးနွေးရမှာပေါ့။
"ဦးလေးရန် ဦးလေးကိုဒုက္ခပေးသလိုဖြစ်သွားတဲ့အတွက် ကျွန်မတကယ့်ကိုတောင်းပန်ပါတယ်"
နင်းမုန့်ယောင်ကို ရန်ကျူးကို အားနာစွာကြည့်ပြီးပြောလိုက်သည်။
"ဘာပြောတာလဲ ဒါဦးလေးလုပ်သင့်တာပဲလေ"
ရန်ကျူးက ပျော်ရွှင်စွာပြောလိုက်ပြီး တစ်ခုခုကိုတွေးမိသွားကာ နင်းမုန့်ယောင်ကို စိတ်ပူစွာကြည့်လိုက်သည်။
"ကောင်မလေး သခင်မချန်းကိုသတိထား အဲ့ဒီမိန်းမက........အိုင်း........"
"ကျွန်မသိပါတယ် ဦးလေးရန် မစိုးရိမ်ပါနဲ့။ဒါဆို ကျွန်မအရင်ပြန်လိုက်တော့မယ်......."
"ကောင်းပြီ ပြန်လို့ရပြီ"
ရန်ကျူးအိမ်ကနေထွက်လာပြီးတော့ နင်းမုန့်ယောင်ကအိမ်ပြန်မသွားဘဲ မြေကွက်ကိုလေ့လာဖို့သွားပြီး ထိုဟာနဲပတ်သက်ပြီးပြင်ဆင်ဖို့လုပ်သည်။
တောင်မြေနဲ့ခြောက်သွေ့မြေအရတော့ ဒီနေရာက ကြက်နဲ့ဆိတ်မွေးတာအတွက် အသုံးပြုလို့ရမယ်လို့ နင်းမုန့်ယောင်ခံစားမိသည်။ဒါပေမယ့် စီမံဖို့က ပြဿနာရှိနေတယ်။သူမ ဒါအတွက် တစ်ယောက်ယောက်ကို ခန့်ထားရမယ်။
စဉ်းစားရင်း တစ်လှမ်းချင်းဆီလျှောက်လာခဲ့သည်။နင်းမုန့်ယောင်ခြေလှမ်းတွေက ရုတ်တရက်ရပ်သွားပြီး သူမမျက်လုံးတွေအနည်းငယ်မှေးသွားကာ နောက်ကိုလှည့်ကြည့်လိုက်သည်။
ဒီလိုမျိုးစောင့်ကြည့်ခံရတဲ့ခံစားချက်က မမှားနို င်ဘူး။ထင်ထားသလိုပဲ ဆယ်မီတာလောက်ဝေးတဲ့နောက်မှာ ယောကျာ်းတစ်ယောက်ရှိနေတယ်။သူ့ပုံစံက ညစ်ညမ်းပြီး လူယုတ်မာပုံပေါက်ကာ အကြည့်တစ်ချက်နဲ့တင် သူကလူကောင်းမဟုတ်ဘူးဆိုတာ သိနိုင်သည်။
နင်းမုန့်ယောင် သူ့ကိုသတိထားမိသွားမြင်တော့ ထိုယောကျာ်းက နောက်ယောင်ခံမလိုက်တော့ဘဲ ရှေ့ကိုအမြန်ပြေးလာကာ နင်းမုန့်ယောင်ကို စိတ်ပျက်စရာကောင်းတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး
"ညီမလေး ဘယ်သွားမလို့လဲ?အစ်ကိုကြီးအဖော်လုပ်ပေးရမလား"
အစ်ကိုကြီး?ဒီလိုလူမျိုးကအစ်ကိုကြီးဖြစ်ချင်တာ?ဒါက တစ်ခြားလူတွေရဲ့ အစ်ကိုကြီးဆိုတဲ့စကားလုံးကို အရှက်ရသွားစေတာပဲ။