← Chapters

အခန်း ၄၉

Vol. 2 Ch. 49

အခန်း ၄၉

Vol. 2 Ch. 49

Chapter 49

နင်းမုန့်ယောင်က တစ်ခြားလူကို တိုင်းတာကြည့်လိုက်သည်။သူက အသက် သုံးဆယ်နဲ့လေးဆယ်ကြားလောက်ရှိပြီး အရပ်မရှည်ပေ။ဒါပေမယ့် ရုပ်ဆိုးသည်။အဲ့ဒီမျက်နှာက လိမ္မော်ပင်အခေါက်ကပြုံးပြနေသလိုပုံစံဖြစ်ပြီး သူမစိတ်ထဲအရမ်းရွံရှာသွားသည်။ဒီလိုအပြုံးမျိုးကို နင်းမုန့်‌ယောင်တကယ့်ကိုရွံတယ်။

"ရှင်က ကျွန်မအစ်ကိုကြီးဖြစ်ချင်တာလား"

နင်းမုန့်ယောင်က တစ်ဖက်လူကို မျက်ခုံးပင့်ကာ အပြုံးမမည်တဲ့အပြုံးနဲ့မေးလိုက်သည်။

ဝမ်လိုင်ဇီက ပိုင်ရှန်းရွာနဲ့ ရွာနီးချင်းက ရွာသားတစ်ယောက်ပဲဖြစ်သည်။သူက များသောအားဖြင့် မကောင်းတာတွေလုပ်လေ့ရှိပြီး သူ့ရွာကအပျိုစင်တွေက သူ့ဆီကနေအနိုင်ကျင့်တာခံရသည်။အချိန်အများစုမှာ အပျိုတွေကသူ့ကိုမြင်တာနဲ့ အဝေးကိုပြေးသွားလေ့ရှိပြီး သူ့ကိုနက်နက်နဲနဲကြောက်ရွံ့ကြပြီး ရောယှက်မိမှာကြောက်ကြသည်။

ဝမ်လိုင်ဇီက နင်းမုန့်ယောင်ကို ကြည့်ပြီး ရမ္မက်ကြီးစွာပြုံးကာ သူမကိုအရူးလိုစိုက်ကြည့်ရင်း တံတွေးတွေက စီးကျလာသည်။

"ဟုတ်တယ် ဟုတ်တယ် ကိုယ်မင်းရဲ့အစ်ကိုကြီးဖြစ်ချင်တယ်။မင်းရဲ့ချစ်သူအစ်ကိုကြီးဖြစ်ချင်တယ်"

ဒီ အပျိုမလေးက အရမ်းချမ်းသာတယ်လို့ သူကြားထားတယ်။လယ်မြေအကျယ်ကြီးကို မကြာသေးခင်ကမှ သူမဝယ်ထားတာ။သူသာ သူမနဲ့ရောယှက်လိုက်နိုင်ရင် ဒါဆို သူ့ပိုက်ဆံအတွက် စိတ်ပူဖို့မလိုတော့ဘူး။

ဒါကို စဉ်းစားမိတော့ ဝမ်လိုင်ဇီက နင်းမုန့်ယောင်ဆီ တန်းလျှောက်သွားလိုက်သည်။

ဝမ်လိုင်ဇီမျက်လုံးထဲမှာတော့ နင်းမုန့်ယောင်က နူးညံ့ပြီးအားနည်းတဲ့လူဖြစ်သည်။သူမကသေချာပေါက်သူ့ကိုယှဉ်နိုင်မှာမဟုတ်ပေ။ဒါပေမယ့် ဝမ်လိုင်ဇီ သူမကို ဖက်ဖို့ကြိုးစားတဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်က ရုတ်တရက်ပစ်ထုတ်ခံလိုက်ရပြီး ဘေးကမြေကြီးပေါ်ကို နာကျင်စွာလဲကျသွားသည်။

နင်းမုန့်ယောင်က ဝမ်လိုင်ဇီဘေးကိုလျှောက်သွားလိုက်သည်။သူမက လက်ပိုက်ထားပြီး ဝမ်လိုင်ဇီကိုအပေါ်ကနေငုံ့ကြည့်လိုက်သည်။

"ငါ့ရဲ့အစ်ကိုကြီးဖြစ်ချင်တာလား?ပြီးတော့ ချစ်သူအစ်ကိုကြီးပေါ့လေ?ငါ့နောက်ကိုနင့်ကိုလိုက်ခွင့်ပြုပြီး ငါ့ချစ်သူအစ်ကိုကြီးဖြစ်ခွင့်ပြုလိုက်မယ်"

သူမကပြောပြီးတာနဲ့ ဝမ်လိုင်ဇီခန္ဓာကိုယ်ကို ကန်ပစ်လိုက်သည်။

နင်းမုန့်ယောင်က အရင်ကကိုယ်ခံပညာသင်ဖူးပြီး သူမခွန်အားကိုမထိန်းထားဘဲ သူ့ကို အဆက်မပြတ်ကန်ပစ်ကာ တစ်ဖက်လူက မရပ်မနားငိုကြွေးလာရသည်။ဒီပုံစံက အရမ်းသနားဖို့ကောင်းတယ်။သူမက အားနည်းတဲ့လူမဟုတ်ဘူးဆိုတာ သူသိလိုက်ပြီ။ဒါက ဆူးနဲ့နှင်းဆီလိုပဲ။

"အိုက်ယိုး......ငါ့ဒေါ်လေးရေ ငါမှားသွားပါတယ်၊ငါနောက်ထပ် ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး!ကျေးဇူးပြုပြီး သွားခွင့်ပေးပါ"

နည်းနည်းလောက် ထပ်အကန်ခံရပြီးတဲ့နောက်မှာတော့ ဝမ်လိုင်ဇီက သနားဖို့တောင်းပန်လိုက်သည်။

သူက အရိုးမာတဲ့လူမှမဟုတ်တာ ဒါကြောင့် ဒီလိုတောင်းပန်ရတာပုံမှန်ပဲ။

နင်းမုန့်ယောင်ခြေထောက်ကကန်တာရပ်သွားပြီး ငုတ်တုပ်ထိုင်ချကာ သူ့ခန္ဓာကိုယ်ကိုကာထားတဲ့လူကို ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

"ရှင့်ကိုလွှတ်ပေးစေချင်တယ်ပေါ့?ဒါဆို ကျွန်မနောက်ကိုလိုက်ဖို့ ရှင့်ကိုဘယ်သူလွှတ်လိုက်တာလဲ"

ရွာထဲမှာ သူမဒီလူကို ဘယ်တုန်းကမှ မမြင်ဖူးပေ။တစ်ခြားရွာကလူတစ်ယောက်က ပိုင်ရှန်းရွာကိုဘယ်လိုလုပ် ရုတ်တရက်ကြီး အပြေးရောက်လာမှာလဲ?သူမနောက်ကိုတောင် လိုက်လာ လိုက်သေးတယ်။ခြေချောင်းခေါင်းကိုသုံးပြီးစဉ်းစားရင် ဘာဖြစ်လဲဆိုတာ သိနိုင်တယ်။

ဝမ်လိုင်ဇီကတုန်လှုပ်သွားသည်။ဒီမိန်းကလေး မှန်ကန်စွာခန့်မှန်းမိမယ်လို့ သူမထင်ထားပေ။

"ဘာလို့ ဘာမှမပြောတာလဲ?ရှင်မပြောချင်ဘူးဆိုလည်း ရတယ် အဆင်ပြေတယ်။ကျွန်မတို့ပြန်ဆက်ကြတာပေါ့။ရှင်ဘယ်လောက်အထိသည်းခံနိုင်မလဲဆိုတာ ကျွန်မကြည့်ချင်သေးတယ်"

နင်းမုန့်ယောင်က မတ်တပ်ရပ်လိုက်ပြီး ဂရုမစိုက်သလို‌ပြောလိုက်သည်။သူမပြောပြီးတာနဲ့ သူမခြေထောက်ကိုမြှောက်လိုက်ကာ ထိုခြေထောက်က သူ့ကိုအချိန်မရွေးကန်နိုင်တာဖြစ်သည်။

"ကျွန်တော်ပြောပါ့မယ် ‌ပြောပါ့မယ်"

ဝမ်လိုင်ဇီက သူ့ခေါင်းကိုကာထားလိုက်ပြီး ချက်ချင်းဖြေလိုက်သည်။

"ဒါဆို အရေးမပါတာတွေပြောမနေနဲ့။ကျွန်မစိတ်ရှည်နိုင်စွမ်းကသိပ်ကောင်းတာမဟုတ်ဘူး"

"ဒါပေါ့ ဒါပေါ့ ကျွန်တော်ပြောပါ့မယ်။မင်းရွာထဲက ပညာရှင်ရှိတဲ့မိသားစုကပါ။သူ့အမေပြောတာက မင်းကချမ်းသာတယ် ပြီးတော့ မင်းကလှတယ်တဲ့"

ဝမ်လိုင်ဇီအသံက ပြောရင်း ပြောရင်းနဲ့တိုးသွားပြီး နောက်ဆုံးမှာ အသံထွက်မလာတော့ပေ။

နင်းမုန့်ယောင်က ဝမ်လိုင်ဇီကိုကြည့်လိုက်ပြီး သူမအကြည့်ကအေးစက်နေသည်။

"အဲ့ဒါ သခင်မချန်းဆိုတာ ရှင်သေချာလား"

"ဟုတ်တယ် သူ(မ)ပဲ၊သူ(မ)သမီးကလည်း မင်းရဲ့ဖြူစင်မှုကိုဖျက်ဆီးပစ်ဖို့ပြောသေးတယ်"

ဝမ်လိုင်ဇီက နင်းမုန့်ယောင်အကြည့်က ရေခဲတုံးလိုအေးစက်နေတာမြင်တော့ မတတ်နိုင်ဘဲ လည်ပင်းနောက်ဆုတ်ကာ တံတွေးမျိုချလိုက်သည်။ဒါပြီးရင် သူပိုင်ရှန်းရွာကို ဘယ်တော့မှထပ်လာမှာမဟုတ်တော့ဘူး။တကယ်ပဲ အသက်ကိုတန်ဖိုးထားရမယ်.......

"မတ်တပ်ရပ် ပြန်သွားလိုက်"

"အ.....မင်း......မင်းဘာလုပ်ချင်လို့လဲ"

"ဘာမှမလုပ်ပါဘူး။ရှင့်ကို သခင်မချန်းဆိုတာ သက်သေပြခိုင်းမလို့ပါ။ဘာလို့လဲ ရှင်မလုပ်ရဲဘူးလား"

နင်းမုန့်ယောင်က ဝမ်လိုင်ဇီကို အပြုံးမဟုတ်တဲ့အပြုံးနဲ့ အေးစက်စွာပြောလိုက်သည်။

ဝမ်လိုင်ဇီက လည်ပင်းနောက်ဆုတ်သွားပြီး အမြန်သူ့ခေါင်းကိုရမ်းလိုက်သည်။

"ကျွန်တော်မလုပ်ရဲဘူး။သူ(မ)သားက ပညာရှင်လေ မင်းသိပါတယ် အဲ့လိုဆို သူကတရားသူကြီးရှေ့မှာဒူးထောက်စရာမလိုဘူးမလား ကျွန်တော်.....ဘယ်လိုလုပ်လုပ်ရဲမှာလား"

"ကျွန်မဆီကနေ အရိုက်ခံရပြီး လပေါင်းများစွာအိပ်ရာထဲလှဲနေရတဲ့အထိနေမလား ဒါမှမဟုတ် ကျွန်မနောက်ကို လိမ်လိမ်မာမာနဲ့လိုက်လာမလား ရှင်ရွေးလိုက်"

နင်းမုန့်ယောင်က သူမခေါင်းကိုငုံ့ကာ ဝမ်လိုင်ဇီကိုကြည့်လိုက်ပြီး ‌အေးစက်စက်လေသံနဲ့မေးလိုက်သည်။

ဝမ်လိုင်ဇီကငိုချင်ပေမယ့် မျက်ရည်ထွက်မလာပေ၊နင်းမုန့်ယောင်ကိုကြည့်လိုက်ပြီး

"ဒေါ်လေးရယ် ကျွန်တော်‌တောင်းပန်ပါတယ်၊ကျွန်တော့်အမှားကိုသိပါပြီ။ကျွန်တော့်မှာမျက်လုံးတွေရှိပေမယ့် ထိုက်တောင်ကိုတော့မမှတ်မိပါဘူး။ကျေးဇူးပြုပြီး ဒီတစ်ကြိမ်လွှတ်ပေးပါဗျာ ကျွန်တော်ဆက်မလုပ်ရဲတော့ပါဘူး"

နင်းမုန့်ယောင်က စကားမပြောဘဲ ဝမ်လိုင်ဇီကိုသာ စိုက်ကြည့်နေသည်။နောက်ဆုံးမှာတော့ ဝမ်လိုင်ဇီက သခင်မချန်းကိုသွားမတွေ့ဘဲ နင်းမုန့်ယောင်ဆီကနေအရိုက်ခံဖို့ရွေးချယ်လိုက်သည်။

All Chapters