← Chapters

အခန်း ၅၀

Vol. 2 Ch. 50

အခန်း ၅၀

Vol. 2 Ch. 50

Chapter 50

နင်းမုန့်ယောင်က မရပ်မနားတောင်းပန်နေတဲ့ ဝမ်လိုင်ဇီကို သေချာကြည့်လိုက်သည်။ဒါက သူမလိုချင်တဲ့ ရလဒ်မဟုတ်ပေ။ဒီတစ်ကြိမ်မှာ သူမ သခင်မချန်းကို သင်ခန်းစာမပေးနိုင်ဘူးဆိုရင် သူမသိက္ခာကျသွားလိမ့်မယ်။

"ရှင်ကျွန်မကိုကူပြီး သခင်မချန်းကိုသက်သေပြပေးမယ်ဆိုရင် ကျွန်မရှင့်ကို ငွေစနှစ်ဆယ်ပေးမယ်"

နင်းမုန့်ယောင်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

ဝမ်လိုင်ဇီက ငွေစနှစ်ဆယ်ဆိုတာကြားတဲ့အချိန်မှာ သူ့မျက်လုံးတွေပြူးသွားပြီး တွေဝေမှုတွေနဲ့ပြည့်နှက်သွားသည်။သူ သဘောတူသင့်လား မတူသင့်ဘူးလား?

နောက်ဆုံးတော့ ဝမ်လိုင်ဇီက ပြတ်ပြတ်သားသားခေါင်းငြိမ့်လိုက်ပြီး

"ကောင်းပြီ ကျွန်တော်မင်းနဲ့လိုက်ခဲ့မယ်"

နင်းမုန့်‌ယောင်‌ယောင်က ဝမ်လိုင်ဇီကို မျက်စိမှေးပြီးကြည့်လိုက်သည်။

"ရှင် ဒီကိစ္စကို ပါးစပ်ပိတ်ထားတာပိုကောင်းလိမ့်မယ်။ရှင်မပိတ်ဘူးဆိုတာကျွန်မသိရင် ရှင့်ကိုအလောင်းတောင်မရစေဘဲ သေသွားအောင်ကျွန်မလုပ်ပြမယ်။ရှင်ကျွန်မကိုမယုံဘူးဆိုရင် စမ်းကြည့်လိုက်"

ဝမ်လိုင်ဇီမျက်လုံးထဲကြောက်ရွံ့မှုတွေပြည့်သွားသည်။ဒီ အမျိုးသမီးက ‌ကြောက်ဖို့ကောင်းတယ်။သူမပြောနေတာတွေအားလူံးက အမှန်တွေဆိုတာ သူသိနေတယ်၊ဒီအချိန်မှာ သူဘယ်လိုလူမျိုးကို သွားထိမိလဲဆိုတာ ဝမ်လိုင်ဇီသိသွားပြီ။

"ကျွန်တော်သိပါတယ် ကျွန်တော်တစ်ခြားလူတွေကိုလုံးဝမပြောပြဘူး"

ဝမ်လိုင်ဇီက ချက်ချင်းခေါင်းငြိမ့်လိုက်သည်။

နင်းမုန့်ယောင်က ကျေနပ်သွားပြီး ဝမ်လိုင်ဇီကို ပိုင်ရှန်းရွာခေါ်သွားလိုက်သည်။

ရွာကိုပြန်ရောက်တော့ နင်းမုန့်ယောင်က သခင်မချန်းအိမ်ကို တန်းသွားလိုက်သည်။ဒါကိုကြည့်နေတဲ့လူတွေက သံသယဝင်ကုန်ကြသည်။သူတို့ ဘာတွေလုပ်နေကြတာလဲ?ရွာနီးချင်းက လူက ဘာလို့ဒီနေရာကိုရောက်လာတာလဲ?

ဒီအ‌ကြောင်း‌ကိုစဉ်းစားမိတော့ သူတို့တွေက သံသယဝင်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက်နောက်ကလိုက်သွားကြသည်။

နင်းမုန့်ယောင်က လူတွေကိုဦးဆောင်ပြီး သခင်မချန်းအိမ်ကိုရောက်လာခဲ့သည်။သူတို့အိမ်တံခါးက အသာလေးပိတ်ထားတာဖြစ်သည်။

နင်းမုန့်ယောင်က အစကတော့ အထဲကိုကန်ပြီးဝင်သွားမလို့ဆိုပေမယ့် သူမအဲ့ဒါလုပ်မယ့်အချိန်မှာပဲ အထဲက အသံတွေကြားလိုက်ရသည်။

"အမေ ဝမ်လိုင်ဇီက အဲ့ဒါကိုလုပ်ပြီးလောက်ပြီထင်လား"

ရန်ကွေ့က သူမအမေကို စိတ်ပူစွာမေးလိုက်သည်။

"အေးဆေးပေါ့ ဝမ်လိုင်ဇီဘယ်လိုလူလဲဆိုတာ ငါတို့သေချာသိတာပဲကို။အချိန်ကျရင် သူ(မ)ငါတို့ကိုဆန့်ကျင်ပြီး ပိုင်ရှန်းရွာမှာဘယ်လိုနေမလဲဆိုတာ ငါတကယ့်ကိုကြည့်ချင်သေးတယ်"

သခင်မချန်းက အေးစက်စက် လှောင်ရယ်ပြီးပြောလိုက်သည်။

သူမက အဲ့ဒီခွေးမကို ရုပ်အဆိုးဆုံးယောကျာ်းနဲ့လက်ထပ်သွားစေချင်ပြီး အဲ့မိန်းမက သူမကို ဘယ်လိုဆန့်ကျင်နေဦးမလဲဆိုတာ ကြည့်ချင်သေးသည်။

နင်းမုန့်ယောင်နောက်ကလိုက်လာတဲ့လူတွေက သူမမတ်တပ်ရပ်နေပြီး ဘာမှမလုပ်တာမြင်တော့ သူတို့ကသိချင်သွားပြီး သူမကိုမေးဖို့လုပ်ပေမယ့် နင်းမုန့်ယောင်ဆီကနေ အတားခံလိုက်ရသည်။

အဲ့ဒီနောက်မှာတော့ သူတို့တွေ အံ့ဩစရာကောင်းတာတစ်ခုကို ကြားလိုက်ရသည်။

သူတို့တွေဘာပြောလိုက်တာလဲ?သူတို့တွေက တကယ်ကြီး ဝမ်လိုင်ဇီကိုလွှတ်ပြီး နင်းမုန့်ယောင်ကို အကြမ်းဖက်ခိုင်းတာလား?သူမက သူတို့ကိုဘယ်လို ဆန့်ကျင်မိလို့ ဒီလိုရက်စက်တဲ့အရာအထိလုပ်ရတာလဲ?

အဆုံးမှာတော့ လူအုပ်ကြီးက ဆက်ပြီးနားမထောင်ရဲတော့ပေ။နင်းမုန့်ယောင်က ခြေထောက်တစ်ချောင်းကိုသုံးကာ သခင်မချန်းအိမ်တံခါးကို ကန်လိုက်သည်။

အမေနဲ့သမီးအတွဲက ဆူညံသံကိုကြားတော့ သူတို့ခေါင်းကိုလှည့်ကြည့်လိုက်ပြီး နင်းမုန့်ယောင်နဲ့ နှာခေါင်းသွေးထွက်နေပြီး ဖူးယောင်နေတဲ့မျက်နှာနဲ့ ဝမ်လိုင်ဇီကိုတွေ့လိုက်ရသည်။သူတို့‌မျက်နှာတွေကပြောင်းသွားသည် အထူးသဖြင့် နောက်က ရွာသားတွေကိုမြင်တဲ့အခါမှာဖြစ်သည်။

ဒါ.......အမေနဲ့သမီးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ရွာသားတွေ သူတို့ပြောတာကို မကြားသွားလောက်ပါဘူး ဟုတ်တယ်မလား?

"နင်းမုန့်ယောင်နင်ဘာလုပ်နေတာလဲ?နင် ပိုင်နက်ကျူးကျော်နေတာနော်"

နင်းမုန့်ယောင်က အေးစက်စက်ရယ်လိုက်ပြီး အခုလိုအချိန်မှာတောင် မောက်မာနေသေးတဲ့ သခင်မချန်းကြည့်ကာ လှောင်လိုက်သည်။

"ပိုင်နက်ကျူးကျော်တာတဲ့လား?ဒါဆို ကျွန်မတကယ်မေးချင်သေးတယ် တစ်ခြားလူရဲ့ဖြူစင်မှုကိုဖျက်ဆီးဖို့ လူငှားခိုင်းတာကိုရော ဘယ်လိုတွက်ရမလဲ"

သခင်မချန်းစိတ်ထဲ တုန်လှုပ်သွားပြီး သူမအကြည့်က အံ့ဩသွားသည်။သူမက နောက်ဆုံး နင်းမုန့်ယောင်ကိုစိုက်ကြည့်လိုက်ပြီး အော်ပစ်လိုက်သည်။

"နင်ဘယ်သူ့ကိုပြောနေလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ!"

"သခင်မချန်း မင်းငြင်းချင်သေးတာလား?ငါတို့အပြင်ကနေအားလုံးကြားပြီးပြီ။ရန်ကွေ့တစ်ခြားလူကို ဘယ်လိုပြဿနာရှာဖို့ပြောနေလဲဆိုတာကိုလည်း ငါတို့ကြားတယ်။သူ(မ)က ငယ်ငယ်လေးရှိသေးတာကို တော်တော်ရက်စက်တတ်နေပြီ။အနာဂတ်ကျရင် သူ(မ)ကို ဘယ်သူကလက်ထပ်ရဲပါ့မလဲ"

"သူ(မ)ပဲ သခင်မချန်းကနှလုံးသားကလည်း တအားရက်စက်တာပဲ သံမဏိနဲ့လုပ်ထားတာများလား"

"အတိအကျပဲ!သူတို့တွေ ဒီလိုမျိုးတွေးရဲတာ သူတို့မိသားစုထဲပညာရှင်ရှိနေလို့ပဲမဟုတ်ဘူးလား"

ရွာသားတွေရဲ့ အေးစက်စက် သရော်သံတွေက သူတို့ကို စိတ်မသက်မသာဖြစ်လာစေသည် အထူးသဖြင့် သခင်မချန်းပဲဖြစ်သည်။

"ဟမ်!အခုပြောနေတာတွေက ဉပဒေချိုးဖောက်နေတာပဲ!ငါ နင်တို့အားလုံးကို တရားရုံးမှာ အသရေဖျက်မှုနဲ့ တရားစွဲပစ်မယ်"

ဒီအချိန်အထိ သခင်မချန်းက မျက်ရည်တစ်စက်မကျဘဲ ခေါင်းတလားကိုမမြင်ပေ။နင်းမုန့်ယောင်က စိတ်ပျက်စွာနဲ့ ခေါင်းရမ်းလိုက်ပြီး သခင်မချန်းကိုပြောလိုက်သည်

"ဒီလိုဆိုမှတော့ တရားရုံးသွားကြတာပေါ့၊အဲ့ဒီအချိန်ကျရင် ဘယ်သူမှန်လဲ ဘယ်သူမှားလဲဆိုတာ ကျွန်မတို့ကြည့်ကြတာပေါ့"

ဝမ်လိုင်ဇီကဒါကိုကြားတဲ့အခါ ချက်ချင်းဒူးထောက်လိုက်ပြီး

"ဒေါ်လေး ကျွန်တော်မှားတာသိပါပြီ ဒါတွေအကုန်လုံးက သူ(မ)လုပ်ခိုင်းတာပါ ကျွန်တော့်ကိုပိုက်ဆံပေးပြီးတော့ မင်းရဲ့ဖြူစင်မှုကိုဖျက်ဆီးနိုင်သရွေ့ မင်းဆီကနေ ကံကောင်းမှုရမယ်ဆိုပြီး ခိုင်းခဲ့တာ"

ဝမ်လိုင်ဇီက အခု သခင်မချန်းကို အရမ်းမုန်းနေပြီဖြစ်သည်။ဒါတွေအကုန်လုံးက အဲ့ဒီမိန်းမအမှားတွေပဲ၊သူမကြောင့်သာမဟုတ်ရင် သူက ဘယ်လိုလုပ်ဒီလိုဖြစ်လာပါ့မလဲ?

All Chapters