အခန်း ၅၁
Vol. 3 Ch. 51
Chapter 51
ဝမ်လိုင်ဇီရဲ့စကားတွေက လူအုပ်ကြီးကို အော်ဟစ်သွားစေသည်။သူတို့က သခင်မချန်းကို မယုံနိုင်စွာကြည့်လိုက်သည်။သူမက တကယ်ကြီး အပျိုစင်တစ်ယောက်ရဲ့ဖြူစင်မှုကိုဖျက်ဆီးဖို့ ပိုက်ဆံသုံးခဲ့တာပဲ။ဘယ်လောက်တောင်ရက်စက်လိုက်လဲ?
တစ်ယောက်ယောက်က ဒါကို သည်းမခံနိုင်တော့ဘဲ သူ့ကိုယ်သူ သခင်မချန်းထက်အသက်ကြီးတယ်လို့ထင်ရတဲ့လူက အော်လိုက်သည်
"သခင်မချန်း မင်းကဘယ်လိုလုပ် ဒီလိုအရာမျိုးကိုလုပ်နိုင်ရတာလဲ?မင်းက တကယ်ကြီး မိုးကြိုးအပစ်ခံရဖို့တောင်းဆိုနေတာပဲ!!အာ..."
"အဲ့ဒါ ရှင်နဲ့ဘာဆိုင်လို့လဲ?လူက ရှင့်အိမ်က အပျိုစင်လည်းမဟုတ်တာကို"
သခင်မချန်းက နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ်ပြောလိုက်သည်။
ပိုင်ရှန်းရွာတစ်ရွာလုံးမှာ သူမသားတစ်ယောက်ထဲက ပညာရှင်ဖြစ်သည်။ဒါက ထူးခြားတဲ့ဂုဏ်ပုဒ်တစ်ခုပဲဖြစ်သည်။ဒီအဘွားကြီးတွေက ဘာကိုအခြေခံပြီး သူမကို မောက်မာပြနေတာလဲ?သူတို့တွေဘယ်လိုအဆင့်လဲဆိုတာတောင် မမြင်ကြဘူး
အပြောခံလိုက်ရတဲ့လူအိုကြီးက ဒေါသထွက်လွန်းတာကြောင့် သူ့တစ်ကိုယ်လုံး တုန်လာခဲ့သည်။သူက သခင်မချန်းကို စိုက်ကြည့်လိုက်သည်
"ကောင်းပြီ မင်းဆိုတဲ့သခင်မချန်းက ဒီလောက်တောင် စဉ်းစားဉာဏ်မဲ့မယ်လို့ ငါတစ်ခါမှမထင်ခဲ့ဖူးဘူး"
သခင်မချန်းက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
"ငါ့သားက ပိုင်ရှန်းရွာတစ်ရွာလုံးရဲ့ တစ်ယောက်ထဲသောပညာရှင်ပဲ။နင်တို့တွေငါ့ကိုဘာလုပ်နိုင်မှာမလို့လဲ"
မှန်တယ်။သူတို့တွေ သခင်မချန်းကို ဘာလုပ်နိုင်မှာမလို့လဲ?အဲ့ဒီလူက ခရိုင်တရားသူကြီးရှေ့မှာတောင် ဒူးထောက်စရာမလိုဘူးလေ။သူတို့လို သာမန်လူတွေက ဘာလုပ်နိုင်ပါ့မလဲ?
လူအုပ်ကြီးက တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းကြည့်နေကြပြီး နင်းမုန့်ယောင်ကတော့ လှောင်လိုက်သည်
"ဒီလိုဆိုမှတော့ ရှင်တို့မိသားစုရဲ့ပညာရှင်ကို ကျွန်မမျက်နှာထောက်စရာမလိုတော့ဘူး။ဒါကို တရားရုံးမှာဖြေရှင်းကြတာပေါ့"
ပြောပြီးတာနဲ့ သူမက ဝမ်လိုင်ဇီကိုဆွဲထုတ်သွားသည်။သူမပြောတဲ့ အဓိပ္ပာယ်ကရှင်းတယ်။ရှင်က ကျွန်မတို့ ရှင့်ကို ဘာမှမလုပ်နိုင်ဘူးလို့ပြောမှတော့ ဒါဆို ကျွန်မတို့တရားရုံးသွားပြီး လူတစ်ယောက်ရဲ့ဖြူစင်မှုကိုအရောင်ဆိုးဖို့လုပ်တာကို တရားသူကြီးကဘယ်လိုစီရင်မလဲဆိုတာ ကြည့်ကြတာပေါ့။
ဝမ်လိုင်ဇီက ဆိုးဆိုးရွားရွားကိုနောင်တရနေပြီ။သူဘာလို့ သခင်မချန်းကို ဒါကြီးသဘောတူမိခဲ့တာပါလိမ့်?...ဒါက.....ဒါက ရိုးရိုးလေးနဲ့သူ့အသက်ကိုတောင်းနေတာပဲ။
"ဘိုးဘေး ဘိုးဘေးလေးရေ ကျွန်တော်မှားပါတယ် ကျေးဇူးပြုပြီးဒီတစ်ကြိမ်တော့ကျွန်တော့်ကိုလွှတ်ပေးပါ"
"ပါးစပ်ပိတ်"
"ကောင်းပြီ ကျွန်တော်ပါးစပ်ပိတ်ပါ့မယ်"
ဝမ်လိုင်ဇီက နင်းမုန့်ယောင် စိတ်မရှည်တော့တာကိုမြင်တော့ ချက်ချင်းသူ့ပါးစပ်ကိုပိတ်လိုက်တယ်။အနည်းဆုံးတော့ ဒေါသထွက်အောင်မလုပ်မိတော့ဘူး။
သခင်မချန်းက ဒါကိုမြင်ပြီး နင်းမုန့်ယောင်က အလေးအနက်ပြောနေတယ်ဆိုတာ သိလိုက်သည်။ပိုင်ရှန်းရွာတစ်ရွာလုံးမှာ သူမက ဘယ်သူကိုမှမကြောက်ပေ ပြီးတော့ လူတိုင်းကိုမောက်မာနိုင်ပြီး ရွာသူကြီးတောင်ပါဝင်သည်။
ဒါပေမယ့် တရားရုံးကိုဦးတည်ပြီဆိုရင်တော့ ဒါဆို အဲ့ဒါက ကြောက်စရာကောင်းတယ်။သူမအဲ့ဒါကိုမလုပ်ရဲဘူး။
"နင်းမုန့်ယောင် မိန်းမပျက်မ!ရပ်လိုက်စမ်း!"
သခင်မချန်းက စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
"မိန်းမပျက်မ ဘယ်သူ့ခေါ်တာလဲ"
"မိန်းမပျက်မ ငါခေါ်တာ"
သခင်မချန်းကစဉ်းစားမနေဘဲ တန်းတုံ့ပြန်လိုက်သည်။
နင်းမုန့်ယောင်က ဉာဏ်အလင်းရသွားတဲ့လူတစ်ယောက်လိုအမူအရာနဲ့ခေါင်းငြိမ့်ပြကာ
"ဒါဆို မိန်းမပျက်မက ကျွန်မကိုခေါ်တာပေါ့ အဲ့ဒါကအနံ့နံတာမထူးဆန်းတော့ပါဘူး"
အခု သခင်မချန်းက နားမလည်နိုင်သေးဘူးဆိုရင် ဒါဆို သူမနေထိုင်လာခဲ့တာ အချည်းနှီးပင်။သူမက နင်းမုန့်ယောင်ကို တုန်နေတဲ့လက်နဲ့လက်ညှိုးထိုးလိုက်ပြီး
"နင်.......နင်ဘာလိုချင်တာလဲ"
"ကျွန်မကဘာလိုချင်ရမှာလဲ,ဒါက ရှင်လိုချင်တာမဟုတ်ဘူးလား?ကျွန်မက ရှင့်အိမ်ကိုမီးရှို့လို့လား ဒါမှမဟုတ် ရှင့်မိသားစုကိုပြန်ပေးဆွဲလို့လား?ရှင်ကဘာလို့ ဒီလိုမျိုး မကောင်းတဲ့အကြံအစည်ကိုသုံးပြီး ကျွန်မကိုတိုက်ခိုက်ရတာလဲ?"
သူတို့တွေက သူမက သူတို့တွေအချိန်မရွေး ဆွဲဆိတ်လို့ရတဲ့ ခေါင်းအုံးပျော့များထင်နေတာလား?
သခင်မချန်းမှာ ပြန်ဖြေဖို့စကားလုံးမရှိပေ။သူမကသာ ဒါက ချောင်ထျန်းချန်ကြောင့်လို့ပြောလိုက်ရင် ရန်ကွေ့ရဲ့ဂုဏ်သိက္ခာ ပျက်ဆီးသွားလိမ့်မည်။ပြီးတော့ သူမကလည်း ချောင်ထျန်းချန်က သူမသမီးနဲ့ထိုက်တန်တယ်လို့မထင်ပေ။
ဒါပေမယ့် ရန်ကွေ့ကတော့ ဒီလိုမျိုးမတွေးနိုင်ဘဲ နင်းမုန့်ယောင်ကိုလက်ညှိုးထိုးကာ စူးစူးဝါးဝါးအသံနဲ့
"နင်းမုန့်ယောင် နင်ကဘာကိုအခြေခံပြီး ငါ့အမေကိုဒီလိုလုပ်ရတာလဲ?ဒါဆို ငါတို့လုပ်တော့ရော ဘာဖြစ်လဲ?နင့်လိုမျိုး မြူဆွယ်ဖျားယောင်းတတ်တဲ့ မြေခွေးမက ဒီလိုယောကျာ်းမျိုးနဲ့ပဲတန်တယ်!"
ရန်ကွေ့ရဲ့ အဆိပ်ပြင်းတဲ့စကားတွေကို လူအုပ်ကြီးကကြားသွားပေမယ့် နင်းမုန့်ယောင်က ဂရုမစိုက်ပေ။သူမက တစ်လှမ်းချင်းလျှောက်သွားပြီး ရန်ကွေ့ကို ကြိမ်ဖန်များစွာပါးရိုက်ကာ ရန်ကွေ့ရဲ့နာကျင်တဲ့အသံတွေထွက်လာသည်။
"နင်ပါးစပ်ဖွင့်တဲ့အခါကျရင် မိန်းမပျက်မနဲ့ မြူဆွယ်တဲ့မြေခွေးမလို့ လာမပြောနဲ့။နင်က အရှက်မဲ့ပြီးတော့ တစ်ခြားလူတွေကို အပြစ်ပုံချတယ်။နင့်လိုလူမျိုးတွေ ငါအများကြီးတွေ့ဖူးတယ်။မကောင်းတဲ့စကားနဲ့ပြောရမယ်ဆိုရင် အဆင့်မရှိတဲ့သူတွေလိုပဲ"
ဒါက အမှန်မဟုတ်ဘူးမလား?ရန်ကွေ့ကအဆင့်မရှိတဲ့သူလိုပြုမူတယ်လို့ သူမ ခံစားမိတယ်။ချောင်ထျန်းချန်ကသူမကို မကြိုက်တာကြောင့် နင်းမုန့်ယောင်ပေါ်ကို အပြစ်ပုံချပစ်တယ်။ဒါကအဆင်ပြေသေးတယ် ဒါပေမယ့် သူမက နင်းမုန့်ယောင်ကိုတောင် ဖျက်ဆီးချင်သေးတယ်။
ဒီလိုအရာမျိုးက တစ်ခါလုပ်ရင်တော့ အဆင်ပြေသေးတယ်။ဒါပေမယ့် အချိန်တွေကြာလာတဲ့နောက်မှာတော့ ထိုဟာက လူတွေကို မပျော်မရွှင်ဖြစ်စေတယ်။
ရန်ကွေ့က သူမသွားတွေကို တင်းတင်းစေ့လိုက်ပြီး နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။သူမ မျက်နှာပေါ်ကနာကျင်မှုက ဘာဖြစ်သွားလဲဆိုတာ သူမကို သတိပေးလိုက်သည်။
"နင်းမုန့်ယောင် ငါရပ်မှာမဟုတ်ဘူး!နင်ငါ့ကိုပါးရိုက်ရဲတယ်ပေါ့လေ နင့်ကိုယ်နင်ဘယ်သူထင်နေလဲ?နင်က အရှက်မရှိတဲ့ မိန်းမပျက်မပဲ!"
"နင်ကငါ့ကိုလွှတ်မပေးဖို့ပြောနေတာလား နေ့လယ်စာအလကားလာပို့တာလိုချင်လို့လား"
နင်းမုန့်ယောင်အသံက နှိုင်းယှဉ်လို့မရအောင်ကို အေးစက်လာခဲ့သည်။
သူမအကြည့်တွေက အဆိပ်ထဲနှစ်ထားသလိုပင်။ရန်ကွေ့က ကြောက်ရွံသွားတာကြောင့် သူမပါးစပ်ကိုပိတ်လိုက်ပြီး နင်းမုန့်ယောင်ကို ထိတ်လန့်စွာကြည့်လိုက်သည်။