← Chapters

အခန်း ၅၂

Vol. 3 Ch. 52

အခန်း ၅၂

Vol. 3 Ch. 52

Chapter 52

သခင်မချန်းက ချက်ချင်းသူမလက်ကိုထုတ်ကာ သူမသမီးကို သူမနောက်ပို့လိုက်သည်။နင်းမုန့်ယောင်က အေးတိအေးစက်နဲ့ သူမလုပ်ရက်ကို အသာလေးကြည့်နေသည်။ရန်ကွေ့ကို နောက်ကျောဘက်ကာကွယ်လိုက်ပြီးတဲ့အချိန်မှာတော့ နင်းမုန့်ယောင်က သရော်လိုက်သည်

"ဒါ နောက်ဆုံးအကြိမ်ပဲ သခင်မချန်း။ပညာရှင်သားတစ်ယောက်ရှိတာနဲ့ပဲ ကိုယ့်မျိုးရိုးနာမည်ကို မေ့ထားလို့ရမယ်မထင်နဲ့။ရှင်တို့ အမေနဲ့သမီးအတွဲ ကျွန်မကို နောက်တစ်ခါထပ်ပြီး ရန်စမယ်ဆိုရင် ရှင်တို့လုပ်ကြည့်လိုက်လေ ဘာဖြစ်မလဲကြည့်ကြတာပေါ့"

သူမ အပြောကောင်းတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အချိန်ရောက်လာရင် တအားမငိုနဲ့။

သခင်မချန်းက ကြောင်တောင်တောင်နဲ့တုန်လှုပ်သွားပေမယ့် ဒီလိုနည်းလမ်းနဲ့အဆုံးမသတ်သွားချင်ပေ။သူမက အံကြိတ်လိုက်ပြီး လက်သီးဆုပ်ကာ နင်းမုန့်ယောင်ဆီလျှောက်သွားသည်

"ငါက ပညာရှင်တစ်ယောက်ရဲ့အမေပဲ။နင့်လိုမျိုး အဆင့်မရှိတဲ့ခွေးမက ငါ့ကိုဘာလုပ်နိုင်မှာမလို့လဲ!"

"ရှင်က ကျွန်မကို တစ်ခုခုလုပ်စေချင်တာလား?ကောင်းပြီ ဒါဆို ကျွန်မတို့ဘာလို့မသွားကြမှာလဲ?နောက်ကျမှသာ ဒါကို နောင်တမရနဲ့"

နင်းမုန့်ယောင်က ကိစ္စတစ်ခုလုံးက သူမနဲ့မသက်ဆိုင်သလို ဘာမှမဖြစ်ဘဲပြောလိုက်သည်။

သခင်မချန်း မျက်နှာကပြောင်းလဲသွားသည်။သူမက နင်းမုန့်ယောင်ပြောချင်တဲ့အဓိပ္ပာယ်ကို ဘယ်လိုလုပ်နားမလည်ဘဲနေပါ့မလဲ?သူမက ဒါကို တရားရုံးကိုယူသွားချင်တာလား?မရဘူး ဒီလိုဖြစ်လို့မရဘူး။

"အမေ ဒါဘာတွေလဲ"

အဲ့ဒီအချိန်မှာပဲ အပြင်ကနေ အသံတစ်သံထွက်ပေါ်လာခဲ့သည်။ဒီအသံကိုကြားတော့ သခင်မချန်းက သူမကျောရိုးရှာတွေ့သွားသလို ချက်ချင်း ခုန်ပေါက်ထွက်သွားသည်။

"သားလေး မင်း အမေ့ကို ကူညီရမယ်။ဒီအဆင့်မရှိတဲ့ခွေးမက အမေ့ကို တရားရုံးခေါ်သွားမယ်လို့ပြောနေတယ်"

သခင်မချန်းက ရန်ဟွိုက်လက်ကိုဆွဲကိုင်ကာ သူမသွားတွေကို တင်းတင်းစေ့ထားသည်။

ရန်ဟွိုက်က မျက်ခုံးတွန့်သွားပြီး သူ့ခေါင်းကိုလှည့်ကာ နင်းမုန်ယောင်ကိုကြည့်လိုက်သည်။သူမဘေးနားမှာ ဒူးထောက်နေတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးရှိနေပြီး ထိုလူရဲ့မျက်နှာတစ်ခုလုံးက ဒဏ်ရာတွေနဲ့ပြည့်နေကာ တစ်ကိုယ်လုံး အလွန်အမင်းတုန်လှုပ်နေသည်။

"ဘာဖြစ်နေတာလဲ"

အေးစက်စက်ရယ်မောမောလိုက်ပြီး နင်းမုန့်ယောင်က ရန်ဟွိုက်ကို လှောင်သလို စိုက်ကြည့်လိုက်သည်

"ရှင်က ကျွန်မကိုပြောနေတာလား"

ရန်ဟွိုက် စို့နင့်သွားခဲ့သည်။အရင်တုန်းက သခင်မချန်းနင်းမုန့်ယောင်ကို လုပ်ခဲ့တဲ့အရာတွေကြောင့် သူ့မျက်နှာမရှိသလို ခံစားခဲ့ရသည်။ဒါပေမယ့် ဒီနေ့ သူ့အမေနဲ့ညီမလေးက တစ်ခုခုကြီးကြီးမားမားဖြစ်ထားသလို ခါးခါးသီးသီးဖြစ်နေတာမြင်တော့ သူဒီမြင်ကွင်းအကြောင်းကို မေးကြည့်လိုက်သည်။

"မိန်းကလေးနင်း လူတွေကိုလက်လွှတ်ပေးနိုင်ရင် သူတို့တစ်ယောက်ကိုတော့ လွှတ်ထားပေးသင့်တယ်။ကျွန်တော့အမေက အမှားတစ်ခုခုလုပ်တယ်ဆိုရင်တောင်မှ သူ(မ)က မင်းအထက်အသက်ကြီးတယ် ပြီးတော့ မင်းရဲ့လူကြီးတစ်ယောက်လည်းဖြစ်တယ်။မင်းကဘယ်လိုလုပ်ဒီလိုလုပ်ရတာလဲ"

ရန်ဟွိုက်က သူက နင်းမုန့်ယောင်အတွက် စဉ်းစားပေးနေသလို အကူအညီမဲ့စွာပြောလိုက်သည်

"ဒါက မင်းရဲ့ ဂုဏ်သိက္ခာအတွက်လည်း မကောင်းဘူး"

"လူကြီးလား?ကျွန်မ နင်းမုန့်ယောင်က လူကြီးဆိုပြီး သူများဖြူစင်မှုကိုဖျက်ဆီးဖို့ ပိုက်ဆံပေးခိုင်းတဲ့လူမျိုးကို ဘယ်တော့မှ သည်းခံမှာမဟုတ်ဘူး။ရန်ဟွိုက် လူတွေကရှင့်ကိုမျက်နှာသာပေးနေလို့ အရှက်မမဲ့နဲ့။ပညာရှင်တစ်ယောက်ဖြစ်တာ အံ့ဩဖို့ကောင်းတဲ့အရာလို့များထင်နေတာလား"

နင်းမုန့်ယောင်က အေးစက်စွာရယ်လိုက်သည်။ဒီ ရန်ဟွိုက်က ကိစ္စတွေကို ရှင်းရှင်းလေးမမြင်နိုင်ဘူးလား?တကယ့်ကို စိတ်ပျက်စေတာပဲ။

ရန်ဟွိုက်ရဲ့မျက်နှာကပြောင်းသွားပြီး သူ့အမေကို မယုံနိုင်စွာကြည့်ကာ

"အမေ သူ(မ)ပြောတာ အမှန်ပဲလား"

သခင်မချန်းမျက်နှာကချက်ချင်းပြောင်းသွား အမြန်သူမခေါင်းကို လှုပ်ရမ်းပစ်သည်

"မဟုတ်ဘူး အမေကအဲ့လိုဟာမျိုးဘာလို့လုပ်ရမှာလဲ ဒါတွေအကုန်လုံးက အမေ့ကို သူ(မ)စွပ်စွဲနေတာ"

"ချန်းမိသားစုရဲ့ခယ်မ မင်းဒီစကားတွေပြောတာ အသိစိတ်လွတ်နေလို့လား,မင်းပြောတာကို ငါတို့အားလုံး အပြင်ကကြားတယ်။ဝမ်လိုင်ဇီကလည်း ဝန်ခံပြီးပြီ။မင်းကသူ့ကိုပိုက်ဆံပေးပြီး မိန်းကလေးနင်းရဲ့ဖြူစင်မှုကိုဖျက်ဆီးခိုင်းတာ။ပြီးတော့ အခုကျ မင်းကဒီလိုပြောနေတယ် မင်းမိုးကြိုးအပစ်ခံရမှာမကြောက်ဘူးလား!"

"ဟုတ်တယ် ဟုတ်တယ် နင့်ဘာသာနင်အခုလေးတင်အဲ့လိုပြောလိုက်တာ။နင့်ရဲ့ပညာရှင်သားပြန်ရောက်လာတာနဲ့ပဲ နင်ကအံ့ဩစရာကောင်းတယ်လို့ထင်နေလား?တကယ့်ကို ဒါမျိုးတွေပြောတာက အရမ်းလွန်လွန်းတယ်"

"မှန်တယ် ငါတို့အိမ်က အပျိုလေးတွေကို ရန်ကွေ့နဲ့အဝေးမှာနေခိုင်းတာ ကောင်းမယ်လို့ငါမြင်တယ်။ဒါဆိုရင် သူတို့ထိခိုက်ရင် သက်သေမပျောက်တော့ဘူး"

လူအုပ်ကြီးက သူပြောလိုက်ငါပြောလိုက်နဲ့ ဆက်ပြောနေပြီး ရန်ဟွိုက်ကို သူ့မျက်နှာဖြူဖျော့လာသည်အထိ ဒေါသထွက်သွားစေသည်။သူ့အမေကို မယုံနိုင်စွာကြည့်လိုက်ပြီး

"အမေ သူတို့ပြောနေတာတွေက အမှန်ဟုတ်လား မဟုတ်ဘူးလားပဲ ကျွန်တော်မေးမယ်"

"ရိုးးး မင်းဘာလို့မေးနေသေးတာလဲ?သူ(မ)က ပညာရှင်တစ်ယောက်ရဲ့အမေပဲ နင်ငါ့ကိုဘာလုပ်နိုင်မှာလဲဆိုပြီးတောင် ပြောထားတာ အိုက်ယိုး.....ငါတကယ်ကြောက်တယ်။ဒါက ပညာရှင်တစ်ယောက်ရဲ့အမေတဲ့လား နင်တို့သိကြလား"

လူအုပ်ထဲကနေ ငေါ့ထေ့နေတဲ့ အသံတစ်ခုထွက်လာခဲ့သည်။

သူမက သခင်မချန်းရဲ့ယောင်းမ သခင်မတုဖြစ်သည်။သူတို့က အိမ်ခွဲနေပြီး အခုလူအိုကြီးအတွက်ထောက်ပံ့ပေးနေကြပေမယ့် သခင်မချန်းက ထူးချွန်တဲ့သားနှစ်ယောက်ရှိတာကြောင့် မောက်မာသည်။

အခု အခွင့်အရေးရလာပြီဆိုတော့ သူမကဒါကို လက်လွှတ်ခံမှာမဟုတ်ပေ။

သခင်မတုရဲ့စကားတွေက လူအုပ်ကြီးကို ထပ်တူဝမ်းနည်းစေတဲ့တုံပြန်မှုတွေဖြစ်သွားစေသည်

"မှန်တယ် သူ(မ)မှာ ပညာရှင်သားတစ်ယောက်ရှိတယ် ငါတို့ကရော?ငါတို့က သာမန်ပြည်သူတွေလေ သူ(မ)ကို ဘယ်လိုလုပ် ရန်စနိုင်ပါ့မလဲ"

ရန်ဟွိုက်က သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်လာသည်အထိ ဒေါသထွက်လာခဲ့သည်။သခင်မချန်းက များသောအားဖြင့် ပညာရှင်တစ်ယောက်ရဲ့အမေဆိုတဲ့ ဂုဏ်ပုဒ်ကိုသုံးကာ မောက်မာထောင်လွှားတာကို သူသိသည်။

All Chapters