← Chapters

အခန်း ၅၄

Vol. 3 Ch. 54

အခန်း ၅၄

Vol. 3 Ch. 54

Chapter 54

သူပေးတဲ့အဖြေက သူမလိုချင်တဲ့အရာမဟုတ်ဘူးဆိုရင်တော့ သူတို့ကို ကူညီဖို့ စိတ်မဝင်စားပေ။

သူမမျက်စိတွေကို မှေးကျဉ်းလိုက်ပြီး အန္တရာယ်ရှိတဲ့အလင်းရောင်တောက်သွားသည်။နင်းမုန့်ယောင်ထွက်သွားတဲ့အချိန်မှာ ဝိုင်းကြည့်နေတဲ့လူအုပ်ကြီးကလည်း မတတ်နိုင်ဘဲ သူမသွားဖို့လမ်းဖယ်ပေးကြသည်။

သူတို့သိလိုက်တာက ဒီမိန်းကလေးက အနိုင်ကျင့်ဖို့လွယ်ကူပုံပေါက်ပေမယ့် တကယ်ကတော့ ဘယ်လိုမှအနိုင်ကျင့်ဖို့မလွယ်ကူဘူးဆိုတာပဲ။

ရန်ပွဲမရှိတော့မှတော့ လူအုပ်ကြီးကလည်း တဖြည်းဖြည်းကျဲသွားသည်။လူတွေကို ပြုံးပြရင်းပြန်ပို့လိုက်ပြီးနောက် ရန်ဟွိုက်က တံခါးပိတ်ကာ သခင်မချန်းနဲ့ရန်ကွေ့ကို ရေခဲလိုအကြည့်မျိုးနဲ့အေးစက်စွာကြည့်လိုက်ပြီး

"အမေ ကျွန်တော့်စကားတွေကို အလေးအနက်မထားခဲ့ဘူးပဲ"

သခင်မချန်းခန္ဓာကိုယ်ကတုန်လှုပ်သွားပြီး သူမသားကိုကြည့်လိုက်သည်

"သား မင်းဘာကိုဆိုလိုတာလဲ"

"ကျွန်တော်ကဘာကိုဆိုလိုရမှာလဲ?နင်းမုန့်ယောင်က သာမန်မိဘမဲ့တစ်ယောက်လို့ အမေထင်နေတာလား?"

အပြင်ဘက်မှာ ပညာသင်လာတာနဲ့အမျှ သူက သခင်ချန်းထက်ပိုပြီးမြင်နိုင်သည်။နင်းမုန့်ယောင်ရဲ့လှုပ်ရှားမှုတွေနဲ့အရှိန်အဝါက သာမန်လူတွေယှဉ်နိုင်တဲ့အရာမဟုတ်ပေ။

နင်းမုန့်ယောင်နဲ့ပတ်သက်ပြီးတော့ သူမကို မစော်ကားဖို့ သခင်မချန်းကို အစောကြီးထဲကပြောထားခဲ့ပေမယ့် သခင်မချန်းကမရပ်တန့်ခဲ့ပေ။အရင်တုန်းက သူမ မရပ်မနားရှာခဲ့တဲ့ ရန်ပွဲတွေကြောင့် သူစိတ်မရှည်တော့ပေ။

အခု ဒီကိစ္စမှာ သူ့အမေက လူစကားမကြားနိုင်တာလားလို့ သူအရမ်းသံသယဝင်မိနေပြီ။

သခင်မချန်းမျက်နှာက ဖြူဖျော့သွားပြီး သူမသားကိုကြည့်ကာ

"ဒါပေမယ့် ငါ......သူ(မ)က ကွေ့အာကိုအနိုင်ကျင့်ခဲ့တာ"

အရေးကြီးဆုံးအချက်က ရန်ဟွိုက်ကို သူမတို့ရဲ့ဒေါသကိုကူပြီး ဖြေဖျောက်ပေးစေချင်တာပဲ ဝမ်လိုင်ဇီက အသုံးမဝင်ဘူးဆိုတာ ဘယ်သူသိမှာလဲ?

"အမေ ဘာမှမဖြစ်သွားတာကို အမေကျေးဇူးတင်သင့်တယ်။တစ်ခုခုသာ တကယ်ဖြစ်သွားရင် အဲ့ဒီအခါကျရင် အမေတစ်ယောက်ထဲတင်မဟုတ်ဘူး ကျွန်တော်တို့တစ်မိသားစုလုံး ပါဝင်ပတ်သက်လာမှာ။ပြီးတော့ ရန်ကွေ့ နင် ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်းနေ။အမေ့ကိုသွေးထိုးပြီးတော့ အဲ့ဒီအမျိုးသမီးကို ရန်စဖို့မလုပ်နဲ့။သူ(မ)က နင်တို့ ရန်စလို့ရတဲ့လူမျိုးမဟုတ်ဘူး"

ရန်ဟွိုက်က ရန်ကွေ့ကို အေးစက်စွာကြည့်လိုက်သည်။ဒီညီမက ပုံမှန်ဆို ကောင်းပေမယ့် တစ်ခါတစ်လေကျရင် ထူးထူးဆန်းဆန်းတွေလုပ်ပြီး အခုဒီလိုအရာမျိုးဖြစ်သွားရတာပဲ။

ရန်ကွေ့ရဲ့မျက်နှာက ခဏလောက်စိမ်းဖန့်သွားပြီး ဖြူဖျော့သွားသည်။ဒါပေမယ့် သူမရဲ့ဒုတိယအစ်ကိုကြီးကို မငြင်းဆန်ရဲပေ။သူမက သူ့ကိုအကြောက်ဆုံးဖြစ်သည်......

သူမတို့နှစ်‌ယောက်‌ယောက် စကားမပြောတာမြင်တော့ ရန်ဟွိုက်ကလှည့်ထွက်သွားပြီး အခန်းထဲဝင်သွားသည်။

ညရောက်လာတဲ့အချိန် သူ့အဖေ ရန်စုန့်ပြန်လာတဲ့အခါ ရန်ဟွိုက်က သူ့အဖေကို ဒီကိစ္စအကြောင်းပြောပြလိုက်သည်။ရန်စုန့်က ရိုးသားတဲ့လူတစ်ယောက်ဖြစ်ပြီး ဒီကိစ္စကိုသိပြီးတဲ့နောက် သူက သခင်မချန်းကို ပါးနှစ်ချက်ရိုက်ခဲ့သည်။သူက သခင်မချန်းရဲ့ ခါးခါးသီးသီးငိုကြွေးနေတာကို ဂရုမစိုက်ဘဲ သော့ခတ်ထားခဲ့သည်။သူက သူမကို သူမစိတ်ကိုသန့်ရှင်းအောင်လုပ်ဖို့ပြောခဲ့သည်။ဒါမှသာ ဒီလိုညစ်ပတ်တဲ့အရာမျိုးကို သူမ မလုပ်တော့မှာ။

ဒုတိယရက်မှာတော့ ရန်စုန့်နဲ့ရန်ဟွိုက်က လက်ဆောင်တွေယူပြီး နင်းမုန့်ယောင်အိမ်ဆီရောက်လာခဲ့သည်။

"မိန်းကလေးမုန့်ယောင် မနေ့ကကိစ္စအတွက် ဦးလေးတို့ တကယ့်ကိုတောင်းပန်ပါတယ်။ဦးလေးရဲ့ အဲ့ဒီ ပြဿနာအိုးမိန်းမကိုလည်း သော့ခတ်ထားလိုက်ပြီး သူ(မ)က ‌နောက်ကျရင် မိန်းကလေးကို ပြဿနာရှာမှာမဟုတ်တော့ပါဘူး"

နင်းမုန့်ယောင်က စကားမပြောဘဲ ရန်စုန့်ကိုသာကြည့်နေလိုက်သည်။အချိန်ခဏလောက်ကြာတဲ့နောက်မှာ‌တော့ သူမပါးစပ်ကို အသာလေးဖွင့်ကာ

"အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့။နောက်တစ်ခါကျရင်တော့ ကျွန်မကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။အဲ့ဒီအချိန်ကျရင် ဦးလေးမပြောနဲ့ ရွာသူကြီးလာရင်တောင်မှ ကျွန်မကရပ်မှာမဟုတ်ဘူး။ဦးလေးတို့ ဒါကိုမှတ်ထားရင်ပိုကောင်းတယ်"

"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ ဦးလေးသိတယ် ဦးလေးတို့မှားတာ။ဦးလေးတို့ကို မိန်းကလေးခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

ရန်စုန့်က သူ့ခေါင်းကို ချက်ချင်းငြိမ့်လိုက်ပြီး သူ့မျက်နှာက နေရခက်နေကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

ရန်ဟွိုက်က မျက်မှောင်တွန့်ချိုးထားသည်။သူကဘေးမှာရပ်နေတုန်းကို သူ့အဖေကို ဒီလိုမျိုး မျက်နှာသာမပေးတာလား?ဒီသတင်းသာပြန့်သွားရင် သူဘယ်လိုကျော်ဖြတ်ရပါ့မလဲ?

"ရှင်တို့လက်ဆောင်တွေပြန်ယူသွားသင့်တယ်။ရန်ဟွိုက် ကျွန်မက ရှင်ထင်ထားသလို စိတ်ထားမကောင်းဘူး။ကျွန်မက တစ်ကြိမ်၊နှစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ် ဒါပေမယ့် သုံးကြိမ်ဆိုရင်တော့မရဘူး"

ပထမ ဒါမှမဟုတ် ဒုတိယအကြိမ်တွေမှာ သူမသည်းခံနိုင်တယ် ဒါပေမယ့် တတိယအကြိမ်ကျရင် နှလုံးသားမဲ့တယ်ဆိုပြီး သူမကို အပြစ်မတင်နဲ့။

ရန်ဟွိုက်မျက်နှာကပြောင်းသွားသည်။နင်းမုန့်ယောင်ရဲ့ရေခဲလိုအကြည့်ကိုမြင်တော့ သူ့ခန္ဓာကိုယ်ကတောင့်တင်းသွားပြီး ခေါင်းငြိမ့်လိုက်သည်

"ကိုယ်သိပါတယ်။ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရဘူး"

"ဒီလိုဆိုကောင်းတယ်။ရှင့်ညီမကိုကြည့်ထားဦး တစ်ခြားလူတွေကို ခွေးရူးလို လိုက်မကိုက်စေနဲ့"

"ဟုတ်ပြီ"

ကိစ္စကဒီလိုဖြေရှင်းပြီးသွားတယ် ဒါပေမယ့် နင်းမုန့်ယောင်က အဲ့ဒီအမေနဲ့သမီးကို ဒီလိုမျိုး ခွင့်လွှတ်လိုက်တာက အရမ်းကြင်နာတာမဟုတ်ဘူးလား?ဒါပေါ့ ဘယ်ဟုတ်ပါ့မလဲ။မနေ့က ကြားတဲ့မြင်တဲ့လူတွေ အများကြီးရှိတယ်။သခင်မချန်းနဲ့ ရန်ကွေ့သာ ရွာထဲမှာ ကောင်းကောင်းမွန်မွန်ဆက်နေနေသေးရင် သူမနာမည်ကို ပြောင်းပြန်ရေးပစ်လိုက်မယ်။

မျှော်လင့်ထားသလိုပဲ နှစ်ရက် သုံးရက်အတွင်းမှာပဲ သခင်မချန်းနဲ့ရန်ကွေ့ကိစ္စက ပိုင်ရှန်းရွာတစ်ရွာလုံးကို ပြန့်သွားသည်။အနီးနားက ရွာတွေတောင်မှ ဒီအကြောင်းကို သိသည်။

လက်တလောမှာ အဲ့ဒီ အမေနဲ့သမီးက သူတို့အိမ်ထဲကနေအိမ်ပြင်မထွက်ရဲကြပေ။သူတို့တစ်ခါထွက်လိုက်တာနဲ့ လက်ညှိုးထိုးခံရပြီဖြစ်သည်။အိမ်မှာနေတာက ပိုကောင်းတယ်။

နင်းမုန့်ယောင်က ဒီသတင်းတွေကိုကြားပြီးတဲ့နောက် ပြုံးလိုက်သည်။ဒီနည်းလမ်းကအရမ်းကောင်းတယ် အနည်းဆုံးတော့ သူတို့တွေထွက်လာပြီး လူတွေကိုစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တော့ဘူး။

All Chapters