အခန်း ၅၆
Vol. 3 Ch. 56
Chapter 56
မှန်တယ်။နင်းမုန့်ယောင်နဲ့သူမကြားမှာ ဘာပတ်သက်မှုမှမရှိဘူး။သူမအရင်တုန်းက နင်းမုန့်ယောင်အိမ်ကို လွတ်လွတ်လပ်လပ်ဝင်ထွက်လို့ရတာက အရေထူပြီးတော့လုပ်ခဲ့လို့ပဲ။အခုကျတော့ရော?
"ဘာမှမရှိတော့ဘူးဆိုရင် နင်ငါ့အိမ်ထဲကထွက်သွားဖို့မျှော်လင့်တယ်။ငါနင့်ကိုမကြိုဆိုဘူး"
နင်းမုန့်ယောင်က စိတ်မရှည်စွာပြောလိုက်သည်။
နင်မုန့်ယောင်က ဒီကိစ္စတွေပြီးသွားရင် ယန်ရှိုးအာက သူမကိုယ်သူမပြဿနာထပ်မရှာလောက်တော့ဘူးလို့ထင်ခဲ့ပေမယ့် ဘယ်သူသိမှာလဲ သူမကိစ္စတွေကိုသာမန်လိုတွေးပြီး လူကောင်းတစ်ယောက်လိုလုပ်နေတာလေ။
"မုန့်ယောင် အရင်ကငါလုပ်ခဲ့တဲ့အရာတွေကမှားတယ်ဆိုတာငါသိပါတယ်။ငါတကယ့်ကိုငါ့အမှားတွေသိနေပြီ။နင်ငါ့ကိုဒီတစ်ကြိမ်ပဲခွင့်လွှတ်ပေးလို့မရဘူးလား"
ယန်ရှိုးအာကနင်းမုန့်ယောင်ကို တောင်းပန်လိုက်သည်။
နင်းမုန့်ယောင်က သူမထင်ထားတာထက်ပိုပြီး အရည်အချင်းရှိတယ်ဆိုတာ ယန်ရှိုးအာသိသွားခဲ့သည်။လွန်ခဲ့တဲ့ရက်တွေမှာ သူမအမြဲတမ်းစဉ်းစားနေခဲ့တာက သူမသာ နင်းမုန့်ယောင်သူမကို စိတ်ရင်းနဲ့ဆက်ဆံအောင်လုပ်နိုင်ရင် ဒါဆို သူမရဲ့အောင်မြင်မှုကလည်းသေးမှာမဟုတ်ပေ။ပြီးတော့ စည်းစိမ်ချမ်းသာတဲ့ဘဝကိုတောင်ရနိုင်သေးတယ်။
ဒါကြောင့်ပဲ သူမနင်းမုန့်ယောင်ကိုလာရှာပြီး နင်းမုန့်ယောင်သူမကိုခွင့်လွှတ်အောင်လုပ်ကာ သူငယ်ချင်းတွေဆက်ဖြစ်သွားဖို့ဖြစ်သည်။
ယန်ရှိုးအာကို အပြုံးမမည်တဲ့အပြုံးနဲ့ပြုံးပြကာကြည့်လိုက်ပြီး နင်းမုန့်ယောင်မျက်လုံးတွေထဲမှာ စိတ်ပျက်မှုနဲ့လှောင်ပြောင်မှုတွေရှိနေသည်။
"နင်မှားတယ်လို့ပြောလိုက်တာလား?အဲ့ဒါငါကဘာလုပ်ရမှာလဲ"
မှန်တယ်လေ ဒါကသူမနဲ့ဘာမှမပတ်သက်ဘူးမလား?သူမက ယန်ရှိုးအာကို အခွင့်အရေးတွေမပေးခဲ့တာလည်းမဟုတ်ဘူး။ယန်ရှိုးအာက အဲ့ဒါကိုတန်ဖိုးမထားတာလေ။
"နင်ကတကယ့်ကိုရက်စက်တာပဲ"
နင်းမုန့်ယောင်က ပန်းထိုးအပ်ကိုအဝတ်ပေါ်တင်ကာ မတ်တပ်ရပ်ပြီး ယန်ရှိုးအာမျက်လုံးတွေကိုကြည့်လိုက်သည်
"ငါနင့်ကိုအခွင့်အရေးတွေပေးခဲ့တယ် ဒါပေမယ့် နင်ကအဲ့ဒါတွေကိုဘယ်လိုတန်ဖိုးထားရမလဲမသိခဲ့ဘူး။ယန်ရှိုးအာ နင့်ကိုယ်နင်အရမ်းတော်ပြီး တစ်ခြားလူတွေက တုံးအတယ်လို့ထင်မနေနဲ့။ငါနင့်ကိုလိုက်မပို့တော့ဘူး"
ပေါ်တင်မောင်းထုတ်လိုက်တာကို ယန်ရှိုးအာကနေဦးမှာလား?ဒါပေါ့ သူမဘယ်နေပါ့မလဲ။
ယန်ရှိုးအာကအံကြိတ်ထားပြီးနင်းမုန့်ယောင်ကိုကြည့်လိုက်ကာ အော်ဟစ်လိုက်သည်
"နင်းမုန့်ယောင် နင်နောင်တရအောင်ငါလုပ်ပြမယ်!"
နင်းမုန့်ယောင်သူမကိုဒီနေ့လုပ်ခဲ့တဲ့အရာတွေအတွက် နောင်တရအောင် သူမလုပ်ပြမယ်။
နင်းမုန့်ယောင်ကသူမခေါင်းကိုလှည့်ကာ ဂရုမစိုက်သလိုပြောလိုက်သည်
"ငါစောင့်နေမယ်"
ယန်ရှိုးအာကသူမအိမ်ကိုစိတ်ဓာတ်ကျစွာပြန်လာခဲ့သည်။သခင်မလော်က သူမကိုအဲ့ဒီလိုပုံစံမြင်တော့ စိုးရိမ်လာခဲ့ပြီး
"ကောင်မလေး နင်ဘာလို့ဒီလိုဖြစ်နေရတာလဲ?နင့်ကိုဘယ်သူအနိုင်ကျင့်လိုက်လို့လဲ"
"အမေ သမီးခေါင်းကိုငုံ့ပြီးနင်းမုန့်ယောင်ကိုတောင်းပန်ခဲ့တာကို ဘာလို့သူ(မ)က သမီးကိုခွင့်မလွှတ်ရတာလဲ?"
ယန်ရှိုးအာမျက်လုံးတွေက စိတ်ရှုပ်မှုအပြည့်ဖြစ်နေပြီး သခင်မလော်ကိုသူမအတွက်ဝမ်းနည်းသွားစေသည်။
သူမလက်ကိုဆန့်တန်းကာ သူမသမီးကိုဖက်လိုက်ပြီး သခင်မလော်ကပြောလိုက်သည်
"ဘာလို့သူ့ကိုထပ်သွားရှာနေရသေးတာလဲ?နင်ခံစားထားရတာမလုံလောက်သေးလို့လား"
"အမေ နင်းမုန့်ယောင်က အရမ်းတော်တယ်။သမီးသာသူ့နောက်ကိုလိုက်ရင် ချမ်းချမ်းသာသာနေလို့ရအောင်လုပ်နိုင်တယ်"
အခု ရန်လဲ့လဲ့လိုမျိုးပေါ့။
သူတို့အိမ်ကမပြောင်းသွားဘူးဆိုရင်တောင်မှ သူတို့ဝတ်တဲ့အရာတွေ၊ပြီးတော့ ရန်ကျီကို မြို့စာသင်ဖို့ပို့တာတွေက သူတို့အခြေအနေကိုမြင်နိုင်တယ်။
ရန်လဲ့လဲ့က ဒီရက်တွေမှာ ပိုက်ဆံအများကြီးရှာနိုင်ထားတာပဲဖြစ်ရမယ်။
သူမကျတော့ရော?ယန်ရှိုးအာက နင်းမုန့်ယောင်ကို ရန်လဲ့လဲ့ထက်အရင်စောပြီးသိခဲ့ပေမယ့် သူမရခဲ့တဲ့အရာတွေက ရန်လဲ့လဲ့လောက်မများပေ။တကယ့်ဆို ယန်ရှိုးအာအရှုံးခံစားနေတာဖြစ်တယ်။
ဒီအချက်တွေကိုတွေးမိတော့ ယန်ရှိုးအာမျက်လူံးတွေက အမုန်းနဲ့ဒေါသတွေပြည့်နှက်လာသည်။
သူမတို့ကသူငယ်ချင်းတွေလေ ဘာကိုအခြေခံပြီးတော့ဘက်လိုက်ရတာလဲ?ဘာကိစ္စ နင်းမုန့်ယောင်ကသူမကိုဒီလိုမျိုးဆက်ဆံရတာလဲ?
နင်းမုန့်ယောင်သာ ယန်ရှိုးအာတွေးနေတာကိုသိရင် အဲ့ဒါဆို "မိန်းကလေး နင်အရမ်းအတွေးလွန်နေပြီ" ဆိုပြီးပြောမှာဖြစ်သည်။
ယန်ရှိုးအာလာပြီးတဲ့နောက် နင်းမုန့်ယောင်က ပန်းဆက်ထိုးဖို့စိတ်မပါတော့ပေ။သူမကခြံဝင်းထဲမှာထိုင်နေခဲ့ပြီး အသီးအရွက်တွေကိုကြည့်ကာ ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
တကယ်တော့ သူမမှာ သူမလုပ်နိုင်တဲ့အရာတွေအများကြီးရှိနေတာပဲ ဘာလို့တစ်ခြားတစ်ယောက်ကိုတွေးပေးနေရမှာလဲ မဟုတ်ဘူးလား?
ဒါကိုစဉ်းစားမိတော့ နင်းမုန့်ယောင်အတွေးတွေရှင်းလင်းသွားသည်။သူမက မတ်တပ်ရပ်ပြီး သူမကိုယ်ပေါ်ကဖုန်တွေကိုခါထုတ်ကာ ထွက်လာခဲ့သည်။
ရန်အိမ်ကိုရောက်တော့ နင်းမုန့်ယောင်ကသူမစိတ်ကူးတွေကိုပြောပြလိုက်ပြီး နားထောင်တဲ့ရန်ကျူးကသဘောတူတဲ့အနေနဲ့ခေါင်းငြိမ့်ခဲ့သည်
"ကောင်းပြီ အဲ့ဒီလူကိုရှာဖို့ဦးလေးမင်းကိုကူညီပေးမယ်"
"ဦးလေးရန်ကိုကြိုပြီးတော့ကျေးဇူးတင်ရတော့မှာပဲ။တစ်နေ့လုပ်အားခက ထမင်းမပါဘဲ ဝမ်ခုနစ်ဆယ်ဆိုရလား"
နင်းမုန့်ယောင်ကသင့်လျော်တဲ့ဈေးနှုန်းကိုအကြံပြုလိုက်သည်။
ရန်ကျူးကထိုဟာကိုစဉ်းစားကြည့်လိုက်ပြီးသဘောတူလိုက်သည်။
"ပြေတယ် ဒါကအတော်လေးတောင်ဈေးမြင့်နေပြီ။လူတွေအများကြီးပါဝင်လာကြမယ်လို့ ဦးလေးတော့ယုံတယ်"
"ကောင်းတယ်"
ဆွေးနွေးပြီးဒုတိယမြောက်နေ့မှာတော့ ရန်ကျူးကလူတွေခေါ်လာခဲ့သည်။နင်းမုန့်ယောင်ကသူမစိတ်ကူးတွေကို သူတို့ကိုပြောပြလိုက်သည်။အဲ့ဒီနောက် သူတို့က သူမ ကြက်ခြံနဲ့အုတ်တံတိုင်းဆောက်ဖို့ပြင်နေတယ်ဆိုတာသိသွားကြသည်။
#####
ဒီအပိုင်းပြန်ရတာအားမရဘူး၊ဖတ်ရတာအဆင်မပြေသွားရင်ဘာသာပြန်သူအမှားပါ။