အခန်း ၅၇
Vol. 3 Ch. 57
Chapter 57
နင်းမုန့်ယောင်က တာဝန်တွေခွဲဝေပြီးတဲ့နောက် အလုပ်သမားတွေထဲကတစ်ယောက်က အုတ်ကြွပ်ပြားတွေသွားဝယ်သည်။နင်းမုန့်ယောင်က သူ့ကို ပိုက်ဆံပေးလိုက်သည်။နောက်ဆုံးမှာတော့ ရန်ရိရဲ့ခြေထောက်တွေကအားလုံးကောင်းသွားပြီဖြစ်တဲ့အတွက်နောက်ကလိုက်ဖို့စီစဉ်ထားသည်.......
"မိန်းကလေး ဆောက်လုပ်ရေးပြီးသွားရင် ဘာလုပ်ဖို့စီစဉ်ထားလဲ,"
ရန်ကျူးက အလုပ်သမားတွေသူတို့အလုပ်ကို စတင်လုပ်နေတာမြင်တဲ့အတွက်ကြောင့် သိချင်စွာမေးလိုက်သည်။
"ကြက်တွေမွေးပြီးတော့ငါးမွေးမယ်"
နင်းမုန့်ယောင်က တစ်ခုမှဖုံးကွယ်မထားဘဲ သူမလုပ်ဖို့စီစဉ်ထားတဲ့အရာတွေကိုသူ့ကိုပြောပြလိုက်သည်။
ရန်ကျူးက ထိုဟာကိုစဉ်းစားကြည့်လိုက်ပြီး အလုပ်ဖြစ်နိုင်တယ်လို့ခံစားမိသည်။
"ကောင်းပြီ အဲ့အချိန်ကျရင် ဦးလေးတို့မင်းကိုလာပြီးကူညီပေးမယ်"
"အစ်ကိုကြီးရန်ကျွန်မကိုကူညီပေးဖို့ဆုံးဖြတ်ပြီးပြီ"
သူမတစ်ယောက်ထဲ ဒါတွေအားလုံးကိုမလုပ်နိုင်ပေ။ဒီနေရာမှာလုပ်ဖို့လူအနည်းငယ်ရှာပြီး သူမကတော့ အပြင်ကကိစ္စတွေကိုစီမံရသည်။
"ဟုတ်ပြီ"......
လူတွေနင်းမုန့်ယောင်အိမ်မှာအလုပ်လုပ်နေတယ်ဆိုတဲ့သတင်းပြန့်သွားပေမယ့် ဘယ်သူမှဂရုမစိုက်ကြပေ။သူမမြေတွေအားလုံးကိုပတ်ချင်ရင်တောင်မှ အဲ့ဒါကသူမပြဿနာပဲဖြစ်လိမ့်မယ်။အဲ့ဒါတင်မဟုတ်ဘူး နင်းမုန့်ယောင်သူမကိုယ်သူမမိုက်မိုက်မဲမဲလုပ်တာကို မြင်ချင်တဲ့လူစုကလည်းမနည်းပေ။
ဒီကိစ္စနဲ့စပ်လျဉ်းပြီးတော့ နင်းမုန့်ယောင်ကထိုအကြောင်းကို လျစ်လျှူရှုထားသည်။သူမက ငါးကန်နဲ့ကြက်ခြံပြီးဖို့တစ်လလောက်အချိန်ကုန်ဆုံးခဲ့ရသည်။
ဒါတွေအလုပ်များပြီးတော့ ဆောင်းဦးရာသီရောကလာခဲ့သည်။နင်းမုန့်ယောင်က ချက်ချင်းကြီးမလုပ်ဆောင်ချင်ပဲ ပထမဆုံးရွှေဝါရောင်မြေကွက်ကိုကြည့်နေချင်သည်။
ဂျုံပင်တွေကိုထိုနေရာမှာစိုက်ပျိုးထားခဲ့ပြီးစပါးပင်တွေလည်းစိုက်ထားခဲ့သည်။ကြီးမားတဲ့ရွှေရောင်လယ်ကွက်ကြီးက ညင်သာတဲ့လေရဲ့တိုက်ခတ်မှုအောက်မှာ ယိမ်းနွဲ့နေပြီး ရွှေရောင်လှိုင်းလုံးတွေလာနေတာနဲ့တူသည်။ထိုဟာက ကြီးကျယ်ခမ်းနားပြီးလှပတဲ့မြင်ကွင်းတစ်ခုဖြစ်သည်။
နင်းမုန့်ယောင်ကပြုံးကာလှည့်ထွက်လာခဲ့သည်။
ဆောင်းဦးရောက်လာတဲ့အချိန်ကတည်းက ကလေးတွေကသူတို့မိဘအိမ်တွေကိုပြန်ပြီး မိသားစုကိုကူညီတာကြောင့် သူမအတွက်တကယ့်ကိုအနားယူရတဲ့အချိန်ရသွားသည်။
တောင်ပေါ်က အနီ၊အစိမ်းနဲ့အဝါရောင်သစ်ရွက်တွေကိုကြည့်ပြီး နင်းမုန့်ယောင်မျက်လုံးတွေတောက်ပသွားသည်။တောင်ပေါ်က အသီးတွေကလည်း မှည့်နေလောက်ပြီ ဟုတ်တယ်မလား?
စဉ်းစားပြီးတော့ နင်းမုန့်ယောင်ကခြင်းတောင်းပြန်ယူကာ တောင်ပေါ်မသွားခင်အိမ်တံခါးသော့ခတ်ထားခဲ့သည်။
သူမ မသိခဲ့တာက သူမထွက်သွားပြီးတဲ့နောက် လူတစ်ယောက်ကခိုးကြောင်ခိုးဝှက်နဲ့သူမအိမ်တံခါးရှေ့ရောက်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။အနီးနီးနားမှာတစ်ယောက်မှမရှိဘူးဆိုတာသေချာတာနဲ့ ထိုလူက သော့ကိုကလော်ဖွင့်လိုက်ပြီး အထဲကိုဝင်သွားခဲ့သည်။
သူမအထဲကိုဝင်ပြီးတဲ့နောက် တစ်ခန်းလုံးကိုနှံ့နေအောင်ရှာသည်။ဘာမှရှာမတွေ့တဲ့အခါ သူမကတိုးတိုးလေး ကျိန်ဆဲလိုက်သည်။
သူမက မီးဖိုချောင်ထဲမှာ စားစရာတွေအများကြီးရှာတွေ့ခဲ့သည်။ထမင်းဖြူ၊ခေါက်ဆွဲဖြူ၊အသားငါးနဲ့ ကုန်စိမ်းတို့ဖြစ်သည်။
ထိုဟာတွေကိုမြင်တော့ သူမက တံတွေးမြိုချလိုက်သည်။အဲ့ဒီနောက် ထိုပစ္စည်းအားလုံးကိုယူပြီး အပြင်ကိုအမြန်ပြေးထွက်သွားခဲ့သည်။
နင်းမုန့်ယောင်က တောင်ပေါ်မှာ သစ်သီးမျိူးစုံတွေ့ရပြီး သူမရဲ့စိတ်အခြေအနေကလည်းကောင်းမွန်လာသည်။စားလို့ရတဲ့အရာတစ်ခုကိုမြင်တာနဲ့ သူမကထိုဟာကိုခူးဆွတ်ပြီး သူမနောက်ကျောကခြင်းတောင်းထဲကိုထည့်သည်။တောင်ပေါ်မှာပေါက်နေတဲ့စပျစ်သီးတွေကိုတောင်သူမတွေ့ခဲ့သေးတယ်။
စပျစ်သီးတွေကိုမြင်တော့ နင်းမုန့်ယောင်မျက်လုံးတွေကအရောင်လက်သွားသည်။ဒါက ပစ္စည်းကောင်းပဲ။
သူမရဲ့ကျောခြင်းတောင်းကိုချထားလိုက်ပြီး ခြင်းတောင်းတစ်ဝက်နီးပါးပြည့်နေတာကိုတွေ့လိုက်ရသည်။နင်းမုန့်ယောင်က စပျစ်ခိုင်တွေကိုခူးလိုက်ပြီး သူမခြင်းတောင်းထဲအပြည့်ဖြစ်တဲ့အထိ ထည့်လိုက်သည်။
ခြင်းတောင်းကိုကျောမှာပြန်လွယ်လိုက်ပြီး နင်းမုန့်ယောင်ကခြေလှမ်းမြန်မြန်နဲ့ပြန်လာခဲ့သည်။သူမရဲ့ နဂိုကောင်းနေတဲ့စိတ်ခံစားချက်က သော့ဖျက်ထားတာကိုတွေ့ပြီးပျက်ဆီးသွားခဲ့သည်။သူမရဲ့ အမူအရာကရုပ်ဆိုးလာသည်။
အဖျက်ခံထားရတဲ့သော့ကိုကောက်ယူပြီး နင်းမုန့်ယောင်မျက်လုံးတွေက အေးစက်တဲ့အရိပ်အယောင်တွေပြည့်နှက်လာသည်။ကြည့်ရတာ အခုနောက်ပိုင်း သူမပဲ ပစ်မှတ်ထားခံနေရပုံပဲ။ဒါပေမယ့် သူမပစ္စည်းတွေက ယူဖို့လွယ်လို့လား?
နင်းမုန့်ယောင်က အထဲကိုဝင်သွားလိုက်ပြီး ပတ်ကြည့်လိုက်ကာ သူမအခန်းနဲ့တစ်ခြားအခန်းတွေက ရှုပ်ပွနေတာကို သတိပြုမိသွားသည်။သူမအခန်းထဲကပစ္စည်းတွေကို ယူမသွားပေမယ့် မီးဖိုချောင်ထဲကတော့ ကပ်ဘေးတစ်ခုဖြစ်သွားသလိုပင်။
သူမရဲ့ အသီးအနှံတွေမရှိတော့ဘဲ ဆန်တွေလည်းအတူတူပင်ဖြစ်သည်။ဆီဘူးတောင်မှ ယူသွားခံလိုက်ရတယ်။
အဲ့ဒီလူက ပိုက်ဆံရှာဖို့ကြိုးစားတာနဲ့တူပြီး ရှာမတွေ့ခဲ့တာကြောင့် နောက်ထပ်အကောင်းဆုံးအရာတွေဖြစ်တဲ့ သူမရဲ့ဆန်၊ခေါက်ဆွဲ၊ဆီ နဲ့ အသီးအနှံတွေကို ယူသွားခဲ့သည်။
အေးစက်စက်ပြုံးလိုက်ပြီး နင်းမုန့်ယောင်မျက်လုံးတွေက လှောင်ပြောင်သရော်မှုတွေနဲ့ပြည့်နှက်လာခဲ့သည်။သူမ ပစ္စည်းတွေကယူဖို့လွယ်လို့လား?သူမပစ္စည်းတွေယူသွားတဲ့အဲ့ဒီလူကို တန်းပြီး သွေးအန်သွားစေချင်တယ်။
အခန်းထဲမှာ သူမခြင်းတောင်းကိုပြန်ထားလိုက်ပြီး နင်းမုန့်ယောင်က ရန်ကျူးအိမ်ဆီထွက်သွားခဲ့သည်။
နင်းမုန့်ယောင်အိမ်ထဲ သူခိုးဝင်တယ်ကြားတဲ့အခါမှာ ရန်ကျူးကမတည်ငြိမ်တော့ဘဲ လူစုလိုက်သည်။
ထိုဟာတင်မကဘဲ သက်ကြီးရွယ်ပိုအချို့ပါရောက်လာခဲ့သည်။နင်းမုန့်ယောင်က သူတို့ကို သူမရဲ့ပျက်စီးနေတဲ့အခန်းတွေနဲ့မီးဖိုချောင်ကို ခေါ်ပြလိုက်သည်။ထိုလူတွေရဲ့မျက်နှာက မှောင်မဲပြီးကြောက်ဖို့ကောင်းလာသည်။သူတို့ပိုင်ရှန်းရွာကသူခိုးတစ်ယောက်ထွက်လာမှာစိုးရိမ်ရတယ်။