← Chapters

အခန်း ၅၉

Vol. 3 Ch. 59

အခန်း ၅၉

Vol. 3 Ch. 59

Chapter 59

နင်းမုန့်ယောင်က ရွာသားတွေရဲ့ဒေါသတွေကို အချိန်တိုအတွင်းနှိုးဆွပေးနိုင်လိုက်တဲ့ ရန်ကျူးကို မျက်နှာပေါ်မှာအပြုံးတစ်ခုနဲ့ကြည့်လိုက်ကာ သူမနှုတ်ခမ်းတွေကအသာလေးကွေးညွှတ်သွားပြီး လှောင်ပြောင်မှုအပြည့်နဲ့အပြုံးမျိုးဖြစ်သည်။

ရန်ကျူးဘေးကိုလျှောက်သွားလိုက်ပြီး နင်းမုန့်ယောင်က လူအုပ်ကြီးကို ကြည့်ကာ ပြုံးပြီးပြောလိုက်သည်။

"ဒီမှာရှိတဲ့လူတိုင်းက တစ်ရွာထဲသား‌တွေပါပဲ။ကျွန်မလည်း ဒီလိုမျိုး အကြီးကြီးရုန်းရင်းဆန်ခတ်ဖြစ်သွားအောင်လုပ်ဖို့ ဆန္ဒမရှိပါဘူး။တရားခံကသာ ကျွန်မဆီကခိုးသွားတဲ့ပစ္စည်းတွေအားလုံးကို မနက်ဖြန်မနက်ခင်းမှာ ပြန်ပေးရင် ကျွန်မဒီကိစ္စကိုမရှိခဲ့သလိုပဲ သဘောထားလိုက်ပါ့မယ်။ဒါပေမယ့် မနက်ဖြန်မနက်ခင်းကျရင် အခိုးခံလိုက်ရတဲ့ပစ္စည်းတွေ ကျွန်မမတွေ့ရဘူးဆိုရင်တော့ ဒါဆို ကျွန်မ ထိန်းမထားတော့ဘူး"

ဒီစကားတွေက တကယ့်ကို အကြီးမားဆုံးကြင်နာမှုပဲ။ပစ္စည်းတွေကိုသာပြန်ပေးလိုက်ရင် အားလုံးအဆင်ပြေသွားပြီ။ဒါလည်းမဆိုးပါဘူး။

လူအုပ်ကြီးက တိုးတိုးဆွေးနွေးကြပြီး နင်းမုန့်‌‌ယောင်က တအားကြင်နာလွန်းတယ်လို့ ခံစားကြရသည်။သူမ ပစ္စည်းတွေ အခိုးခံလိုက်ရတာတောင်မှ သူမက ဒီလိုပြောပေးနေသေးတယ်။ဒါက အမှန်တကယ့်ကို...........ဘယ်လိုစကားနဲ့ကောင်းတယ်လို့ပြောရမလဲ?

"မိန်းကလေးမုန့်ယောင်က ဒီလိုပြောမှတော့ ဒါဆို ဒီကိစ္စက ဒီနည်းနဲ့ပဲဖြေရှင်းလိုက်မယ်။ပစ္စည်းတွေခိုးသွားတဲ့လူက ကိုယ့်ကိုကိုယ်သိဖို့မျှော်လင့်တယ်"

ဒါပြောပြီးတော့ လူစုကွဲသွားကြသည်။ရွာသားတွေမှာ လုပ်စရာတွေရှိသေးတယ်။

အားလုံးထွက်သွားတာစောင့်နေရင်း ရန်ကျူးကနင်းမုန့်ယောင်ကိုကြည့်လိုက်ကာ

"ယောင်အာ မင်းဘယ်လိုလုပ်အဲ့လိုပြောလိုက်ရတာလဲ?ဦးလေးတို့စုံစမ်းရင်........."

"ဒါက နည်းလမ်းတစ်ခုဆိုပေမယ့်လည်း တစ်ခြားလူတစ်ယောက်ရဲ့အိမ်ကိုဝင်ပြီး စစ်ဆေးတာက မသင့်တော်ဘူးလေ။အဲ့ဒါကြောင့် ကျွန်မတွေးလိုက်တာက တရားခံသာကျွန်မပစ္စည်းတွေပြန်ပေးဖို့ ဆန္ဒရှိရင် အဲ့ဒါဆို အဆင်ပြေပါတယ်။မဟုတ်ရင်တော့ ရက်စက်လို့ဆိုပြီးကျွန်မကိုအပြစ်မတင်နဲ့ပေါ့"

နင်းမုန့်ယောင်မျက်လုံးများသည် အေးစက်နေသည်။

ရန်ကျူးက ခေါင်းငြိမ့်လိုက်သည်။

"ဘယ်သူလုပ်လဲဆိုတာ မင်းသိလား"

"အင်း ကျွန်မသိတယ်"

ကျန်တဲ့လူတွေက အေးစက်သွားပြီး တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ကြည့်လိုက်ကြသည်။ရန်ကျူးက သိချင်သွားခဲ့သည်

"မင်း ဘယ်လိုသိတာလဲ"

"စောနက လူစုနေတုန်းက ဘယ်သူကပုံမှန်မဟုတ်ဘူးလဲဆိုတာပဲ စဉ်းစားကြည့်လိုက်တာ"

လူတစ်ချို့က ပြန်စဉ်းစားကြည့်လိုက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့အားလုံးက နာမည်တစ်ခုကိုထုတ်ပြောလိုက်သည်။

နင်းမုန့်ယောင်ကခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ် သူ(မ)ပဲ"

"ဒါဆို ငါတို့ဘာလို့စောင့်နေဦးမှာလဲ"

"ဒါကအဆင်ပြေပါတယ်။သူ့(မ)ကို အခွင့်အရေးတစ်ခုလောက်ပေးလိုက်ရအောင်လေ"

နင်းမုန့်ယောင်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ငါတို့မင်းပြောတာနားထောင်လိုက်မယ်။ငါတို့ကူညီဖို့သွားပြီ။သူ(မ)က မနက်ဖြန်ပစ္စည်းတွေပြန်လာမပေးရင် ငါတို့ကိုပြော"

"ကောင်းပါပြီ"

ကျန်တဲ့လူတွေလည်း သီးနှံရိတ်ဖို့ထွက်သွားကြပြီး ရန်ကျူးနဲ့နင်းမုန့်ယောင်သာ အခန်းထဲကျန်နေခဲ့သည်။

ရန်ကျူးကနင်းမုန့်ယောင်ကို အပြစ်ရှိစွာကြည့်လိုက်သည်။နင်းမုန့်ယောင်ဆိုလိုတဲ့အဓိပ္ပာယ်ကို သူဘယ်လိုလုပ် မသိနိုင်ရတာလဲ?သူ့ကြီးကြပ်မှုအောက်မှာ ရွာသားတွေထဲကနေသူခိုးတစ်ယောက်ရှိလာခဲ့တယ်။ဒါသာသတင်းထွက်သွားရင် လူတွေက သူကောင်းကောင်းမအုပ်ချုပ်ဘူးဆိုပြီး ပြောကြတော့မယ်။အဲ့ဒီအချိန်ကျရင် သူဘာမှရှင်းပြနိုင်မှာမဟုတ်တော့ဘူး။

အဲ့ဒီလူ ပစ္စည်းတွေပြန်ပေးလိမ့်မယ်လို့ မျှော်လင့်ရတယ်။လူတိုင်းကို အရှက်မရစေချင်ဘူး။

နင်းမုန့်ယောင်က သူမမပြန်ခင် ရန်ကျူးနဲ့စကားအနည်းငယ်ပြောနေခဲ့သည်။သူမပြန်တဲ့အခါ ရန်ကျူးအိမ်ကနေ ဆန်တစ်အိတ်ဝယ်လာခဲ့သည်။

အခု သူမအိမ်မှာ စားစရာဘာမှမရှိပေ။သူမသာ မဝယ်ဘူးဆိုရင် သူမဆာလောင်နေရလိမ့်မယ်။

အိမ်ပြန်လာပြီးတော့ နင်းမုန့်ယောင်က ထမင်းချက်ကာ သူမရဲ့ယုန်သားနဲ့မှိုအနှစ်ကိုထုတ်ယူပြီး အဲ့ဒီနောက်သူတို့နှစ်ခုနဲ့စားခဲ့သည်။

စားပြီးတဲ့နောက် သူမက စတိုခန်းကိုသွားခဲ့ပြီး သူမစပျစ်သီးတွေကိုထုတ်လိုက်သည်။စပျစ်သီးတစ်ခိုင်ကို ဆေးပြီး စားကြည့်လိုက်တယ်။စပျစ်သီးက ချဉ်ပေမယ့် ချိုတော့ချိုတယ် အရသာကတော့ အရမ်းကောင်းတယ်။

ညစာစားပြီးတဲ့နောက် စောနေသေးတာကိုမြင်တော့ နင်းမုန့်ယောင်က လှည်းငှားပြီး မြို့ကိုသွားခဲ့သည်။မြို့ရောက်တော့ သူမက ကရားအိုးဆယ်ခု၊ဆန်၊ခေါက်ဆွဲ နဲ့ အသီးအရွက်တွေကိုဝယ်ခဲ့ပြီး အဲ့ဒီနောက်ပြန်လာခဲ့သည်။

သူမအိမ်ပြန်ရောက်တော့ အတော်မှောင်နေပြီဖြစ်ည်။သူမက လှည်းဖိုးပေးလိုက်ပြီး အဲ့ဒီနောက် ကြုံရာတစ်ခုခုစားလိုက်သည်။အဲ့ဒီနောက်မှသာ စပျစ်ဝိုင်စလုပ်ခဲ့သည်။

စပျစ်သီးတွေကိုမြင်တော့ သူမစိတ်ထဲရောက်လာတဲ့တစ်ခုထဲသောအရာက စပျစ်ဝိုင်ဖြစ်သည်။သူမက စပျစ်သီးအနှစ်အများကြီးလုပ်နိင်သေးပေမယ့် အဲ့လောက်မကြိုက်ပေ။

စပျစ်ဝိုင်လုပ်ဖို့စဉ်းစားမိတော့ နင်းမုန့်ယောင်မျက်လုံးတွေက အရောင်တောက်လာခဲ့သည်။

စပျစ်သီးအားလုံးကို နှစ်နာရီလောက်ကြာအောင် ချက်ပြီးတော့ သူမစိတ်ထဲ သူမဆက်လုပ်ရမယ်လို့တွေးလိုက်သည်။စပျစ်သီးတွေရှိနေသေးတာကို အခွင့်ကောင်းယူပြီး သူမမှာအလုံအလောက်မရှိရင်တောင်မှ စပျစ်ဝိုင်ပိုပြီးလုပ်ချင်သေးသည်။

အိပ်ရာပေါ်မှာလှဲနေရင်း သူမက အိပ်ပျော်သွားတဲ့အထိ စဉ်းစားပြီးရင်းစဉ်းစားနေခဲ့သည်။နောကတစ်ရက် သူမမျက်လုံးတွေပွင့်လာတဲ့အချိန် ကောင်းကင်ကလင်းနေပြီဖြစ်သည်။သူမအိပ်ရာထပြီးတာနဲ့ အပြင်ကိုကြည့်လိုက်ပြီး အပြင်မှာဘာမှမတွေ့ရပေ။

နင်းမုန့်ယောင်က အေးစက်စက်ရယ်လိုက်သည်။တရားခံက ဒီအခွင့်အရေးကိုမလိုချင်မှတော့ သူမလည်း စိတ်ထားကောင်းမနေတော့ဘူး။

သူမခန္ဓာကိုယ်ကိုလှည့်ကာ ယာဂုချက်ဖို့မီးဖိုချောင်ထဲကိုသွားလိုက်ပြီး သူမလုပ်ထားတဲ့ဟင်းတွေကိုထုတ်လိုက်သည်။စားပြီးတဲ့နောက် သူမကရွာထဲကို အေးအေးဆေးဆေးလမ်းလျှောက်သွားခဲ့သည်။

All Chapters