အခန်း ၆၀
Vol. 3 Ch. 60
Chapter 60
လူတွေက မျက်နှာသာပေးခံရတာတောင်မလိုချင်ကြဘူး ပြီးတော့ တရားခံက သူမဒီခိုးမှုကိုကျော်သွားလို့ရနိုင်မယ်ထင်ရင်တော့ ဒါဆို နင်းမုန့်ယောင်ဆိုတဲ့သူမကို ထိန်းမထားလို့ဆိုပြီး အပြစ်တင်နဲ့။
နင်းမုန့်ယောင် ရန်ကျူးအိမ်သွားတဲ့အချိန် ဘယ်သူမှမရှိပေ။သူမက အသာလေးမျက်ခုံးပင့်လိုက်ပြီး သူတို့ကောက်ရိတ်သွားမယ်ဆိုတာ သတိရသွားသည်။
ထိုအကြောင်းကိုစဉ်းစားမိတော့ သူမက လယ်ကွင်းဆီသွားလိုက်ပြီး ရန်ကျူးနဲ့သူ့မိသားစုကို သိပ်မဝေးတဲ့နေရာမှာတွေ့လိုက်သည်။နင်းမုန့်ယောင်ကိုမြင်တော့ ကောက်ရိတ်နေတဲ့လူတွေက ကြက်သေသေသွားသည်။ကြည့်ရတာ သူခိုးက သူမပစ္စည်းတွေပြန်မပေးပုံပေါ်သည်။
ပစ္စည်းတွေသာပြန်ပေးရင် သူမကဘာလို့ဒီရောက်လာဖို့လိုမှာလဲ?ပြန်မပေးလို့ပေါ့.....
"မိန်းကလေးမုန့်ယောင် ဒါက......."
"ဟုတ်တယ် ပစ္စည်းတွေပြန်မပေးဘူး"
"ဒါဆို ငါတို့....."
"ဦးလေးရန် မလိုပါဘူး။ကျွန်မတို့ဒီအကြောင်းပြောဖို့ညအထိစောင့်ကြတာပေါ့၊အခုတော့ ကောက်ရိတ်တာကပိုအရေးကြီးတယ်"
ဒါပြောပြီးတော့ သူမကကူညီဖို့ဆင်းလာခဲ့သည်။သူမက တစ်ခြားအရာတွေမကူညီနိုင်ပေမယ့်လည်း မြေကြီးပေါ်ကျနေတဲ့ ဂျုံနှံတွေကိုကောက်ယူတာကိုကူညီပေးနိုင်သည်။
တစ်နေ့လုံး နင်းမုန့်ယောင်က သူမဘာမှမစိုးရိမ်သလိုမျိုး ရန်ကျူးမိသားစုကို ကောက်ရိတ်တာကူညီပေးခဲ့သည်။သူမလက်ထဲကပိုက်ဆံအကြောင်းစဉ်းစားမိတော့ လူတွေသဘောပေါက်သွားကြသည်။
သူမက ပစ္စည်းတွေအခိုးခံရတာကို စိတ်ထဲမထားဘူး ဒါပေမယ့် ဒီလို ခိုးဝှက်တာကို မြိုချမပေးနိုင်တာဖြစ်သည်။
လူတွေအိမ်ပြန်ပြီးညစာစားပြီးကြတဲ့နောက် သူတို့အားလုံးကချိန်းဆိုထားခြင်းမရှိဘဲနင်းမုန့်ယောင်အိမ်ကိုရောက်လာခဲ့ကြပြီး မိသားစုတစ်စုသာမလာတာဖြစ်သည်။
သူတို့ကိုခေါ်ဖို့ စိတ်ထားကောင်းတဲ့လူတစ်ယောက်ရှိပြီး အထဲဝင်သွားတော့ ထမင်းဖြူ၊ဂျုံခေါက်ဆွဲ၊မန်ထို၊ကြက်ကင်နဲ့ ယုန်သားတို့ပြည့်နေတဲ့ စားပွဲဝိုင်းတစ်ဝိုင်းကိုတွေ့လိုက်ရသည်။ဒါ..........
"နင်ဘာလုပ်နေတာလဲ အထဲဝင်လာလေ"
သခင်မလော်ရဲ့စူးရှရှအသံကတစ်ဖက်လူနားထဲကိုထွက်ပေါ်လာသည်။
သခင်မလော်နဲ့သူမမိသားစုကိုခေါ်ဖို့လာတဲ့လူက သခင်မလော်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်
"ရွာသူကြီးက လူတိုင်းကိုသွားပြီး သူခိုးဖမ်းစေချင်တယ်"
သူကပြောပြီးတော့ စားပွဲပေါ်ကပြည့်နှက်နေတဲ့အစားအသောက်တွေကိုကြည့်လိုက်သည်။အဲ့ဒီအကြည့်က သခင်မလော်စိတ်ကို ကြောက်လန့်သွားစေသည်။
ပြောပြီးတာနဲ့ ထိုလူကချက်ချင်းထွက်သွားပြီး သခင်မလော်ကိုပြောဖို့အခွင့်အရေးမပေးပေ။
ယန်ရှိုးအာက သူမအမေကိုကြည့်လိုက်ပြီး သူမမျက်နှာက ဖြူဖျော့နေသည်
"အမေ....."
"ဘာမှမဖြစ်ဘူး၊မြန်မြန်စား။ငါတို့လည်းသွားကြည့်ကြမယ်။ပိုးဖလံတွေထွက်လာတော့မယ်"
သခင်မလော်က စိတ်မရှည်စွာပြောလိုက်ပြီး စိတ်မကျေနပ်သလိုဖြစ်နေသည်။ထိုဟာက ယန်ရှိုးအာပါးစပ်ကိုဖွင့်ပြီးတစ်ခုခုပြောလိုက်ချင်ပေမယ့် အဆုံးမှာတော့ စကားလုံးတွေကိုဗိုက်ထဲပြန်မျိုချလိုက်သည်။
ညစာစားပြီးတဲ့နောက် သခင်မလော်နဲ့သူမမိသားစုက ရွာသူကြီးအိမ်ကိုသွားခဲ့သည်။ဒါပေမယ့် သူတို့သွားတဲ့အချိန်မှာ လူတွေက သူတို့ကို စူးစမ်းတဲ့အကြည့်တွေနဲ့ကြည့်နေကြသည်။အဲ့ဒီအကြည့်တွေက ယန်ရှိုးအာကို အရမ်းမပျော်မရွှင်ဖြစ်စေသည်။
"နင်တို့ဘာကြည့်နေကြတာလဲ?!"
လူအုပ်ကြီးက အေးစက်စက်ပြုံးလိုက်ပြီး ဘာမှမပြောဘဲနေကာ ရန်ကျူးကိုသာကြည့်ပြီး
"ရွာသူကြီး လူရောက်လာပြီ"
ရန်ကျူးကခေါင်းငြိမ့်လိုက်ပြီး နင်းမုန့်ယောင်ကိုကြည့်ကာ သူမကိုယ်သူမပြောခွင့်ပေးလိုက်သည်။
နင်းမုန့်ယောင်ကလျှောက်တက်သွားပြီးအောက်ကလူတွေကိုကြည့်လိုက်သည်။အဲ့ဒီနောက် ရန်လဲ့လဲ့က အဖြူရောင်အဝတ်အိတ်တစ်ခုကိုထုတ်လိုက်သည်။
"ကျွန်မဘာလို့ အဝတ်အိတ်တစ်အိတ်ထုတ်လိုက်လဲဆိုတာ လူတိုင်းသိချင်နေကြမှာပဲ။တကယ်တော့ ဒါက သူခိုးဖမ်းဖို့ပါ"
လူအုပ်ကြီးက သူတို့ကိုယ်သူတို့စတင်ဆွေးနွေးပြောဆိုကြတော့သည်။အဝတ်အိတ်လေးက ဘယ်လိုလုပ်သူခိုးဖမ်းနိုင်ပါ့မလဲ?
"လူတိုင်းပူးပေါင်းကြလိမ့်မယ်လို့ကျွန်မမျှော်လင့်ပါတယ်။လူတိုင်းက ဒီအဝတ်အိတ်ကိုဆွဲရပါမယ်။ဒီပေါ်မှာအရာကျန်ခဲ့တဲ့လူက သူခိုးပဲ"
နင်းမုန့်ယောင်က ပြုံးကာရှင်းပြလိုက်သည်။
လူတွေကဒါကိုကြားတော့ အဆင်ပြေတယ်လို့တွေးတာကြောင့် ခေါင်းငြိမ့်ခဲ့ကြသည်။နင်းမုန့်ယောင်က အဝတ်အိတ်ကိုယူပြီး လူအုပ်ကြီးဆီလျှောက်သွားကာ တစ်ယောက်ချင်းထိခိုင်းလိုက်သည်။ဆွဲပြီးတော့ ဖွင့်ကြည့်ချင်တဲ့တစ်ယောက်ရှိပေမယ့် နင်းမုန့်ယောင်ဆီကနေ နောက်ကျအတူဖွင့်မယ်ဟုဆိုကာ အတားခံလိုက်ရသည်။
လူတိုင်းထိုဟာကိုဆွဲပြီးတဲ့နောက်မှာတော့ နင်းမုန့်ယောင်က သူတို့လက်တွေကိုဖွင့်ခိုင်းသည်။
အားလုံးတစ်ကြိမ်ထဲမှာပဲ လူအုပ်ကြီးကပေါက်ကွဲထွက်ကုန်သည်
"ဘာလို့ငါတို့လက်ပေါ်မှာမှင်မည်းတွေရှိနေရတာလဲ?မဟုတ်ဘူးလား"
လူအုပ်ကြီးကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး လူတိုင်းလက်တွေမှာမှင်တွေရှိနေတယ်ဆိုတာ သတိပြုမိသွားကယ ချက်ချင်းပဲမပျော်မရွှင်ဖြစ်လာကြသည်။ဒါက သူတို့အားလုံးက သူခိုးလို့ပြောနေတာပဲ မဟုတ်ဘူးလား?
နင်းမုန့်ယောင်ကတော့ တစ်နေရာကိုစိုက်ကြည့်လိုက်ပြီး သခင်မလော်လက်သာ ဖြူနေသည်။
"အန်တီလော် ကျွန်မအိမ်ကပစ္စည်းတွေက အရသာရှိရဲ့လား?"
နင်းမုန့်ယောင်က သခင်မလော်ရှေ့ကိုလျှောက်သွားလိုက်ပြီး သူမမျက်လုံးတွေကိုစိုက်ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။
သခင်မလော်ကပေါက်ကွဲသွားပြီး နင်းမုန့်ယောင်ကိုဒေါသတကြီးကြည့်ကာ
"ငါ့လက်ပေါ်မှာဘာမှမရှိဘူးလေ ဘာကိုကြည့်ပြီးငါ့ကိုသူခိုးလို့ပြောတာလဲ"
နင်းမုန့်ယောင်ကဘာမှမပြောဘဲ အိတ်အတွင်းဘက်ကိုလှန်လိုက်သည်။လူအုပ်ကြီးက အိတ်အောက်ခြေမှာမှင်သုတ်ထားကိုတွေ့လိုက်ရသည်။ဒါက နင်းမုန့်ယောင်မှင်သုတ်ထားတဲ့နေရာပဲ။
လက်ကအောက်ခြေအထိဆွဲတဲ့အခါကျရင် လက်ကိုမှင်စွန်းသွားလိမ့်မယ်။