← Chapters

အခန်း ၆၁

Vol. 3 Ch. 61

အခန်း ၆၁

Vol. 3 Ch. 61

Chapter 61

"ဦးလေးနဲ့ဒေါ်လေးတွေလက်အားလုံးမှာမှင်ပေနေတာက သူတို့ကအပြစ်မရှိလို့လေ ဒါကြောင့် သူတို့ကအောက်ခြေအထိနှိုက်ခဲ့တာ။ရှင်ကတော့ အပြစ်ရှိစိတ်ကြောင့် အောက်ခြေအထိမထိခဲ့ဘူးလေ ဒါဆို ရှင်ဘယ်လိုလုပ်မှင်ပေတော့မှာလဲ?"

နင်းမုန့်ယောင်ကရယ်လိုက်ပြီး သခင်မလော်ကိုကြည့်ကာ သူမရှင်းပြတာကိုစောင့်နေလိုက်သည်။

သခင်မလော်မျက်နှာကပြောင်းသွားသည်။

"ဒါ.....နင်ငါ့လို့ပြောလို့မရဘူး။ငါမလုပ်ဘူး"

သခင်မလော်က ထစ်ထစ်ငေါ့ငေါ့ပြောပြီး ယူသွားတဲ့တစ်ယောက်က သူမဆိုတာ မဝန်ခံပေ။

နင်းမုန့်ယောင်က သူမကိုဖိအားမပေးဘဲ ကြည့်သာကြည့်နေလိုက်ပြီး

"ရှင့်လက်တွေကိုအထဲထည့်တော့ ရှင်တစ်ယောက်ထဲအောက်ဆုံးကိုမထိတဲ့လူ မဟုတ်လောက်ဘူးဆိုပြီးတွေးခဲ့တာမလား ဒါကြောင့်ပဲရှင့်လက်ပေါ်မှာဘာမှမပေတာလေ။ဒါပေမယ့် ကျွန်မကအောက်ဆုံးမှာမှင်သုတ်ထားလိမ့်မယ်လို့တော့ရှင်မတွေးခဲ့ဘူး ဟုတ်တယ်မလား?ရှင်သာ အပြစ်မရှိဘူးဆိုရင် ဘာလို့မထိရဲရတာလဲ"

သခင်မလော်က ဆို့နင့်သွားပြီး ဘာမှမပြောနိုင်ပေ။သူမဘေးကလူက ဒါကိုမကြည့်နိုင်တော့ဘဲ

"ဟုတ်တယ် လူတိုင်းလက်တွေကမှင်စွန်းထားတာ။မင်းကျမှဘာလို့သန့်ရှင်းနေရတာလဲ?မိန်းကလေးမုန့်ယောင်ပြောသလိုမျိုး မင်းကအပြစ်ရှိနေတာပဲဖြစ်ရမယ်"

"ငါ..........ငါ........"

"နင် နင် နင် နင် ဘာလဲ?နင့်သမီးလည်းနှိုက်တာပဲ နင်ကဘာလို့မဟုတ်တာလဲ?နင့်ကိုဒီလိုမျိုး အပျိုလေးတစ်ယောက်ရဲ့ပစ္စည်းတွေခိုးတတ်တဲ့လူမျိုးလို့ ငါမထင်ထားခဲ့ဘူး။နင်ဘယ်လိုလုပ်အပြစ်ကင်းမှာလဲ"

သခင်မရန်က သခင်မလော်ကိုစိုက်ကြည့်ပြီးဒေါသတကြီးပြောလိုက်သည်။

ယန်ရှိုးအာက သူမအမေကို မယုံနိုင်စွာကြည့်လိုက်သည်။သူမ အမေက တကယ်ပဲခိုးခဲ့တဲ့သူလား?

မနေ့ကမနက်တုန်းက အမေကအပြင်ခဏထွက်သွားခဲ့ပြီး ဆန်ဖြူ၊ခေါက်ဆွဲဖြူ နဲ့အသီးအနှံတွေတောင်ပြန်ယူလာခဲ့သေးတယ်။သူမက မေးခဲ့ပေမယ့် သခင်မလော်ကဘာမှမပြောခဲ့ဘဲ အများကြီးမမေးဖို့သာပြောခဲ့တယ်။အခုဒါကိုမြင်တော့ သခင်မလော်ကတကယ့်ကိုမကောင်းတာတစ်ခုခုလုပ်ခဲ့တာပဲ။

"သခင်မလော်အိမ်ကိုသွားကြ"

ရန်ကျူးက သူ့သွားတွေကိုတင်းတင်းစေ့ထားလိုက်သည်။

ရွာသားတွေက သခင်မလော်အိမ်ကိုအတူသွားကြပြီး ကြောင်အိမ်ထဲမှာ ထမင်းဖြူ၊ခေါက်ဆွဲဖြူတွေနဲ့ ပစ္စည်းအားလုံးကို အိတ်တစ်ဝက်နီးပါးပြည့်နေတာ တွေ့လိုက်ရသည်။တစ်အိတ်ချင်းဆီမှာ ဘယ်လိုဆန်အမျိုးအစားပါဝင်တယ်ဆိုတာလည်းရေးထားသည်။

မီးဖိုချောင်ပေါ်မှာ သစ်သီးအမှည့်တစ်ချို့ကိုချိတ်ဆွဲထားသည်။

ထိုဟာတွေကိုမြင်တော့ လူတွေကတိတ်သွားကြသည်။အစတုန်းက သူတို့ကခန့်မှန်းရုံပဲ ဒါပေမယ့်အခု သက်သေတွေရှိတာကြောင့် ဒါကအမှန်ပဲ။

ရွာသားတွေက ချမ်းသာတဲ့လူတွေကလွဲလို့ကျန်တဲ့သူတွေက သူတို့ရဲ့ဆန်ဖြူနဲ့ခေါက်ဆွဲဖြူတွေကိုစားဖို့မထားဘဲရောင်းချကြသည်။သူတို့စားတာက ခေါက်ဆွဲကြမ်းနဲ့ဆန်လုံးညိုသာဖြစ်သည်။ဆန်ဖြူနဲ့ခေါက်ဆွဲဖြူကို အကြာကြီးနေမှတစ်ကြိမ်တစ်ခါသာစားကြပြီး နင်းမုန့်ယောင်တစ်ယောက်ထဲသာနေ့တိုင်းစားနိုင်တာဖြစ်သည်။

လူတွေရှေ့မှာ သက်သေကရှိနေခဲ့ပြီး လူအုပ်ကြီးက သခင်မလော်ကိုရွံရှာစွာကြည့်လိုက်သည်။သခင်မလော်က သူမဘာလုပ်ရမယ်မှန်းမသိတော့ဘဲ အခုမှ နောင်တရနေသည်။သူမ ပစ္စည်းတွေကို မီးဖိုချောင်ထဲမသိမ်းထားသင့်ဘူး ကောင်းကောင်းဖွက်ထားလိုက်ရမှာ။သူမ ဘယ်လိုလုပ် တုံးအရတာလဲ?

"ကြည့်ရတာ မင်းမိသားစုစားတဲ့ညစာက နင်းမုန့်ယောင်အိမ်ကခိုးထားတဲ့ဟာပဲဖြစ်ရမယ်"

စောနတုန်းက သခင်မလော်ကိုသွားခေါ်တဲ့လူက သူတို့ကိုထေ့ငေါ့စိုက်ကြည့်ပြီးပြောလိုက်သည်။

ယန်ရှိုးအာက သူမအမေကိုစိုက်ကြည့်လိုက်ပြီး ဘယ်လိုခံစားရမယ်ဆိုတာမသိတော့ပေ။သူမ အမေကို အပြစ်တင်ရမှာလား?

သူမ မလုပ်နိုင်ဘူးလေ ဒါကြောင့် တိတ်တိတ်လေးပဲနေနေလိုက်တယ်။

ယန်ရှိုးအာကဘာမှမပြောပေမယ့် သခင်မလော်ရဲ့ခင်ပွန်းကတော့ ဒေါသထွက်နေခဲ့သည်။သူက ရှေ့လျှောက်သွားပြီး သခင်မလော်မျက်နှာကိုရိုက်ပစ်ခဲ့သည်။

"ဒီပစ္စည်းတွေကိုဝယ်လာတာလို့မင်းပြောခဲ့တာလေ။ဒါမင်းပြောတဲ့ ဝယ်တယ်ဆိုတာလား,"

ယန်ဟွားက သခင်မလော်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ဒီစကားတွေထွက်လာတာနဲ့ သူမနင်းမုန့်‌ယောင်ပစ္စည်းတွေခိုးခဲ့တယ်ဆိုတာ အသိအမှတ်ပြုပြီးသားဖြစ်သွားသည်။

လူအုပ်ကြီးက သူတို့ကိုလက်ညှိုးထိုးပြီးပြောဆိုကြသည်။ယန်ရှိုးအာကသိလိုက်တယ် အခုကနေစပြီးတော့ သူခိုးတစ်ယောက်ရဲ့သမီးဆိုပြီး သူမဂုဏ်သိက္ခာကကောင်းမှာမဟုတ်တော့ဘူး။

ဟက် ဒါ သူမအမေတဲ့လေ။

"မိန်းကလေး ငါတကယ့်ကိုတောင်းပန်ပါတယ်"

ယန်ဟွားကိုကြည့်လိုက်ပြီး နင်းမုန့်ယောင်ကလှောင်လိုက်သည်။အခုမှ တောင်းပန်တယ်ပြောတာလား?အစောကြီးတုန်းက ဘာလို့မဟုတ်လဲ?ယန်ဟွားက သူ့မိသားစုအခြေအနေကိုမသိဘဲမနေဘူး။သခင်မလော်က သူမဝယ်လာတယ်လို့ပြောလိုက်တာနဲ့ သူကယုံပစ်လိုက်တာပဲ။ဘယ်လိုတောင် ရူးတာလဲ။

ဒီလိုအကြည့်မျိုးကိုသုံးပြီး တစ်ယောက်ယောက်ကစိုက်ကြည့်နေတာက ယန်ဟွားမျက်နှာကိုမှိန်ဖျော့သွားစေသည်။ရန်ကျူးက သူတို့ဘေးကိုလျှောက်လာပြီး အလေးအနက်ပြောလိုက်သည်

"ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးကြရအောင်"

"ငါ ပစ္စည်းတွေပြန်ပေးပြီး ပျောက်သွားတဲ့အရာတွေအတွက်လျော်ကြေးပေးပါ့မယ်"

ယန်ဟွားက ချက်ချင်းပြောလိုက်သည်။

နင်းမုန့်ယောင်က ပြုံးလိုက်ပြီး

"ဒါဆို သူ(မ)ကရော"

သူတို့အားလုံးက နင်းမုန့်ယောင်လက်ညှိုးထိုးတဲ့နေရာကိုကြည့်လိုက်ပြီး ထိုဟာက မြေကြီးပေါ်လဲကျနေတဲ့သခင်မလော်ဖြစ်သည်။

"ဒါ......မိန်းကလေး မင်းရဲ့ဒေါ်လေးကိုတစ်ကြိမ်လောက်လွှတ်ပေးလိုက်ပါ့လား?ငါ သူ့ကို ကောင်းကောင်းသင်လိုက်မယ်"

ယန်ဟွားက နေရခက်စွာနဲ့ သူ့ဆံပင်ပွတ်လိုက်ပြီး ရှက်ရွံ့စွာပြောလိုက်သည်။

ဒါပေမယ့် နင်းမုန့်ယောင်က လှောင်ပြောင်သလိုရယ်လိုက်သည်

"သူ(မ)ကို လွှတ်ပေးရမယ်ပေါ့?ရှင့်မျက်နှာကဘယ်လောက်ကြီးနေလို့ကျွန်မကသူ(မ)ကိုလွှတ်ပေးရမှာလဲ?"

အိမ်ကနေခိုးသွားတဲ့ပစ္စည်းတွေက သူမဟာတွေဖြစ်ပြီးတော့ အခု သူကဒီကိစ္စကိုပေါ့ပေါ့လေးကျော်သွားချင်တယ်ပေါ့လေ?သူမကို အရူးလို့ထင်နေတာလား?

All Chapters