← Chapters

အခန်း ၆၂

Vol. 3 Ch. 62

အခန်း ၆၂

Vol. 3 Ch. 62

Chapter 62

ယန်ဟွားက နည်းနည်းလေးတော့ စိတ်ဆင်းရဲသွားတယ်။ဘာပဲဖြစ်ဖြစ် သူတို့ကနင်းမုန့်ယောင်ရဲ့အကြီးတွေပဲလေ။သူတို့က ပစ္စည်းတွေပြန်ပေးတယ်လေ ဒါကိုပဲ သူမက မကျေနပ်သေးဘူး။

"ဒါကိုမင်းဘယ်လိုကိုင်တွယ်ချင်တာလဲ"

နင်းမုန့်ယောင်က သဘာကျသွားပြီး ယန်ဟွားစကားကြောင့် အဆက်မပြတ်ရယ်မောခဲ့သည်။

"ရှင်ကကျွန်မကို ကျွန်မဘာလုပ်ချင်လဲလို့မေးတာလား?ကျွန်မသူ့(မ)ကို အခွင့်အရေးမပေးခဲ့လို့လား?အခုမှလာပြီး ကျွန်မဘာလုပ်ချင်လဲလို့မေးတာက နောက်မကျလွန်းဘူးလား?"

နင်းမုန့်ယောင်က ယန်ဟွားကိုစိုက်ကြည့်ပြီး အေးစက်စက်ပြုံးပြလိုက်သည်။

ယန်ဟွားက နင်းမုန့်ယောင်စကားတွေနဲ့အပိတ်ခံလိုက်ရပြီး နင်းမုန့်ယောင်ကိုသာ စားမတတ်ဝါးမတတ်စိုက်ကြည့်နေသည်။အဲ့ဒီအကြည့်က အရမ်းရုပ်ဆိုးတယ်။

နင်းမုန့်ယောင်က ထိုဟာကို ဂရုမစိုက်ပဲ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ယူထားတာတွေကတော့ပြန်ပေးရမှာပဲ သူ့(မ)ကို အရာရှိတွေဆီပို့ရမယ်"

အရာရှိတွေဆီပို့မယ်ဆိုတဲ့စကားလုံးကိုကြားတော့ ယန်ဟွားနဲ့ယန်ရှိုးအာက သူတို့မျက်နှာတွေဖြူဖျော့သွားသည်အထိ ထိတ်လန်သွားခဲ့သည်။

"မရဘူး နင်အမေ့ကို အရာရှိတွေဆီပို့လို့မရဘူး"

ယန်ရှိုးအာက ချက်ချင်းပြေးထွက်လာပြီး သူမခေါင်းကိုအဆတ်မပြတ်ရမ်းနေသည်။

ရွာထဲမှာပဲဆိုရင်တော့ ဒါကကိစ္စကြီးမဟုတ်ပေ။ဒါပေမယ့် အရာရှိတွေပါဝင်လာတာနဲ့ ဒါဆို သူမဘယ်လိုနေသွားရတော့မှာလဲ?ဒါက လူတိုင်းကို သူမအမေက သူခိုးတစ်ယောက်ပါဆိုပြီး ပြောတာပဲမဟုတ်ဘူးလား?

"ယန်ရှိုးအာ ဘယ်လိုအနေအထားမျိုးနဲ့နင်ကငါ့ကို နင့်အမေကိုအရာရှိတွေဆီမခေါ်သွားဖို့ပြောရတာလဲ?အရာရှိတွေဆီအပို့မခံချင်ရင် ဒါဆို ဒီလိုဟာမျိုးမလုပ်နဲ့လေ။ ဒီနေ့မနက်မှာငါ့ပစ္စည်းတွေပြန်ရရင် ဒါဆို ငါသူခိုးကိုခွင့်လွှတ်လိုက်မယ်လို့ မနေ့ကပြောခဲ့ပြီးသား။ဒီနေ့လည်း တစ်နေ့လုံးငါ့ပစ္စည်းတွေပြန်လာပေးဖို့ငါစောင့်နေခဲ့တယ်။ဒါပေမယ့် နင့်အမေကဘာလုပ်ခဲ့လဲ?"

နင်းမုန့်ယောင်က ယန်ရှိုးအာကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး သူမအသံကအေးစက်ကာပြတ်သားသည်။

ဘေးနားကလူတွေက နင်းမုန့်ယောင်ကအနည်းငယ်နှလုံးသားမဲ့တယ်လို့တွေးခဲ့ကြပေမယ့် အခုပြန်စဉ်းစားကြည့်လိုက်တော့ မှန်တယ် သူမပစ္စည်းတွေသာပြန်ရရင်သူခိုးကိုခွင့်လွှတ်ပေးမယ်ဆိုပြီး သူမကမနေ့ကသူတို့ကိုပြောခဲ့တယ်။သူမက တစ်နေ့လုံးလည်းရွာသူကြီးအိမ်မှာနေပြီးအခွင့်အရေးပေးခဲ့တယ်။ဒါက သခင်မလော်ကို အခွင့်အရေးပေးခဲ့တာပဲမဟုတ်ဘူးလား?

သူမအခွင့်အရေးကို သူမဘာသာတန်ဖိုးမထားတာကို ဘယ်သူ့ကိုအပြစ်တင်လို့ရမှာလဲ?အခုဒါကိုပြောနေတာက အရမ်းနောက်ကျမနေဘူးလား။

သခင်မ‌လော်ကနင်းမုန့်‌ယောင်ပြောတာကိုကြားတဲ့အချိန် သူမစိတ်ထဲမစွဲထားပေ။ရွာမှာလူတွေအများကြီးရှိတာကို သူမပစ္စည်းတွေခိုးတာ သူမှန်း နင်းမုန့်ယောင်ကဘယ်လိုသိတာလဲ?ဘာပဲဖြစ်ဖြစ် သူတို့ကသခင်မလော်ခေါင်းထဲသွားရှာနေတာမဟုတ်ဘူးလေ။

ဒါပေမယ့် သူမဘဝင်မြင့်လို့မရသေးခင်မှာပဲ ဖမ်းမိသွားခဲ့တယ်။ဒါ ဒါ.......သူမ ဒါကိုဘယ်လိုတုံ့ပြန်ရမလဲ?

နင်းမုန့်ယောင်က ကြမ်းပြင်ပေါ်ကိုထိုင်ချလိုက်ပြီး သခင်မလော်ရဲ့ နီရဲဖောင်းနေတဲ့မျက်နှာကိုကြည့်ကာ

"အခုမှနောင်တရမနေနဲ့တော့။နောင်တရနေတာက အသုံးမဝင်တော့တာ အရမ်းဆိုးတာပဲ"

ယန်ရှိုးအာက နင်းမုန့်ယောင်ရဲ့သနားတဲ့စကားတွေကိုကြားတော့ မျက်နှာပြောင်းသွားသည်။သူမက နင်းမုန့်ယောင်ကို တောင်းပန်တဲ့ပုံစံနဲ့ကြည့်လိုက်ပြီး

"မုန့်ယောင် ငါနင့်ကိုတောင်းဆိုပါတယ်။နင်လိုချင်တာဘာဖြစ်ဖြစ် ငါတို့မိသားစုကပေးမယ်လေ။ငါ့အမေကိုသာ အရာရှိတွေဆီမပို့ပါနဲ့။ငါ့အမေသာ အရာရှိတွေဆီအပို့ခံလိုက် ငါ့အတွက်ပြီးသွားပြီ"

"နင့်ကိစ္စတွေပျက်ဆီးသွားတာငါကဘာလုပ်ရမှာလဲ?ပြီးတော့ နင့်မိသားစုကငါ့ကိုဘာပေးနိုင်မှာလဲ?တစ်ခြားစကားနဲ့ပြောရရင် နင့်မိသားစုကငါလိုချင်တဲ့အရာပိုင်လို့လား?"

နင်းမုန့်ယောင်က ကြွားနေတာမဟုတ်ပေ။

ဘယ်လိုပဲပြောပြော သူမက အခု မြေရှင်လေးဖြစ်နေပြီး သူမလက်ထဲမှာပိုက်ဆံတွေရှိသည်။သူမလိုချင်တာ သူမရနိုင်သည်။

ယန်ရှိုးအာမိသားစုက အလယ်လတ်တန်းစားဖြစ်ပြီး သိပ်မကောင်းပေ။နင်းမုန့်ယောင်လိုချင်တာကို သူတို့ပိုင်နိုင်ပါ့မလား?

"နင်ဘာလိုချင်တာလဲ!"

ယန်ရှိုးအာကထိုဟာကိုလက်မခံနိုင်ဘဲ အော်ဟစ်လိုက်သည်။

နင်းမုန့်ယောင်က အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး မပြုံးချင်ပြုံးချင်ပြုံးကာ

"ဒီစကားတွေက ငါကပဲမှားတဲ့လူလိုလုပ်နေတာပဲ။ငါကနင့်အမေကို သော့ဖျက်ပြီးတော့ငါ့ပစ္စည်းတွေခိုးခိုင်းခဲ့လို့လား?ဒါမှမဟုတ် ငါကနင့်အမေကိုအဲ့လိုလုပ်ဖို့ဆွဲခေါ်သွားတာလား"

ရှိနေတဲ့လူတွေက နင်းမုန့်ယောင်မှားတယ်လို့ မခံစားရပေ။အဲ့ဒီအစား ယန်ရှိုးအာနဲ့သူ့အဖေက တကယ့်ကိုမကောင်းဘူးလို့ခံစားရသည်။မင်းဘာလိုချင်တာလဲဆိုတာကြားရတာထူးဆန်းတယ်။မင်းမိသားစုကအပြစ်လုပ်ထားတာ‌တောင်မှ မင်းတို့ကတစ်ခြားလူကိုအပြစ်‌တင်နေသေးတယ်။

"ဦးလေးရန် ကျေးဇူးပြုပြီးဦးလေးလှည်းကိုကျွန်မတို့ကိုငှားပါ"

ပြောပြီးတာနဲ့ သခင်မလော်ကိုအပြင်ဆွဲထုတ်သွားခဲ့သည်။

ယန်သားအဖက တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီး သူတို့မျက်နှာတွေပြောင်းသွားသည်။သူတို့ကချက်ချင်း နင်းမုန့်ယောင်လမ်းကိုပိတ်လိုက်သည်

"မုန့်ယောင် ငါ့မိသားစုကမှားတယ်ဆိုတာငါသိပါတယ်။နင်ငါ့အမေကိုဒီတစ်ခါတော့လွှတ်ပေးလိုက်ပါ။ငါနင့်ကိုတောင်းဆိုပါတယ်"

ယန်ရှိုးအာကမြေကြီးပေါ်မှာဒူးထောက်ပြီး နင်းမုန့်ယောင်ကိုအသနားခံလိုက်သည်။

နင်းမုန့်ယောင်က သူမခေါင်းကိုငုံ့ကာ ယန်ရှိုးအာကိုကြည့်လိုက်ပြီး သခင်မလော်ကိုမြေကြီးပေါ်ပစ်ချလိုက်သည်။သခင်မလော်ကဖြည်းဖြည်းချင်းအသိပြန်ဝင်လာခဲ့သည်။နင်းမုန့်‌ယောင်ကိုမြင်တော့ သူမက ဒေါသတကြီးဆဲဆိုတော့သည်

"နင် မိန်းမပျက်မ!နင်ကများငါ့ကိုတွန်းချရဲတယ်!ဒီမိန်းမကြီးကနင့်ကို ဆန့်ကျင်ဘက်လုပ်ပြမယ်!"

လူအုပ်ကြီးက နင်းမုန့်ယောင်က အစတုန်းကသခင်မလော်ကိုလွှတ်ပေးချင်တာမြင်တယ် ဒါပေမယ့် သခင်မလော်ကအခုဖျက်ဆီးပစ်လိုက်ပြီ။သူတို့မျက်နှာတွေကထူးဆန်းသွားသည်။သခင်မလော်ကတကယ့်ကို သူမအတွက်ဘာကကောင်းတယ်ဆိုတာမသိဘူးပဲ။

All Chapters