← Chapters

အခန်း ၆၃

Vol. 3 Ch. 63

အခန်း ၆၃

Vol. 3 Ch. 63

Chapter 63

နင်းမုန့်ယောင်က ဘာမှမပြောဘဲတိတ်တိတ်လေးနေပြီး သူမကိုကျိန်ဆဲနေတဲ့မိန်းမကြီးကိုစိုက်ကြည့်နေလိုက်သည်။ရှေးတုန်းကလူတွေက ရိုးသားပြီးသစ္စာရှိတယ်လို့ သူတို့အားလုံးပြောကြတာမဟုတ်ဘူးလား?ဒါဆို ဘာလို့ ဒီမိန်းမတွေက အပေါက်ဆိုးနေရတာလဲ?

သူမက ဒီတစ်ကြိမ်တော့ ယန်ရှိုးအာပြောတာမှန်နေတဲ့အတွက် လွှတ်ပေးသင့်လားမပေးသင့်ဘူးလားစဉ်းစားခဲ့တယ်။သူမသာ သခင်မလော်ကိုတရားရုံးကိုတကယ်ပို့လိုက်ရင် ဒါဆို ယန်ရှိုးအာသိက္ခာလည်းပျက်ဆီးသွားပြီး သိက္ခာမရှိတော့တဲ့အပျိုစင်တစ်ယောက်က ကောင်းကောင်းလက်ထပ်နိုင်ပါတော့မလား?နင်းမုန့်ယောင်က‌တော့ စဉ်းစားကြည့်တာ ရမယ်မထင်ဘူး။

သူမ သခင်မလော်ကို ပြင်းပြင်းထန်ထန်မကြိုက်ရင်တောင်မှ သူမယန်ရှိုးအာရဲ့ဂုဏ်သိက္ခာကိုမဖျက်ဆီးနိုင်ပေ။

ဒါပေမယ့် ဒီသခင်မလော်က သူ့အုတ်ဂူသူပြန်တူးနေတာရပ်ဦးမှာလား?မင်းသင်္ချိုင်းကိုမင်းမတူးရင် မင်းသေမှာမဟုတ်ဘူးဆိုတဲ့စကားကိုသူတို့မသိကြဘူးလား?

ယန်ရှိုးအာမျက်နှာက သိသိသာသာပြောင်းလဲသွားသည်။အခုလေးတင် နင်းမုန့်ယောင်စိတ်ပျော့သွားတာသူမခံစားမိတယ် ဒါပေမယ့် အဲ့စကား‌တွေကြားလိုက်ရတာက အခြေအ‌နေကိုပြောင်းသွားစေတယ်။

ယန်ရှိုးအာပြောတာကိုစောင့်မနေဘဲ နင်းမုန့်ယောင်က သခင်မလော်ရှေ့ကိုလျှောက်သွားလိုက်ပြီး သူမကိုပါးရိုက်လိုက်သည်။

"ရှင့်အတွက်ရှင်မတွေးဘူးဆိုရင်တောင်မှ ရှင့်သမီးအတွက်တွေးပေးသင့်တယ်။ဒီလိုဆဲဆိုနေတာကကောင်းလို့လား"

နင်းမုန့်ယောင်က သခင်မလော်ရဲ့ဝက်တစ်ကောင်နဲ့တူနဲ့မျက်နှာကိုကြည့်လိုက်သည်။

သခင်မလော်က တွန့်ခနဲဖြစ်သွားပြီး သူမမျက်နှာကရှက်ရွံ့မှုကြောင့်နီရဲလာခဲ့သည်။ယန်ဟွားက သူ့မိန်းမအရိုက်ခံရတာကိုမြင်တော့ ဒေါသထွက်လာခဲ့သည်။သူပဲသူမကိုရိုက်လို့ရမယ် တစ်ခြားလူတွေကတော့မရဘူး။

"သူ(မ)က မင်းထက်အကြီးလေ။နင်းမုန့်ယောင် မင်းတကယ်သူ(မ)ကိုရိုက်လိုက်တာပဲ ကြွက်စုတ်မ!"

နင်းမုန့်ယောင်က ယန်ဟွားကိုတိတ်တဆိတ်ကြည့်နေလိုက်သည်။သူမဘယ်တုန်းက ကြွက်စုတ်ဖြစ်သွားတာလဲ?အဲ့ဒီပါးရိုက်လိုက်တာကြောင့်လား?သူမသာကြွက်စုတ်ဆိုရင် ဒါဆို မော်ဒန်ခေတ်ကယောကျာ်းဆန်ဆန်မိန်းမတွေကို ဘယ်လိုလုပ်ကြမလဲ?

"ကောင်းပြီ ကြည့်ရတာကျွန်မရဲ့ကြင်နာမှုကိုမလိုလားတဲ့ပုံပဲ။ဒေါ်လေးရန် ကျွန်မကိုကူပေးပါဦး"

နင်းမုန့်ယောင်က ယန်ဟွားရဲ့မိသားစုကို ခဏကြည့်လိုက်သည်။

သခင်မရန်က သူမပြောတာကိုနားထောင်ပြီး ချက်ချင်းသ‌ခင်မလော်ဆီလျှောက်သွားကာ သူမကိုကြိုးချည်လိုက်ပြီး မြို့ကိုသွားမယ့်လှည်းပေါ် တင်လိုက်သည်။

လှည်းဖြေးဖြေးချင်းထွက်သွားတာကိုကြည့်ပြီး ယန်ရှိုးအာက နောက်ဆုံးမှာတော့ တုံ့ပြန်လာကာ ပြေးပြီးသူတို့ရဲ့လမ်းကိုပိတ်လိုက်သည်

"မုန့်ယောင် ငါ့မိသားစုက ဒီကိစ္စမှာ မှားတယ်ဆိုတာသိပါတယ် ဒါပေမယ့်.......ဒါပေမယ့် ငါ့မျက်နှာကိုထောက်ပြီး သူတို့ကိုဒီတစ်ခေါက်တော့လွှတ်ပေးပါ့လားဟင်"

"နင့်မျက်နှာက ဘယ်လောက်ကြီးနေလို့လဲ"

နင်းမုန့်ယောင်က ယန်ရှိုးအာကို အေးစက်စက်ကြည့်လိုက်သည်။သူမက သူတို့ကိုအခွင့်အရေးတွေတစ်ခုပြီးတစ်ခုပေးခဲ့ပေမယ့် သူတို့ကတော့တန်ဖိုးမထားခဲ့ပေ၊ဒါကို သူမကိုအပြစ်တင်လို့မရဘူး။

"လဲ့လဲ့ ယန်ရှိုးအာကို ဆွဲထုတ်လိုက်"

ရန်လဲ့လဲ့ကခေါင်းငြိမ့်လိုက်ပြီး လူတွေပါလာတဲ့လှည်းကနေယန်ရှိုးအာကိုဆွဲထုတ်လိုက်သည်။

ဘယ်သူကမှ နင်းမုန့်ယောင်ကိုရက်စက်လွန်းတယ်လို့မပြောကြဘဲ ဒါကလုပ်သင့်တယ်လို့ပဲတွေးကြသည်။နင်းမုန့်‌ယောင်က သခင်မလော်ကိုလွှတ်ပေးဖို့လုပ်နေတာ သူတို့အားလုံးမြင်တယ်။ဒါပေမယ့် သခင်မလော်ကတော့သူမကိုဆဲဆိုလိုက်တယ်။ဒါက လူတွေရဲ့သည်းခံနိုင်စွမ်းကိုကုန်သွားစေတာပဲမလား?သူမကို ကောင်းကောင်းခံရအောင်လုပ်သင့်တယ်။

သခင်မလော်ကိုမြို့ကိုခေါ်သွားခဲ့သည်။နင်းမုန့်‌‌ယောင်က မြို့တော်ဝန်နိုးလာအောင်လို့ ဆူညံအောင်လုပ်ခဲ့သည်။သူ့ရဲ့သက်သောင့်သက်သာအိပ်စက်နေတာနှောင့်ယှက်ခံလိုက်ရတာကြောင့် မြို့တော်ဝန်မျက်နှာကမကောင်းတော့ပေ။ပြီးတော့ တစ်ယောက်ယောက်ကခိုးမှုဖြစ်တယ်လို့ကြားသိရပြီး ခိုင်လုံတဲ့သက်သေတွေရှိတဲ့အပြင် ခိုးထားတဲ့ပစ္စည်းတွေကလည်း သူခိုးရဲ့အိမ်မှာရှိနေသေးသည်။

တူချပြီးတဲ့နောက်မှာ အပြစ်ဒဏ်အနေနဲ့ ထောင်သုံးလချလိုက်ပြီး ပျဉ်ပြားနဲ့ဆယ်ချက်အရိုက်ခံခိုင်းသည်။

ဒီကိစ္စကိုစီမံပြီးတဲ့နောက် နင်းမုန့်ယောင်က မြို့တော်ဝန်‌ကိုကျေးဇူးတင်လိုက်ပြီး သခင်မရန်နဲ့ နွားလှည်းအတူတူစီးကာ ရွာကိုပြန်လာခဲ့သည်၊

လူသုံးယောက်ပြန်သွားပြီးတဲ့နောက်မှာ ရွာသားတွေမထွက်သွားသေးပေ။သခင်မလော်က ပျဉ်ချပ်နဲ့ဆယ်ကြိမ်အပြစ်ပေးခံရတာကိုသိပြီး ထောင်သုံးလဆိုတာကိုသိတော့ ယန်ရှိုးအာကမေ့လဲသွားပြီး ယန်ဟွားကတော့ တုံ့ပြန်ရုံသာတတ်နိုင်သည်။ဒါက သူတို့အမှားပဲ။

လူအုပ်ကြီးက ဒီရလဒ်ကိုမျှော်လင့်ထားပြီး သူတို့အိမ်တွေကိုပြန်သွားခဲ့သည်။နင်းမုန့်ယောင်က လှည်းသမားကိုပိုက်ဆံအနည်းငယ်ပေးလိုက်ပြီး ပစ္စည်း‌တွေကိုသူမအိမ်ဆီပြန်ရွှေ့သွားသည်။

ဒါပေမယ့် သူမကကရားတွေကိုတော့မလိုချင်တော့ပေ ဘာကြောင့်လဲဆိုတော့ ထိုဟာရဲ့မျက်နှာပြင်ပေါ်မှာညစ်ပတ်နေတဲ့အရာတွေမြင်လိုက်ရပြီး သူမကိုရွံရှာသွားစေသည်။

နင်းမုန့်ယောင်ထွက်သွားပြီးတဲ့နောက် ယန်ရှိုးအာမျက်လုံးတွေကမှောင်မိုက်နေပြီး မုန်းတီးရက်စက်မှုတွေနဲ့ပြည့်နှက်နေသည်။

"ငါ ဒီကိစ္စကိုဒီအတိုင်းထားလိုက်မှာမဟုတ်ဘူး"

သူမ တောင်းပန်ပြီးရင်းတောင်းပန်ခဲ့ပေမယ့် နင်းမုန့်ယောင်က ဒါကိုခွင့်မလွှတ်ပေးခဲ့ဘူး။ဒါက သူမကိုဘယ်လိုလုပ် ‌‌စိတ်မတိုဘဲနေစေမှာလဲ?ဒေါသထွက်တာလား?

သူမတစ်‌ယောက်‌ယောက်ထဲမဟုတ်ဘူး ရန်လဲ့လဲ့နဲ့သူ့မိသားစုကိုလည်းမလွှတ်ထားဘူး။သိပ်မကြာခင် ဒါမှမဟုတ် နောက်ကျရင် ဒီကိစ္စအတွက်သူတို့တွေပြန်ပေးဆပ်ရအောင်သူမလုပ်ပြမယ်။

"ရှိုးအာ......"

"အဖေ စိတ်မပူပါနဲ့၊သမီး နည်းလမ်းစဉ်းစားကြည့်ပါဦးမယ်"

ယန်ရှိုးအာက ယန်ဟွားစကားတွေကို ညင်သာစွာဖြတ်ပြောလိုက်သည်။သူမစိတ်ထဲမှာတော့ သူမအဖေက အသုံးမဝင်နဲ့အပြင် မကူညီနိုင်ဘဲနဲ့ ပြဿနာတောင်ရှာလိုက်သေးတယ်လို့ တွေးနေမိသည်။

All Chapters