← Chapters

အခန်း ၆၄

Vol. 3 Ch. 64

အခန်း ၆၄

Vol. 3 Ch. 64

Chapter 64

သခင်မလော်ရဲ့ပြဿနာကိုဖြေရှင်းပြီးတော့ နင်းမုန့်ယောင်ကအိမ်ပြန်ရေချိုးကာ အိပ်လိုက်သည်။နောက်တစ်နေ့မနက်မှာ သူမခူးလာတဲ့စပျစ်သီးတွေက ကုန်ခါနီးနေတာကြောင့် သူမရဲ့ကျောခြင်းတောင်းကိုယူပြီးတောင်ပေါ်တက်သွားပေမယ့် သူမက တောင်ရဲ့ဒီအမြင့်ပိုင်းနဲ့အကျွမ်းတဝင်မရှိပေ။

သူမ ပြဿနာဖြစ်နေတုန်းမှာပဲ နင်းမုန့်‌ယောင်က ‌တောင်ပေါ်ကဆင်းလာတဲ့ချောင်ထျန်းချန်ကိုတွေ့လိုက်ရပြီး သူမမျက်လုံးတွေကအရောင်လက်သွားသည်။သူက နေ့တိုင်းတောင်ကို အတက်အဆင်းလုပ်နေတာဆိုတော့ သူသိလောက်တယ်မလား?

"ရီ ခဏစောင့်ဦး"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကိုမြင်တာကြာပြီဖြစ်ပေမယ့် နှုတ်ဆက်ဖို့စိတ်ကူးမရှိခဲ့ပေ။သူမ သူ့ကိုခေါ်တာကြားတော့ သူ့ခြေလှမ်းတွေရပ်တန့်သွားသည်။

"တစ်ခုခုရှိလို့လား"

နင်းမုန့်ယောင်ကခေါင်းညိမ့်လိုက်သည်။ဒါပေါ့ သူမမှာကိစ္စတစ်ခုရှိပြီးတော့ ထိုဟာက အရမ်းအရေးကြီးတာဖြစ်တယ်။

"တောင်ရဲ့ဘယ်အပိုင်းကဒီလိုအစေ့မျိုးရှိလဲဆိုတာရှင်သိလား"

နင်းမုန့်‌ယောင်‌ယောင်ရဲ့တောက်ပတဲ့မျက်လုံးတွေက ချောင်ထျန်းချန်ကိုစိုက်ကြည့်နေပြီး သူမမျက်လုံးတွေက မျှော်လင့်ချက်ပြည့်နေသည်။

သူ့ခေါင်းကိုငုံ့ကာ သူမလက်ထဲကအစေ့တွေကိုကြည့်လိုက်ပြီး ချောင်ထျန်းချန်ကခေါင်းငြိမ့်လိုက်သည်။

"ငါသိတယ် အများကြီးပဲ"

ဒီဟာက နင်းမုန့်‌ယောင်ကိုပျော်ရွှင်သွားစေသည်။သူမအသံက နူးညံ့နေပြီး

"အဲ့ဒါတွေခူးဖို့ရှင်ကျွန်မကိုခေါ်သွားပေးလို့ရလား"

ချောင်ထျန်းချန်ကသူ့ခေါင်းကိုငုံ့လိုက်ပြီး နင်းမုန့်ယောင်ကဘာလိုအဲ့ဒါတွေလိုချင်နေတာလဲဆိုတာ နားမလည်ပေ။သူမက အဲ့ဒီချဉ်တဲ့အရာကိုစားရတာကြိုက်လို့လား?ဒါပေမယ့် ဒါကခြင်းတစ်ဝက်တောင်ပြည့်နေပြီလေ မလောက်သေးဘူးလား?

"သူတို့ကအရမ်းချဉ်တယ်"

"ကျွန်မသိတယ်။ကျွန်မကအဲ့ဒါကိုစားမလို့မဟုတ်ဘူး စပျစ်ဝိုင်ချက်ချင်လို့။ရှင်ကျွန်မကိုကူပြီးတော့အဲ့ဒါတွေကိုခူးပေးလေ ပြီးရင် ကျွန်မဝိုင်ချက်တဲ့အခါကျရင် ရှင့်ကိုတစ်ဝက်ပေးမယ် ဘယ်လိုလဲ?"

နင်းမုန့်‌ယောင်က ချောင်ထျန်းချန်ကို ရွှန်းလဲ့တောက်ပတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့သည်။

ချောင်ထျန်းချန်က သူမဝိုင်ချက်တဲ့အကြောင်းပြောကတည်းက စိတ်ဝင်စားနေပြီဖြစ်သည်။

ဝိုင်ရယ် အခုသူမရဲ့တောက်ပတဲ့မျက်လုံးအစုံကိုကြည့်ပြီး သူကမတတ်နိုင်ဘဲ ပြုံးလိုက်သည်။

သူ သူမကိုတွေ့ခဲ့တဲ့ ပထမဆုံးအကြိမ်က သူမက အေးစက်ပြီးတော့ အထီးကျန်ဆန်နေတဲ့ပုံပေါက်ပေမယ့် အခုသူမမှာလည်း ဒီလိုချစ်စရာကောင်းတဲ့ဘက်ခြမ်းရှိသေးတာလား?

"ကောင်းပြီ ငါမင်းကိုကူညီပေးမယ်။မင်းဒါတွေယူပြီးအိမ်ပြန်လိုက် ငါတောင်ပေါ်တက်ပြီးအသီးတွေခူးလိုက်မယ် ဒါတွေက တောင်ရဲ့နက်တဲ့အပိုင်းမှာရှိလို့"

ချောင်ထျန်းချန်ကနင်းမုန့်ယောင်ကိုကြည့်ပြီး သူ့သားကောင်တွေကို သူမဆီပေးလိုက်သည်။ကံကောင်းစွာနဲ့ ဒီနေ့သားကောင်တွေကအရမ်းမများတာကြောင့် သူမ အဲ့ဒါတွေအကုန်လုံးကိုမယူသွားနိုင်မှာ သူစိုးရိမ်စရာမလိုတော့ဘူး။

"ဟုတ်ပြီ"

နင်းမုန့်ယောင်က ရယ်ပြီး ခေါင်းငြိမ့်ပြကာ သူ့သားကောင်တွေကိုယူပြီး လှည့်ထွက်သွားသည်။ချောင်ထျန်းချန်စပျစ်သီးတွေခူးလာပြီးတဲ့အခါကျရင် သူမဘယ်လိုယူမယ်ဆိုတာ မစဉ်းစားခဲ့ပေ။

အိမ်ပြန်လာပြီးတော့ သူမလက်ထဲကစပျစ်သီးတွေကိုဝိုင်လုပ်ဖို့ချက်လိုက်ပြီး အဲ့ဒီနောက် သားကောင်တွေကိုကြည့်လိုက်သည်။သူမက ခဏလောက်စဉ်းစားလိုက်ပြီး ချောင်ထျန်းချန်က သူမကို ကူညီခဲ့တာကြောင့် သူမသူ့ကို ညစာဖိတ်မကျွေးသင့်ဘူးလား?

ဒါကိုစဉ်းစားမိတော့ နင်းမုန့်ယောင်က ကြက်မွှေးနုတ်ပြီးရင်ချက်ဖို့ရေနွေးတည်လိုက်သည်။

ချောင်ထျန်းချန်က စပျစ်သီးအပြည့်ပါတဲ့ခြင်းတောင်းကိုသယ်ပြီးပြန်လာတဲ့အချိန် နင်းမုန့်ယောင်လည်း ဟင်းချက်လို့ပြီးသွားသည်။

ချောင်ထျန်းချန်က သူအထဲဝင်လာတဲ့အချိန်မှာ အရမ်းမွှေးတဲ့အစားအသောက်အနံ့ကိုရပြီး သူ့ဗိုက်ကိုပွတ်လိုက်ကာ ရုတ်တရုက်ဗိုက်ဆာလာခဲ့သည်။

"ရှင်ပြန်လာပြီလား?စားကြရအောင်"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကိုနှုတ်ဆက်လိုက်သည်။

ချောင်ထျန်းချန်ကခေါင်းငြိမ့်လိုက်ပြီး သူ့မျက်နှာသစ်ဖို့ရေတွင်းဘက်ကိုလျှောက်သွားလိုက်သည်။စားပွဲပေါ်မှာ အရသာရှိတဲ့ဟင်းပွဲတွေအများကြီးရှိနေပြီး ချောင်ထျန်းချန်ကသွားရည်ကျချင်သလိုဖြစ်လာခဲ့သည်။

"ကျွန်မကိုကူပြီး အသီးတွေခူးပေးတဲ့အတွက် ရှင့်ကိုကျေးဇူးတင်ပါတယ်"

"ရပါတယ်"

ချောင်ထျန်းချန်ကခေါင်းငြိမ့်ပြပြီးစားလိုက်သည်။အရသာက အရမ်းကောင်းပြီး သူအရင်ကစားဖူးတဲ့ဟင်းပွဲတွေထက် အရသာပိုရှိသည်။

နင်းမုန့်ယောင်က စကားမပြောဘဲ ဘေးနားကနေသာ ဖြေးဖြေးချည်းစားနေခဲ့သည်။

ညစာစားပြီးတဲ့နောက် ချောင်ထျန်းချန်က နင်းမုန့်ယောင်ခြင်းတောင်းကိုလှပ်ပြီး ဝိုင်စချက်ဖို့လုပ်နေတာမြင်တော့ သူကမေးလိုက်သည်

"မင်းငါ့ကိုကူပေးစေချင်လား"

"ကျွန်မအိုးထဲကသကြားကမလောက်ဘူး ရှင်ကျွန်မကိုဝယ်ပေးလို့ရလား"

"ငါဝယ်ပေးမယ်"

"ကျွန်မရှင့်ကိုပိုက်ဆံပေးလိုက်မယ်"

သူမက ငွေတွေထုတ်လိုက်သည်။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့သားကောင်တွေကိုရောင်းချင်နေတာ။ငါ့ဝိုင်ရဲ့တစ်စိတ်တစ်ပိုင်းဆိုတော့ မင်းကိုဝယ်ဖို့ကူပေးတာကအဆင်ပြေပါတယ်၊ဒီဝိုင်ဖိုးကိုမင်းကိုမျှပေးမယ်လေ"

ချောင်ထျန်းချန်ကပြောပြီး သူ့သားကောင်တွေကိုယူကာ ထွက်သွားသည်။

နင်းမုန့်ယောင်က ကြောင်နေခဲ့ပြီး အဲ့ဒီနောက် ရယ်လိုက်ကာ ဝိုင်ချက်တာဆက်လုပ်နေခဲ့သည်။

သူဝိုင်အိုးနဲ့သကြားဝယ်လာတာကိုစောင့်ပြီးတဲ့နောက် နင်းမုန့်ယောင်က ဝိုင်ချက်တာတစ်ဝက်ပြီးသွားခဲ့သည်။

နောက်ရက်အနည်းငယ်မှာ ချောင်ထျန်းချန်က သားကောင်ကြီးယူလာခဲ့ပြီး နေ့ခင်းဆို နင်းမုန့်ယောင်အိမ်ကို စပျစ်သီးအပြည့်အိတ်ယူလာခဲ့ကာ သူမကို အရှက်ရစေခဲ့သည်။ဒါကြောင့် သူမက နေ့တိုင်း ချောင်ထျန်းချန်အတွက်အရသာရှိတာတွေချက်ပေးခဲ့ပြီး သူ့သားကောင်တွေကိုသုံးကာ အသားအနှစ်တစ်ချို့လုပ်လိုက်ပြီး သူ့ကိုမှိုအနှစ်အချို့ပေးခဲ့သည်။

ဒါက ချောင်ထျန်းချန်ကိုအရမ်းပျော်ရွှင်သွားစေသည်။ပထမဆုံးအကြိမ်စားပြီးကတည်းက သူကဒါကိုတောင်းချင်ခဲ့ပေမယ့် မေးရမှာအရမ်းရှက်နေခဲ့သည်။

ဝိုင်ချက်တဲ့ကိစ္စကြောင့် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကပိုမိုနီးစပ်လာခဲ့သည်။

All Chapters