← Chapters

အခန်း ၆၅

Vol. 3 Ch. 65

အခန်း ၆၅

Vol. 3 Ch. 65

Chapter 65

ဝိုင်ချက်ပြီးခါနီးမှာ လယ်ကွက်နဲ့ငါးကန်က လုပ်ရုံလုပ်ထားပြီး အခုထိအသုံးမပြုရသေးတာကို နင်းမုန့်ယောင်သတိရသွားသည်။

ထိုဟာကိုသေသေချာချာစဉ်းစားပြီးတော့ နင်းမုန့်‌ယောင်က ကြက်နဲ့ဘဲအချို့ဝယ်ပြီး မွေးဖို့ဆုံးဖြတ်လိုက်သည်။ဒါပေမယ့် သူမတစ်ယောက်ထဲကသာအဲ့ဒါကိုလုပ်ရင် ရလဒ်ကကျေနပ်စရာကောင်းမှာမဟုတ်ဘူး။ဒါဆို သူမဘာလုပ်သင့်လဲ?

သူမမေးစေ့ကိုပွတ်လိုက်ပြီး ဒီကိစ္စကိုကြီးကြပ်ပေးဖို့ လူတစ်ယောက်လောက်ရှာရန်ဆုံးဖြတ်ခဲ့သည်။

တစ်ယောက်ယောက်ကိုအလုပ်ခန့်မယ့်အကြောင်းစဉ်းစားလိုက်တော့ နင်းမုန့်‌ယောင်ကမျက်မှောင်ကြုံ့သွားသည်။ဒီနေရာအတွက်ရွာထဲကလူ ဘယ်သူသင့်တော်တယ်ဆိုတာသူမ မသိတဲ့အတွက် ဒါကအနည်းငယ်ခက်ခဲသည်။

စားပွဲခုံပေါ်လှဲနေရင်း စူးရှတဲ့မျက်လုံးတွေနဲ့စဉ်းစားနေခဲ့သည်။

ဒီအချိန်မှာပဲ ချောင်ထျန်းချန်ဝင်လာခဲ့ပြီး သူမနားကိုရောက်လာသည်။သူ့ခေါင်းကိုငုံ့ကာသူမမျက်လုံးတွေကိုကြည့်လိုက်ပြီး

"မင်းဘာလုပ်နေတာလဲ"

ခေါင်းတစ်လုံးကသူမရှေ့မှာရုတ်တရက်ပေါ်လာတာကြောင့် နင်းမုန့်ယောင်ကလန့်ပြီး ခုန်လိုက်မိကာ ချောင်ထျန်းချန်ကိုယ်ပေါ်လဲကျသွားသည်။

"သတိထား။မင်းက လူကြီးဖြစ်နေပြီကို အခုထိနမော်နမဲ့နိုင်နေသေးတယ်"

ချောင်ထျန်းချန်ကနင်းမုန့်ယောင်ကိုကူကယ်ရာမဲ့စွာကြည့်လိုက်ပြီး တိုးတိုးလေး‌ပြောလိုက်သည်။

နင်းမုန့်ယောင်က သူမကိုယ်သူမ သူ့ရင်ခွင်ထဲကနေရုန်းထွက်လိုက်ပြီး သူမမျက်နှာကရှက်တာကြောင့်နီရဲနေကာ မျက်လုံးတွေက ဘယ်ညာကြည့်ပြီး ချောင်ထျန်းချန်ကိုမကြည့်ပေ။အဲ့ဒီအမူအရာက ချောင်ထျန်းချန်ကိုရယ်မောသွားစေပြီး သူကခေါင်းရမ်းလိုက်သည်။

"ငါဒီနေ့လာတာက မင်းကိုအကူအညီတစ်ခုတောင်းချင်လို့"

ချောင်ထျန်းချန်ကနင်းမုန့်‌ယောင်ကိုအမှန်အကန်ကြည့်ပြီး သူ့မျက်လုံး‌တွေကအလေးအနက်ရှိနေသည်။

နင်းမုန့်ယောင်က သူ့ကို သင်္ကာမကင်းစိုက်ကြည့်လိုက်ပြီး

"ပြောကြည့်လေ"

"မင်းငါ့ကိုကူပြီးတော့ အသားအနှစ်နဲ့မှိုအနှစ်လုပ်ပေးလို့ရလား?မင်းဆီကနေငါအဲ့ဒါတွေဝယ်တယ်လို့ သဘောထားလိုက်လေ"

ချောင်ထျန်းချန်က သူမကို သူဘာအတွက်လာတယ်ဆိုတာ ပြောပြလိုက်သည်။

"မလိုပါဘူး။ရှင်စားချင်ရင်ဒီကနေယူသွားလို့ရတယ် ဝယ်စရာမလိုဘူး"

နင်းမုန့်ယောင်က သူမခေါင်းကိုအသာရမ်းလိုက်ပြီး ချောင်ထျန်းချန်ကိုလိုလိုလားလားကြည့်လိုက်သည်။

သူက သူမကို အများကြီးကူညီပေးထားတာ ဒါကို ကျေးဇူးဆပ်တယ်လို့ မှတ်ယူလို့ရတယ်။

ချောင်ထျန်းချန်က မတ်တပ်ရပ်ကာ နင်းမုန့်ယောင်နဲ့မျက်လုံးချင်းဆုံလိုက်ပြီး အလေးအနက်ထားပြောလိုက်သည်

"တကယ်တော့ ဒါတွေကို ငါ့သူငယ်ချင်းကိုပို့ပေးချင်တာ"

"အာ?"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို မှေးမှိန်တဲ့အမူအရာနဲ့ကြည့်လိုက်သည်။

"မလုပ်နိုင်ဘူးလား"

"မလုပ်နိုင်တာတော့မဟုတ်ဘူး နည်းနည်းဒုက္ခများတယ်။ကျွန်မတစ်ယောက်ထဲမလုပ်နိုင်ဘူး"

နင်းမုန့်ယောင်က ပုခုံးတွန့်လိုက်ပြီး စိတ်မပါသလိုပြောလိုက်သည်။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ခန္ဓာကိုယ်သေးသေးလေးကိုစိုက်ကြည့်လိုက်ပြီး သူမဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်သည်။နောက်ဆုံးတော့ သူကစကားမပြောဘဲ ငြိမ်နေခဲ့လိုက်သည်။

"ကျွန်မ တစ်ယောက်ယောက်ကို အလုပ်ရုံငယ်လေးတစ်ခုဆောက်ခိုင်းလိုက်ရင်ဘယ်လိုလဲ?ကျွန်မပြီးသွားတဲ့အခါကျရင် ရှင့်သူငယ်ချင်းကိုလာခိုင်းလို့ရတာပေါ့"

လက်တလောမှာ သူမက သူမရဲ့ကိုယ်ပိုင်ကိစ္စတွေကိုလုပ်ချင်‌နေပြီး ဒီလို အလုပ်ရုံငယ်လေးတစ်ခုဖွင့်လိုက်တာက မဆိုးပေ။

ချောင်ထျန်းချန်က ထိုဟာကိုစဉ်းစားကြည့်လိုက်ပြီး အဆင်ပြေတယ်လို့ခံစားရသည်။သူသာ ချက်ချင်းဝယ်လိုက်ရင် ဒါဆို သူမက သေချာပေါက်ဈေးပေါပေါနဲ့ရောင်းရလိမ့်မယ်။သူက သူမကို ပိုက်ဆံဝင်စေချင်မှတော့ သူမကို အရှုံးခံခိုင်းမှာမဟုတ်ဘူး

(အမယ်လေးဟဲ့ ကဲသဲနေတာ🙄)

"ကောင်းပြီ စိတ်မပူပါနဲ့ သူကပိုက်ဆံပြတ်နေတဲ့လူမဟုတ်ဘူး။အဲ့ဒီအချိန်ကျရင် ဈေးကိုအားမနာဘဲပြောလိုက်"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ပြောစရာစကားကင်းမဲ့စွာကြည့်လိုက်ပြီး သူမနှာသူမနှာခေါင်းကိုပွတ်ကာ စိတ်ဓာတ်ကျစွာနဲ့

"ကျွန်မက မရိုးမသားရောင်းတဲ့လူပုံစံပေါက်နေလို့လား"

"မတူပါဘူး"

"ပိုက်ဆံလိုနေတဲ့လူပုံစံလား"

ချောင်ထျန်းချန်က သူမကိုကြည့်ကာ ခေါင်းရမ်းလိုက်ပြီး

"ပိုက်ဆံပိုပေးတာက မင်းလက်ကိုလှုပ်နိုင်မှာမဟုတ်ဘူး"

နင်းမုန့်ယောင်က သူမမေးစေ့ကိုကိုင်ကာ ချောင်ထျန်းချန်ကိုစိုက်ကြည့်လိုက်ပြီး သူမကြည့်နေတဲ့အကြည့်ကြောင့် ချောင်ထျန်းချန်ကမတတ်နိုင်ဘဲ သူ့လည်ပင်းသူပြန်ပွတ်ကာ သူမကို သတိထားကြည့်လိုက်သည်။

"မင်းငါ့ကိုဘာလို့အဲ့လိုကြည့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး။ဝင်ငွေကိုရှင်ခွဲချင်လားမခွဲချင်ဘူးလားဆိုတာမေးမလို့။ကျွန်မတို့အမြတ်ကိုတစ်ယောက်ဆီခွဲကြမယ်လေ"

နင်းမုန့်ယောင်က သူက သူမကို သတိကြီးကြီးထားပြီးစိုက်ကြည့်နေတာကြောင့် သူမပုခုံးကိုတွန့်ပြီးအပြစ်မရှိ‌ကြောင်းပြလိုက်သည်။

ချောင်ထျန်းချန်ကစဉ်းစားလိုက်ပြီး ဒါကဖြစ်နိုင်တယ်လို့ခံစားမိသည်

"ဟုတ်ပြီ ဒါပေမယ့် ငါတစ်ဝက်မယူဘူး ဆယ်ပုံသုံးပုံဆိုအဆင်ပြေတယ်"

"ကောင်းပြီ ကျွန်မဦးလေးရန်ကိုအကူအညီတောင်းပြီးလူရှာခိုင်းလိုက်မယ်။သူတို့က ရွာနဲ့ပိုပြီးရင်းနှီးတယ်လေ။စီမံခန့်ခွဲဖို့ ရိုးသားတဲ့လူတစ်ယောက်ရှာကြရအောင်"

နင်းမုန့်ယောင်က သူမမေးစေ့ကိုပွတ်ပြီး သက်သောင့်သက်သာပြောလိုက်သည်။

"မင်းဒါကိုဆုံးဖြတ်လိုက်ငါကဝင်ငွေကိုပဲစီမံလိုက်မယ်"

နင်းမုန့်‌ယောင်က ချောင်ထျန်းချန်ကိုမျက်စောင်းထိုးလိုက်ပြီး

"ပြောတာလွယ်လိုက်တာ။ရှင်က မြို့နဲ့အကျွမ်းတဝင်ရှိတယ် ပြီးတော့ ကျွန်မက လိုအပ်တဲ့ကုန်ပစ္စည်းတွေရှာချင်သေးတယ်။ကုန်ပစ္စည်းမရှိဘဲ ကျွန်မတို့ဘယ်လိုလုပ်မလဲ"

"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"

သူမလက်တွေနဲ့ စားပွဲခုံကိုခေါက်နေပြီး နင်းမုန့်ယောင်က သူမအရင်ဘဝက မတူညီတဲ့ အနှစ်တွေအကြောင်းစဉ်းစားလိုက်ပြီး သူတို့ကနည်းနည်းလေးမဟုတ်ဘူးဆိုတာသူမသိသည်။သူမက တကယ်တော့ ဒီနေရာမှာတစ်ခါမှမမြင်ဖူးတဲ့ တိုဟူးချဉ်လုပ်နိုင်သည်။

"အနှစ်အမျိုးအစားတွေကအများကြီးပဲ အမဲသားအနှစ်၊ယုန်သားအနှစ်၊ကြက်သားအနှစ် ပြီးတော့ ရွာသားတွေလုပ်တာနဲ့မတူတဲ့ပဲနဲ့လုပ်ထားတဲ့အနှစ်မျိုးတွေလည်းရှိတယ်။"

နင်းမုန့်ယောင်က သူမဘာလုပ်ချင်တယ်ဆိုတာ သူ့ကိုပြောပြလိုက်သည်။

"ကောင်းပြီ မင်းဆုံးဖြတ်လိုက် ငါကနားမလည်ဘူး”

All Chapters