← Chapters

အခန်း ၆၆

Vol. 3 Ch. 66

အခန်း ၆၆

Vol. 3 Ch. 66

Chapter 66

"အမဲသားကရှာရခက်တော့တော့ကျ သူ့ကိုဖယ်ထားလိုက်မယ်။ယုန်ကတော့ အစပိုင်းတော့ဝယ်ရမှာပေါ့ ဒါပေမယ့် ရှင်ကျွန်မ ‌မွေးဖို့ ယုန်လေးနည်းနည်းလောက်ပေးလို့ရလား"

သူမရဲ့ အရင်းအမြစ်တွေကပိုကောင်းတယ်။သူမက ကြက်နဲ့ဘဲမွေးချင်တယ် မဟုတ်ရင် သူမအရင်းအမြစ်လိုတဲ့အခါကျရင် ပြဿနာများသွားလိမ့်မယ်။

"ကောင်းပြီ ငါမင်းကိုကူပြီးဖမ်းပေးမယ်"

နင်းမုန့်‌ယောင်‌က ဟမ်ခနဲ့သဘောတူလိုက်ပြီး သူတို့နှစ်ယောက်က တစ်ခြားအရာတွေဆွေးနွေးတိုင်ပင်ကကာ အဲ့ဒီနောက် သူမက ချောင်ထျန်းချန်ကိုကြည့်ပြီး

"ကျွန်မ နည်းနည်းလောက်သိချင်တယ်၊ရှင့် သူငယ်ချင်းက ဒါကိုဘာလို့ဝယ်ချင်တာလဲ"

"သူငါ့ဆီကိုတစ်ခါလာဖူးတယ်လေ။ပြီးတော့ အဲ့ဒါကအရသာရှိတယ်လို့တွေးပြီး ဒါကိုဝယ်ချင်သွားတာ"

နင်းမုန့်ယောင်လုပ်တဲ့ ယုန်သားအနှစ်နဲ့မှိုအနှစ်က တကယ့်ကို အရသာရှိတယ်။မနက်ခင်းကျရင် သူကမန်ထိုပေါင်းပြီး တစ်ခြားဟင်းမလုပ်တော့ပေ။အနှစ်ကိုသာသုံးပြီး မန်ထိုအကြီးကြီး လေးငါးခြောက်လုံးလောက်ကို အရသာရှိရှိစားနိုင်တယ်။

ဒါတွေကိုသာရောင်းမယ်ဆိုရင် အမြတ်ကတော်တော်ကြီးမှာ။

"အိုး အဲ့လိုကိုး....."

"ဒါဆို ငါ့ကံကိုစမ်းဖို့တောင်တက်လိုက်ဦးမယ်"

နင်းမုန့်ယောင်နဲ့စကားပြောပြီးတာနဲ့ ချောင်ထျန်းချန်ကတောင်တက်ဖို့ပြင်လိုက်သည်။သူ ယုန်တွေ ဖမ်းမိမယ် မဖမ်းမိဘူးဆိုတာ ဘယ်သူသိမှာလဲ?

ချောင်ထျန်းချန်ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်ကရွာထဲကိုသွားခဲ့သည်။ရန်ကျူးအိမ်ကိုရောက်တော့ ရန်ကျူးကအိမ်ထဲမှာမရှိဘဲ ရန်ရိပဲရှိနေတာသတိထားမိသည်။

"အစ်ကိုကြီးရန် ရှင့်ခြေထောက်တွေအဆင်ပြေရဲ့လား"

နင်းမုန့်ယောင်က ထိုဟာကိုစဉ်းစားမိပြီး စိတ်အားထက်သန်စွာမေးလိုက်သည်။

ရန်ရိက သူ့ခြေထောက်တွေကိုကြည့်ကာ ပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်။

"ဒါက ကောင်းနေပါပြီ ညီမလေးကိုကျေးဇူးတင်ပါတယ်"

"ဒါဆို ကျွန်မ အစ်ကိုကြီးရန်ဆီကနေ အကူအညီ‌တောင်းလို့ရလား"

နင်းမုန့်ယောင်က အနည်းငယ်စဉ်းစားပြီးမေးလိုက်သည်။

ရန်ရိက သူလုပ်နေတာတွေရပ်သွားပြီး နင်းမုန့်‌ယောင်ကိုအာရုံစိုက်ကြည့်ကာ

"ကျေးဇူးပြုပြီးပြောပါ"

"ကျွန်မက ကြက်တွေ၊ဘဲတွေ၊ယုန်တွေ မွေးဖို့စဉ်းစားထားတာမလို့ ကြက်ခြံဆောက်ထားတယ်။ကျွန်မ ဝက်နည်းနည်းလောက်လည်းမွေးချင်သေးတယ် ဒါပေမယ့် ကျွန်မတစ်ယောက်ထဲ သူတို့အားလုံးကိုမစီမံနိုင်ဘူး အဲ့ဒါကြောင့် ကျွန်မကိုကူပြီး စီမံခန့်ခွဲပေးမယ့် လူတစ်‌ယောက်ကိုရှာဖို့စဉ်းစားလိုက်တာ။ရှင်လုပ်နိုင်လား?ကျွန်မရှင့်ကို လတိုင်းလစာပေးမှာပါ"

နင်းမုန့်‌ယောင်‌ယောင်က ပြောပြီး ဒီစိတ်ကူးက မဆိုးဘူးလို့ခံစားရကာ သူ့ကြည့်လိုက်ပြီး

"ကျွန်မက အနှစ်ဆိုင်လေးဖွင့်ဖို့လုပ်နေတာ။ရှင်ကျွန်မကိုကူညီနိုင်မလား"

"ငါရတာပေါ့ ဘာလို့မရရမှာလဲ"

ရန်ရိက ချက်ချင်းခေါင်းငြိမ့်ခဲ့သည်။သူက ပိုက်ဆံဘယ်လောက်ရမလဲဆိုတာ မမေးခဲ့ပေ။သူမနဲ့သူ့မိသားစုကိုကူညီနိုင်လို့ ဒီအလုပ်ကကောင်းတယ်။

ရန်ရိသဘောတူတာကိုမြင်တော့ နင်းမုန့်ယောင်ကပြုံးလိုက်သည်။

"ဒါဆို ကျွန်မတို့ဒီလိုပဲဆုံးဖြတ်ကြမယ်။ကြက်ပေါက်နဲ့ဘဲပေါက်လေးတွေ ဘယ်နားမှာရောင်းလဲဆိုတာ ရှင်သိလား"

"ငါသိတယ် မင်းဝယ်ချင်တယ်ဆိုရင် ငါအဖော်လိုက်လုပ်ပေးမယ်"

"ကောင်းပြီ အခုသွားကြရအောင်"

သူတို့နှစ်ယောက်က စိတ်ပါလက်ပါထွက်သွားကြသည်။သူတို့ပြန်ရောက်တဲ့အခါ နင်းမုန့်ယောငအမ်က ရာဂဏန်းရှိတဲ့ ဘဲပေါက်၊ကြက်ပေါက်တွေနဲ့ပြည့်နေခဲ့သည်၊

သူမက ရန်ရိကိုမနက်ဖြန်ကျရင်လာကူညီဖို့လည်း ပြောခဲ့သည်။

ကြက်နဲ့ဘဲပြဿနာကို ကိုင်တွယ်ပြီးတဲ့နောက် နင်းမုန့်ယောင်က မှုန်ကုပ်ကုပ်နဲ့မျက်ခုံးတွန့်လိုက်သည်။အခု အနှစ်ဆိုင်ဖွင့်ဖို့အချိန်ပဲ ထိုဟာက တကယ်ရောင်းရနိုင်လို့လား?

သူမ မျက်လုံးတွေကိုမှိတ်ကာ ထိုဟာကိုစဉ်းစားပြီးရင်းစဉ်းစားနေခဲ့ပြီး မျက်လုံးတွေပွင့်လာချိန်မှာတော့ နင်းမုန့်ယောင်မျက်လုံးတွေကကြည်လင်နေပြီး သူမဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။

သူမက စုတ်တံနဲ့စာရွက်ကိုထုတ်လိုက်ပြီး အဲ့ဒီနောက် စတင်ရေးဆွဲတော့သည်။

နင်းမုန့်‌‌ယောင်‌‌ယောင်သူမအလုပ်ပြီးတဲ့အချိန်မှာ ကောင်းကင်ကမှောင်နေပြီဖြစ်သည်။

နောက်တစ်‌နေ့‌နေ့မနက်မှာ နင်းမုန့်ယောင်က သူမကို ကူပြီးတော့ကြက်ခြံဆောက်ပေးခဲ့တဲ့လူတွေကိုရှာပြီး သူတို့ကို သူမဆိုင်အသေးလေးဆောက်ချင်ကြောင်း ပြောလိုက်သည်။

လူတွေအများကြီးရှိတာကြောင့် ကိစ္စတွေက မြန်မြန်ပြီးသွားပြီး အလုပ်ရုံကိုဆောက်ပြီးသွားသည်။တစ်ချိန်ထဲမှာပဲ နင်းမုန့်‌‌ယောင်ရဲ့ ဝန်ထုပ်ဝန်ပိုးလည်း လျော့သွားခဲ့သည်။

သူမက ပစ္စည်းတွေပြင်ဖို့ပဲလိုတော့ပြီး သူမစတင်နိုင်ပြီဖြစ်သည်။

အလုပ်အတွက်ပစ္စည်းတွေစောင့်နေတုန်း နင်းမုန့်ယောင်က သူမကျောင်းသားတွေထဲကအချို့အိမ်တွေကိုသွားခဲ့ပြီး အမျိုးသမီးတစ်ချို့သူမကိုလာကူညီမယ်လို့ မျှော်လင့်ခဲ့သည်၊

နင်းမုန့်ယောင်က ဒီအလုပ်ရုံကိုကြီးကြီးမားမားလုပ်ဖို့ စီစဉ်မထားပေ။သူမက အခုမှစတာဖြစ်ပြီး အခြေအနေကနှစ်သက်စရာကောင်းမှသာ သူမထိုဟာကိုစဉ်းစားမှာဖြစ်သည်။

အချိန်ငါးရက်အတွင်းနင်းမုန့်ယောင်ကအလုပ်ပြီးသွားသည်။ချောင်ထျန်းချန်ကလည်း ပါဝင်ပစ္စည်းတွေရှာနေခဲ့သည်။သူက ယုန်ဆယ့်တစ်ကောင်ဖမ်းမိခဲ့ပြီး ယုန်ပေါက်အနည်းငယ်ဖမ်းမိခဲ့ပေမယ့်လည်း ယုန်သားအနှစ်လုပ်ဖို့ ယုန်ဘယ်နှစ်ကောင်လောက်လိုမယ်ဆိုတာ သူမသိပေ။

"အားလုံးအဆင်သင့်ဖြစ်ပြီလား"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်။

အသာလေးခေါင်းငြိမ့်ပြီး သူမကဖြေလိုက်သည်

"ဒါပေါ့ ကျွန်မအချိန်တွေအများကြီးသုံးထားရတာ ဘယ်လိုလုပ်မပြီးဘဲနေပါ့မလဲ"

"မှန်တယ်"

ချောင်ထျန်းချန်က ပုခုံးတွန့်ပြီး တိုးတိုးလေးမှတ်ချက်ပေးလိုက်သည်။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်လေးစိုက်ကြည့်နေခဲ့သည်။‌နောက်ဆုံးတော့ ချောင်ထျန်းချန်က သူ့ပါးစပ်ဖွင့်လိုက်ပြီး

"မင်းအလုပ်ရုံဖွင့်တာဆိုတော့ အလုပ်သမားနည်းနည်းလောက်ခန့်ဖို့စိတ်ကူးထားသေးလား"

သူမကိုယ်ရေးကိုယ်တာကိုင်တွယ်ရမှာတွေ အရမ်းများလာရင် ဒါက အရမ်းဒုက္ခများလိမ့်မယ်။သူမကို ကူညီဖို့ လူနှစ်‌ယောက်လောက် ခန့်ထားတာပိုကောင်းတယ်။

All Chapters