အခန်း ၆၇
Vol. 3 Ch. 67
Chapter 67
နင်းမုန့်ယောင်က ချောင်ထျန်းချန် ပြောတာကို သေချာစဉ်းစားတယ်။သူမအရင်တုန်းက ဘာမှမလုပ်ချင်တုန်းက ရှိတာနဲ့မရှိတာက အတူတူပဲ။အခု ဒါတွေလုပ်တော့ ပုံမှန်အတိုင်း လူနည်းနည်းလောက်တော့ ခန့်ဖို့လိုတယ်။
သူမနဖူးကို ပွတ်လိုက်ပြီး ပြောလိုက်သည်
"ကျွန်မသိတယ် ဒီနေရာမှာ လူနှစ်ယောက်လောက် ခန့်ဖို့ လိုတယ်"
"မင်း ကြည့်ကြည့်သင့်တယ်"
ချောင်ထျန်းချန်က ဒါပဲအကြံပေးခဲ့သည်။
ဆွေးနွေးပြီးတဲ့နောက် နောက်တစ်နေ့မနက်မှာ နင်းမုန့်ယောင်က အစေခံတစ်ချို့ဝယ်ပြီး သူတို့ကိုရွာပြန်ခေါ်လာဖို့အတွက် မြို့ကိုသွားခဲ့သည်။
သူမရောက်တဲ့အချိန်မှာ လူတစ်ချို့ကိုမြင်တော့ သူမပြန်လှည့်ပြီးထွက်သွားသင့်လားလို့ နင်းမုန့်ယောင်ကစဉ်းစားလိုက်သည်။
"ဘယ်လိုလူမျိုးကို မိန်းကလေးကလိုချင်တာလဲ?ငါ့ဆီမှာ အမျိုးစုံရှိတယ် တစ်ချက်ကြည့်ကြည့်ပါ"
ကျွန်ပိုင်ရှင်က နင်းမုန့်ယောင်က ဝတ်ကောင်းစားလှဝတ်ထားတာကိုမြင်တော့ ဖားတော့သည်။
နင်းမုန့်ယောင်က အသက်ပြင်းပြင်းရှူလိုက်သည်။သူမက အထဲကလူတွေကိုကြည့်လိုက်ပြီး မိန်းကလေးသုံးယောက်၊လူလတ်ပိုင်းအရွယ်ယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်ယောက်တို့ကို ညွှန်ပြလိုက်သည်။
တစ်ခါထဲနဲ့ ငါးယောက်ဝယ်တော့ ပိုင်ရှင်ကသွားတွေပေါ်အောင်ပြုံးဖြီးနေပြီး မျက်လုံးတောင်မမြင်ရတော့ပေ။
နင်းမုန့်ယောင်က သူတို့ကိုပြန်ခေါ်လာခဲ့ပြီး တံခါးပိတ်လိုက်ကာ အဲ့ဒီနောက် လူငါးယောက်ကိုလေ့လာလိုက်သည်။
"မင်္ဂလာပါသခင်မလေး"
ငါးယောက်လုံးက တစ်ပြိုင်နက်ထဲ ဒူးထောက်လိုက်ပြီး နင်းမုန့်ယောင်ကို လေးလေးစားစားကြည့်လိုက်သည်။
"ဦးလေးကျန်း ဦးလေးတို့ကဘာလို့ဒီရောက်နေတာလဲ"
နင်းမုန့်ယောင်က သူမနဖူးကိုရိုက်လိုက်သည်။သူမထွက်သွားခဲ့တဲ့အချိန်တုန်းက သူမဘယ်နေရာမှာ နေနေတယ်ဆိုတာ သူတို့ကိုမပြောပြခဲ့ဘူးလေ။သူတို့က ဘယ်လိုလုပ် သူမကို ဒီနေရာမှာ ရှာတွေ့သွားတာလဲ?
ကျန်းချွမ်က နင်းမုန့်ယောင်ကို မျက်မှောင်ကြုံ့ကာကြည့်လိုက်ပြီး မကျေမနပ်ပြောလိုက်သည်။
"ကျွန်တော်တို့ သခင်မလေးကိုလိုက်ရှာနေခဲ့တာ။ဒါပေမယ့် သခင်မလေးရဲ့ခြံဝင်းကမီးလောင်ပြာကျသွားတယ်ဆိုတာ သိလိုက်ရတယ်။အဲ့အချိန်တုန်းက ကျွန်တော်တို့သခင်မလေးကို အဲ့လိုနေရာမျိုးမှာမနေဖို့ ပြောခဲ့ပေမယ့် သခင်မလေးက နားမထောင်ခဲ့ဘူးလေ"
မြေပြင်ပေါ်က ရှုပ်ပွပျက်ဆီးနေတဲ့ ပစ္စည်းတွေမြင်တဲ့အချိန် သူတို့ဘယ်လောက် စိုးရိမ်သွားရလဲဆိုတာ ကောင်းကင်ကြီးသိတယ်။
သူတို့က သခင်မလေးက ကြီးမားကောင်းမွန်တဲ့တစ်ခုအစား ဘာလို့ ဒီလို ရွာလေးကခြံသေးသေးလေးထဲမှာ လာနေနေရလဲဆိုတာ နားမလည်ဘူး။
နင်းမုန့်ယောင်က အံ့ဩသွားတယ်။ဒါဆို သူတို့က ဒါကြောင့်ရောက်လာတာပေါ့
"ခြံဝင်းကို ကျွန်မ မီးရှို့ခဲ့တာ"
"ဘယ်လို?သခင်မလေးရှို့တာ?သခင်မလေး ဘာလို့လဲ"
ကျန်းချွမ်က သူ့သခင်မလေးကို မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။သူမက အဲ့ဒီခြံဝင်းကို အရမ်းသဘောကျတာ မဟုတ်ဘူးလား?သူမက ဘာလို့ အဲ့ဒါကို မီးရှို့ပစ်လိုက်ရတာလဲ?
နင်းမုန့်ယောင် အမူအရာက တောင့်တင်းသွားပြီး သူမက မပြုံးချင်ပြုံးချင် ပြုံးကာ
"ဦးလေးကျန်း ဒါက ဒီလိုရှိတယ်"
နင်းမုန့်ယောင်က သူတို့ကို ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောပြလိုက်သည်။
ဒါကို နားထောင်ပြီးတော့ ကျန်းချွမ် မျက်နှာက ဖြူဆုပ်လာသည်။
"အဲ့ဒီ ခွေးကောင် လင်းလော်!သူက အမွေဆက်ခံသူဖြစ်သွားတာနဲ့ပဲ သူ့ကိုယ်သူ ကြီးမြတ်တယ် ထင်သွားတာလား?သေလိုက်လေ!သူတို့အိမ်တော်ကို ထောက်ပံ့နေတဲ့ပစ္စည်းတွေကို ဖြတ်ပစ်မယ်!"
"အဆင်ပြေပါတယ် ဦးလေးကျန်း။ကျွန်မအဆင်ပြေနေတာပဲလေ။ ကျွန်မနဲ့သူနဲ့ ဘာပတ်သက်မှုမှမရှိတော့ဘူး"
ဦးလေးကျန်း အဲ့လို ဒေါသထွက်လာတာမြင်တော့ နင်းမုန့်ယောင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
ကျန်းချွမ်က သူ့သခင်မလေးကို စိုက်ကြည့်ကာ သက်ပြင်းရှည်ကြီးချလိုက်ပြီး သူ့အကြည့် သူ့မျက်လုံးတွေက အကူအညီမဲ့နေသည်။ပထမတုန်းက လင်းလော်က သခင်မလေးနဲ့လိုက်ဖက်တယ်လို့ ခံစားခဲ့ရပေမယ့် ဒါပေမယ့် အခုကျ သူက အလကားလူတစ်ယောက်ဖြစ်နေတယ်။
ဘေးနားက အစိမ်းရောင်ဝတ်စုံဝတ်ထားတဲ့ ကောင်မလေးက ဒေါသတကြီး ပြောလိုက်သည်
"သခင်မလေး စကားနည်းနည်းလောက်ပဲပြောလိုက်။ကျွန်မတို့ သူတို့အိမ်ကို ဖျက်ဆီးပစ်မယ်"
"ကိစ္စမရှိဘူး ချင်းရွှယ်၊နင်က မိန်းကလေးတစ်ယောက်လေ သတ်မယ့်ဖြတ်မယ့်အကြောင်းကို အော်ပြောမနေနဲ့"
နင်းမုန့်ယောင်က သူမနဖူးကိုရိုက်ချလိုက်ပြီး သက်ပြင်းချလိုက်သည်။ဒီလူတွေက ဘယ်လိုလုပ် ရက်စက်တတ်လာရတာလဲ?
"သခင်မလေး ချင်းရွှယ်ပြောတာမှန်တယ်လို့ ကျွန်မထင်တယ်"
ချင်းရွှယ်ဘေးက အေးစက်စက်အမူအရာနဲ့ကောင်မလေးက နင်းမုန့်ယောင်ကိုကြည့်ပြီး ပြောလိုက်သည်။
သူတို့သခင်မလေးက ဘယ်အချိန်တုန်းက သူများတွေအနိုင်ကျင့်လို့ရတဲ့လူဖြစ်လာတာလဲ?ဒါက တစ်ယောက်ဘဝကို ပစ်ချလိုက်တာပဲ!
အဲ့ဒီ ဆန်ကုန်မြေလေးယောကျာ်းကြောင့် သူတို့က သူတို့သခင်မလေးကို အချိန်အကြာကြီးရှာနေခဲ့ရပြီး သူတို့ကို တကယ်စိတ်တိုစေတယ်။
နင်းမုန့်ယောင်က ဒေါသထွက်နေတဲ့ကောင်မလေးကိုကြည့်ပြီး ရယ်ရမလား ငိုရမလား မသိတော့ပေ။
"ချင်းရွှမ် ငါအဆင်ပြေပါတယ်။ဒါ ကောင်းတာပဲလေ။သိပ်လည်းမဆိုးပါဘူး။ငါသူနဲ့ ဘာမှဆက်ပြီး ပတ်သက်စရာမရှိတော့ဘူး"
"ကောင်းပြီ ကိုယ့်လူတို့ သခင်မလေးက သူ(မ)အဆင်ပြေတယ်ပြောမှတော့ ဒီကိစ္စကို နောက်ထပ်မပြောကြနဲ့တော့။ဒါပေမယ့် အဲ့ဒီယောကျာ်းကို သခင်မလေးနား နောက်ထပ်အကပ်ခံလို့မဖြစ်ဘူး ငါပြောတာကြားလား"
လူလတ်ပိုင်းအရွယ် ပေါဇီ(ရှေးခေတ်တုန်းက မိန်းကလေးတွေကို အကျင့်စာရိတ္တသင်ပေးတဲ့အမျိုးသမီး)က ချင်းရွှယ်နဲ့ချင်းရွှမ်ကို စိုက်ကြည့်လိုက်ပြီး အေးစက်စက်အသံနဲ့ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ ချင်ပေါပေါ“
ဘယ်သူကမှ ချင်ပေါပေါရဲ့နာမည်ကိုမသိကြပေ။သူတို့က သူမကို သူတို့စတွေ့တဲ့အချိန်ကတည်းက ချင်ပေါပေါလို့ခေါ်လာတာဖြစ်သည်။
"မင်းတို့ရောက်လာမှတော့ ဒါဆိုဒီမှာနေလို့ရတယ်။ဒီနေရာမှာ အလုပ်ရုံဆောက်တာကလည်း သိပ်တော့မဆိုးပါဘူး"
နင်းမုန့်ယောင်က သူမပါးစပ်ကိုပိတ်ကာ သမ်းဝေလိုက်သည်။သူမက သူတို့ကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ချင်းရွှယ်က နင်းမုန့်ယောင်ကိုစိုက်ကြည့်ပြီးတော့ ရယ်လိုက်သည်
"သခင်မလေး စိတ်မပူပါနဲ့။ဒီတစ်ခေါက် သခင်မလေးဘာလုပ်ဖို့ စီစဉ်နေတာလဲ"
"အနှစ်၊အဲ့ဒါကို လိုချင်တဲ့လူရှိလို့ ငါလုပ်မလို့"
"အိုး ကောင်းပြီ ကျွန်မတို့နဲ့ထားခဲ့လိုက်"
"ကောင်းပြီ"
########
ဒီအခန်းက တစ်ချို့အသံထွက်တွေက ဘာသာပြန်ထားတာ မှားကောင်းမှားနိုင်ပါတယ်။