← Chapters

အခန်း ၆၈

Vol. 3 Ch. 68

အခန်း ၆၈

Vol. 3 Ch. 68

Chapter 68

ချင်းရွှယ်နဲ့တစ်ခြားလူတွေရောက်လာမှုက နင်းမုန့်ယောင်ကို အနည်းငယ်သက်သာရာရသွားစေသည်။ချောင်ထျန်းချန်လာတဲ့အချိန် သူတို့ငါးယောက်က သူ့ကိုအကဲခတ်ကြည့်နေတာကြောင့် သူ့စိတ်ထဲထူးဆန်းသလိုခံစားရသည်။

သူ့စိတ်ထဲ သူက သူတို့ကိုအပြစ်ပြုမိထားသလို ခံစားနေရတယ်။

"ဒါ ငါမင်းတို့အားလုံးကို အပြစ်ပြုမိတာများရှိလို့လား"

သူမတွေ့ဘူးတဲ့ ဘယ်လိုအရာမျိုးများရှိလို့လဲ?ဒါပေမယ့် ချင်ပေါပေါနဲ့ကျန်းချွမ်ရဲ့အကြည့်ကို မြင်တဲ့အခါမှာ ချောင်ထျန်းချန်က သူတို့ရှေ့ကနေထွက်ပြေးချင်စိတ်ပေါက်သွားသည်။

ချင်ပေါပေါနဲ့တစ်ခြားလူတွေက ချောင်ထျန်းချန်ကို ပေါက်ကွဲမတတ် စူးစိုက်ကြည့်နေပြီး ချောင်ထျန်းချန်ရဲ့ အလွန်သတိထားနေရတဲ့ ပုံစံကိုမြင်တော့ နင်းမုန့်ယောင်က မတတ်နိုင်ဘဲ ရယ်မိသွားသည်။

"ကောင်းပြီ။ချင်ပေါပေါ သူကကျွန်မမိတ်ဆွေ ပြီးတော့ ကျွန်မနဲ့အတူအလုပ်ရုံအကြောင်း အလုပ်လုပ်နေတဲ့လူ"

ချင်ပေါပေါက ချောင်ထျန်းချန်ကိုကြည့်လိုက်ပြီး သူမရဲ့မျက်လုံးအစုံက ပစ်လွှတ်လိုက်တဲ့ မြှားတစ်စင်းလို ချွန်ထက်နေသည်။

"အတူတူအလုပ်လုပ်တာလား?သခင်မလေး ဒီလူက မကောင်းတဲ့ရည်ရွယ်ချက်ရှိနေနိုင်တယ်။သခင်မလေးသူနဲ့ဝေးဝေးနေသင့်တယ်။ပြီးတော့ ယောကျာ်းနဲ့မိန်းမက အရမ်းရင်းနှီးမနေသင့်ဘူးဆိုတာ သူမသိသင့်ဘူးလား?"

နင်းမုန့်ယောင်က ချင်ပေါပေါပြောတာကြောင့် သွေးအန်မိလုနီးပါးဖြစ်သွားပြီး

"ကျွန်မ တကယ် သူနဲ့ဘာမှလုပ်စရာမရှိပါဘူး။အစ်ကိုကြီးချောင်က လူကောင်းတစ်‌ယောက်ပါ သူက ကျွန်မကို အများကြီးကူညီခဲ့ဖူးတယ်"

"တော်ပြီ။ချင်ပေါပေါ သခင်မလေးက သူ(မ)ဘာလုပ်နေလဲဆိုတာ သိပါတယ်။လူတွေကို သူခိုးတွေလိုမျိုး သတိထားကြည့်မနေနဲ့။ဒီကောင်လေးက လူကောင်းလို့ ငါခံစားမိတယ်"

ကျန်းချွမ်က ချင်ပေါပေါက နောက်ထပ်ပြောချင်နေသေးတာကိုမြင်တာကြောင့် သူမကို ချက်ချင်းဖြတ်ပြောလိုက်သည်။

"ဟုတ်တယ် ချင်ပေါပေါ။သူက ရောက်လာတဲ့ဧည့်သည်လေ။သူ့ကို မဝင်နဲ့ဆိုပြီး တားလို့ရမဘူးလေ ဟုတ်တယ်မလား"

ချင်းကျူးက ချင်ပေါပေါကို ပြုံးပြလိုက်သည်။

လူတစ်စုရဲ့ငြင်းဆိုမှုကို ခံလိုက်ရတာကြောင့် ချင်ပေါပေါက ရှက်ရွံ့သွားပြီး ကျန်းချွမ်ဘေးကိုလျှောက်သွားကာ အလုပ်ရှုပ်နေခဲ့သည်။

ချင်ပေါပေါထွက်သွားတာတွေ့တော့ နင်းမုန့်ယောင်က သက်သောင့်သက်သာ သက်ပြင်းချလိုက်သည်။သူမက ချောင်ထျန်းချန်ကို ငိုရမလား ရယ်ရမလား မသိတဲ့ အရိပ်အယောင်နဲ့ ပြောပြခဲ့သည်။

"အစ်ကိုကြီးချောင် စောနတုန်းကအတွက် ညီမတောင်းပန်ပါတယ်"

"ဘာမှမဖြစ်ပါဘူး။သူတို့က မင်းဒီနေ့ ယူလာတာတွေလား"

ချောင်ထျန်းချန်က ထွက်သွားတဲ့လူတွေကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

သူ မြင်တာမမှားရင် အဲ့ဒီလူတွေက နင်းမုန့်‌ယောင်ကို အရမ်းကောင်းနေပြီးတော့ မရင်းနှီးတဲ့ခံစားချက်မရှိကြပေ။ဒါက အချိန်တော်ကြာ အချင်းချင်းသိလာတဲ့ လူတွေမှသာ ရှိနိုင်တဲ့ ခံစားချက်ဖြစ်သည်။

ကြည့်ရတာတော့ ဒီမိန်းကလေးက သာမန်မိဘမဲ့တစ်‌ယောက် ဟုတ်ပုံမရပေ။

"ဟုတ်တယ် ချင်ပေါပေါကအဲ့လိုပဲ။သူ(မ)က ကျွန်မအတွက်ပဲ စိုးရိမ်ပေးတတ်တာ"

"ငါ မြင်တယ်"

ဒါပေမယ့် ဒီချင်ပေါပေါက အရည်အချင်းရှိတယ်။အဲ့ဒီအကြည့်က သူ့ကို ကျင့်ဝတ်တွေသင်ပေးတဲ့ မိန်းမကြီးတွေကို သတိရသွားစေတယ်။

နင်းမုန့်ယောင်က ချောင်ထျန်းချန်နဲ့ ကိစ္စတွေဆွေးနွေးတိုင်ပင်နေခဲ့ပြီး တစ်ဖက်မှာတော့ ချင်ပေါပေါက ကျန်းချွမ်ကို စိုက်ကြည့်နေခဲ့သည်။

"ကျန်းချွမ် သခင်မလေးကို အဲ့ဒီကောင်လေးနဲ့တစ်ယောက်ထဲလွှတ်ထားတာ အဆင်ပြေပါ့မလား"

"မင်း မတွေ့ဘူးလား?သခင်မလေးနဲ့ အဲ့ဒီလူငယ်လေးက ဆက်ဆံရေးကောင်းနေကြတာ"

ကျန်းချွမ်က ချင်ပေါဇီကို အကူအညီမဲ့စွာကြည့်လိုက်သည်။

ချင်ပေါဇီက နင်းမုန့်ယောင်ကို သူမ သမီးအရင်းလို သဘောထားတာကြောင့် စိုးရိမ်နေတာကို သူနားလည်သည်။

ပထမဆုံးအကြိမ် လင်းလော်နဲ့သခင်မလေးပတ်သက်မှုကို သိရတုန်းက ထိုဟာကိုလက်ခံဖို့ အချိန်တော်ကြာခဲ့သည်။သူမက လင်းလော်က လူကောင်းတစ်‌‌‌ယောက်မဟုတ်ဘဲနဲ့ နင်းမုန့်‌ယောင်နဲ့ မထိုက်တန်ဘူးလို့ ခံစားခဲ့ရသည်။

ထိုအချိန်တုန်းက သူမအရမ်းတွေးနေခဲ့တာလို့ သူတို့အားလုံးထင်ခဲ့ကြပေမယ့် အခု သူမက အတွေးလွန်ခဲ့ပုံမဟုတ်ဘဲ အဲ့ဒီယောကျာ်းက တကယ့်ကို သူတို့သခင်မလေးအတွက် အရည်အချင်းမပြည့်မှီတာဖြစ်သည်။

"ငါသိတယ်။အဲ့ဒီလင်းလော်ကြောင့်လေ။သခင်မလေး အရူးလုပ်ခံလိုက်မှာကို ငါစိုးရိမ်တယ်"

ချင်ပေါဇီက မျက်ခုံးတွန့်ပြီး မပျော်မရွှင်ပြောလိုက်သည်။

ချောင်ထျန်းချန်က ကောင်းကောင်းကြီးပြင်းလာခဲ့ပြီး သူတို့သခင်မလေးကလည်း ကြိုက်တယ်ဆိုပေမယ့် သူမ စိတ်မချနိုင်ပေ။

"ချင်ပေါပေါ ဒေါ်လေးက သခင်မလေးအတွက် စိတ်ပူနေတယ်ဆိုတာ ကျွန်မတို့သိပါတယ်။ဒါပေမယ့် သခင်မလေးက ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိလဲဆိုတာကို ဘာလို့မစဉ်းစားရတာလဲ?သူ(မ)က အဲ့ဒီလူနဲ့ ကောင်းကောင်းအဆင်ပြေနေမှတော့ ဒါဆို သူ(မ) သူ့ကို လက်ခံလိုက်တယ်လို့ ဆိုလိုတာပဲလေ"

ချင်းကျူးက ချင်ပေါပေါကို စိတ်အားထက်သန်စွာပြောလိုက်သည်။

"ဟုတ်ဝယ်။ပြီးတော့ ချင်ပေါပေါ ဒေါ်လေးခံစားမိလား?သခင်မလေးက အဲ့ဒီလူငယ်ရှေ့မှာ အရမ်း သက်သောင့်သက်သာဖြစ်နေတာလေ။ဒါက အဲ့ဒီအမွေဆက်ခံသူဆိုတဲ့ တစ်ယောက်ရှေ့မှာတောင် ဖြစ်ဖူးတာမှမဟုတ်တာ"

ချင်းရွှမ်က ချင်ပေါဇီနဲ့ စကားပြောနေခဲ့ရင်း လေ့လာပိုင်းခြားနေခဲ့သည်။

လူနှစ်‌ယောက်ပြောတာကို နားထောင်ပြီး ချင်ပေါဇီက ပြန်တွေးကြည့်ကာ မှန်တယ်လို့ ခံစားရသည်။သခင်မလေးက အဲ့ဒီလူငယ်ကိုမြင်တဲ့အချိန် သူမမျက်နှာပေါ်က အပြုံးက အရမ်း သက်သောင့်သက်သာရှိသည်။

"ဒီလိုဆိုမှတော့ ငါတို့စောင့်ကြည့်ကြတာပေါ့"

ချင်ပေါဇီက အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့သည်။

ကျန်းချွမ်က ချင်ပေါဇီကိုကြည့်လိုက်ပြီး ရယ်ရမလား ငိုရမလား မသိတာကြောင့် သူ့ခေါင်းကိုရမ်းလိုက်ပြီး

"မင်း အာ.....မင်းက ဒီလိုပဲ။ငါ တကယ်ကို မင်းနဲ့ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး"

ချင်ပေါဇီက ကျန်းချွမ်ကို မထီမဲ့မြင်ကြည့်လိုက်ပြီး

"သခင်မလေးက လူကောင်းတစ်ယောက်လေ။သဘာဝအတိုင်းပဲ ငါတို့က အကောင်းဆုံး သမက်ကိုရှာပေးရမယ် အထူးသဖြင့် လင်းလော်ကိစ္စပြီး‌တဲ့နောက်မှာ"

လင်းလော်က သူမ သဘောကျတဲ့ ခြံဝင်းကို မီးလောင်ပြာချပစ်အောင် လုပ်နိုင်ခဲ့ရင် နောက်တစ်ခုထပ်ဖြစ်ရင် သခင်မလေးဘာလုပ်မလဲ?

All Chapters