← Chapters

အခန်း ၆၉

Vol. 3 Ch. 69

အခန်း ၆၉

Vol. 3 Ch. 69

Chapter 69

ကျန်းချွမ်က ချင်ပေါဇီကို ပြောစရာ စကားကင်းမဲ့စွာ စိုက်ကြည့်လိုက်ပြီး သူမကို တစ်ခွန်းလောက် ပြောလိုက်ချင်တယ်;မင်း ဖုံးကွယ်ချင်တာလား?

ဒါပေမယ့် သူမ မျက်မှောင်ကြုံ့ပြီး မျက်နှာက စိုးရိမ်မှုအပြည့်ဖြစ်နေတာမြင်တော့ သူမကို တိုက်ခိုက်မယ့် စကားလုံးတွေကိုမပြောဖို့ နောက်ဆုံးတော့ သူဆုံးဖြတ်ခဲ့သည်။

"တော်ပြီ အခုက ဒါတွေပြောနေရမယ့် အချိန်မဟုတ်ဘူး။သခင်မလေးက စိတ်ထဲမထားဘူးဆိုပေမယ့် ငါတို့ လင်းလော်ကို ဒုက္ခပေးရဦးမယ်"

ကျန်းချွမ်ရဲ့ မျက်လုံးတွေက ကွေးတက်သွားပြီး သူ့လေသံက ကြောက်ဖို့ကောင်းသည်။

အစတုန်းက လင်းလော်က သူတို့သခင်မလေးနဲ့ရှိနေခဲ့တဲ့အချိန် သခင်မလေးက လင်းလော်ကို ကူညီဖို့ သူတို့ကို သူနဲ့အလုပ်လုပ်ပေးဖို့ ပြောခဲ့သည်။ပြီးတော့ ဒါကြောင့်ပဲ မြို့စားအိမ်တော်မှာ သူ့‌ရဲ့အဆင့်က တိုးတက်လာခဲ့တာဖြစ်သည်။ဒါပေမယ့် အခု သူ့အဆင့်အတန်းကမြင့်ပြီး အမွေဆက်ခံသူဖြစ်လာပေမယ့် သူက သခင်မလေးကို ကိုယ်လုပ်တော်ဖြစ်စေချင်ရဲတာလား?သေတွင်းရှာနေတာပဲ။

"ဟုတ်တယ်။စကားတွေဖြန့်လိုက်။သူတို့ကို မြို့စားအိမ်တော်ရဲ့ဆိုင်တွေကို စပြီး ဖိအားပေးခိုင်းလိုက်တော့ ဒါပေမယ့် အရမ်း မသိသာစေနဲ့"

ချင်ပေါဇီက ခေါင်းငြိမ့်လိုက်ပြီး ချင်းရွှယ်နဲ့ တစ်ခြားလူတွေကို ကြည့်ရင်းနဲ့ အေးစက်စက်ပြောလိုက်သည်။

"ဟုတ်ကဲ့"

သူတို့က ဒီနေရာကို အခုမှရောက်တာကြောင့် ဒီနေရာနဲ့ မရင်းနှီးပေ။ဒါကြောင့် သူတို့က အတူတူ လျှောက်ပတ်ကြည့်ကြပြီး ဒီနေရာက မဆိုးဘူးဆိုတာ သိလိုက်ရသည်။

ငါး၊ပုစွန် နဲ့ ဂဏန်းတွေမွေးမြူဖို့ ကြီးမားတဲ့ ရေကန်ကြီး တစ်ခုရှိသည်။ဒီနေရာကို လိပ်တွေနဲ့ ကြာပန်း‌တွေလည်း ယူလာနိုင်တာကြောင့် ဆောင်းဦးရောက်ရင် ကောက်ရိတ်သိမ်းရမယ့် အချိန်ဖြစ်သည်။

ချင်းကျူးက ပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီး

"ကျွန်မတို့ ဒီနေရာမှာ ဆေးဖက်ဝင်အပင်တွေ စိုက်လို့ရတယ်"

"အင်း"

"ကြက်တွေနဲ့ဘဲတွေ ဖျားတာကနေ တားဆီးရမယ်"

သူတို့လက်ထဲမှာ ဒီလိုမြေမျိုး အနည်းငယ်ရှိပြီး ၎င်းတို့အားလုံးမှာ စိုက်ပျိုးထားတဲ့ ဆေးဖက်ဝင်အပင်များရှိကြသည်။

"ဒါဆို ဒီကိစ္စကို မင်းလက်ထဲအပ်လိုက်မယ်"

ချင်ပေါဇီက ခေါင်းငြိမ့်လိုက်ပြီး ဒါတွေက သူမတစ်လျှောက်လုံး လုပ်လာခဲ့တာဖြစ်သည်။

ချင်းကျူးက ဟမ် ဟု အသံပြုကာ သူမသိကြောင်း သဘောတူလိုက်သည်။သူတို့က လှည့်ပတ်ကြည့်ပြီး သူတို့ပြန်ရောက်လာတဲ့အချိန် နင်းမုန့်ယောင်က ချောင်ထျန်းချန်နဲ့ စကားပြောနေတုန်းဖြစ်သည်။အဲ့ဒီ သဟဇာတဖြစ်နေတဲ့မြင်ကွင်းက ချင်ပေါဇီကို မတတ်နိုင်ဘဲ မျက်မှောင်ကြုံ့သွားစေသည်။

"ဒီလိုဆိုမှတော့ ငါအရင်ပြန်လိုက်တော့မယ်"

ချောင်ထျန်းချန်က သူမဆီကတစ်ခုခု ခိုးသွားသလိုမျိုး ဖြစ်နေတဲ့ မိန်းမကြီးနဲ့ ဒီနေရာမှာ တကယ့်ကို ဆက်မတွေ့နိုင်တော့ပေ။

ချောင်ထျန်းချန်ကိုစိုက်ကြည့်ပြီး အဲ့ဒီနောက် ချင်ပေါဇီကိုပြန်ကြည့်ကာ ဘာဖြစ်နေလဲဆိုတာ နင်းမုန့်‌‌‌ယောင်က နားမလည်ဘဲမနေပေ။သူမက ပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး

"ကောင်းပြီ အချိန်ကျရင် ကျွန်မ တစ်ယောက်‌‌ယောက်ကိုလွှတ်ပြီး ရှင့်ကို ခေါ်ခိုင်းလိုက်မယ်"

"ဟုတ်ပြီ"

ချောင်ထျန်းချန်ထွက်သွားတော့ ချင်ပေါဇီက ရှေ့လျှောက်လာပြီး

"သခင်မလေး အဲ့ဒီကောင်လေးကို သဘောကျလို့လား"

နင်းမုန့်ယောင်က ကူကယ်ရာမဲ့နေတဲ့မျက်နှာနဲ့ သူမ နဖူးပေါ်လက်တင်လိုက်ပြီး ချင်ပေါဇီကိုကြည့်ကာ

"ချင်ပေါပေါ ကျွန်မတို့ ဒီအကြောင်း မပြောလို့မရဘူးလား"

"မရဘူးပေါ့ သခင်‌မလေး ကျွန်မ........."

"ချင်ပေါပေါ သခင်မလေးက အလုပ်ရုံတစ်ခုဆောက်ထားတယ်ဆိုတာ ဒေါ်လေးသိတာပဲ။ကျွန်မတို့ကြည့်ကြည့်ရအောင် မဟုတ်ရင် ကျွန်မတို့ ဘာမှသိမှာမဟုတ်ဘူး"

ချင်းရွှယ်က နင်းမုန့်‌ယောင်ရဲ့ စိတ်ဆင်းရဲပြီးဒုက္ခရောက်နေတဲ့ အမူအရာကိုမြင်တော့ ဝင်ပြောလိုက်သည်။

ချင်ပေါပေါက ထိုဟာကို စဉ်းစားကြည့်လိုက်ပြီး ပြောသလိုပဲ ဒီကိစ္စက ရှင်းရှင်းလင်းလင်း သိဖို့လိုတာကြောင့် ချင်းရွှယ်ရယ် တစ်ခြားမိန်းကလေးတွေနဲ့အတူ ထွက်သွားခဲ့ပြီး နင်းမုန့်ယောင်နဲ့ ကျန်းချွမ်ကို နောက်မှာ ချန်ထားခဲ့သည်။

"သခင်မလေးက ချင်ပေါဇီကို ကြောက်နေတုန်းပဲ"

နင်းမုန့်‌ယောင်က ခါးသက်သက်ရယ်လိုက်ပြီး ကျန်းချွမ်ဘက်လှည့်ကာ

"ဦးလေးကျန်း ဦးလေးလည်းသိတာပဲ ကျွန်မတကယ့်ကို ချင်ပေါပေါရဲ့ ဒေါသကို မခံနိုင်ဘူးလေ။ကျွန်မက အစ်ကိုကြီးချောင်နဲ့ မိတ်ဆွေတွေပါပဲ။သူက ကျွန်မကို တကယ်ကောင်းပြီးတော့ ဒီနေရာမှာ ကျွန်မကို အများကြီး ကူညီပေးထားတာ"

ချောင်ထျန်းချန်က တကယ်လည်း သူမကို အများကြီးကူညီခဲ့တာဖြစ်သည်။သူတို့ရဲ့ ဆက်ဆံရေးကောင်းတာမြင်တော့ ချင်ပေါဇီက သူမ သူ့ကို သဘောကျတယ်ဆိုပြီး ကောက်ချက်ချခဲ့တာဖြစ်သည်။ဒါက သူမစိတ်ကို ထူးဆန်းသွားစေတယ်။သူမက သူ့ကို ဘယ်လိုလုပ်သဘောကျပြီး အဲ့ဒါကို မသိရတာလဲ?

"ချင်ပေါဇီက ဘယ်လိုလူဆိုတာ သခင်မလေး ရှင်းရှင်းလင်းလင်းသိပါတယ်။သူ(မ)က သခင်မလေးကို စိတ်ပူနေတာ"

ကျန်းချွမ်က နင်းမုန့်‌‌ယောင်ကို ကြင်နာတဲ့မျက်နှာနဲ့ ပြုံးပြလိုက်သည်။

နင်းမုန့်ယောင်က သက်ပြင်းချလိုက်ပြီး ကျန်းချွမ်ကို နစ်နာတဲ့အမူအရာနဲ့ကြည့်ကာ

"သူ(မ)က ဒါကို ကျွန်မကောင်းဖို့အတွက် လုပ်တယ်ဆိုတာ ကျွန်မသိပါတယ်။ဒါပေမယ့် သူ(မ) ကိစ္စတွေကို ဖြေရှင်းနဲ့နည်းက အရမ်း ဒဲ့တိုးဆန်လွန်းတယ်။ကျွန်မကို စိတ်မသက်မသာခံစားရစေတယ်"

သူမနဲ့ ချောင်ထျန်းချန်ရဲ့ဆက်ဆံရေးက ဖြူစင်တာထက်ကို ပိုပြီး ဖြူစင်သည်။

ချင်ပေါပေါက သူမတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေသလို ပြောတာခံလိုက်ရသည်။

ကျန်းချွမ်က နင်းမုန့်‌ယောင်ကို ပြုံးကာကြည့်နေလိုက်ပြီး ကူကယ်ရာမဲ့စွာနဲ့ သူ့ခေါင်းကိုရမ်းလိုက်သည်။သူပြောတော့မယ့်အချိန်မှာပဲ အပြင်ကနေ ကောင်မလေးတစ်ယောက် ပြေးဝင်လာခဲ့သည်။

နင်းမုန့်‌‌ယောင်က သူမမျက်လုံးတွေကို မှေးလိုက်ပြီး အဲ့ဒါ ယန်ရှိုးအာမဟုတ်ဘူးလား?

"နင် ဒီကို ဘာလာလုပ်တာလဲ"

ယန်ရှိုးအာက နင်းမုန့်ယောင်ကို ကြောင်ကြည့်နေပြီး သူမအမေကို လွှတ်ပေးဖို့ ဘယ်ကနေဘယ်လို စပြောရမယ်မှန်းမသိပေ။

"မုန့်ယောင် ဒါငါနင့်ကို တောင်းဆိုတာလို့ တွေးပေးပါ။ကျေးဇူးပြုပြီး ငါ့အမေကို လွှတ်ပေးပါနော်။သူ(မ)က အသက်ကြီးနေပြီ ထောင်ထဲမှာ သေသွားနိုင်တယ်"

ယန်ရှိုးအာက နင်းမုန့်ယောင်ကို တောင်းဆိုလိုက်သည်။

နင်းမုန့်‌ယောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ယန်ရှိုးအာကိုကြည့်တဲ့မျက်လုံးတွေက အေးစက်မှုတွေနဲ့ပြည့်နေကာ

"ငါကဘာလို့ သူ(မ)ကို လွှတ်ပေးရမှာလဲ?အခုမှ သုံးလပဲရှိသေးတယ် သုံးနှစ်တောင်မဟုတ်ဘူး။ပြီးတော့ သူ(မ) ဘာလုပ်ခဲ့လဲ?အခု နင့်ကငါကို တောင်းဆိုနေတာလား”

All Chapters