အခန်း ၇၀
Vol. 3 Ch. 70
Chapter 70
နင်းမုန့်ယောင်က ဒီလိုလူမျိုးကို တကယ်မကြိုက်ပေ။သူတို့က အမှားလုပ်ပြီးရင် ခွင့်လွှတ်ဖို့ တောင်းပန်တာလောက်သာ သိကြတယ်။သူမက တစ်ကြိမ်ပြီးတစ်ကြိမ် သည်းခံခဲ့တယ်။သူတို့က ဘာလိုချင်သေးတာလဲ?သူမက အနိုင်ကျင့်ဖို့လွယ်တယ်လို့ သူတို့ကတွေးထားတာလား?
ချင်ပေါဇီက သူတို့ပြန်လာတဲ့အချိန် သခင်မလေးအရွယ် မိန်းကလေးတစ်ယောက် သူမရှေ့မှာ ဒူးထောက်နေတာမြင်တော့ သူမက မျက်မှောင်ကြုံ့ကာ ရှေ့လျှောက်သွားလိုက်ပြီး မြေကြီးပေါ်ကလူကိုကြည့်ကာ
"သခင်မလေး ဒါကဘာလဲ"
"ဘာမှမဟုတ်ပါဘူး၊ကျွန်မ အလုပ်ရုံကို ပေါပေါကိုလက်လွှဲပေးလိုက်မယ်"
နင်းမုန့်ယောင်က သူမခေါင်းကိုရမ်းလိုက်ပြီး ဒီကိစ္စကိုမပြောချင်ပေ။
သူမ မပြောချင်ပေမယ့် ယန်ရှိုးအာက ဒါကို ဒေါသထွက်သွားပြီး
"ဒီလိုမရဘူး နင်ငါ့ကို ဒီလိုလုပ်လို့မရဘူး။ငါ့အမေက တကယ် သူ့အမှားသူသိနေပြီလေ။မုန့်ယောင် နင်လည်း အဲ့ပစ္စည်းတွေပြတ်လပ်နေတာမှမဟုတ်တာ?နင်ဘာလို့ အရမ်း ရက်စက်ရတာလဲ!?"
နင်းမုန့်ယောင်က မျက်တောင်ခတ်လိုက်ပြီး ယန်ရှိုးအာစကားတွေကြောင့် ရယ်မိတဲ့အထိ ဒေါသထွက်သွားသည်။
"ငါ့မှာ အဲ့ဒါတွေမရှိတာမဟုတ်ဘူးလေ အဲ့တော့ဘာဖြစ်လဲ?ငါက ဘာကိစ္စ နင့်မိသားစုကို ပေးရမှာလဲ?သူ(မ)က ငါ့ပစ္စည်းတွေကို ယူဖို့ ဒီလိုနည်းလမ်းသုံးခဲ့ပြီး နင်သာတကယ်စဉ်းစားတာဆိုရင် ဘာလို့ ငါ့ကိုလာရှာဖို့ အကြာကြီးစောင့်နေခဲ့လဲ?ချင်းရွှမ် ချင်းရွှယ် သူ့(မ)ကိုမောင်းထုတ်လိုက် နောက်ကျရင် အဝင်မခံနဲ့"
"ဟုတ်ကဲ့ သခင်မလေး"
ကောင်မလေးနှစ်ယောက်က ယန်ရှိုးအာကို လက်ကနေဆွဲပြီး မောင်းထုတ်လိုက်သည်။
ယန်ရှိုးအာက နင်းမုန့်ယောင်ကို မုန်းတီးစွာကြည့်လိုက်တယ်။ကိစ္စတွေက ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ? သူမက နင်းမုန့်ယောင် သခင်မလော်ကို ထောင်ထဲထည့်ခဲ့တာက သွေးပူနေတုန်းခဏလို့ထင်ခဲ့တာ။အခု သူမစိတ်ငြိမ်သွားလောက်ပြီဆိုတော့ နင်းမုန့်ယောင်က သူမအမေကို မလွှတ်ပေးသင့်ဘူးလား?
အခုကျ ဘာဖြစ်လဲ?သူမ မောင်းထုတ်ခံလိုက်ရတယ်။ဒါက သူမကို ရိုးရိုးလေး အရှက်ခွဲလိုက်တာပဲ။
ချင်းရွှယ်က နင်းမုန့်ယောင်ကို စိုက်ကြည့်နေတဲ့ ယန်ရှိုးအာ မျက်လုံးထဲက အမုန်းကိုမြင်တော့ သူမက လှောင်ပြုံးပြုံးလိုက်ပြီး
"ငါတို့ရဲ့ သခင်မလေးကိုကြည့်နေတဲ့အချိန် အဲ့လိုအကြည့်မျိုးနဲ့မကြည့်နဲ့။ငါနင့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်ဆို ယုံလား?"
"နင် လုပ်ရဲလား"
"ငါတို့ လုပ်ရဲလား မလုပ်ရဲဘူးလားဆိုတာ နင်စမ်းကြည့်လို့ရတယ်။ဘာဖြစ်တာလဲဆိုတာ ငါမသိပေမယ့် နင်သာ ငါတို့ရဲ့ သခင်မလေးကို ရန်စတာ ဒါမှမဟုတ် ဝမ်းနည်းအောင်လုပ်တာဆိုရင် နင်စမ်းကြည့်လိုက်လို့ရတယ်"
ယန်ရှိုးအာက သူမ တစ်ကိုယ်လုံး တုန်လာသည်အထိ ဒေါသထွက်သွားသည်။ရက်အနည်းငယ်အတွင်းမှာ ဒီလူတွေ နင်းမုန့်ယောင်အိမ်ထဲ ရောက်လာတာကို သူမ မယုံနိင်ဘူး။ပြီးတော့ ပြောလိုက်တဲ့ မိန်းကလေးက အကြောက်တရားကင်းမဲ့တဲ့ အကြည့်ရှိတယ်။အဲ့ဒီမိန်းကလေးက ပြောတဲ့အတိုင်း လုပ်နိုင်တယ်ဆိုတာ သူမ အပြည့်အဝယုံကြည်တယ်။
မိန်းကလေးနှစ်ယောက်ရဲ့ ဖမ်းဆုပ်ထားတာကနေ လွတ်လာခဲ့ပြီး ယန်ရှိုးအာက ခလုတ်တိုက်ကာ ပြေးထွက်သွားခဲ့သည်။
ရန်ကွေ့က စိတ်မချမ်းမြေ့စွာ ပြေးလာတဲ့ ယန်ရှိုးအာကို မြင်ပြီး မပျော်မရွှင်နဲ့ သူမ မျက်ခုံးတွေကို တွန့်ကာ
"နင့်ကို အဲ့မိန်းမပျက်ကို သွားရှာခဲ့လို့ ငါမပြောခဲ့ဘူးလား?နင်က ဘာလို့ ပြန်လာတာလဲ"
"နင်ရှာချင်ရင် နင့်ဘာသာ သွားရှာချည်။ငါတော့ မသွားဘူး"
ချင်းရွှယ်ရဲ့အကြည့်ကိုပြန်တွေးလိုက်တော့ ယန်ရှိုးအာ မျက်လုံးထဲ ကြောက်ရွံ့မှုတွေပြည့်နှက်လာသည်။
ရန်ကွေ့က ယန်ရှိုးအာကို ထေ့ငေါ့ကာ စိုက်ကြည့်လိုက်ပြီး
"အသုံးကိုမကျဘူး"
ယန်ရှိုးအာက သူမစိတ်ထဲ အထင်သေးသွားပေမယ့်လည်း ဘာမှမပြောပေ။နင်သာ အသုံးမကျတာ မဟုတ်ဘူးဆိုရင် သွားပြီး ငါလုပ်ခဲ့သလို ပြောကြည့်လိုက်လေ။
"ထွက် ထွက် ထွက်သွားတော့!ဒီနေရာက ရှုခင်းကို လာမဖျက်ဆီးနဲ့"
ရန်ကွေ့က စိတ်မရှည်စွာ သူမလက်တွေကို ခါလိုက်ပြီး ရွံတဲ့သဘောနဲ့ ပွတ်သပ်လိုက်သည်။
ဝမ်လိုင်ဇီ ကိစ္စကနေ သူမ အပြင်ထွက်တိုင်း လူတိုင်းဆီကနေ လက်ညှိုးထိုးခံရသည်။သူမရဲ့ အစ်ကိုကြီး ရန်ဟွိုက်ကြောင့် သူတို့က သူမကို ဘာမှမလုပ်ရဲကြပေ။ဒါပေမယ့် လူတွေဆီကနေ လက်ညှိုးထိုးခံရတဲ့ ခံစားချက်က စိတ်မချမ်းသာရပေ။
ဒါကြောင့်ပဲ သူမက နင်းမုန့်ယောင်ကို ဒုက္ခပေးဖို့ ဒီလိုနည်းလမ်းတွေးခဲ့တာဖြစ်သည်။နင်းမုန့်ယောင်သာ ပြဿနာရှာရင် ဒါဆို လူတွေက သူမအစား နင်းမုန့်ယောင်အကြောင်းကိုသာ ပြောကြတော့မှာဖြစ်ပြီး သူမကို လာရှုပ်မှာ မဟုတ်တော့ပေ။
ဒါပေမယ့် ယန်ရှိုးအာက ဒီလို အသုံးမကျဘူးလို့ သူမ မထင်ထားခဲ့ပေ။
ယန်ရှိုးအာထွက်သွားတာမြင်တော့ ရန်ကွေ့က သူမကို ရုတ်တရက် ခေါ်လိုက်သည်။
"နေဦး နင်းမုန့်ယောင်က ရက်စက်ကြမ်းကြုတ်တယ်ဆိုပြီး သူ့(မ)ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ဒီနေ့ဖြစ်ခဲ့တာကို သတင်းလွှင့်လိုက်"
လူတွေကို မျက်လုံးထဲမထည့်တာ ဘယ်သူက ကြိုက်မှာလဲ?အထူးသဖြင့် ဒီနေရာမှာလေ။
ယန်ရှိုးအာက ငြင်းချင်တဲ့ပုံစံနဲ့ ရန်ကွေ့ကို ကြည့်လိုက်ပေမယ့် အဆုံးမှာတော့ ခေါင်းငြိမ့်ခဲ့သည်။
"ငါ သိပြီ"
နောက်ဆုံးတော့ နင်းမုန့်ယောင်က ရက်စက်ကြမ်းကြုတ်ပြီး စိတ်ထားယုတ်ညံ့တယ်ဆိုတဲ့ ကောလဟာလတွေထွက်လာခဲ့သည်၊ဒါပေမယ့် နင်းမုန့်ယောင်က ရွာထဲကို မသွားတဲ့အတွက်ကြောင့် သူမက မသိခဲ့ပေ။
ဒါပေမယ့် တစ်နေ့တော့ ချင်ပေါဇီက ရွာထဲကိုသွားပြီး ဒီကောလဟာလကိုကြားတော့ သူမမျက်နှာက မည်းနက်လာကာ မှိုင်းညို့သွားသည်။
သူမ ပြန်ရောက်တဲ့အခါ အချိန်အတော်ကြာတဲ့အထိ စိတ်ငြိမ်မသွားပေ။
နင်းမုန့်ယောင်က ဒီလောက်အထိ ဒေါသထွက်နေတဲ့ ချင်ပေါဇီကို သင်္ကာမကင်းကြည့်ပြီး ဘေးနားက လူကိုကြည့်ကာ
"ဘာဖြစ်တာလဲ?ပေါပေါက ခဏလေးထွက်သွားတာကို ဘယ်လိုလုပ် ဒီလောက် စိတ်ဆိုးနေရတာလဲ"
ချင်းရွှယ်နဲ့ တစ်ခြားလူတွေကလည်း သူတို့ခေါင်းကိုရမ်းပြီး မသိကြောင်း ပြောလိုက်သည်။
"ပေါပေါ ဘာဖြစ်တာလဲ”