အခန်း ၇၁
Vol. 3 Ch. 71
Chapter 71
ချင်ပေါဇီက သူမ သခင်မလေး မျက်ခုံးတွန့်သွားတာကိုမြင်ပြီး ရွာထဲမှာ ပြန့်နေတဲ့ ကောလဟာလတွေအကြောင်း ပြောပြလိုက်သည်။ဒါကိုကြားတော့ နင်းမုန့်ယောင်က စိတ်မတိုပေ
"သူတို့ပါးစပ်က သူတို့ပေါ်မှာပဲရှိတာလေ။အဲ့တော့ သူတို့ပြောချင်တာပြောကြပါစေ"
နင်းမုန့်ယောင်က ထိုအကြောင်းကို ဂရုမစိုက်ပေ။
"ဒါပေမယ့် ဒါက သခင်မလေးရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သက်နေတယ်လေ"
ဒီလိုပြောကြမှတော့ သခင်မလေးက ဘယ်လိုလက်ထပ်နိုင်ပါတော့မလဲ?အဲ့ဒီလူတွေ အရမ်းလွန်သွားပြီ!ဘယ်သူ ဒီစကားတွေဖြန့်လိုက်တယ်ဆိုတာ သူမမသိစေနဲ့!
"ငါသိတယ်။ဒါပေမယ့် လူတစ်ယောက်ကို အမှန်တကယ်သဘောကျရင် ဂုဏ်သိက္ခာဆိုတာ အရေးကြီးလို့လား?ပြီးတော့ ငါကလည်း လက်ထပ်ဖို့ အစီအစဉ်မရှိသေးပါဘူး"
နင်းမုန့်ယောင်က သူမပုခုံးတွေကိုတွ့န်ကာ မထူးခြားသလိုပြောလိုက်သည်။
ချင်ပေါဇီက သူမ သခင်မလေးစကားတွေနားထောင်ပြီး ဘာမှမလုပ်နိုင်တော့ဘဲ ကူကယ်ရာမဲ့စွာ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်မသိပြီ။ဒါပေမယ့် ကျွန်မတို့ အဲ့လူတွေကို မလွှတ်ထားနိုင်ဘူး"
"ကိစ္စမရှိပါဘူး ပေါပေါ။ဒီကိစ္စကို မေ့လိုက်ကြရအောင်ပါ။ပြီးတော့ ဘာဖြစ်ဖြစ် ဒါက ရွာလေးတစ်ရွာပဲလေ။ရွာသားတွေကတော့ ဒီလိုပါပဲ။စိတ်မပူပါနဲ့ အချိန်ကျလာရင် သူတို့တွေ ကျွန်မကိုလာပြီးတောင်းပန်လိမ့်မယ်"
နင်းမုန့်ယောင် အကြည့်တွေက အေးစက်သွားသည်။
သူမက ဒါကို လွှတ်ပေးထားမယ်လို့ သူတို့ထင်နေလား?သေချာပေါက် မဟုတ်ဘူးပေါ့။သူမက ဒီနေရာမှာ အလုပ်ရုံဆောက်ဖို့စီစဉ်နေတာကြောင့် လူအများအပြားလိုအပ်သည်။ရေးကြီးခွင်ကျယ်အလုပ်ခဲ့ဆုံးလူတွေက နောက်ကျရင် ဘယ်လိုဖြစ်မလဲဆိုတာ သူမကြည့်ချင်သေးတယ်။
ချင်ပေါပေါက နင်းမုန့်ယောင်ကို သံသယဝင်စွာကြည့်လိုက်ပြီး သူမဘာကိုဆိုလိုလဲဆိုတာ နားမလည်ခဲ့ပေမယ့် ချင်းရွှယ်ကတော့ နားလည်သည်
"သခင်မလေးက ဒီမှာ အလုပ်ရုံဆောက်ချင်ပြီးတော့ အလုပ်ရုံဆောက်တယ်ဆိုတာက လူနည်းနည်းလေးပဲ လိုတာမဟုတ်ဘူး။အဲ့အချိန်ကျရင် ဒီမှာ ကူညီပေးမယ့်လူတွေ ရှိလာလိမ့်မယ် "
ချင်းရွှယ်ပြောတာနားထောင်ပြီး ချင်ပေါဇီက သဘောပေါက်သွားသည်။
သူမ သွားပြီးကြည့်ခဲ့တာ ဒီရွာသားတွေက မချမ်းသာကြပေ။သခင်မလေးက အလုပ်ရုံဆောက်ဖို့ ရည်ရွယ်ထားမှတော့ အလုပ်သမားတွေ လိုအပ်သည်။
ဒါက အရှက်ကင်းမဲ့ပြီး အကျင့်သီလမရှိဘူးလိုထင်ရပေမယ့် အဲ့လိုလူတွေကို တုံ့ပြန်ဖို့ တူညီတဲ့နည်းလမ်းတွေ လိုအပ်သည်။
နင်းမုန့်ယောင်က သူမလက်ချောင်းနဲ့ စားပွဲကိုပုတ်လိုက်သည်။သူမ လိုချင်မှတော့ ဒါဆို သူမ ဝိုင်အလုပ်ရုံဖွင့်ရမယ်။
"အပေါ်တောင်ကို အပင်တွေစိုက်ဖို့အတွက်အသုံးပြုရမယ်"
နင်းမုန့်ယောင်က ရုတ်တရက်ပြောလိုက်သည်။
"ဘာလို့လဲ"
သူတို့အားလုံးက နင်းမုန့်ယောင်ကို သံသယရှိစွာကြည့်လိုက်ကြသည်။
သူမက အရင်တုန်းက သူမကိုယ်ပိုင်စိုးရိမ်စရာတွေရှိတာကြောင့် ဒါတွေကို မစဉ်းစားခဲ့ပေ။ဒါပေမယ့် အခု ကျန်းချွမ်နဲ့ တစ်ခြားလူတွေရောက်လာခဲ့ပြီး ကျန်တဲ့လူအားလုံးလည်း သူမဒီနေရာမှာရှိနေတာ သိနေလောက်ပြီးဖြစ်တယ်လို့ အဓိပ္ပာယ်ရသည်။ဒါကြောင့် သူမ ထိုဟာကို ကြီးအောင်လုပ်ရမယ်။
အချိန်ကျရင် လင်းလော်က သူမ ဒီနေရာမှာရှိတယ်ဆိုတာ သိသွားရင်တောင်မှ ဘာဖြစ်သေးလဲ,သူမ အုတ်မြစ်က ခိုင်မာနေပြီဖြစ်သည်။သူ သူမကို ရှာတာက ပြဿနာကြီးမဟုတ်တော့ပေ။
"ဝိုင်ချက်ဖို့"
"သခင်မလေး ကျွန်မတို့ အသီးတွေကနေ ဝိုင်လုပ်လို့ရတာလား"။
"ဟုတ်တယ် အသီးတွေတင်မဟုတ်ဘူး ။ပန်းပွင့်ချပ်တွေကလည်းရတယ်"
မက်မွန်ပွင့်ဝိုင်နဲ့ တရုတ်ဆီးသီးဝိုင်က သူမအနှစ်သက်ဆုံး ဝိုင်နှစ်မျိုးဖြစ်ပြီး အရမ်းအရသာရှိတယ်။
"ကောင်းပြီ နွေဦးရောက်ရင် ငါတို့တွေ အသီးပင်တွေဝယ်ပြီး စိုက်ကြမယ်"
ကျန်းချွမ်က သူ့လက်ကို ရိုက်လိုက်ပြီး ဆုံးဖြတ်ခဲ့သည်။
ပြီးတော့ ဒါကြောင့် သူတို့တွေက ကောလဟာလအကြောင်း ဆွေးနွေးနေကြရာကနေ ဝိုင်ချက်ဖို့ သစ်ပင်တွေစိုက်တဲ့အကြောင်းဆီ ရောက်သွားသည်။
ချင်ပေါဇီ မီးဖိုချောင်သွားတဲ့အချိန် ချင်းရွှမ်က နင်းမုန့်ယောင်ကို အေးတိအေးစက်အသံနဲ့ပြောလိုက်သည်
"သခင်မလေး ကျွန်မတို့ ချင်းရွှင်ကို ကျွန်မတို့နဲ့ဆွေးနွေးဖို့ခေါ်သင့်တယ်"
သူမ ကိုယ်ခံပညာက အားမနည်းပေမယ့် ချင်းရွှင်နဲ့တော့ မယှဉ်နိုင်ပေ။
နင်းမုန့်ယောင်က သူမ ခေါင်းကိုရမ်းလိုက်ပြီး
"လောလောဆယ်တော့ ငါတို့လုပ်ဖို့မလိုသေးဘူး"
"ဒါပေမယ့်........"
"တော်ပြီ ဒီနည်းကအဆင်ပြေတယ်"
နင်းမုန့်ယောင် ချင်းရွှမ်စကားတွေကို ဖြတ်ချလိုက်ပြီး မျက်ခုံးတွန့်လိုက်သည်။သူမကို ဒီလိုတွေ့တော့ချင်းရွှမ်နဲ့တစ်ခြားလူတွေက သူမ ဒီကိစ္စကို ဆက်ပြီး မဆွေးနွေးချင်တော့ဘူးဆိုတာ သိလိုက်ကြသည်။
အပြင်က ကောလဟာလတွေက နင်းမုန့်ယောင်ဖြေရှင်းချက်မရှိတာကြောင့် တင်းမာလာခဲ့ပြီး ရွာသားတစ်ဝက်လောက်ကတော့ လိုက်ပြီး ဆူဆူပူပူမလုပ်ကြပေ။သူမ ဘယ်လိုလူလဲဆိုတာ သူတို့သိတယ်။သူမသာ ကောလဟာလတွေအတိုင်း တကယ် ရက်စက်ကြမ်းကြုတ်ရင် သူမက ဘာလို့ မြေကွက်တွေကို ဈေးချိုချိုနဲ့ငှားပေးမလဲ?
ကောလဟာလတွေက သူမကို မနာလိုတဲ့သူတွေဆီကနေသာ လာတာဖြစ်သည်။ပြီးတော့ သူမက အလုပ်ရုံဆောက်ဖို့လုပ်နေပြီး အလုပ်သမားလိုအပ်လာမှာဖြစ်သည်။အဲ့ဒီ မနာလိုဝန်တိုနေတဲ့လူတွေက သူတို့လမ်းကိုသူတို့ဘာသာပိတ်လိုက်ကြတာပဲ။အဆုံးကျရင် အဲ့ဒီလူတွေက ငိုမနေဖို့ မျှော်လင့်တယ်။
တစ်လအတွင်း ကိစ္စတွေအများကြီးဖြစ်သွားပေမယ့် ပိုင်ရှန်းရွာက ရွာသားတွေအတွက်တော့ နင်းမုန့်ယောင်က သူမအလုပ်ရုံအတွက် အလုပ်သမားတွေခေါ်ပြီး၊တောင်ကိုရှာတာနဲ့ အတားအဆီးရှိတဲ့ သစ်တောတွေကို ဖြတ်တောက်ခြင်းတို့ကြောင့် ပျော်ရွှင်မှုခံစားခဲ့ရသည်။တစ်ရက်ကို ဝမ်ခြောက်ဆယ်ကနေ ခုနစ်ဆယ်အထိ ရကြသည်။တစ်လကို ငွေစ တစ်စကနေနှစ်စ အထိရသည်။ဒါက သတင်းကောင်းဖြစ်တယ်။
လူတစ်ဝက်လောက်ကတော့ နောင်တရမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။သူတို့က ကောလဟာလတွေကို တင်းမာလာအောင်ဖြန့်ခဲ့တဲ့လူတွေဖြစ်ပြီး အလုပ်လုပ်ဖို့ မျက်နှာမရှိကြတော့ပေ။
ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေး: