← Chapters

အခန်း ၇၃

Vol. 3 Ch. 73

အခန်း ၇၃

Vol. 3 Ch. 73

Chapter 73

နှစ်သစ်ကူးနီးလာတော့ ဘာကြောင့်မှန်းမသိရဘဲ ချောင်ထျန်းချန်ရဲ့မိတ်ဆွေက ဝိုင်တွေအများကြီးလိုချင်တာကြောင့် အလုပ်ရုံထဲကလူတွေကို နေ့တိုင်းမရပ်မနား အလုပ်လုပ်ရစေခဲ့သည်။

နှစ်သစ်မတိုင်ခင် နှစ်ရက်မှာတော့ နင်းမုန့်ယောင်က ချင်းရွှမ်နဲ့ ချင်းရွှင်ကိုမြင်းလှည်းမောင်းသမားအဖြစ်ခေါ်ပြီး သူတို့အပါအဝင် လူသုံးယောက်ကိုခေါ်ကာ မြို့ကိုသွားခဲ့သည်။သူတို့က အိမ်က ကိစ္စတွေကို ကျန်းချွမ်နဲ့ ချင်ပေါဇီကို လက်လွှဲပေးပြီးတဲ့နောက် မြို့ကိုထွက်သွားခဲ့တာဖြစ်သည်။

မြို့ကိုရောက်ပြီးတဲ့နောက် သွက်သွက်လက်လက်ရှိတဲ့ ချင်းကျူးက မရပ်မနားစကားပြောတော့သည်။

"သခင်မလေး ဒီမှာအခြေချပြီးကတည်းက ကျွန်မတို့ မြို့ကိုမရောက်သေးဘူး"

သူမက ပြောပြီးတာနဲ့ နေရာတိုင်းကို ပတ်ကြည့်နေသည်။ထိုဟာက ဘာမှထူးခြားတာမရှိပေ ရွာထက် လှုပ်ရှားသွားလာနေတဲ့ လူဦးရေပိုများပြီးပေမယ့် ကြည့်စရာဘာမှမရှိပေ။

သူတို့ ဈေးဝယ်နေတုန်း နှစ်သစ်ကူးမှာ မီးပုံးပွဲတော်ကျင်းပမယ်လို့ မြို့သားတွေပြောသံကြားပြီး ချင်းကျူးရဲ့မျက်လုံးတစ်စုံက တလက်လက်တောက်ပစွာဖြင့် နင်းမုန့်ယောင်ကိုကြည့်ကာ နှစ်သစ်ကူးမှာ သူမ ထိုဟာကိုမြင်နိုင်ဖို့ မျှော်လင့်နေသည်။

"ကောင်းပြီ နှစ်သစ်ကူးမှာ ငါတို့ဘာမှလုပ်စရာမရှိဘူးဆိုရင် သွားကြမယ်"

"ရေး!!!သခင်မလေးက အကောင်းဆုံးပဲ!!!!"

ချင်းကျူးက နင်းမုန့်‌ယောင်ကို ကိုးကွယ်သလိုစိုက်ကြည့်ခဲ့ပြီး နင်းမုန့်‌ယောင်မျက်နှာကို မည်းနက်သွားစေသည်၊

ချင်းရွှမ်နဲ့ ချင်းရွှယ်က အရမ်းရင့်ကျက်ပြီး ချင်းကျူးကဘာလို့ ကလေးဆန်နေရတာလဲ?နင်းမုန့်ယောင် ဒါကို နားမလည်ပေ။

မြို့ထဲမှာ သူတို့က မုန့်အချို့ဝယ်ခဲ့ပြီး ရွယ်တူပိုင်းဖြတ်ထားတဲ့ အသားတွေဝယ်ခဲ့သည်။ဒါ့အပြင် ငါးတွေလည်းဝယ်ခဲ့သေးသည်။

"သခင်မလေး ဒီနေရာမှာလည်း အတူတူလုပ်ဖို့ပဲစီစဉ်ထားတာလား?နှစ်သစ်ကူးမှာ ပိုက်ဆံတွေအများကြီးပေးမှာလား"

ချင်းရွှယ်က ရုတ်တရက် မေးလိုက်သည်။

နင်းမုန့်ယောင်က အဝတ်အစားတွေဝယ်ဖို့ စီစဉ်ထားပေမယ့် ချင်းရွှယ်ရဲ့မေးခွန်းကိုကြားတော့ သူမခြေလှမ်းတွေကို ရပ်ပစ်လိုက်ပြီး

"အဲ့ဒါက ဘာလို့လဲ"

"သခင်မလေး ဒါက မလိုအပ်ဘူးလို့ ကျွန်မထင်တယ်"

ချင်းရွှမ်က ဒါကိုစဉ်းစားကြည့်လိုက်ပြီးတော့ ခေါင်းငြိမ့်ကာ

"ငါးတွေ၊အသားတွေနဲ့ မုန့်တွေရှိနေတာက မဆိုးပါဘူး၊အများကြီးဆိုရင် သူတို့ကို လောဘကြီးသွားစေလိမ့်မယ်"

နင်းမုန့်ယောင်က ငေးကြောင်ကြောင် စိုက်ကြည့်နေပြီး ထိုဟာကိုစဉ်းစားကြည့်လိုက်သည်။သူတို့ပြောတာကလည်း အကျိုးအကြောင်းသင့်လျော်တာကြောင့် သူမကခေါင်းငြိမ့်လိုက်ပြီး

"ဒါဆို သူတို့ကို အဲ့ဒါတွေပဲ ပေးကြမယ်"

"ဒါပေမယ့် အိမ်ပြန်ဖို့ အဝတ်အစားတွေဝယ်ကြရအောင်"

"ဟုတ်ပြီ အချိန်ကျရင် ကျွန်မတို့အဲ့ဒါကို လုပ်လိုက်ကြမယ်"

ချင်းကျူးက ဒီလှုပ်ရှားမှုကို ဖမ်းဆုပ်လိုက်သည်။

နင်းမုန့်ယောင်က အဆင့်မြင့် တိမ်ပိုးထည်လေးလိပ်ဝယ်ခဲ့ပေမယ့် ချင်းကျူးက သူတို့ဝယ်တာ နည်းနည်းလေးပဲရှိသေးတယ်ဆိုပြီး မကျေနပ်သေးပေ။

"ဝယ်စရာဘာမှမရှိတော့ဘူး။ပြန်ကြရအောင်"

နင်းမုန့်ယောင်က သူတို့ဝယ်လာတဲ့ပစ္စည်းတွေကို ပြန်စဉ်းစားလိုက်ပြီး အဲ့ဒါတွေက လုံလောက်ပြီဟု ဆုံးဖြတ်ကာ သူတို့ကိုပြောလိုက်သည်။

"ဟုတ်ကဲ့ သခင်မလေး"

သူတို့အုပ်စုက ညအထိ ချီတက်ခဲ့ကြသည်။နောက်တစ်ရက်မှာတော့ အလုပ်သမားတွေလာတဲ့အချိန် နင်းမုန့်ယောင်က အရွှေ့အပြောင်းက စောစောပြီးမယ်လို့ ကြေညာခဲ့သည်။

နင်းမုန့်ယောင် အလုပ်သမားတွေကိုခေါ်ပြီး သူတို့ကိုလုပ်အားခပေးတဲ့အချိန်မှာ အနောက်ဘက်ကနေထွက်လာခဲ့သည်*

(ဒီနေရာကလေ transမှာလည်း အဲ့အတိုင်းပဲရေးထားလို့။အနောက်ဘက်ကနေထွက်တာဆိုပြီး)

ချင်ပေါပေါက သူတို့ကိုလုပ်အားခပေးပြီး ချင်းကျူးနဲ့ကျန်တဲ့လူတွေက နှစ်သစ်ကူးလက်ဆောင်တွေပေးကြသည်။

"ဒါတွေက ရှင်တို့ဖို့ လက်ဆောင်တွေပါ။မနက်ဖြန်က နှစ်သစ်ဆိုတော့ အားလပ်ရက်လေ၊ယွမ်ရှောင်း*(လူနာလရဲ့ဆယ့်ငါးညမြောက်)ပြီးရင် ရှင်တို့ပြန်လာလို့ရပြီ"

အလုပ်သမားတွေက နင်းမုန့်ယောင်က သူတို့ကို လုပ်အားခတွေတင် ပေးတာမဟုတ်ဘဲ ငါး၊အသားနဲ့ မုန့်ဖိုး ငါးရာပါပေးတာမြင်တော့ သူတို့မျက်လုံးတွေ တောက်ပသွားကြသည်။

ဒီ နှစ်သစ်ကူးလက်ဆောင်က အရမ်းကြီးမားတယ်။နှစ်သစ်ကျရင် သူတို့ဘာမှ ဝယ်ဖို့ မလိုတော့ဘူး။

"ကျေးဇူးတင်ပါတယ် မုန့်ယောင်"

"ဘာမှမဖြစ်ပါဘူး"

နင်းမုန့်‌ယောင်‌ယောင်က ခေါင်းရမ်းပြခဲ့သည်။

လူအုပ်ကြီးထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။

နောက်တစ်နေ့မနက်မှာတော့ နှစ်သစ်ကူးဖြစ်သည်။နင်းမုန့်ယောင်က ချက်ဖို့စီစဉ်ထားပေမယ့် ချင်ပေါပေါက သူမကို တားကာ သူမ နင်းမုန့်ယောင်ကို ချက်ပြုတ်ခွင့်ပေးမှာ မဟုတ်ကြောင်းနဲ့ နင်းမုန့်ယောင် ဟင်းချက်ချင်ရင် နှစ်သစ်ကျမှာသာချက်ဖို့နဲ့ အခုမဟုတ်ကြောင်းပြောခဲ့သည်။

ချင်ပေါပေါရဲ့ ဆုံးဖြတ်ချက်အရ နင်းမုန့်ယောင်က အကူအညီမဲ့ပြီး ဘေးနားကနေရပ်ပြီး ညွန်ကြားကာ အဲ့ဒီနောက် စားခဲ့သည်။

နှစ်သစ်ကူး ကျော်ဖြတ်ပြီးတဲ့အချိန် ရက်အနည်းငယ်ပြီးတဲ့နောက် နွေဦးရောက်လာခဲ့သည်၊ရွာခဲက အနံ့အသက်တွေက ပိုပြီးထူထဲလာခဲ့သည်။

နှစ်သစ်ရဲ့သုံးရက်မြောက်နေ့မှာ ရန်လဲ့လဲ့က နင်းမုန့်ယောင်ဆီ သွားခဲ့သည်၊

"ယောင်ယောင် ငါတို့မြို့ကိုအတူတူသွားကြရင် ဘယ်လိုလဲ?ဘာဖြစ်ဖြစ် အိမ်မှာ ဘာမှလုပ်စရာရှိတာမှမဟုတ်တာ"

နင်းမုန့်‌ယောင်‌ယောင်က ဒါက မှန်တယ်လို့ခံစားရပြီး သဘောတူလိုက်သည်။

ချင်ပေါပေါက ဒါကိုမတားပဲ နင်းမုန့်ယောင်ကို ရန်လဲ့လဲ့နဲ့ သွားခွင့်ပြုလိုက်သည်။

သူတို့ထွက်သွားပြီးတဲ့နောက် ကျန်းချွမ်က ချင်ပေါပေါကို ထူးဆန်းစွာကြည့်ကာ

"မင်းက ဘယ်လိုလုပ် ဒီနေ့ သခင်မလေးကို မတားလိုက်တာလဲ"

ချင်ပေါပေါရ ကျန်းချွမ်ကို ဒေါသဖြစ်စွာစိုက်ကြည့်လိုက်သည်။သူမက ဘယ်လိုလူမျိုးမလို့လဲ?သခင်မလေးက အဲ့ဒီကောင်မလေးကို သူငယ်ချင်းကောင်းအဖြစ်တွေးတယ်ဆိုတာ သူမသိတယ်။သူမကလည်း ဒီနေရာကိုရောက်နေတာ တစ်လ၊နှစ်လလောက်ရှိပြီဖြစ်လို့ ရန်လဲ့လဲ့ ဘယ်လိုလူမျိုးဆိုတာ သိသည်။ဒါကိုသိနေတာ‌ကြောင့် သူမက နင်းမုန့်ယောင်ကို ရန်လဲ့လဲ့နဲ့သွားခွင့်ပြုလိုက်တာဖြစ်သည်။

All Chapters