အခန်း ၇၄
Vol. 3 Ch. 74
Chapter 74
ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို ရွာထိပ်ကို ဆွဲခေါ်လာပြီးတဲ့နောက် သူမရင်ဘတ်ကိုပုတ်ကာ
"ချင်ပေါပေါက နင့်ကို ငါနဲ့သွားခွင့်မပြုလောက်ဘူးလို့ ထင်ထားတာ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
နင်းမုန့်ယောင်က ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်သည်။ကြည့်ရတာ ရန်လဲ့လဲ့က သူမနားကလူတွေကို အတော်လေးကောင်းကောင်း နားလည်ပုံရသည်။
"နင် ဒီနေ့ဘာဝယ်မှာလဲ"
ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို သိချင်စွာမေးလိုက်သည်။
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး ဒီနေ့ဘာမှဝယ်ချင်ပုံမရတာကြောင့်
"ငါ မသိဘူး၊အရင်ဆုံး ပတ်ကြည့်ရအောင်လေ"
"ကောင်းပြီ!ငါတို့အတူတူသွားကြမယ်!ငါလည်း ငါနဲ့ငါ့ယောင်းမအတွက် လက်ဝတ်လက်စားလေးတွေနဲ့ ငါ့တူလေးအတွက် မှင်နဲ့စုတ်တံလေးတွေဝယ်ပေးမလို့။ငါ့အမေတို့အဖေတို့ကျ အင်္ကျီအသစ်လေးတွေဝယ်ပေးဖို့ စီစဉ်ထားတယ်"
ရန်လဲ့လဲ့က သူမလုပ်ချင်တာကို ထုတ်ပြောခဲ့သည်။
နှစ်လအတွင်း အန်တီလော်ဆီကနေ ဆယ်လျန်းလောက် သူမရရှိခဲ့သည်။သူမက သူမမိသားစုကို တစ်စိတ်တစ်ပိုင်းပေးပြီးတာတောင်မှ အများကြီးရှိနေသေးသည်။ဒါကြောင့် သူမက သူမအတွက် အဝတ်အစားဝယ်ဖို့ ဆုံးဖြတ်ခဲ့သည်။
"ဟုတ်ပြီ နောက်ကျရင်ငါ့ကိုပြ"
"ဟုတ်ပြီ!"
မိန်းကလေးနှစ်ယောက်ရဲ့ စကားပြောပြီး ရယ်မောနေတဲ့မြင်ကွင်းက မြို့ကိုသူတို့လည်းသွားကြမယ့် ယန်ရှိုးအာနဲ့သခင်မလော်ရဲ့ မျက်စိထဲကိုရောက်သွားပြီး စိတ်ရှုပ်စရာမြင်ကွင်းလို့ ခံစားကြရသည်။
သခင်မလော်က နှစ်သစ်မတိုင်ခင်က လွတ်လာခဲ့တာဖြစ်သည်။သူမထွက်လာတာနဲ့ သူမရဲ့ကြံ့ခိုင်တဲ့ခန္ဓာကိုယ်က အလွန်ပိန်လှီသွားသည်။ဒါက သူမ ထောင်ထဲမှာ ခါးသက်တဲ့နာကျင်မှုတွေ ခံစားခဲ့ရတယ်ဆိုတာ သိသာသည်။
နင်းမုန့်ယောင် သူတို့နားရောက်တော့ သခင်မလော်က အသံစူးစူးနဲ့
"ရိုး.....ဒါက ငါတို့ရွာရဲ့အကြီးဆုံး သခင်မလေးမလား?သူ(မ)က ဘယ်လိုလုပ် ငါတို့နဲ့အတူတူ နွားလှည်းတစ်စီးထဲ သုံးနိုင်မှာလဲ"
သခင်မလော်ကိုကြည့်လိုက်ပြီး နင်းမုန့်ယောင်က ဘာမှမပြောဘဲ ရန်လဲ့လဲ့ကိုသာ အသံတိုးတိုးလေးနဲ့ စကားပြောလိုက်သည်။လူတွေစုပြီးတော့ နွားလှည်းက မြို့ကိုဦးတည်သွားခဲ့သည်။
သခင်မလော်က နင်းမုန့်ယောင်ကို ပြဿနာရှာချင်ပေမယ့် နင်းမုန့်ယောင်က သူမကို လျစ်လျှူရှုထားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?ဒါက သူမအတွက် ကြီးမားတဲ့ အရှက်ကွဲမှုသာဖြစ်ပြီး သူမမျက်နှာက ရုပ်ဆိုးလာခဲ့သည်။
နင်းမုန့်ယောင်ကို ဒေါသတကြီးစိုက်ကြည့်နေပြီး သူမပြောတော့မယ့်အချိန်မှာပဲ နင်းမုန့်ယောင်က အရင်ပြောလာခဲ့သည်။
"ရှင့်ရဲ့မျက်လုံးတစ်စုံကို လိုချင်သေးတယ်ဆိုရင် အကြည့်ကိုရွှေ့လိုက်"
စိုက်ကြည့်နေတာက သူမကို ဘာမှမလုပ်ဘူးဆိုပေမယ့် နင်းမုန့်ယောင်က သခင်မလော် သူမကို ဒီလိုမျိုးကြည့်တာကို မကြိုက်ပေ။
အဲ့လိုအကြည့်မျိုးက သူမကို ရွံရှာစေသည်။
"နင်.....နင့်ကိုယ်နင် အကြီးဆုံးသခင်မလေးလို့ ထင်နေတာလား?အမှန်တကယ်ကို အရှက်မရှိတာပဲ.......နင့်လိုလူမျိုး တစ်ခါမှမမြင်ဖူးဘူး"
သခင်မလော်က လှောင်ပြောင်သရော်လိုက်သည်။
"မှန်တယ်။ရှင့်လို လူမျိုး တစ်ခါမှမတွေ့ဖူးဘူး။သူခိုးလေးကို ကျွန်မဘာသာကိုင်တွယ်ဖို့က အရမ်းညစ်ပတ်တယ်လေ"
နင်းမုန့်ယောင်က ပြန်လည်ချေပလိုက်သည်။
လှည်းထဲမှာ နင်းမုန့်ယောင်အတွက် အလုပ်လုပ်ပေးနေတဲ့အိမ်ရှင်မတွေ ဒါမှမဟုတ် သူတို့ခင်ပွန်းတွေ အလုပ်လုပ်ပေးနေတဲ့သူတွေ အများကြီးရှိပြီး သူတို့ရတဲ့ ဝင်ငွေက နည်းနည်းလေးမဟုတ်တာကြောင့် သူတို့က တစ်ခြားလူတွေနဲ့ လက်ဝတ်လက်စားတွေဝယ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သခင်မလော်ရဲ့စကားတွေကိုကြားတော့ သူတို့ကမတတ်နိုင်ဘဲ မျက်မှောင်ကြုံ့သွားပြီး
"ရှင် စကားနည်းနည်းပဲ ပြောလို့ရမလား?သူ(မ)က ရှင့်ကို နှောင့်ယှက်နေတာလည်းမဟုတ်ဘူး"
"ဟုတ်တယ်"
တစ်ယောက်ပြီးတစ်ယောက် သခင်မလော်ကို ဆန့်ကျင်ပြောဆိုဖို့ ပါဝင်လာခဲ့ကြပြီး သူမကို ကြောင်တွေလိုကိုက်လုနီးပါးဖြစ်စေသွားသည်။
သခင်မလော်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လှည်းထဲက လူတွေကို ထေ့ငေါ့သလိုကြည့်ကာ
"နင်တို့အားလုံးက အခု သူများခွေးတွေဖြစ်နေကြပြီ ဒါပေါ့ နင်တို့က သူ့(မ)ဘက်က ကူပြောပေးကြမှာပဲလေ"
အဲ့စကားတွေထွက်လာတော့ လူတွေက စိတ်တိုသွားပြီး အော်ဟစ်တော့သည်။
"သခင်မလော် ငါတို့နင့်ကို မျက်နှာသာပေးနေတုန်း မျက်နှာမလွှဲနဲ့။ငါတို့က ငါတို့ကိုယ်ပိုင်ခွန်အားကိုသုံးပြီး ပိုက်ဆံရှာတာလေ အဲ့တော့ဘာဖြစ်လဲ။ခွေး ဟုတ်လား?နင် တစ်ခြားလူရဲ့ခွေးဖြစ်ချင်ရင်တောင်မှ သူတို့ကနင့်ကို အထဲခေါ်သွင်းဖို့သဘောကျမှာမဟုတ်ဘူး"
"နင်တို့........နင်တို့တွေ......."
သခင်မလော်က ဒေါသထွက်ပြီး သူတို့ကို တုန်တုန်ရီရီနဲ့ လက်ညှိုးထိုးကာ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
နင်းမုန့်ယောင်က သခင်မလော်ကို လှောင်ကာကြည့်လိုက်ပြီး သာသာလေးပြောလိုက်သည်။
"ဒီလိုလူမျိုးနဲ့ စကားပြောနေဖို့ မလိုပါဘူး။ခွေးကလူကိုလာကိုက်ရင် လူက ခွေးကိုပြန်မကိုက်ဘူးမလား?ခွေးသားမွေးမ အကိုက်ခံရမှာ မကြောက်ကြဘူးလား"
"ဟုတ်တယ် မုန့်ယောင်ပြောတာမှန်တယ် သူ(မ)က မနာလိုနေတာ"
"ဟုတ်တယ်ဟေ့ ငါတို့လိုလူတွေက ဘယ်လိုလုပ် ကိုယ့်အဆင့်ကိုယ်ချပြီး တိရစ္ဆာန်နဲ့ ရန်ဖြစ်လို့ဖြစ်ပါ့မလဲ"
ယန်ရှိုးအာက နင်းမုန့်ယောင်ကို မကျေမနပ်ကြည့်လိုက်ပြီး
"နင်းမုန့်ယောင် နင်ဘာကိုဆိုလိုတာလဲ?နင့်မှာ ပိုက်ဆံလေးနည်းနည်းရှိတာနဲ့ပဲ နင့်ကိုယ်နင်ထူးခြားတဲ့လူလို့ ထင်နေတာလား"
နင်းမုန့်ယောင်က သူမအကြည့်တွေကို ယန်ရှိုးအာဆီရွှေ့လိုက်ပြီး သက်သောင့်သက်သာနဲ့ သူမပါးစပ်ဖွင့်လိုက်ကာ
"ငါ့မှာပိုက်ဆံရှိတယ်လေ အဲ့တော့ ငါကထူးခြားတာပေါ့။ဘာလို့လဲဆိုတော့ ငါ့ပိုက်ဆံတွေက ငါ့ကိုယ်ပိုင်အစွမ်းအစနဲ့ ရှာထားတာလေ။နင့်မှာ လိုအပ်တာရှိရင် ပိုက်ဆံရှာလေ"
"မှန်တယ် အပေါ်ကလူကမဖြောင့်မတ်ရင် အောင်ကလူကလည်း အဲ့လိုပဲသွားလိမ့်မယ်ဆိုတဲ့ စကားက ဒါကိုဆိုလိုတာပဲ"
"ယန်ရှိုးအာ ငါအနံ့ရတဲ့ အရမ်းချဉ်ဆုပ်နေတဲ့ အနံ့ကဘာပါလိမ့်?နင့်လိုလူမျိုးက မျက်လုံးဖြူဝံပုလွေပဲ ဟုတ်တယ်မလား?အခု နင်က တစ်ခြားလူတွေကိုပြောနေတာ။ငါသာနင်ဆိုရင် အိမ်မှာပဲနေပြီး အပြင်ထွက်မှာမဟုတ်ဘူး"
ရန်လဲ့လဲ့က သူမကို ငွေတွေအများကြီး အကြွေးတင်ထားတဲ့ ယန်ရှိုးအာကို မကြိုက်ပေ။ဒါကြောင့် သူမကကြည့်ရုံနဲ့တင် စိတ်အနှောင့်အယှက်ဖြစ်ရသည်။