← Chapters

အခန်း ၇၅

Vol. 3 Ch. 75

အခန်း ၇၅

Vol. 3 Ch. 75

Chapter 75

ဆူညံနေတဲ့လေထုနဲ့ သူတို့ မြို့ကိုရောက်လာခဲ့သည်။နင်းမုန့်ယောင်နဲ့ရန်လဲ့လဲ့က လှည်းပေါ်ကနေ အတူတူဆင်းသွားသည်။သူတို့က သခင်မလော်နဲ့သမီးအတွဲကို အကြည့်လေးတစ်ချက်တောင်မကြည့်ဘဲ လက်ချင်းချိတ်ပြီး အဝေးကို ထွက်သွားကြသည်။

သူတို့နှစ်ယောက်က အန်တီလော်ဆီအရင်သွားပြီးတော့ ရန်လဲ့လဲ့က အဝတ်နှစ်ထည်ဝယ်ကာ ထွက်လာခဲ့သည်။

"ယောင်ယောင် နင်ဒါကို ဘယ်လိုထင်လဲ"

ရတနာပစ္စည်းဆိုင်ထဲမှာ ရန်လဲ့လဲ့က ငွေဆံထိုးတစ်ခုယူလိုက်ပြီး နင်းမုန့်ယောင်ကို မေးလိုက်သည်။

နင်းမုန့်ယောင်က ထိုဟာကိုကြည့်လိုက်ပြီး အသာလေးခေါင်းရမ်းလိုက်သည်။အဲ့ဒိ ငွေဆံထိုးကမဆိုးပေမယ့် အရမ်းလူကြီးဆန်လွန်းတယ်။

နောက်ဆုံးမှာတော့ နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို ဆံထိုးနှစ်ခု‌ရွေးဖို့ ကူညီပေးလိုက်ပြီး နှစ်ခုလုံးက ငွေဆံထိုးဖြစ်ပေမယ့် ပုံစံက အရင်တစ်ခုထက် ကောင်းမွန်သည်။

သူမလက်ထဲက ငွေဆံထိုးနှစ်ချောင်းကိုကြည့်ပြီး ရန်လဲ့လဲ့က ကျေနပ်သွားကာ သူမယောင်းမအတွက် နောက်ထပ် ဆံထိုးတစ်ချောင်းရွေးလိုက်သည်။ဆံထိုးသုံးခုက စုစုပေါင်း ငွေစခြောက်စကျပြီးတော့ ရန်လဲ့လဲ့က ရင်ထုမနာဖြစ်သွားသည်။

"နင်ဘာလုပ်နေတာလဲ"

ရတနာပစ္စည်းဆိုင်ကနေထွက်လာပြီးတော့ ရန်လဲ့လဲ့အမူအရာက ကြီးမားတဲ့ဆုံးရှုံးမှုကြီး ခံစားလိုက်ရသလို အရမ်းကွဲပြားသွားသည်။

"ငါ ဒါတွေကို ဆိုင်ကိုပြန်သွားပေးလိုက်ရင် ဘယ်လိုလဲ"

ရန်လဲ့လဲ့က ဂရုတစိုက်ပြောလိုက်သည်။

နင်းမုန့်ယောင်ခေါင်းထဲ အနက်ရောင်မျဉ်းတွေပြည့်သွားပြီး ရန်လဲ့လဲ့ကိုကြည့်လိုက်သည်။ဒီကောင်မလေးက သူမနဲ့ကစားနေတာလား?

"ဒါက ငွေခြောက်စပဲရှိတာလေ၊နှစ်သစ်ပြီးရင် နင်အန်တီလော်ဆီသွားပြီး နင့်ရဲ့ပန်းထိုးထည်တွေသွားရောင်းရင် ပိုက်ဆံပြန်မရဘူးလား"

ငွေခြောက်စကတန်တယ်မလား?

ရန်လဲ့လဲ့က သူမခေါင်းကိုငြိမ့်ကာ စဉ်းစားလိုက်ပြီး ထိုအကြောင်းကို သဘောတူလိုက်သည်။ဒါကြောင့် သူမဆက်ပြီး စိတ်ထဲမနာကျင်တော့ပေ။သူမက ဆံထိုးတစ်ချောင်းကို သူမဆံပင်ထဲစိုက်လိုက်ပြီး နောက်တစ်ခုကို နင်း‌မုန့်ယောင်ခေါင်းပေါ်စိုက်လိုက်သည်။

"ဘာလို့ ငါ့ကိုပေးနေတာလဲ"

"ဘာလို့မပေးရမှာလဲ?နင်ကငါ့ကို ခဏခဏအများကြီးကူညီခဲ့တာ အဲ့ဒါကြောင့် ငါကနင့်အတွက် လက်ဆောင်အနေနဲ့ ဆံထိုးတစ်ချောင်းဝယ်ခဲ့တာ။နင့်မှာ မရှိတာမဟုတ်ဘူးဆိုတာ ငါသိပါတယ် ဒါပေမယ့်........"

ဒီလိုဆံထိုးမျိုးကို နင်းမုန့်‌ယောင် မတပ်မက်ဘူးဆိုတာသိတာကြောင့် သူမက နည်းနည်းတော့ စိတ်ပျက်သွားသည်။

"ငါမလိုချင်ဘူးလို့ မပြောပါဘူး။ကောင်းပြီ ဒီလိုလုပ်မနေနဲ့တော့"

နင်းမုန့်‌ယောင်‌ယောင်က ရန်လဲ့လဲ့ခေါင်းကိုခေါက်လိုက်ပြီး အကူအညီမဲ့စွာပြောလိုက်သည်။

အဲ့ဒီနောက်မှသာ ရန်လဲ့လဲ့က ပျော်ရွှင်လာပြီးတော့ နင်းမုန့်‌ယောင်နဲ့ ရယ်ရယ်မောမောစကားတွေပြောကာ နောက်ထပ်တစ်နေရာကို သွားကြသည်။

"နှစ်သစ်ကျရင် ငါမြို့ကိုသွားပြီးတော့ ပန်းမီးပုံးပွဲတော်ကြည့်မလို့။နင်သွားချင်လား"

နင်းမုန့်ယောင်က ရုတ်တရက် ချင်းကျူးရဲ့ကိစ္စကို သတိရသွားပြီး သူမညာဘက်ဘေးက ရန်လဲ့လဲ့ကို မေးလိုက်သည်။

ရန်လဲ့လဲ့က ထိုဟာကိုစဉ်းစားကြည့်လိုက်ပြီး ခေါင်းငြိမ့်ကာ သဘောတူခဲ့သည်။

"ကောင်းပြီ ငါက ကြီးနေပြီဆိုပေမယ့် တစ်ခါမှ အဲ့ဒါကို မမြင်ဖူးဘူး၊ငါလည်း ကြည့်ချင်တယ်"

"ဟုတ်ပြီ ဒါဆို ငါနင့်ကိုခေါ်မယ်"

"ကောင်းတယ်!"

ပြန်ချိန်ရောက်တော့ နင်းမုန့်ယောင်နဲ့ရန်လဲ့လဲ့‌တို့က လူတော်တော်များများရောက်နေတဲ့နေရာကို မနည်းတဲ့ပစ္စည်းတွေယူပြီး ရောက်လာခဲ့ကြသည်။ယန်ရှိုးအာက သူတို့လက်ထဲက ပစ္စည်းတွေကို သေချာမြင်ပေမယ့် သူမကို ပိုပြီးမနာလိုဖြစ်သွားစေတာက သူတို့ဆံပင်ပေါ်က အသစ်စက်စက် ဆံထိုးတွေဖြစ်သည်။

ဘာကြောင့် သူတို့ဘဝတွေက သူမထက်ပိုကောင်းနေရတာလဲ?

သူတို့ရဲ့ ရယ်မောပြီးစကားပြောနေတဲ့ပုံစံကိုမြင်တော့ ယန်ရှိုးအာက သူတို့ကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲချင်သွားသည်။

ဒါပေမယ့် သူမ မလုပ်ရဲပေ။အချိန်ရောက်ရင် နင်းမုန့်ယောင် လက်စားချေတာခံရမှာကို သူမကြောက်သည်။

နွားလှည်းထဲမှာ ရင်းနှီးတဲ့လူတွေက သူတို့ဝယ်လာတဲ့ ပစ္စည်းတွေအကြောင်းပြောကြပြီး တစ်ချို့ကလည်း နင်းမုန့်ယောင်နဲ့ရန်လဲ့လဲ့ကို မေးကြသည်။

သူတို့အများစုက အဝတ်အစားတွေနဲ့ နှစ်သစ်ကူးပစ္စည်းအချို့ဝယ်ခဲ့ကြတာဖြစ်သည်။

ရွာကိုပြန်ရောက်တော့ နင်းမုန့်ယောင်က သူမပစ္စည်းတွေနဲ့ ထွက်သွားဖို့ပြင်လိုက်ပေမယ့် ယန်ရှိုးအာကန်လိုက်တာကြောင့် ၎င်းတို့က မြေကြီးပေါ်ကို ကျကုန်သည်။

ပြန့်ကျဲသွားတဲ့ ကုန်ပစ္စည်းတွေကိုကြည့်ပြီး နင်းမုန့်ယောင်က မျက်ခုံးတွန့်သွားသည်။သူမ တစ်ယောက်ထဲတင်မဟုတ်ဘဲ လှည်းထဲကလူတွေကလည်း ယန်ရှိုးအာကို မကျေမနပ်စိုက်ကြည့်နေကြသည်။

"ငါပြောမယ် မိန်းကလေးရှိုးအာ မင်းတစ်ခြားလူတွေရဲ့ ပစ္စည်းတွေကို မြေကြီးပေါ်ကန်မိသွားရင် ခွင့်လွှတ်ဖို့ မတောင်းပန်သင့်ဘူးလား?မင်း ဘယ်လိုကြီးပြင်းလာတာလဲ"

"ဟုတ်တယ်"

"သူ(မ)က ဒါနဲ့တန်တယ်။ဘာလို့ တောင်းပန်ရမှာလဲ?"

သခင်မလော်က အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး အော်ဟစ်လိုက်သည်။

သခင်မလော်ကို ဒီလိုတွေ့ရတော့ လူအုပ်ကြီးက မျက်မှောင်ကြုံ့သွားသည်။သခင်မလော် ဒီလိုမျိုးဖြစ်လာတာက အကျိုးအကြောင်းမသင့်တာပဲ။

မြေကြီးပေါ်က ပစ္စည်းတွေက မညစ်ပတ်သွားဘူးဆိုတာသိတော့ နင်းမုန့်ယောင်က သူတို့ယူပြီး ဘာမှမပြောဘဲ ထွက်သွားခဲ့သည်။

နင်းမုန့်ယောင်ရဲ့ ဒီလိုအပြုအမူက လူထုအတွက် အမေနဲ့သမီးအတွဲကို ပိုဆိုးသွားစေသည်။

"သခင်မလော် ငါနင့်ကိုပြောတာတော့မဟုတ်ပါဘူး ဒါပေမယ့် နင့်အိမ်က ယန်ရှိုးအာက ဒီအသက်အရွယ်ဆို မင်္ဂလာကိစ္စပြောရတော့မှာမလား?ဒီလို ယောက္ခမမျိုး ရှာတွေ့သွားမှာ မကြောက်ဘူးလား"

"ဒီလို စိတ်ထားမျိုးနဲ့ ဘယ်သူက လိုချင်မှာလဲ?သူ့(မ)ကို လက်ထပ်လိုက်တာ အိမ်ကို ပရမ်းပတာဖြစ်သွားစေမှာတောင် ကြောက်ရသေးတယ်"

"မှန်တယ်"

"ယန်ရှိုးအာ နင်ဒီလိုမျိုးလုပ်လိုက်တာနဲ့ပဲ ယောင်‌ယောင့်ရဲ့ အာရုံစိုက်မှုကို ရမယ်လို့ထင်နေတာလား?ဘယ်လောက်တောင် ရူးလိုက်လဲ"

ရန်လဲ့လဲ့က လှောင်ပြုံးပြုံးလိုက်သည်။ဒီလူက အရမ်းကိုအရှက်မဲ့တယ်။မိုက်မိုက်မဲမဲနဲ့ ဒီလိုအရာမျိုးလုပ်ရတယ်လို့။

All Chapters