← Chapters

အခန်း ၇၇

Vol. 4 Ch. 77

အခန်း ၇၇

Vol. 4 Ch. 77

Chapter 77

သူက မုန့်တစ်ခုကိုယူပြီး ပါးစပ်ထဲထည့်လိုက်ပြီးနောက် ဝါးနေရင်းနဲ့ နင်းမုန့်ယောင်ကို ဘာပြန်ပေးရမလဲဆိုတာ စဉ်းစားနေခဲ့သည်။ထိုဟာက အရမ်းများတာမဟုတ်သလို ပေါ့ပေါ့တန်တန်လည်း မရပေ။

ဒီဟာက ချောင်ထျန်းချန်ကို အကူအညီမဲ့သလို ခံစားရစေပြီး ဘာပေးရမှန်းမသိပေ။ထိုမိန်းကလေးမှာ အရာအားလုံးရှိပုံရသည်။

နောက်ဆုံးမှာတော့ ချောင်ထျန်းချန်က တောင်ပေါ်သွားဖို့ဆုံးဖြတ်လိုက်ပြီး မြေခွေးတစ်ကောင် ရှာတွေ့မလား မတွေ့ဘူးလားဆိုတာ ကြည့်ရန်ပြင်လိုက်သည်။သူသာ တွေ့ခဲ့ရင် မြေခွေးသားမွေးနှစ်ပိုင်းပိုင်းလို့ရတယ်။

သူက မုန့်တွေစားရင်း စဉ်းစားနေခဲ့သည်။အဲ့ဒီနောက် မုန့်တွေကို သေချာသိမ်းခဲ့ပြီး သူ့ရဲ့လေးနဲ့မြှားကိုယူကာ တောင်ပေါ်တစ်လျှောက်ကြည့်ဖို့ ထွက်သွားခဲ့သည်။

ချောင်ထျန်းချန်ထွက်သွားပြီးတဲ့နောက် ရန်ကွေ့က အုတ်တံတိုင်း နံရံကို တိတ်တဆိတ်တက်သွားခဲ့သည်။အုတ်တံတိုင်းထိပ်မှာ ရှိနေတဲ့အရာတွေက သူမကို ကြောက်ရွံ့သွားစေတာကြောင့် အချိန်အတော်ကြာ စိုက်ကြည့်ပြီးတဲ့နောက် သူမက အိမ်ရှေ့တံခါးကို တက်ပြီး အဲ့‌ကနေ ခုန်ချဖို့ပဲ လုပ်လိုက်သည်။

သူမ တံခါးပေါ်မှာ ရှိနေတဲ့အချိန် သူမကို ရွာကလူတွေက မြင်သွားသည်။

"မိန်းကလေးကွေ့ မင်းဘာလုပ်နေတာလဲ?ပိုင်ရှင်က တံခါးကိုသော့ခတ်သွားတာ မင်းသိတယ်လေ"

အခေါ်ခံလိုက်ရတာကြောင့် ရန်ကွေ့လက်တွေက ချော်ထွက်သွားပြီး မြေကြီးပေါ်ပြုတ်ကျသွားသည်။

ရန်ကွေ့က မြေကြီးပေါ်မှာ ချော်လဲပြီးတဲ့နောက် သူမရှေ့ကလူကို စိတ်ပျက်လက်ပျက်ကြည့်လိုက်ပြီး

"ဘာလို့ ကျွန်မကို ခေါ်တာလဲ"

"ငါပြောတာ မင်းဘာလို့ နံရံကျော်တက်နေတာလဲလို့?ပြီးတော့ တစ်ခြားလူရဲ့ တံတိုင်းကြီးလေ"

"အဲ့ဒါ ရှင်နဲ့ဘာဆိုင်လို့လဲ?ခွေးက ကြွက်ကိုဖမ်းနေတာ တစ်ခြားလူကိစ္စတွေကို အရမ်းစပ်စုတာပဲ"

အဲ့ဒီလူက ရန်ကွေ့စကားတွေကိုကြားတော့ ရယ်မောမိသည်အထိ ‌ဒေါသထွက်သွားခဲ့သည်။

"ဒါက တကယ်တော့ ငါနဲ့ဘာမှမဆိုင်ပါဘူး။ငါ နင့်ကိုမခေါ်လိုက်သင့်ဘူး ဒီလိုမျိုး တစ်ခြားလူအိမ်ထဲကို ခိုးဝင်တာ လွှတ်ထားလိုက်သင့်တာ။အဲ့ဒီလူအိမ်ပြန်လာရင် မင်းက သူများကိုယ်ပိုင်အိမ်ထဲကို ခိုးဝင်တယ်ဆိုတာ သတင်းပို့ပြီး မင်းကို ထောင်ချခိုင်းမယ်"

သူမက ရည်ရွယ်ချက်ကောင်းနဲ့ခေါ်ခဲ့ပေမယ့် ဘယ်သူသိမှာလဲ သူမ ဒီလိုမျိုး အရှက်ရလိမ့်မယ်လို။

ရန်ကွေ့မျက်နှာက စိမ်းဖန့်သွားကာ အဲ့ဒီနောက် ဖြူဖျော့သွားပြီး သူမရှေ့ကလူကို မုန်းတီးမှုအပြည့်နဲ့စိုက်ကြည့်ပြီး မတ်တပ်ရပ်ကာ သူမတင်ပါးကိုခါပြီးထွက်သွားခဲ့သည်။

ရန်ကွေ့ထွက်သွားတာကိုကြည့်ပြီး လမ်းသွားလမ်းလာတွေက pooh ဆိုပြီး တိုးတိုးလေး အသံပြုခဲ့ကြသည်။

ရန်ကွေ့က သူမခြံဝင်းကို စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားခဲ့သည်။လှေကားက အခုထိ‌ရှိနေသေးတာမြင်တော့ သူမ မကျေမနပ်ဖြစ်သွားသည်၊အဲ့ဒီလူတွေကြောင့်သာ မဟုတ်ရင် သူမ အထဲကိုရောက်နေပြီဖြစ်ပြီး ဒီမှာ ထိုင်နေရမှာ မဟုတ်ပေ။

သူမက အထဲကိုဝင်သွားပြီး အဲ့ဒီ မိန်းမပျက်မ နင်းမုန့်ယောင်က ချောင်ထျန်းချန်ပျော်သွားအောင် သူ့ကို ဘာနှစ်သစ်ကူးလက်ဆောင်ပေးခဲ့လဲဆိုတာ ကြည့်ချင်သည်။

သူမလည်းပဲ ချောင်ထျန်းချန်ကို နှစ်သစ်ကူးလက်ဆောင်ပေးခဲ့ပေမယ့် သူက ထိုဟာနဲ့ထိုက်တန်အောင် ဘာမှမလုပ်ခဲ့ဘူးလို့ပြောကာ သူမကိုငြင်းလိုက်မယ်လို့ ဘယ်သူသိမှာလဲ။

ကောင်းပြီ သူမနဲ့ကျ ထိုက်တန်တဲ့ ဆုလာဘ်ဘာတစ်ခုမှ မလုပ်ခဲ့ပေမယ့် နင်းမုန့်ယောင်နဲ့ကျတော့ သူက အားလုံးကို လက်ခံတယ်။သူ့ရဲ့ ဒီလို ကွဲပြားတဲ့ အပြုအမူက ဘာလဲ?

ဒါကြောင့်ပဲ ရန်ကွေ့က နင်းမုန့်ယောင်ကို နက်နက်ရှိုင်းရှိုင်း မကျေမနပ်ဖြစ်နေခဲ့သည်။ဒါပေမယ့် သူမ သူ့ကို ဘာတွေပေးခဲ့တာလဲဆိုတာကိုတော့ မတွေးပေ။၎င်းတို့က ဖိနပ်နဲ့အဝတ်အစားတွေဖြစ်သည်။

ဘယ်မိန်းကလေးက တစ်ခြားအမျိုးသားတစ်ယောက်ကို ဖိနပ်နဲ့အဝတ်အစားတွေ ပေးလို့လဲ?လူတွေသာ ဒါကိုသိရင် သူတို့က အပုပ်ချလိမ့်မယ်။

တောင်ပေါ်မှာ ရှိနေတဲ့ ချောင်ထျန်းချန်ကတော့ ဒါတွေကို မသိပေ။သူက မြေခွေးရှာမတွေ့ခဲ့ဘဲ ယုန်ဖြူတွေကိုသာ တွေ့ခဲ့သည်၊သူတို့ကိုသာ အင်္ကျီလုပ်လိုက်ရင် ကြည့်ကောင်းနိုင်သည်။

သူထွက်သွားဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ အနီရောင်အရိပ်တစ်ခုက ပြေးလာခဲ့ပြီး ချောင်ထျန်းချန် မျက်လုံးတွေ အရောင်လက်သွားခဲ့သည်။ဒါက သူရှာနေခဲ့တာမလား?

အနီရောင်အရိပ်နောက်ကိုလိုက်ပြီး ထိုအနီရောင်အရိပ်ကိုမဖမ်းမိခင် သူအားအင်အတော် ကုန်ဆုံးသွားသည်။

မြေခွေးက အသက်ရှုနှေးလာတာ‌မြင်တော့ ချောင်ထျန်းချန်ရဲ့မျက်လုံးတွေက ရွှင်မြူးမှုနဲ့ပြည့်နှက်သွားသည်၊သူနောက်ဆုံးတော့ ထိုဟာကို ဖမ်းမိခဲ့ပြီ။

သူ့ရဲ့သားကောင်တွေကို သယ်လာပြီး အိမ်တံခါးနားရောက်တဲ့အခါမှာ အတားခံလိုက်ရသည်။

"ငါပြောမယ် တူကြီး မင်းအိမ်တံခါးကို သေချာကြပ်နေအောင် သော့ခတ်ထားသင့်တယ်"

"အမ်?တစ်ခုခုဖြစ်လို့လား?

ချောင်ထျန်းချန်က သူတို့ကို ထူးဆန်းစွာကြည့်ပြီး မေးလိုက်သည်။

ထိုလူက ရန်ကွေ့အိမ်ကို စိုက်ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်

"ရန်ကွေ့မိန်းကလေးက မင်းသွားတဲ့အချိန်တုန်းက နံရံကိုကျော်တက်ပြီး မင်းအိမ်ထဲဝင်ချင်နေတာ။ငါက သူ(မ)ကိုခေါ်လိုက်တော့ လန့်သွားတယ်လေ။မင်း သတိထားသင့်တယ်"

ပြောပြီးတာနဲ့ ထိုလူက ထွက်သွားခဲ့သည်။

မြေခွေးဖမ်းမိလာတာကြောင့် ပျော်ရွှင်နေတဲ့ ချောင်ထျန်းချန်ရဲ့ စိတ်ခံစားချက်က ဒါကိုကြားတဲ့အခါမှာ ပျောက်ကွယ်သွားပြီး သူ့မျက်နှာက မည်းနက်လာကာ အမူအရာဆိုးရွားလာခဲ့သည်။

ထိုဟာရဲ့ အဓိပ္ပာယ်က ဘာလဲ?သူမက သူ့အိမ်ကို နောက်တစ်ကြိမ် ခိုးကြောင်ခိုးဝှက်ပြေးလာပြန်တာလား?

သူ့အိမ်က ရန်ကွေ့အိမ်နဲ့ နံရံတစ်ခုပဲခြားတာကိုတွေ့တော့ သူက နှစ်သစ်ပြီးရင် အိမ်ဆောက်ဖို့မြေဝယ်မယ်လို့ ဆုံးဖြတ်လိုက်သည်။

သူက တံခါးဖွင့်ကာ အိမ်ထဲဝင်သွားခဲ့သည်။ဒါပေမယ့် သူဝင်သွားတဲ့အခါ ချောင်ထျန်းချန်ရဲ့မျက်နှာက မည်းနက်ပြီးအုံ့မှိုင်းလာခဲ့သည်။

ဘာလို့လဲ?ဘာကြောင့်လဲဆိုတော့ ရန်ကွေ့က သူ့အိမ်ထဲမှာ နောက်တစ်ခါထိုင်နေခဲ့ပြီး သူမလက်တွေက နင်းမုန့်ယောင် သူ့ကိုပေးသွားတဲ့ မုန့်တွေကိုယူပြီး အဆက်မပြတ်စားနေခဲ့သည်။

မုန့်တွေယူနေတဲ့လက်ကို ကြည့်လိုက်ပြီး ချောင်ထျန်းချန်က ထိုလက်တွေကို ချိူးပစ်ဖို့ စိတ်အားထက်သန်နေသည်။

ရန်ကွေ့လက်တွေက ရပ်တန့်သွားပြီး ချောင်ထျန်းချန် ဒီလောက်မြန်မြန် ပြန်ရောက်လာလိမ့်မယ်လို့ မထင်ထားပေ။

ကိုးရိုးကားရားနဲ့ မတ်တပ်ရပ်လိုက်ပြီး သူမလက်ထဲက မုန့်ကိုကြည့်ကာ သူမက ချက်ချင်း လွှင့်ပစ်ခဲ့ပြီး သူမလက်တွေသုတ်ကာ ရှက်ရွံ့စွာနဲ့ခေါ်လိုက်သည်။

"အစ်ကိုကြီးချောင်.....”

All Chapters