အခန်း ၇၈
Vol. 4 Ch. 78
Chapter 78
ချောင်ထျန်းချန်က အရင်တုန်းက ဒီလိုစိတ်တိုစရာမျိုး မရှိဘူးပေ။ဒီအမျိုးသမီးက ဘယ်လောက်အရှက်မဲ့လိုက်လဲ?သူမက တကယ့်ကို တစ်ကြိမ်ပြီးတစ်ကြိမ်ကို ပိုင်နက်ကျူးကျော်လာခဲ့တာပဲ။အဲ့ဒါတင်မဟုတ်ဘူး သူမက အိမ်ပိုင်ရှင်လို့ ထင်စေနိုင်တဲ့ သူမရဲ့အပြုအမူကရော ဘာလဲ?သူမက ဒါကို ဘယ်သူ့အတွက် လုပ်နေတာလဲ?
ချောင်ထျန်းချန်ရဲ့မျက်နှာ မည်းမှောင်ပြီးရင်း မည်းမှောင်လာတာကို တွေ့တော့ ရန်ကွေ့က ဒါကမကောင်းဘူးဆိုတာ သိလိုက်သည်။ချောင်ထျန်းချန်ဘေးကို တုန်တုန်ယင်ယင်နဲ့ လျှောက်သွားလိုက်ပြီး အသံတိုးတိုးလေးနဲ့ပြောလိုက်သည်။
"အစ်ကိုကြီးချောင် အစ်ကိုနေကောင်းရဲ့လား?စိတ်မဆိုးပါနဲ့နော် ဟုတ်ပြီလား"
ချောင်ထျန်းချန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူမကို ကော်လံကနေဆွဲကာ အပြင်ကို ပစ်ထုတ်လိုက်သည်။
အပြင်မှာလည်း လူတွေရှိနေခဲ့ပြီး ရန်ကွေ့ကို ချောင်ထျန်းချန် ပစ်ထုတ်တာကိုမြင်တော့ သူတို့က စပ်စုချင်လာကြသည်။
"လူလေးချောင် ဘာဖြစ်လို့လဲ"
သူ့မျက်နှာက သိသိသာသာ ဆိုးရွားနေသည်။
ချောင်ထျန်းချန်က ထိုလူကို ပြန်မဖြေပေ။သူက အေးစက်ပြီးတော့သွေးဆာနေတဲ့အကြည့်နဲ့သာ ရန်ကွေ့ကိုကြည့်လိုက်ပြီး
"ရန်ကွေ့ ဒါနောက်ဆုံးအကြိမ် ငါမင်းကိုသတိပေးတာပဲ။
မင်းနောက်တစ်ခါ ငါ့အိမ်ထဲကို ခိုးကြောင်ခိုးဝှက်ထပ်ဝင်ရင် ဒါဆို ငါ့ကို မညှာတာဘူးဆိုပြီး အပြစ်မတင်နဲ့။
မင်းငါ့ကို ဒုက္ခပေးရင် လက်တုံ့ပြန်ဖို့ ငါဘာမဆိုလုပ်နိုင်တယ်။
မင်းငါ့ကိုမယုံဘူးဆိုရင် မင်းသွားပြီးတော့ကြိုးစားကြည့်လိုက်"
ဒီစကားတွေက ရန်ကွေ့ရဲ့ မျက်နှာအမူအရာကို ပြောင်းလဲသွားစေသည်။သူမက ချောင်ထျန်းချန်ကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်ပြီး
"အစ်ကိုကြီးချောင် အစ်ကိုဘာတွေပြောနေတာလဲ?ညီမ နားမလည်ဘူး"
"မင်းနားမလည်ဘူးလား?ဒါဆို ငါကပဲ မင်းကို အသေးစိတ်ပြောပြရတော့မှာပေါ့။
အရင်တုန်းက ငါမရှိတဲ့အချိန် မင်းနံရံကျော်တက်ပြီး ငါ့အိမ်ထဲဝင်တာကို ငါဘာမှမပြောခဲ့ဘူး။
အခု နှစ်သစ်ရောက်နေပြီကို မင်းက ငါ့ကို ဒုက္ခပေးနေတယ်။
မင်းက နံရံကျော်ပြီးငါ့အိမ်ထဲဝင်ရုံတင်မကဘူး ငါ့ပစ္စည်းတွေလည်းထိသေးတယ်၊ငါ့အိမ်က မင်းအိမ်မဟုတ်ဘူး။
ဒါကို သေချာမှတ်ထား။ပြီးတော့ မင်းကမိန်းကလေးတစ်ယောက်လေ အဲ့လောက်အရှက်မမဲ့စမ်းပါနဲ့"
ချောင်ထျန်းချန်စကားတွေက လူအုပ်ကြီးကို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိစေသည်။သူဘယ်လောက်တောင်စိတ်ဆိုးလို့ ဒီလိုအလေးအနက်စကားတွေပြောလာတာပါလိမ့်?
ဒါပေမယ့် ရန်ကွေ့ရဲ့ ဖြူဆုပ်နေတဲ့မျက်နှာကို မြင်တော့ သူ့စကားအများစုက အမှန်တွေဆိုတာ သိသွားသည်။မဟုတ်ရင် သူကဘာလို့ သူမအကြောင်းပြောပြီး တစ်ခြားလူတွေမပြောရတာလဲ?
"ဘယ်လိုဖြစ်တာလဲ?မိန်းကလေးကွေ့ နင်သူများအိမ်ထဲကို ထပ်ဝင်ပြန်ပြီလား?ငါနင့်ကို စောနက သတိမပေးခဲ့ဘူးလား?"
စောနက ရန်ကွေ့ နံရံကျော်တက်ဖို့လုပ်တာကို မြင်ခဲ့တဲ့လူက သူမကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။
ထိုစကားတွေထွက်လာတော့ လူတွေက ဘာဖြစ်တာလဲဆိုတာ သိချင်သွားကြသည်။ရှင်းပြချက်ကို နားထောင်ပြီးတော့ သူတို့အားလုံးက ရန်ကွေ့ကို အထင်အမြင်သေးစွာ ကြည့်နေခဲ့ကြသည်။
"မိန်းကလေးကွေ့ မင်းမှာ ပညာရှင်အစ်ကိုရှိတယ်ဆိုပေမယ့် မင်းတစ်ခြားလူတွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ကျူးကျော်လို့မရဘူးလေ။လူလေးချောင်သာ ဒီကိစ္စကို သေချာကိုင်တွယ်ချင်ရင် မင်းထောင်ထဲသွားရလိမ့်မယ်"
"ဟုတ်တယ်။မိန်းကလေးကွေ့ မင်းက မိန်းကလေးတွေ မင်္ဂလာကိစ္စဆွေးနွေးရတော့မယ့် အရွယ်ရောက်လာပြီ မင်းကိုယ်မင်း ကောင်းကောင်းနေသင့်တယ်"
ရွာသားတွေရဲ့ ဆက်တိုက်ဝေဖန်ချက်တွေက ရန်ကွေ့မျက်နှာကို အရမ်းဆိုးရွားသွားစေသည်။ဒါပေမယ့် သူမက ပြန်ချေပဖို့ ဘာမှရှာမတွေ့ပေ။
ရန်ကွေ့က စိတ်ထဲနာကျင်သွားပြီး ချောင်ထျန်းချန်ကိုကြည့်ကာ မတရားခံရတဲ့လေသံနဲ့
"အစ်ကိုကြီးချောင် ညီမမှားတယ်ဆိုတာ ညီမသိပါတယ်။ညီမ အစ်ကို့ကို တကယ်သဘောကျတာ၊ညီမ အစ်ကိုနဲ့လက်ထပ်ချင်တယ်"
ချောင်ထျန်းချန်က ရန်ကွေ့ကို လှောင်ပြောင်စွာကြည့်လိုက်ပြီး
"တောင်းပန်ပါတယ် ငါမင်းကိုမကြိုက်ဘူး။မင်းလို အရှက်မရှိတဲ့မိန်းမမျိုးကိုလည်း လက်မထပ်ချင်ဘူး"
ဒါပြောပြီးတာနဲ့ သူက တံခါးပိတ်လိုက်ပြီး ရန်ကျူးအိမ်ကို ထွက်သွားခဲ့သည်။
ဒါသာဆက်ဖြစ်နေရင် သူတကယ်ရူးသွားလိမ့်မယ်။
ရန်ကွေ့က သူမသာ သူ့ကို လက်ထပ်ချင်တယ်လို့ပြောရင် သူချက်ချင်း သဘောတူလိမ့်မယ်လို့ ထင်ခဲ့တာဖြစ်သည်။သူက သူမကို ငြင်းပယ်ရုံတင်မကဘူး သူမကို ဒီလိုမျိူး နှိမ့်ချလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
ဒီနေ့ကစပြီး တစ်ခြားလူတွေရဲ့မျက်လုံးထဲမှာ သူမက အရှက်မရှိတဲ့အမျိုးသမီးတစ်ယောက် ဖြစ်သွားပြီဆိုတာ သူမယုံတယ်။
ရန်ကွေ့က လူအုပ်ကြီးရဲ့ လက်ညှိုးထိုးတာကို သည်းမခံနိုင်တော့ဘဲ သူမမျက်နှာကိုအုပ်ကာ ပြန်ပြေးလာခဲ့သည်။ကိစ္စတွေသာ ဒီလိုဖြစ်သွားမယ်ဆိုတာ သူမသိရင် သူမ ဒါကို လုပ်ခဲ့မှာမဟုတ်ဘူး။အခု သူမက ဆန်ကိုသုံးပြီးကြက်ကိုခိုးချင်ပေမယ့် မြှူတဲ့ဆန်ပဲ ကုန်သွားတဲ့ လူတစ်ယောက်လို ဖြစ်နေပြီ။
ချောင်ထျန်းချန်က ရန်ကျူးကိုမေးတဲ့အခါ တောင်ခြေက မြေကွက်တွေအားလုံးကို နင်းမုန့်ယောင်ဝယ်သွားတယ်ဆိုတာ သိလိုက်ရသည်။သူဝယ်ချင်ရင် နင်းမုန့်ယောင်ဆီကနေ ပြန်ဝယ်ဖို့လိုအပ်သည်။
ဒါက ချောင်ထျန်းချန် နည်းနည်းတော့ မမျှော်လင့်ထားဘူး။ဒါပေမယ့် ထိုအကြောင်းကိုစဉ်းစားပြီးတဲ့နောက် သူက ဂရုမစိုက်တော့ပေ။ထိုမြေကွက်က အင်အားမရှိပြီး အခု သူမက အလုပ်ရုံတစ်ခုဖွင့်ထားကာ သေးငယ်ပုံမပေါ်တာကြောင့် တစ်ဉီးတည်းဝယ်ထားတာက မျှော်လင့်ထားသလိုဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ရွာသူကြီး၊ကျွန်တော် သူ(မ)ကို သွားမေးလိုက်ပါမယ်"
"ဒါဆို သွားလေ"
ချောင်ထျန်းချန် ရောက်တဲ့အချိန် နင်းမုန့်ယောင်က သူမဝယ်ထားတာမကြာသေးတဲ့ တောင်နောက်ကျောက မြေကွက်နဲ့ အနီးနားကမြေကွက်တွေကို စီစဉ်နေသည်။
"အစ်ကိုကြီးချောင် ဘယ်လိုလုပ်ဒီရောက်လာတာလဲ"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို သံသယဝင်စွာကြည့်လိုက်သည်။
"ငါ မင်းဆီကနေ မြေနည်းနည်းလောက်ဝယ်ချင်လို့ အရမ်းမများပါဘူး။တစ်မြောင် နှစ်မြောင်လောက်ဆို ရတယ်"
ချောင်ထျန်းချန်က ကွေ့ဝိုက်မနေဘဲ သူလာရတဲ့ကိစ္စကို တိုက်ရိုက်ပြောလိုက်သည်။