အခန်း ၇၉
Vol. 4 Ch. 79
Chapter 79
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို အံ့ဩစွာကြည့်လိုက်သည်။ဒီနေရာက မြေတွေက အစားအစာပဲနည်းနည်းပဲ ထုတ်လုပ်နိုင်တာကို သူက ဘာလို့ ဝယ်ချင်တာလဲ?
"ဘာလို့လဲ?ရှင်လိုချင်ရင် ကျွန်မရှင့်ကို ဆည်မြောင်းမြေပေးမယ်လေ"
နင်းမုန့်ယောင်က မျက်ခုံးတွန့်သွားသည်။
ဒါပေမယ့် ချောင်ထျန်းချန်က သူ့ခေါင်းကိုရမ်းလိုက်ပြီး
"မလိုပါဘူး။ငါက သီးနှံအတွက်မြေဝယ်တာမဟုတ်ဘူး ပြီးတော့ အပင်လည်း မစိုက်နိုင်ဘူး"
"ဒါဆို ရှင်က ဘာလို့မြေဝယ်တာလဲ"
နင်းမုန့်ယောင်က ချောင်ထျန်းချန် ဘာလုပ်ဖို့ကြိုးစားနေတယ်ဆိုတာ နားမလည်နိုင်ဘဲ သူ့ကို သံသယဝင်စွာကြည့်ကာ သူမအကြည့်တွေက ရှုပ်ထွေးနေသည်။
"ငါက တောင်ခြေမှာ အိမ်တစ်လုံးလောက်ဆောက်ဖို့ မြေကွက်သေးသေးလေး တစ်ကွက်နှစ်ကွက်လောက်ဝယ်ဖို့စီစဉ်နေတာ"
ချောင်ထျန်းချန်က အကူအညီမဲ့စွာ ပြောလိုက်သည်။
ချောင်ထျန်းချန်စကားတွေက နင်းမုန့်ယောင်အမူအရာကို ပိုထူးဆန်းသွားစေသည်။သူမက သူ့ကို ထူးဆန်းစွာကြည့်လိုက်ပြီး
"ရှင့်မှာ အိမ်ရှိပြီးသားမဟုတ်ဘူးလား?ရှင်က ဘာလို့ နောက်ထပ်တစ်လုံးဆောက်ဖို့လုပ်နေတာလဲ"
ချောင်ထျန်းချန်က အေးစက်စက်ပြုံးလိုက်ပြီး သရော်စွာပြောလိုက်သည်
"ငါ့အိမ်ထဲကို တစ်ကြိမ်ပြီးတစ်ကြိမ် နံရံကျော်ပြီးဝင်လာတဲ့ မိန်းမတစ်ယောက်ရှိတယ်။ငါ့ အဲ့နေရာမှာ ဆက်နေဖို့ သတ္တိမရှိတော့ဘူး"
နင်းမုန့်ယောင်က ခဏလောက် စဉ်းစားလိုက်ပြီး သူဘာအကြောင်းပြောနေလဲဆိုတာ သဘောပေါက်သွားသည်၊သူမက ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ပြီလေ ဘယ်လိုနေရာမျိုးကို ရှင်ကလိုချင်တာလဲ"
"မင်း အိမ်နဲ့သိပ်မဝေးတဲ့နားက တစ်ခုဆိုရင်ရော ဘယ်လိုလဲ"
ချောင်ထျန်းချန်က တိုက်ရိုက်ပဲပြောလိုက်သည်။
နင်းမုန့်ယောင်က ထိုဟာကို စဉ်းစားကြည့်လိုက်ပြီး ဘာမှ မှားယွင်းတာမရှိဘူးလို့ ခံစားရတာကြောင့်
"ကောင်းပြီ ရှင် ဦးလေးရန်ကိုသွားရှာပြီး စာရွက်စာတမ်းတွေ ပြင်ထားခိုင်းလိုက်လေ"
"ဟုတ်ပြီ"
ဒီကိစ္စကိုဖြေရှင်းပြီးတဲ့နောက် ချောင်ထျန်းချန်က နင်းမုန့်ယောင်နဲ့ စကားအနည်းငယ်ပြောပြီး အဲ့ဒီနောက် ထွက်သွားခဲ့သည်။
ချင်းရွှင်က ချောင်ထျန်းချန်ရဲ့ ထွက်သွားတဲ့ကျောပြင်ကို ဂရုတစိုက်ကြည့်နေခဲ့သည်။ဘာကြောင့်မှန်းမသိပေမယ့် အဲ့ဒီယောက်ျားရဲ့ ကျောပြင်ကို ရင်းနှီးနေတယ်လို့ သူထင်နေတယ်။
"သခင်မလေး သူကဘာကိုဆိုလိုတာလဲ"
ချင်းကျူးက မျက်တောင်ခတ်ပြီး သိချင်စွာမေးလိုက်သည်။
ချင်းကျူးကို နဖူးတောက်လိုက်ပြီး နင်းမုန့်ယောင်က ပြုံးကာ
"နင်သိချင်တယ်ဆိုရင် ဘာလို့သွားမမေးတာလဲ?ငါ့ကို ကူပြီးမေးစေချင်တာလား"
"သခင်မလေး သူဘာဆိုလိုလဲဆိုတာ သခင်မလေးရှင်းရှင်းလင်းလင်းသိနေတာပဲ"
ချင်းကျူးက နင်းမုန့်ယောင်ကို စိတ်တိုတိုနဲ့ကြည့်လိုက်သည်။
"ကောင်းပြီ။သူက ရွာထဲမှာနေပြီးတော့ အဲ့မှာ သူ့ကိုကြိုက်နေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ဒါပေမယ့် အဲ့ဒီမိန်းကလေးက လူ့အဖွဲ့အစည်းရဲ့ကျင့်ဝတ်တွေကို ဂရုမစိုက်ဘဲနဲ့ သူအပြင်ထွက်တဲ့အချိန်ဆိုရင် ခဏခဏ အုတ်တံတိုင်းကျော်တက်ပြီး သူ့အိမ်ထဲဝင်တယ်လေ"
ချောင်ထျန်းချန်က ရန်ကွေ့ကြောင့် ဒေါသထွက်လာပုံရသည်၊မဟုတ်ရင် သူက မြေတစ်ကွက်တန်းဝယ်ပြီး အိမ်ဆောက်ဖို့ပြင်မှာ မဟုတ်ပေ။
ချင်းကျူးတင်မဟုတ်ဘဲ ချင်ပေါပေါလည်း အံ့ဩသွားသည်။
"မဖြစ်နိုင်ဘူး!"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ?ကျွန်မ ဒီနေရာကို ပထမဆုံးရောက်တော့ ကျွန်မသူ(မ)နဲ့တွေ့တယ်လေ ဒါပေမယ့် သူ(မ)က ကျွန်မကို ဂရုမစိုက်ပါဘူး။နောက်ပြီးတော့ သူ့(မ)မှာ ပညာရှင်အစ်ကိုတစ်ယောက်ရှိတယ်လေ"
နင်းမုန့်ယောင်က ရန်ကွေ့မှာ ပညာရှင်အစ်ကိုတစ်ယောက်ရှိတယ်လို့ ပြောတဲ့အချိန် သူမ မျက်လုံးတွေက လှောင်ပြောင်မှုတွေနဲ့ ပြည့်နှက်နေသည်။
ချင်ပေါဇီက မျက်မှောင်ကြုံ့လိုက်ပြီး တင်းတင်းကြပ်ကြပ်ပြောလိုက်သည်။
"သခင်မလေး သူ(မ)လို လူမျိုးနဲ့ ဝေးဝေးမှာနေသင့်တယ်"
"ကျွန်မက သူ(မ)ကို အမြင်ကပ်နေတာပါ"
နင်းမုန့်ယောင်က အေးစက်စက်ပြောလိုက်သည်။
ချင်ပေါဇီက ဒါကိုကြားတော့ သူမက ကျေနပ်သွားသည်။အဲ့ဒီလူက သခင်မလေးကို ဆိုးရွားတဲ့လွှမ်းမိုးမှုတွေပေးရင် ဘယ်လိုလုပ်မလဲ?
ဒီကိစ္စက နင်းမုန့်ယောင်နဲ့တစ်ခြားလူတွေအတွက် ကြားဖြတ်ကိစ္စတစ်ခုပဲဖြစ်သည်။ဒါပေမယ့် မူလကဆိုးရွားနေတဲ့ ရန်ကွေ့ရဲ့ဂုဏ်သိက္ခာက ပိုမိုဆိုးရွားလာခဲ့သည်။အထူးသဖြင့် ချောင်ထျန်းချန်က အိမ်ဆောက်ဖို့ တကယ်ကြီးမြေဝယ်လိုက်တယ်ဆိုတာ သိလိုက်ရပြီးတဲ့နောက်ဖြစ်သည်။
ဒါက ရိုးရိုးလေးနဲ့ ရန်ကွေ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲဖြစ်တယ်။ရန်ကွေ့က ဒီသတင်းကိုကြားတဲ့အခါမှာ သူမအမူအရာက ဆိုးရွားလာခဲ့သည်။
သူမစိတ်ထဲမှာ သူမမှာ ပညာရှင်အစ်ကိုတစ်ယောက်ရှိပြီး ချောင်ထျန်းချန်ကိုနှစ်သက်တာက သူ့အတွက်ကောင်းတာပဲဖြစ်တယ်၊ဒါပေမယ့် အခု ထိုဟာက ဒီလိုဖြစ်လာခဲ့ပြီး သူမက သူ့ဆီကနေ သဘောကျမခံရဘဲ သူမအိမ်ကို မကြာခဏ လာလည်နေတဲ့ အမျိုးသမီးအောင်သွယ်တော်ကလည်း မလာတော့ပေ။
ဒီကိစ္စက နင်းမုန့်ယောင်နဲ့ရန်ဖြစ်တာကြောင့် ပေါ်လာတာဆိုတာ သူမသိသည်။
သူမမျက်လုံးတွေက မုန်းတီးမှုတွေနဲ့ပြည့်နေခဲ့ပြီး အိမ်နီးချင်းအိမ်ကို သေချာစိုက်ကြည့်နေခဲ့သည်။နင်းမုန့်ယောင် ရောက်လာတာကြောင့်သာမဟုတ်ရင် ချောင်ထျန်းချန်က ဘယ်လိုလုပ် သူမကို သဘောမကျဘဲနေမှာလဲ?
သူမ ပိုပြီးတွေးလေ သူမစိတ်ထဲ ပိုမုန်းတီးလာလေဖြစ်သည်။သူမ ဒီကိစ္စကို ဒီအတိုင်းမထားလိုက်နိုင်ဘူး။သူမက နင်းမုန့်ယောင် သေချာပေါက်ပြန်ပေးဆပ်ရအောင် လုပ်ပြမယ်။
ရန်ကွေ့ဆီကနေ အမုန်းခံရတဲ့ နင်းမုန့်ယောင်ကတော့ ဒါတွေ ဘာတစ်ခုမှမသိပေ။အဲ့ဒီအစား သူမက နေ့ရက်တွေကို သက်သောင့်သက်သာ ဖြတ်သန်းနေခဲ့သည်။အရသာရှိတဲ့ဟင်းပွဲတွေလုပ်စားပြီး အဲ့ဒီနောက် အားလုံးအဆင်ပြေနေသည်။
နှစ်သစ်အတွင်း နင်းမုန့်ယောင်ဆီကို စာလာသင်တဲ့ကလေးတွေရဲ့မိဘတွေက ရောက်လာကြပြီး လက်ဆောင်တွေလည်း ယူလာကြသည်။နင်းမုန့်ယောင်က ပထမတော့ငြင်းနေခဲ့ပေမယ့် သူတို့က သူမကိုပေးဖို့ စိတ်အားထက်သန်နေခဲ့ကြသည်၊
သူမဒါကိုမယူချင်ရင် မယူလို့မရဘူးလား?။
နောက်ဆုံးမှာတော့ နင်းမုန့်ယောင်က သူမ သူတို့အတွက်ပြုလုပ်ထားတဲ့ မုန့်တွေကို အိမ်ပြန်ယူသွားဖို့ ထုတ်ပေးလိုက်သည်။