← Chapters

အခန်း ၈၀

Vol. 4 Ch. 80

အခန်း ၈၀

Vol. 4 Ch. 80

Chapter 80

မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်သစ်ရောက်လာခဲ့သည်။နင်းမုန့်ယောင်က နိုးလာခဲ့ပြီး ချင်ပေါဇီက မနက်စာ စတင်ပြင်ဆင်နေပြီဖြစ်သည်။

နင်းမုန့်ယောင်က ချင်ပေါဇီ အလုပ်များနေတာကိုမြင်တော့ အကူအညီမဲ့စွာနဲ့

"ပေါပေါ အဲ့လောက်စိုးရိမ်နေဖို့မလိုပါဘူး"

"ဘာမှမဟုတ်ပါဘူး။ငါအဆင်မပြေလို့လား"

ချင်ပေါဇီက သူမခေါင်းကိုရမ်းလိုက်ပြီး အမှုမဲ့အမှတ်မဲ့ဖြေလိုက်သည်။

သူတို့ဘေးနားမှာရပ်နေတဲ့ ချင်းကျူးက သူမသခင်မလေးရဲ့ဝတ်စုံကိုကြည့်နေပြီး သူမမျက်လုံးတွေ အရောင်တောက်သွားသည်။

"သခင်မလေးက ဒီဝတ်စုံနဲ့ တကယ့်ကိုကြည့်ကောင်းတာပဲ"

နင်းမုန့်ယောင်က ပန်းပွင့်ထိုးထားတဲ့ အင်္ကျီအဖြူအရှည်ကို တစ်ကိုယ်လုံးအပြည့်ဝတ်ဆင်ထားသည်။ကော်လံနဲ့အင်္ကျီလက်တွေက အဖြူရောင်အမွေးလုံးလုံးလေးတွေနဲ့ ဖုံးလွှမ်းထားသည်။

ထိုဟာတွေက ချောင်ထျန်းချန်ပေးထားတဲ့ ယုန်တွေကနေ လုပ်ထားတာဖြစ်ပြီး သူပို့ပေးလိုက်တဲ့မြေခွေးကိုတော့ ချင်းကျူးက အပေါ်ဝတ်ရုံရှည်လုပ်ပေးထားသည်။သူမက မြို့ကိုသွားပြီး ပန်းမီးပုံးပွဲတော်ကြည့်တဲ့အခါကျရင် ထိုဟာကိုဝတ်ဖို့ စီစဉ်ထားသည်။

နင်းမုန့်ယောင်ကပြုံးလိုက်ပြီး

"ဒါက ချင်းကျူးမှာ အရမ်းတော်တဲ့လက်မှုပညာရှိလို့လေ"

"သခင်မလေးကို ကျွန်မကို စနေပြန်ပြီ"

"ကောင်းပြီ ဒီအကြောင်းမပြောတော့ဘူး။ချင်းကျူး နှစ်သစ်ပြီးရင် ငါနင့်ဆီကိုလူတစ်ယောက်ပို့ပေးဖို့ စီစဉ်ထားတယ်"

နင်းမုန့်ယောင်က ရုတ်တရက် ရန်လဲ့လဲ့ကို စဉ်းစားမိသွားသည်။

ရန်လဲ့လဲ့ရဲ့ ပန်းထိုးအရည်အချင်းနဲ့ဆိုရင် ပြဿနာရှိမှာမဟုတ်ဘူး။

"ရန်လဲ့လဲ့လား"

နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး

"ဟုတ်တယ်။အခု သူ့(မ)ရဲ့ ပန်းထိုးတာက အတော်လေးကောင်းနေပြီ။ငါဒီကိုရောက်တဲ့အချိန်တုန်းကလည်း သူ(မ)ကအများကြီး ကူညီပေးခဲ့တာ။အဲ့ဒါကြောင့် ငါက သူတို့ကို ကူညီချင်လို့"

ရန်ရိနဲ့သူ့ဇနီးသခင်မချောင်တို့က ဒီနေရာမှာ အလုပ်လုပ်ကြသည်။ရန်လဲ့လဲ့ရဲ့ ပန်းထိုးတာကနေရတဲ့ ဝင်ငွေက မဆိုးဘူးဆိုပေမယ့် အချိန်ကုန်သည်။ဒါပေမယ့် သူမသာ ချင်းကျူးနောက်ကိုလိုက်မယ်ဆိုရင်တော့ ဒါက မတူညီတဲ့ကိစ္စဖြစ်သွားပြီ။

ချင်းကျူးက ထိုဟာကို စဉ်းစားကြည့်လိုက်ပြီး အချိန်အတော်ကြာပြီးတဲ့နောက် သူမက သူမခေါင်းကိုငြိမ့်ကာ

"ဒါက ပြဿနာမရှိပါဘူး။ကိစ္စအားလုံးက သူ(မ)ပေါ်ပဲ မူတည်တယ်"

"အင်း ငါသိပြီ

ချင်းကျူးရဲ့ အပိုင်းမှာဆိုရင် နင်းမုန့်ယောင်က သူမကို ဆုံးဖြတ်ချက်တွေချခိုင်းပြီး အခုလူတစ်ယောက်ထည့်တာက ချင်းကျူးအတွက် ခက်ခဲတဲ့ကိစ္စမဟုတ်ပေ။ထိုဟာက တစ်ခြားလူတွေ‌အပေါ်မှာသာ မတရားတာဖြစ်သည်။

ဒါကြောင့်ပဲ နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို အခွင့်အရေးတစ်ခုပေးခဲ့တာဖြစ်သည်။ရန်လဲ့လဲ့ ဒီအခွင့်အရေးကို ယူနိုင်မလား မယူနိုင်ဘူးလားဆိုတာကတော့ သူမအပေါ်မှာပဲ အားလုံးမူတည်သွားပြီ။

ဒါက နင်းမုန့်ယောင် ချင်ပေါဇီကို ပစ္စည်းတွေပြင်ဖို့ မကူညီခင် အတိုချုံးပြောခဲ့တာဖြစ်သည်။

စားပြီးကြတဲ့နောက် သူတို့အုပ်စုက ဖက်ထုပ်လုပ်ဖို့ မုန့်လှိမ့်ကြသည်။

နေ့ခင်းရောက်လုနီးပါးအချိန်မှာတော့ နင်းမုန့်ယောင်က ဖက်ထုပ်တွေအားလုံး လုပ်လို့ပြီးသွားပြီဖြစ်သည်။

စားပွဲပေါ်က ရာနဲ့ချီတဲ့ဖက်ထုပ်တွေကိုကြည့်ပြီး နင်းမုန့်ယောင်က သူတို့ထဲကအချို့ကိုယူကာ ‌ချောင်ထျန်းချန်ဆီသွားပို့ဖို့ ချင်းရွှင်ကိုခိုင်းလိုက်ပြီး ဘယ်သူမှ မတွေ့အောင်လုပ်ဖို့ အမိန့်ပေးလိုက်သည်။

ချင်းရွှင်က ဖက်ထုပ်တွေပြည့်နေတဲ့ ခြင်းတောင်းကိုယူပြီး ပျောက်ကွယ်သွားခဲ့သည်။သူထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က ချက်ပြုတ်ဖို့ မီးမွှေးလိုက်သည်။

ချင်းရွှင်ရောက်လာတဲ့အချိန် ချောင်ထျန်းချန်က ထမင်းစားတော့မလို့ဖြစ်သည်။သူက မျက်ခူံးပင့်လိုက်ပြီး

"ငါ ကူညီနိုင်တာ တစ်ခုခုရှိလို့လား"

"ဒါ သခင်မလေးကပေးလိုက်တာ"

သူက ခြင်းတောင်းကို ပေးလိုက်သည်။

ချောင်ထျန်းချန်က ခြင်းတောင်းကို သိချင်စွာဖွင့်ကြည့်လိုက်ပြီး ရာနဲ့ချီတဲ့ဖက်ထုပ်တွေကို အထဲမှာ တွေ့လိုက်ရသည်။

"မင်းရဲ့သခင်မလေးကို ငါကကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါ"

ချင်းရွှင်က‌ချော‌ချောင်ထျန်းချန်ကို စိုက်ကြည့်လိုက်ပြီး ပျောက်ကွယ်သွားခဲ့သည်။

ချင်းရွှင်ထွက်သွားတဲ့ နေရာကိုစိုက်ကြည့်နေခဲ့ပြီး ချောင်ထျန်းချန်နှုတ်ခမ်းတွေက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။နင်းမုန့်ယောင်က သာမန်မိဘမဲ့မိန်ကလေးတစ်ယောက် မဟုတ်တာ ဖြစ်နိုင်ပုံရသည်။

အဲ့ဒီလူငယ်မှာရှိတဲ့ ကိုယ်ခံပညာက လူအများစုယှဉ်နိုင်တဲ့ အရာမဟုတ်ပေ၊။

နင်းမုန့်ယောင်က သူမဘာလုပ်မယ်ဆိုတာကို စဉ်းစားထားပြီးသားဖြစ်တယ်။ငါးကိုငံပြာရည်ထဲနှစ်ထားပြီး နံရိုးချိုချဉ်၊အသားလုံးကြီးတစ်လုံးနဲ့ မှိုနဲ့ယုန်စွပ်ပြုတ်။ဟင်းဆယ့်တစ်ခွက်ကို အတူတူဖြစ်သည်။

နှစ်နာရီကြာပြီးတဲ့နောက် ဟင်းပွဲအားလုံးကို စားပွဲပေါ်မှာနေရာချထားပြီး ဖြစ်သည်။နင်းမုန့်ယောင်က သူတို့အားလုံးကို အတူတူစားဖို့ခေါ်လိုက်သည်။

"သခင်မလေး ပျော်ရွှင်ဖွယ်ရာနှစ်သစ်ဖြစ်ပါစေ"

"အမ်း......နင်တို့လည်းအတူတူပဲ။ပျော်ရွှင်ဖွယ်ရာနှစ်သစ်ဖြစ်ပါစေ"

နင်းမုန့်ယောင်ကပြုံးလိုက်ပြီး စပျစ်ဝိုင်အိုးကြီးတစ်လုံးကိုယူကာ လူတိုင်းရဲ့ခွက်တွေထဲ ‌လောင်းထည့်ပေးလိုက်သည်။

"ဝူးးး သခင်မလေး ဒီဝိုင်ကအရသာရှိတယ်"

ချင်းရွှယ်မျက်လုံးတွေက နင်းမုန့်ယောင်ကိုစိုက်ကြည့်ကာ တလက်လက်‌တောက်ပနေသည်။

သူမအမူအရာက ရွှေချောင်းကြီး ကောက်ရလိုက်သလိုဖြစ်သည်။သူမ မျက်လုံးထဲမှာ ဒီစပျစ်ဝိုင်က ရွှေချောင်းနဲ့တူပြီး အများကြီးကွဲပြားတာမရှိပေ။ဒါကိုသာရောင်းလိုက်ရင် ရလာမယ့်ဝင်ငွေက နည်းမှာမဟုတ်ဘူး။

"ဟုတ်ပြီ ဒါကိုရောင်းဖို့ဆိုရင်တောင်မှ နင်တို့နှစ်သစ်ကူးပြီးတဲ့အထိ စောင့်ရမယ်။နှစ်သစ်ပြီးရင် ငါတို့တောင်ပေါ်ကိုသွားပြီး စပျစ်သီးစိုက်ဖို့ မြေရှာရမယ်။သူတို့တွေက နောက်နှစ်ဆို မှည့်သင့်တယ်"

နင်းမုန့်ယောင်ကရယ်ကာ ချင်းကျုးကိုကြည့်လိုက်သည်။

ဒါက နှစ်သစ်ကို သူတို့က အလုပ်အကြောင်းတွေးနေသေးတယ်။

သူမခေါင်းကိုငုံ့ပြီး စပျစ်ဝိုင်ကိုကြည့်ကာ နင်းမုန့်ယောင်က ရုတ်တရက် ချောင်ထျန်းချန်က သူမကို ထိုအချိန်တုန်းက စပျစ်သီးတွေ ကူခူးပေးခဲ့တာကို သတိရသွားသည်။သူမက အစတုန်းက သူ့ကိုပေးဖို့စီစဉ်ထားပေမယ့် ထိုအကြောင်းကို မေ့သွားခဲ့သည်။ဒါပြီးရင်တော့ သူမသူ့ကို နှစ်ပုလင်း‌လောက် ပေးရမယ်။

All Chapters