← Chapters

အခန်း ၈၁

Vol. 4 Ch. 81

အခန်း ၈၁

Vol. 4 Ch. 81

Chapter 81

စားပြီးကြတဲ့နောက်မှာတော့ ချင်ပေါဇီနဲ့ကျန်တဲ့လူတွေက အိမ်ကိုသန့်ရှင်းရေးလုပ်ကြသည်။နင်းမုန့်ယောင်ကတော့ ဝိုင်နှစ်ပုလင်းကိုယူကာ ချင်းရွှယ်ကိုခေါ်ပြီး ရွာထဲသွားခဲ့သည်။

ဒီအချိန်မှာတော့ လူတိုင်းက သူတို့အိမ်တွေမှာ စားသောက်နေကြသည်။အပြင်မှာတစ်ယောက်မှ ရှိပုံမရပေ။ဒါကြောင့်ပဲ နင်းမုန့်ယောင်က ဝိုင်ပုလင်းတွေပို့ဖို့ ဒီအချိန်ကို ရွေးခဲ့တာဖြစ်သည်။

တစ်ခြားလူတွေ မြင်သွားတာ အဆင်ပြေတယ်ဆိုပေမယ့် သူမက ပြဿနာဖြစ်ရတာမကြိုက်ပေ။ဒါကြောင့် ထိုဟာကိုရှောင်ရှားဖို့ အကောင်းဆုံးလုပ်ခဲ့သည်။

သူတို့နှစ်ယောက်ရောက်တဲ့အချိန် ချောင်ထျန်းချန်က တစ်ယောက်ထဲစာဖတ်ရင်း စားနေခဲ့သည်။နင်းမုန့်ယောင် အနီးကိုလျှောက်လာတာတွေ့တော့ သူ့စိတ်ထဲ သိချင်သွားသည်။

"မင်း ဘာလို့ဒီရောက်လာတာလဲ?စားပြီးပြီလား"

ဒီစကားတွေက ရင်းနှီးနေပေမယ့် ချောင်ထျန်းချန်က လုံးဝ ပုံမှန်အတိုင်းပဲဖြစ်နေကာ နင်းမုန့်ယောင်ကလည်း ထိုအကြောင်းကို ဂရုမစိုက်ပေ။သူမက ချင်းရွှယ်သယ်လာတဲ့ ဝိုင်နှစ်ပုလင်းကိုသာ လက်ညှိုးထိုးပြလိုက်ပြီး

"ဒါ ရှင့်ကျွန်မကိုကူပြီး ချက်ပေးခဲ့တဲ့ဝိုင်လေ။ကျွန်မရှင်သောက်ဖို့ နှစ်ပုလင်းပေးမယ်။ရှင်အိမ်အသစ်ကိုပြောင်းတဲ့အခါကျရင် ကျန်တာတွေပေးမယ်"

ချောင်ထျန်းချန် မျက်လုံးတွေက တောက်ပသွားသည်။သူက ထိုအကြောင်းကို မေ့နေတာဖြစ်သည်။နင်းမုန့်ယောင် ဝိုင်ချက်နေတဲ့အချိန်တုန်းက ဝိုင်ချက်ပြီးသွားရင် သူမြည်းကြည့်ရမယ်လို့ ဆက်တိုက်တွေးနေခဲ့ပေမယ့် ကိစ္စအချို့ဖြစ်သွားပြီး သူမေ့သွားခဲ့သည်။

"ကောင်းပြီ ပြဿနာမရှိပါဘူး"

ချောင်ထျန်းချန်က သူ့ကို ကမ်းပေးလာတဲ့ ဝိုင်ပုလင်းတွေကိုယူလိုက်ပြီး ဘေးကစားပွဲပေါ်တင်လိုက်သည်။သူက သူ့ဘေးနားက ထိုင်ခုံကိုညွှန်ပြကာ

"ခဏလောက်ထိုင်ပါဦးလား"

"ထိုင်မယ်လေ"

နင်းမုန့်ယောင်က အိမ်မှာ ဘာမှဆက်လုပ်စရာမရှိတော့တာကို စဉ်းစားလိုက်ပြီး သဘောတူလိုက်သည်။

ချင်းရွှယ်က သူမသခင်မလေးဘေးမှာ မတ်တပ်ရပ်နေခဲ့ပြီး သူတို့ဒီလိုပြောနေကြတာကို နားထောင်ကာ သူမမျက်လုံးထဲ သံသယဝင်လာသည်။ဒါက သခင်မလေး ယောကျာ်းတစ်ယောက်နဲ့စကားပြောတာကို သူမ မမြင်ဖူးတာမဟုတ်ပေ ဒါပေမယ့် သခင်မလေး ဒီလိုစကားပြောတာမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး။သူမ(နင်းမုန့်ယောင်)က လင်းလော်နဲ့တောင် ဒီလိုမျိုးမဟုတ်ဘူး။

သခင်မလေးက ဒီအမျိုးသားရှေ့မှာ အရမ်းသက်သောင့်သက်သာရှိပုံရသည်။ဒါက သူတို့နှစ်ယောက်ပြောတာကြားပြီး ချင်းရွှယ်သတ်မှတ်လိုက်တဲ့ နိဂုံးဖြစ်သည်၊ပြီးတော့ အမှန်ကလည်း ဒီလိုပဲ။

နင်းမုန့်ယောင်က သူမ ချောင်ထျန်းချန်နဲ့ စကားပြောတဲ့အချိန်တိုင်း သူမဘာအကြောင်းကိစ္စပဲပြောပါစေ ချောင်ထျန်းချန်က စကားဝိုင်းကိုဆက်နိုင်ပြီး သူ့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်ကိုတောင် ပေးလေ့ရှိတာကို ဘယ်တုန်းကမှ သတိမပြုမိခဲ့ပေ။ဒီအကြောင်းပြချက်ကြောင့်ပဲ သူမ ချောင်ထျန်းချန်နဲ့ ရင်းနှီးသွားနိုင်တာဖြစ်သည်။

ချောင်ထျန်းချန်အသံက နံရံတွေကိုဖြတ်သွားပြီး သူတို့ရဲ့မတိုးတဲ့အသံတွေကို ရန်ကွေ့ကကြားနေရသည်။သူမ မျက်နှာက မည်းမှောင်သွားခဲ့သည်။သူက သူမရှေ့မှာကျ အရမ်းအေးစက်စက်နိုင်ပြီး စကားပြင်းပြင်းထန်ထန်တွေပြောပေမယ့် တစ်ခြားမိန်းမတစ်ယောက်ရှေ့မှာကျ အရမ်းကောင်းပြနေတယ်။ချောင်ထျန်းချန် ရှင်တော်တယ်လို့ သူမက တွေးလိုက်သည်။

နင်းမုန့်ယောင် ဘယ်လောက်တော်ကြောင်းကောင်းကြောင်း ရွာသားတွေအမြဲပြောနေကြတာမလား?နင်းမုန့်ယောင် ဘယ်လိုလူမျိုးလဲဆိုတာ သူမအဲ့ဒီလူတွေကို မြင်စေချင်လိုက်တာ။နင်းမုန့်ယောင်က ဖြားယောင်းတတ်တဲ့လူတစ်ယောက်ပဲ။

ဒါကိုတွေးမိပြီးတော့ ရန်ကွေ့က သူမစိတ်ထဲမှာ အကြံအစည်တစ်ခုလုပ်လိုက်သည်။သူမက အပြင်မှာထိုင်ကာ သူတို့စကားဝိုင်းကို ခိုး‌နားထောင်ဖို့လုပ်ပေမယ့် သူတို့ဘာအကြောင်းပြောနေကြလဲဆိုတာ မကြားရပေ။သူမ သူတို့ကိုကြားရရင်တောင်မှ ဒါက နည်းနည်းလေးပဲဖြစ်သည်။

"ရှင့်ဆီမှာ စစ်တုရင်ရှိလား"

နင်းမုန့်ယောင်က ရုတ်တရက်မေးလိုက်သည်။

ချောင်ထျန်းချန်က မေးခွန်းကိုအံ့ဩသွားပြီး အဲ့ဒီနောက် သူ့ခေါင်းကိုရမ်းကာ

"ငါ့ဆီမှာ အဲ့ဒါမရှိဘူး"

"ချင်းရွှယ် ပြန်ပြီးတော့ စစ်တုရင်သွားယူလိုက်။ငါ ရုတ်တရက်ကြီး စစ်တုရင် ကစားချင်လာလို့"

နင်းမုန့်ယောင်က ချင်းရွှယ်ကို သိမ်မွေ့စွာ အမိန့်ပေးလိုက်သည်။

သူမက ဂို ဆော့ရတာကို သဘောကျပြီး အဲ့ဒါမှာတော်တယ် ဒါပေမယ့် ချင်းရွှယ်နဲ့ကျန်တဲ့လူတွေက ထိုဟာကို သဘောမကျတာကြောင့် တစ်ယောက်မှာသူမနဲ့ မဆော့ကြပေ။သူမ ဝိုင်ချက်နေတဲ့အချိန်တုန်းက ချောင်ထျန်းချန်က ‌ဆော့တတ်တယ်ဆိုတာ မတော်တဆသိလိုက်ရပြီး သူတို့နှစ်ယောက် မကြာခဏဆော့လေ့ရှိတဲ့ လက်ရှိအခြေအနေကို ဦးတည်သွားခဲ့သည်။

ချင်းရွှယ်ကခေါင်းငြိမ့်ပြီး စစ်တုရင်ခုံကိုယူဖို့ ထွက်သွားသည်။

"မင်း လက်တွေယားနေတာပဲဖြစ်ရမယ်"

ချောင်ထျန်းချန်က ရွှင်မြူးစွာကြည့်လိုက်ပြီး နင်းမုန့်ယောင်ကိုကြည့်နေတဲ့အကြည့်‌တွေက အလိုလိုက်မှုအပြည့်နဲ့ဖြစ်သည်။

နင်းမုန့်ယောင်က မျက်ခုံးပင့်လိုက်ပြီး

"ရှင်မကစားချင်ဘူးလို့ ကျွန်မကိုမပြောနဲ့နော်"

"ငါအဲ့လိုမပြောပါဘူး"

"ဒါဆို ရပြီ"

သူတို့ရဲ့ ရင်းနှီးနေတဲ့လေသံက ရန်‌ကွေ့ကို ဒေါသထွက်လုနီးပါးဖြစ်သွားစေသည်။

သိပ်မကြာလိုက်ပဲ ချင်းရွှယ်က ဂိုခုံကိုယူပြီး ပြန်ရောက်လာခဲ့သည်။ချောင်ထျန်းချန်က စားပွဲအသေးလေးထုတ်ကာ ထိုဟာပေါ်မှာ မုန့်အနည်းငယ်ရှိနေပြီး ဂို ကို ထိုစားပွဲပေါ်တင်လိုက်သည်။နင်းမုန့်ယောင်က အဖြူရောင်အခုတွေကိုကစားပြီး ချောင်ထျန်းချန်က အနက်ရောင်အခုတွေနဲ့ ကစားသည်။သူတို့နှစ်ယောက်က ကစားပွဲကို စတင်ဆော့ကစားကြပြီး ထိုနေ့က နှစ်သစ်ဆိုတာကို လုံးဝမေ့လျော့သွားကြသည်။

သူတို့ ကစားပွဲကို စလိုက်တာနဲ့ အရာအားလုံးကို မေ့လျော့သွားခဲ့သည်။ဒါက ချင်းရွှယ်ကိုလည်း ပျင်းသွားစေပြီး စောန‌တုန်းက ချောင်ထျန်းချန်ဖတ်နေတဲ့ စာအုပ်ကိုကောက်ယူလိုက်သည်။ထိုဟာက ခရီးသွားဂျာနယ်ဖြစ်နေတာကြောင့် ချင်းရွှယ်က သဘောကျသွားသည်။

ခြံဝင်းထဲက လူသုံးယောက်မှာ နှစ်ယောက်က ဂို ကစားရင်းအလုပ်များနေပြီး တစ်ယောက်က စာအုပ်ဖတ်နေခဲ့ကာ နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ရဲ့တိတ်ဆိတ်နေတဲ့စကားဝိုင်းက ခြံဝင်းကိုလွှမ်းခြုံထားသည်။

သူတို့နှစ်ယောက် ကစားပွဲစဆော့တဲ့အချိန်ကနေစပြီးတော့ ရန်ကွေ့က ဘာမှမကြားရတော့တာကြောင့် တစ်ခုခုဖြစ်တယ်လို့ တွေးလိုက်သည်။အချိန်ကိုကြည့်လိုက်ပြီး အချိန်ကျလုနီးပါးဖြစ်နေတဲ့အတွက် သူမက တံခါးကနေထွက်လာခဲ့သည်။

All Chapters