← Chapters

အခန်း ၈၂

Vol. 4 Ch. 82

အခန်း ၈၂

Vol. 4 Ch. 82

Chapter 82

ရန်ကွေ့က ချောင်ထျန်းချန်ရဲ့ အိမ်တံခါးမကြီးဆီ လျှောက်သွားပြီး

"အားးးး နင်တို့နှစ်ယောက်ဘာလုပ်နေကြတာလဲ!"

သူမက သူမခင်ပွန်းကို တစ်ခြားအမျိုးသမီးတစ်ယောက်နဲ့ အိပ်ယာထဲမှာ ဖမ်းမိတဲ့ ဇနီးသည်ပုံစံပြုလုပ်ခဲ့သည်။

တံခါးကအသံကိုကြားတော့ ဂို ကစားနေတဲ့လူနှစ်ယောက်က မတတ်နိုင်ဘဲ မျက်ခုံးတွန့်သွားကြသည်။ချောင်ထျန်းချန် မျက်လုံးတွေထဲမှာ သိသိသာသာကို စက်ဆုပ်မှုရှိနေသည်။

"အစ်ကိုကြီးချောင် ကြည့်ရတာတော့ တစ်ယောက်ယောက်က ကျွန်မတို့ကို အေးအေးဆေးဆေး ဂို မကစားစေချင်တဲ့ပုံပဲ"

"ထားလိုက်ပါ ငါတို့ဆက်ကစားကြမယ်"

သူတို့က ဒီလောက်အထိ ကစားလာပြီးမှ သူက ဒါကို ဘယ်လိုလုပ် အချည်းနှီးအဖြစ်ခံရမှာလဲ?ဒါ လုံးဝမဖြစ်နိုင်ဘူး။

နင်းမုန့်ယောင်က စစ်တုရင်ခုံကို စိုက်ကြည့်လိုက်သည်။သူမလည်းပဲ မရပ်ချင်တာကြောင့် သူတို့နှစ်ယောက်က ဆက်ပြီး ဆော့ကစားနေခဲ့ကြသည်။

အပြင်မှာ စကားစမြည်ပြောနေကြတဲ့လူတွေက ရန်ကွေ့ရဲ့ စူးစူးဝါးဝါးအော်သံကိုကြားတော့ သူတို့အားလုံးက အတင်းအဖျင်းပြောချင်တဲ့စိတ်နဲ့ ရောက်လာကြသည်။

"မိန်းကလေးကွေ့ မင်းအခုဘာလုပ်နေတာလဲ"

နှစ်သစ်မှာ ဒီလိုမျိုးလုပ်တာ တကယ်ရော အဆင်ပြေလို့လား?

ရန်ကွေ့က မှားယွင်းနေတယ်လို့ခံစားရပြီး အခန်းထဲကို လက်ညှိုးထိုးပြကာ

"သူတို့ဘာလုပ်နေလဲဆိုတာ ရှင်တို့အားလုံး ဘာလို့မမြင်ကြတာလဲ"

လူစုကလည်း အထဲမှာ တစ်ခုခုဖြစ်နေတယ်လို့ ထင်တာကြောင့် သူတို့လည်ပင်းတွေကိုဆန့်ပြီး အထဲကိုချောင်းကြည့်ကြပေမယ် ဘာမှမတွေ့ရပေ။နင်းမုန့်ယောင်ရဲ့ အစေခံက တစ်ဖက်မှာစာအုပ်ဖတ်နေပြီး တစ်ခြားတစ်ဖက်မှာတော့ ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင် ဂို ကစားနေတာကိုသာ တွေ့ရသည်။

"မိန်းကလေးကွေ့ သူတို့က မသင်္ကာစရာ ဘာတစ်ခုမှလုပ်နေတာမဟုတ်ဘူး"

"ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်က တစ်ခန်းထဲ အတူတူရှိနေတာလေ။အဲ့ဒါ ဘာဖြစ်နိုင်မလဲ!"

ရန်ကွေ့က စူးရှနေတဲ့အသံနဲ့ အော်ဟစ်လိုက်၏။

ဘေးမှာ ရပ်နေတဲ့လူအချို့က သူမကို မျက်စောင်းထိုးကာ ပြောစရာစကားကင်းမဲ့စွာနဲ့ ရန်ကွေ့ကို စိုက်ကြည့်လိုက်ပြီး

"မိန်းကလေးကွေ့ ငါပြောမယ်။မင်း ကိစ္စတွေကို အရင်ဆုံးရှင်းလင်းအောင် ကြည့်သင့်တယ် ပြီးမှပြော ဟုတ်ပြီလား?သူတို့နှစ်ယောက်က ဂို ကစားနေကြတာလေ ပြီးတော့ ယောကျာ်းနဲ့မိန်းမနှစ်ယောက်ထဲ အခန်းထဲအတူတူရှိနေတာလို့ မင်းပြောတယ်နော်။ဒါပေမယ့် အဲ့ဒီမှာ နင်းမုန့်ယောင်ရဲ့ အစေခံရှိတယ်။အဲ့ဒါက ဘယ်လိုလုပ် ယောကျာ်းနဲ့မိန်းမ နှစ်ယောက်ထဲဖြစ်ရမှာလဲ?"

ရန်ကွေ့က အံ့ဩသွားသည်။သူမက နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ရဲ့ အသံသာကြားပြီး တစ်ခြားတစ်ယောက်ရဲ့ အသံကိုမကြားခဲ့ပေ။

လူတွေ သူမကို အပြစ်တင်နေတာမြင်တော့ သူမ ထိုဟာကို မယုံကြည်နိုင်ပေ။အဲ့ဒီနောင် ရန်ကွေ့က တံခါးကိုဖွင့်ကာကြည့်လိုက်ပြီး ထိုဟာက အမှန်ဖြစ်နေခဲ့သည်။ခြံဝင်းထဲမှာ လူသုံးယောက်က သူတို့ကိစ္စသူတို့လုပ်နေကြသည်။

အစတုန်းက ဆက်ပြီး ကစားချင်‌ေနတဲ့ ချောင်ထျန်းချန်က မတတ်နိုင်ဘဲ မျက်ခုံးတွန့်သွားသည်။

"ကြည့်ရတာတော့ ငါတို့ ဒီနေ့ ဂို ဆက်ပြီးကစားလို့ရမယ်မထင်ဘူး"

"ဒါဆို နောက်ရက် ကစားကြတာပေါ့"

အပြင်က လူအုပ်ကြီးရဲ့ နှောင့်ယှက်တာခံလိုက်ရတာကြောင့် သူတို့စိတ်တွေက အပြည့်အဝ အေးအေးဆေးဆေးမဖြစ်တော့ပေ။ချောင်ထျန်းချန်က အခုတွေကို သေတ္တာထဲပြန်ထည့်လိုက်ပြီး ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"ကောင်းပြီ ချင်းရွှယ် ပစ္စည်းတွေသိမ်းတော့ ငါတို့ပြန်တော့မယ်"

"ဟုတ်ကဲ့ သခင်မလေး"

ချင်းရွှယ်က စစ်တုရင်ခုံကို ပြန်သိမ်းလိုက်ပြီး ကိုင်ထားရင်းနဲ့ နင်းမုန့်ယောင်နောက်ကို လိုက်သွားသည်။

သူမ အပေါက်ဝကိုရောက်တော့ လူတွေအများကြီး တံခါးနားမှာ မတ်တပ်ရပ်နေတာကို သတိပြုမိသွားသည်။သူမ မျက်လုံးတွေထဲ သံသယဝင်သွားကာ မေးလိုက်သည်။

"ဒီက အဒေါ်တို့ ဒီမှာဘာလုပ်နေကြတာလဲဆိုတာ ကျွန်မသိလို့ရမလား"

"ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး။မုန့်ယောင်က ဘာလုပ်နေတာလဲ"

"အိုး!စားသောက်ပြီးတော့ ဘာမှလုပ်စရာမရှိတာနဲ့ အစ်ကိုကြီးချောင်ဆီလာပြီး စစ်တုရင်ကစားတာ"

နင်းမုန့်ယောင်က ချင်းရွှယ်လက်ထဲက ကိုင်ထားတဲ့ စစ်တုရင်ခုံကိုညွှန်ပြကာ ပြုံးပြုံးလေးနဲ့ပြောလိုက်သည်။

သူတို့အားလုံးက နားထောင်ပြီးတော့ "အိုး" ဟု အသံပြုကာ အဲ့ဒီနောက် ဒီကိစ္စကို ဆက်မလိုက်တော့ဘဲ နင်းမုန့်ယောင်သွားဖို့ လမ်းဖယ်ပေးလိုက်သည်။

နင်းမုန့်ယောင် ခြေနှစ်လမ်းလောက်လျှောက်ပြီးတဲ့နောက် ရန်ကွေ့က ရုတ်တရက်ကြီး အော်ကာ

"နင်းမုန့်ယောင် အရှက်မရှိတဲ့ အပျက်မ!နင်က ဂို ကစားတယ်ပြောပြီး အစ်ကိုချောင်ကို မြူဆွယ်ရဲတယ်ပေါ့လေ!"

သူမက အမှန်တကယ်ကို မနာလိုဖြစ်မိတယ်။

ချောင်ထျန်းချန်နဲ့ပတ်သက်ရင် သူမက မိစ္ဆာတစ်ကောင်လိုပဲ။သူမ မပိုင်ဆိုင်ရရင် ဘယ်သူမှ မရစေရဘူး။

အထဲမှာရှိနေတဲ့ သခင်မချန်းက ရန်ကွေ့စကားတွေကိုကြားပြီး မပျော်မရွှင်နဲ့မျက်မှောင်ကြုံ့ကာ အိမ်ထဲကနေထွက်လာခဲ့သည်။ရန်ကွေ့ကို ဒီလိုဖြစ်နေပြီး လူတွေ သူမကို လက်ညှိုးထိုးနေတာတွေ့တော့ သူမမျက်နှာက ချက်ချင်း ဆိုးရွားလာကာ ရန်ကွေ့ကို ပါးရိုက်လိုက်သည်။

"နင် ငါတို့ကို အရှက်ခွဲလို့ မဝသေးဘူးလား?နင်က နင့်အစ်ကိုရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးချင်နေတာလား ဟုတ်တယ်မလား?"

ရန်ဟွိုက်က နောက်နှစ်ကျရင် တော်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုတော့မှာဖြစ်သည်။သူသာ အောင်မြင်သွားရင် သူမက ဂုဏ်သိက္ခာရှိတဲ့ မိန်းမတစ်ယောက်ဖြစ်လာလိမ့်မယ်။အဲ့ဒိအချိန်ကျရင် သူမ ဒီမိန်းကလေးနဲ့ကိစ္စတွေ စာရင်းရှင်းလို့ရပြီး။သူမ ဘယ်လောက်အထိ ခေါင်းမာနေဦးမလဲဆိုတာ ကြည့်ချင်သေးတယ်!

အရင်ကဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် သူမသားက သူမကို အသေးစိတ် ခွဲခြားပြခဲ့ပြီး အထူးသဖြင့် လက်တလောကိစ္စတွေဖြစ်သည်။သူတို့သာ ဒီလိုဆက်လုပ်နေရင် အချိန်ရောက်လာတဲ့အခါကျ သူစာမေးပွဲဝင်ဖြေခဲ့ရင် အရာရှိတစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်တော့ပေ။ဒါကြောင့် သူတို့တွေ အေးအေးဆေးဆေးနေသင့်တယ် ဒီအချိန်မှာ ပြဿနာတက်အောင် မလုပ်သင့်ဘူး။

သူ့ရဲ့ အတန်းဖော်တွေသာ ဒါကိုသိရင် သူ့မျက်နှာကိုပစ်လိုက်ရဲ့တဲ့သူက သူပဲဖြစ်လိမ့်မယ်။

ရန်ဟွိုက်ရဲ့စကားတွေကြောင့် သခင်မချန်းက ရန်ကွေ့ကို ပါးရိုက်တဲ့မြင်ကွင်း ဖြစ်လာခဲ့သည်။

All Chapters