အခန်း ၈၃
Vol. 4 Ch. 83
Chapter 83
ရန်ကွေ့က သခင်မချန်းကို မယုံနိုင်စွာကြည့်လိုက်တယ်။သခင်မချန်းက သူမကို တကယ်ကြီးရိုက်လိုက်တာလား?သူမက သူမအစ်ကိုကြီးနှစ်ယောက်လောက် အချစ်မခံရဘူးဆိုပေမယ့် အဆင့်မြင့်မြင့်မိသားစုနဲ့လက်ထပ်နိုင်ဖို့ သခင်မချန်းက သူမအပေါ်အများကြီးရင်းနှီးထားတာ။
သခင်မချန်းက သူမခြေထောက်တွေလက်တွေ ကြမ်းတမ်းသွားမှာစိုးတာကြောင့် လယ်အလုပ်မလုပ်ခိုင်းပေ။ပြီးတော့ သူမရဲ့အစ်ကိုအကြီးဆုံးနားမှာနေပြီး အတွေးအမြင်တွေကျယ်ပြန့်အောင်နေခိုင်းခဲ့တယ်။ပညာရှင်တစ်ဦးရဲ့သမီးဖြစ်တဲ့ သူမယောင်းမက သူမကို အထူးသင်ကြားပေးခဲ့တယ်။
ဒါပေမယ့် အခုတော့ လူတွေအများကြီးရှေ့မှာ သခင်မချန်းက သူမကို ပါးရိုက်လိုက်တာလား?သူမ ဒါကို ဘယ်လိုလက်ခံရမှာလဲ?
"အမေ သမီးကို တကယ်ရိုက်တယ်ပေါ့လေ"
ရန်ကွေ့က သခင်မချန်းကို မယုံနိုင်စွာနဲ့ မျက်လုံးပြူးကြီးတွေနဲ့ ကြည့်လိုက်သည်။
သခင်မချန်းက သူမသမီးကို "သံကနေသံမဏိဖြစ်မလာတာမုန်းနေတယ်" ဆိုတဲ့အကြည့်နဲ့ကြည့်ကာ ဒေါသတကြီးပြောလိုက်သည်။
"တော်လောက်ပြီ။နင့်ကိုယ်နင် ဒီမှာ အရှက်မခွဲစမ်းပါနဲ့ ငါနဲ့လိုက်ခဲ့"
ရန်ကွေ့က သူမပါးစပ်ကိုဖွင့်ပြီး ပြောဖို့ပြင်လိုက်ပေမယ့် သခင်မချန်းရဲ့အကြည့်ကိုတွေ့တော့ သူမက လိမ်လိမ်မာမာနဲ့ပြန်လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။သူမထွက်သွားတဲ့အချိန် သူမခေါင်းကိုတစ်ချက်လှည့်ကာ ချောင်ထျန်းချန်ကိုကြည့်လိုက်ပေမယ့် ချောင်ထျန်းချန်မျက်လုံးထဲမှာတော့ စက်ဆုပ်မှုတွေပဲရှိနေကာ သူမအတွက် စိုးရိမ်ပူပန်တဲ့ခံစားချက်မျိုးမြင်တောင်မမြင်ရပေ။
ဟက်....သူမက ဟာသတစ်ခုဖြစ်ခဲ့တာပဲ။သူမ အများကြီးလုပ်ခဲ့တာတောင်မှ အဆုံးကျတော့ ဒီလိုနင်းခြေခံလိုက်ရတယ်။
သူမခေါင်းကိုငုံ့ကာ သခင်မချန်းနောက်ကိုလိုက်သွားလိုက်ပြီး တစ်ကိုယ်လုံးပြောင်းလဲသွားသလိုပင်။
ချောင်ထျန်းချန်က ရန်ကွေ့ကို အဲ့ဒီလိုတွေ့လိုက်ရတော့ အေးစက်စက်ပြုံးလိုက်ပြီး အဲ့ဒီနောက် သူ့အိမ်ထဲပြန်ဝင်သွားသည်၊
ရန်ကွေ့နဲ့ပတ်သက်ရင်တော့ သူနဲ့ဘာမှလုပ်စရာမရှိပေ။
နင်းမုန့်ယောင်နောက်ကနေ လမ်းလျှောက်လာတဲ့ချင်းရွှယ်က မျက်နှာအမူအရာဆိုးရွားနေကာ
"သခင်မလေး အဲ့တစ်ယောက်က သူ့ခေါင်းမှာပြဿနာဖြစ်နေတာလား"
"ဘယ်သိမလဲ"
နင်းမုန့်ယောင်က သူမပုခုံးကိုတွန့်ကာ ပေါ့ပေါ့ပါးပါးဖြေလိုက်တယ်။
သူမတို့ ပထမဆုံးတွေ့တဲ့အချိန်ကတည်းက ချောင်ထျန်းချန်က သူမကို နည်းနည်းလေးပိုကောင်းကောင်းဆက်ဆံလို့ဆိုပြီး ရန်ကွေ့က သူမကို ရန်သူတစ်ယောက်လိုမြင်ခဲ့တယ်။
ထိုဟာက ရယ်စရာကောင်းတယ်။သူမသာ အဲ့ဒီအရာတွေကိုမလုပ်ခဲ့ဘဲနဲ့ လူတွေရွံစရာကောင်းအောင်မလုပ်ခဲ့ဘူးဆိုရင် ချောင်ထျန်းချန်က သူမကို ဒီလိုဆက်ဆံမှာမဟုတ်ဘူး။သူတို့မရင်းနှီးနိုင်ဘူး ဒါပေမယ့် မေးထူးခေါ်ပြောလောက်နဲ့အဆင်ပြေနိုင်သေးတယ်။
သူမမှာ သိသိသာသာ အခွင့်အရေးရှိခဲ့တာကို ဒီလိုလုပ်ပစ်လိုက်တယ်လေ။ဒါက ဘယ်သူ့အမှားမှမဟုတ်ဘူး။
ထိုအချိန်မှာတော့ ရန်ဟွိုက်က သူ့ညီမလေးကို အေးစက်စက်စိုက်ကြည့်နေပြီး ရန်ရှူနဲ့သူ့မိန်းမကလည်း သူမဘေးမှာ ရပ်နေကြသည်။
"ကွေ့အာ ကြည့်ရတာတော့ မင်းယောင်းမသင်ပေးထားတာတွေကို မေ့သွားတဲ့ပုံပဲ"
ရန်ရှူက သက်ပြင်းချကာ သူ့ညီမကို စိတ်ပျက်စွာကြည့်လိုက်သည်။
သခင်မစွန်းက သူမရဲ့ ယောင်းမလေးကို ကူကယ်ရာမဲ့စွာကြည့်လိုက်ပြီး
" ယောင်းမလေး ချောင်ထျန်းချန်က ဘယ်လိုလူမျိုးဆိုတာ မပြောနဲ့ဦး။နင်သူ့ကို ခံစားချက်ရှိနေတယ်ဆိုရင်တောင်မှ ဒီလိုထုတ်ပြောလို့မရဘူးလေ။ဒါကလူတွေကို ငါတို့အိမ်က အပျိုလေးတွေက လက်မထပ်နိုင်ဘူးဆိုပြီး ထင်သွားအောင်လုပ်သလိုဖြစ်သွားပြီ"
ရန်မိသားစုထဲမှာ သခင်မစွန်းရဲ့စကားတွေကို အလေးအနက်ထားကြသည်။အစတုန်းက သခင်မချန်း ရန်ကွေ့ကို သူတို့ဆီပို့တဲ့အချိန် သူမက တွေဝေခြင်းမရှိဘဲ ခေါင်းငြိမ့်လက်ခံခဲ့ပြီး သူမသမီးလိုမျိုး သင်ကြားပေးခဲ့သည်။
အစပိုင်းတော့ ရန်ကွေ့က အထက်တန်းလွှာမိသားစုက သခင်မလေးတစ်ယောက်လိုနေထိုင်ခဲ့ပေမယ့် ခဏပြန်သွားတာနဲ့ သူမစရိုက်တစ်ခုလုံး ပြောင်းလဲသွားတယ်။အထူးသဖြင့် ချောင်ထျန်းချန်နဲ့တွေ့ပြီးတဲ့နောက်မှာ။
သူမက အိမ်ရှင်မရှိတာကို အခွင့်ကောင်းယူပြီး နံရံကျော်တက်ခဲ့တယ်။အဲ့ဒါတင်မဟုတ်ဘူး အိမ်ရှင်ဆီကနေ အဖမ်းခံလိုက်ရသေးတယ်။
ထပ်ပြီးတော့ သူမသာ တစ်ယောက်ယောက်ကို စွပ်စွဲချင်ရင် အရင်ဆုံး အခြေအနေကို သေချာကြည့်သင့်တယ်။ရွာသားတွေက သူမပြောသမျှယုံမယ့် ဦးနှောက်မရှိတဲ့ငတုံးတွေလို့ သူမထင်နေတာလား?
"ယောင်းမ ငါ......"
"တော်ပြီ ဆက်မပြောနဲ့တော့။နင့်ကို ဒီအိမ်မှာ ဆက်မထားတာကောင်းတယ်လို့ ငါထင်တယ်။နှစ်သစ်ပြီးရင် နင့်ယောင်းမနဲ့လိုက်သွားတော့"
သခင်မချန်းက သူမသမီးကို စိုက်ကြည့်လိုက်သည်၊
သခင်မစွန်းက အသာလေးမျက်ခုံးတွန့်သွားပြီး အဆုံးမှာတော့ သူမကပြုံးကာ
"ဒါလည်းကောင်းတာပဲ ကျွန်မညီမလေးကို ကူညီပေးလို့ရတာပေါ့"
သခင်မချန်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး
"ဒါဆို ငါ ကွေ့အာကို နင့်ဆီထားခဲ့မယ်"
ရန်ကွေ့က သူမအမေကိုကြည့်လိုက်ပြီး တိတ်တိတ်လေးနေဖို့ ဆုံးဖြတ်လိုက်တယ်။သူတို့အားလုံးက သူမယောင်းမက အမှန်တွေပြောနေတယ်လို့ ဒီအချိန်မှာယုံနေကြပြီး သခင်မချန်းနဲ့တစ်ခြားလူတွေက သူမကို ယုံမှာမဟုတ်ဘူး။သူမ ရူးရူးမိုက်မိုက် မလုပ်တာပဲကောင်းတယ်။
သူတို့တွေ သူမကို သွားစေချင်ရင် သူမသွားရမယ် သူမမှာ ရွေးချယ်စရာမှမရှိတာ ဒါပေမယ့် သူတို့တွေ နောက်ကျ ဒါကိုနောင်တမရဖို့ မျှော်လင့်တယ်။
ရန်ကွေ့က လျစ်ခနဲရယ်လိုက်ပြီး သခင်မစွန်းတွေ့သွားခဲ့သည်။သခင်မစွန်းက ရန်ကွေ့ကို ကြည့်လိုက်ပြီး သူမစိတ်ထဲသတိထားကာ သူမမြင်လိုက်တာကိုတော့ ထုတ်မပြောပေ။
ရန်ဟွိုက်က သူ့ညီမကိုကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
"ရန်ကွေ့ ငါမင်းကို သတိပေးနေတာနော်။ငါတို့ကို အရှက်ရစေမယ့် ကိစ္စတွေ ဘာတစ်ခုမှ ထပ်မလုပ်နဲ့တော့။ငါက တော်ဝင်စာမေးပွဲဖြေရတော့မှာ ပြီးတော့ မင်းသာ ဒီအချိန်မှာ တစ်ခုခုပြဿနာရှာရင် ငါအငြိုးထားလို့ဆိုပြီး ငါ့ကိုလာပြီးအပြစ်မတင်နဲ့”