← Chapters

အခန်း ၈၄

Vol. 4 Ch. 84

အခန်း ၈၄

Vol. 4 Ch. 84

Chapter 84

ရန်ကွေ့က သူမနှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး တိတ်တိတ်လေးနေနေခဲ့တယ်။သူတို့အိမ်မှာ အခု အဓိကအရေးကြီးဆုံးအရာက သူမဒုတိယအစ်ကိုရဲ့ တော်ဝင်စာမေးပွဲဖြစ်တယ်။သူသာ အောင်မြင်သွားရင် သူမအပါအဝင် တစ်မိသားစုလုံး အထက်ကိုတက်သွားမှာဖြစ်တယ်။ဒါကြောင့် သူမက ဒီအချိန်မှာ လိမ်လိမ်မာမာနဲ့ ခေါင်းငြိမ့်လိုက်တယ်

"ညီမ သိပါပြီ"

သူတို့အိမ်ရဲ့ အိမ်ထောင်ဦးစီးက ရုတ်တရက်ပြောလာခဲ့သည်။

"ကောင်းပြီ ဒါကနှစ်သစ်လေ စကားအများကြီးမပြောကြနဲ့"

ရန်ကွေ့က သူမအဖေကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောလိုက်ပေ။သူတို့သာ စောနတုန်းက သူမကို စကားပြောဖို့အခွင့်အရေးပေးခဲ့ရင် သူမထပြောပြီး သူတို့ကိုဆွဲဆောင်မှာဖြစ်ပေမယ့် သူတို့ကအခွင့်အရေးမပေးခဲ့ပေ။အခုချိန်မှာ သွားပြောလိုက်ရင် ဒါက မီးထဲလောင်စာထည့်လိုက်တာနဲ့ အတူတူပဲ။

ရန်ကွေ့ သူမအိမ်မှာ ဘယ်လောက်ပဲ ခြိမ်းခြောက်ခံနေရပါစေ နင်းမုန့်ယောင်က ဂရုမစိုက်ပေ၊သူမက မနက်ဖြန်အတွက် ပြင်ဆင်ရင်း အလုပ်များနေခဲ့သည်။

ဒါက နှစ်သစ်ဖြစ်ပြီး သူတို့က အပြင်မထွက်ကြပေမယ့် အိမ်မှာ ကလေးတွေအများကြီးရှိသည်။

ဒါကြောင့် မနက်ဖြန်အတွက် မုန့်တွေပြင်ထားရမယ်။ဒါတင်မကသေးဘူး စာအိတ်နီပေးဖို့လည်း ပြင်ထားသေးတယ်။

"သခင်မလေး မုန့်တွေကဒီမှာ အကြွေစေ့ဘယ်နှစ်ခုလဲ"

ချင်ပေါဇီက နင်းမုန့်ယောင်ကိုမေးလိုက်သည်။

"ရှစ်ခုလောက်ဆိုရင်ဘယ်လိုလဲ"

"ဟုတ်ပြီ"

ချင်ပေါဇီက ခေါင်းငြိမ့်လိုက်တယ်။

ရှစ်ခုက နည်းလည်းမနည်းသလို များလည်းမများဘူး။ပြီးတော့ သူ့ရဲ့အဓိပ္ပာယ်ကလည်း ကောင်းတယ်။

နောက်တစ်နေ့မှာ နင်းမုန့်ယောင်နဲ့ ကျန်တဲ့လူတွေက မနက်စာစားကြသည်။အလယ်မှာတော့ မုန့်မျိုးစုံချထားသည်။

သိပ်မကြာခင်မှာပဲ ကလေးတွေရောက်လာကြသည်။အရင်ဆုံး မုလေးနဲ့လင်အာဖြစ်ပြီး အဲ့ဒီနောက် ရန်ကျီနဲ့ တစ်ခြားကလေးတွေဖြစ်သည်။သူတို့အားလုံးကအထဲမှာ ရောက်နေကြပြီး နင်းမုန့်ယောင်က သူတို့ကို မုန့်တွေအရင်စားခိုင်းကာ အဲ့ဒီနောက်မှာ စာအိတ်နီတစ်ယောက်တစ်လုံးဆီပေးလိုက်သည်။

"မမကြီးမုန့်ယောင် ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ!"

"ပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ဖြစ်ပါစေ"

"နှစ်သစ်မှာ ပျော်ရွှင်ပါစေ"

ကလေးတွေအားလူံးက နင်းမုန့်ယောင်ရဲ့စာအိတ်နီကို ပျော်ရွှင်မှုအပြည့်နဲ့ ယူလိုက်ကြသည်။သူတို့ရဲ့ဆရာမက တကယ်ကောင်းတယ်။နှစ်သစ်မှာ သူတို့စာအိတ်နီတောင်ရတယ်။

ဒီနေရာက မုန့်တွေဆိုတာ ပြောမနေနဲ့တော့။

ကလေးတိုင်းက နင်းမုန့်ယောင်ကို နှုတ်ဆက်ပြီး တစ်ခြားလူတွေအိမ်မသွားခင် သူတို့အိတ်ကပ်တွေထဲ အပြည့်ဖြည့်ထားလိုက်ကြသည်။

ဒီနေ့လာတဲ့ကလေးတွေက နည်းနည်းလေးမဟုတ်ဘူးဆိုပေမယ့် နင်းမုန့်ယောင်က စိတ်ထဲမထားပေ။အထူးသဖြင့် စာအိတ်နီရပြီးတဲ့နောက်ပိုင်း တောက်ပသွားတဲ့ သူတို့မျက်လုံးလေးတွေကို မြင်ပြီးတဲ့နောက်မှာဖြစ်တယ်။

မော်ဒန်ခေတ်က ကလေးတွေနဲ့ ဘာမှကွာခြားတာမရှိဘူး။သူတို့အားလုံးက နှစ်သစ်ဆို စာအိတ်နီရဖို့မျှော်နေကြတာ။

ဒီကလေးတွေက နှစ်သစ်ပြီးတာနဲ့ စာအိတ်နီကို တန်းလှန်ပစ်တယ်ဆိုပေမယ့်ပေါ့။

နေလုံးကြီး အနောက်ဘက်ကိုဝင်သွားတဲ့အချိန်မှာတော့ အိမ်ကိုလာတဲ့ ကလေးတွေ နည်းသွားပြီဖြစ်သည်။တစ်ချို့ကလေးတွေက နှစ်ခါရောက်လာကြပြီး သူတို့က နောက်ထပ်စာအိတ်နီတစ်ခုယူရမှာ ရှက်ရွံ့တဲ့အတွက် မုန့်တွေသာယူသွားပြီး "ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ" လို့ပြောကာ ပြေးထွက်သွားကြတာက နင်းမုန့်ယောင်ကို အရမ်းပျော်ရွှင်စေသည်။

ခြုံပြောရရင်တော့ ဒီနှစ်သစ်က ကောင်းမွန်တယ်။

ဒုတိယနေ့မှာ နင်းမုန့်ယောင်က ဘယ်မှမသွားနိုင်ပေ။သူမက အစကတော့ ချောင်ထျန်းချန်နဲ့ စစ်တုရင်ကစားချင်ပေမယ့် ဘယ်သူသိမှာလဲ သူ့အိမ်တံခါးကသော့ခတ်ထားပြီး သူ့ကိုဘယ်မှာမှမတွေ့ရဘူးလေ။

သူမက ဝမ်းနည်းစွာနဲ့ပဲ လှည့်ပြန်လာခဲ့ရတယ်။ပျင်းရိနေတာကြောင့် သူမက ကဒ်တွေထုတ်ကာ ချင်းရွှယ်နဲ့တစ်ခြားလူတွေနဲ့အတူ ကဒ်ဆော့နေလိုက်တယ်။

တစ်နေ့လုံးကို သူတို့က ဒီလိုပဲဖြတ်သန်းခဲ့တယ်။နောက်တစ်ရက်မှာတော့ ချောင်ထျန်းချန်ကရောက်လာခဲ့ပြီး သူနဲ့အတူ နောက်ထပ်ယောကျာ်းတစ်ယောက်ပါလာခဲ့သည်။

"မုန့်ယောင် ဒါငါ့မိတ်ဆွေ။သူ့နာမည်က ရှောင်ချီထျန်း။ငါမနေ့က သူ့ကိုခေါ်ဖို့ထွက်သွားတာလေ။မင်းရဲ့ဆော့စ်တွေဝယ်တဲ့တစ်ယောက်က သူပဲ"

ချောင်ထျန်းချန်က နင်းမုန်ယောင်ကို မိတ်ဆက်ပေးလိုက်ပြီး

"ချီထျန်း ဒါက မုန့်ယောင်"

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို လေ့လာနေပြီး နင်းမုန့်ယောင်ကလည်း အတူတူပဲဖြစ်သည်။သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်‌ယောက် အကဲခတ်နေကြပြီး အဆုံးမှာတော့ နင်းမုန့်ယောင်က ပထမဆုံးခြေလှမ်းလှမ်းကာ နှုတ်ဆက်လိုက်သည်။

"ရှောင်ကုန်းဇီ"

သူမ မှတ်မိတာ မမှားဘူးဆိုရင် ရှောင်မျိုးရိုးရှိတဲ့တစ်ယောက်က အဲ့ဒီရာထူးကပဲဖြစ်တယ်။ကြည့်ရတာတော့ ချောင်ထျန်းချန်ရဲ့ တကယ့်သရုပ်မှန်က သာမန်မဟုတ်လောက်ဘူး။

"မိန်းကလေးနင်း မင်းကျွန်တော်တို့ကို အထဲမဖိတ်တော့ဘူးလား"

"ကျွန်မ သတိလွတ်သွားတာ၊လာပါ အထဲဝင်ကြပါ"

နင်းမုန့်ယောင်က ပြုံးကာ သူတို့အထဲဝင်ဖို့ လမ်းဖယ်ပေးလိုက်သည်။

သူတို့က စကားဝိုင်းကို ဧည့်ခန်းထဲမှာဆက်ပြောကြသည်။ရှောင်ချီထျန်းက နင်းမုန့်‌ယောင်ကို လေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး

"နောက်နှစ်ကျရင် မင်းဆော့စ်တွေလုပ်တဲ့အရေအတွက် တိုးပေးလို့ရလား"

"ဒါတော့ ကျွန်မလည်း မသေချာဘူး။ရရင်ရနိုင်တယ် မဟုတ်ရင်လည်း မရဘူး"

နင်းမုန့်ယောင်က ပုခုံးတွန့်ပြလိုက်တယ်။သူမ ဒီကိစ္စကို မဆုံးဖြတ်ရသေးဘူး။

နောက်နှစ်မှာ သူမလုပ်ရမယ့် အရာတွေ အများကြီးရှိတာကြောင့် သူ့ကို တိကျတဲ့အဖြေမပေးနိုင်ပေ။

"ချီထျန်း မင်းဒီလိုမလုပ်လို့မရဘူးလား။မင်းရထားတဲ့ဟာတွေနဲ့ဆို လောက်ပါပြီ"

ချောင်ထျန်းချန်က ရှောင်ချီထျန်း နောက်ထပ်ဆက်မပြောခင် ဖြတ်ပြောလိုက်ကာ သူ့သူငယ်ချင်းကို အကူအညီမဲ့စွာကြည့်နေလိုက်သည်။

သူ့သူငယ်ချင်းကို ရွှင်ပျပျကြည့်လိုက်ပြီး ရှောင်ချီထျန်းက အပြုံးမမည်တဲ့အပြုံးနဲ့ သူ့မျက်လုံးတွေက

"ဘာလဲ?မင်းက သူ(မ)အတွက် စိတ်ညစ်‌ပေးနေတာလား" ဟုပြောနေသည်။

ချောင်ထျန်းချန်က ထိုဟာကို မမြင်သလိုနေဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ခေါင်းကိုငုံ့ထားကာ သူ့လက်ထဲကခွက်ကိုပဲ ကြည့်နေလိုက်တယ်။သူ့နှုတ်ခမ်းထောင့်တွေက ဖြည်းဖြည်းချင်းကွေးတက်သွားတယ်၊သူက သူမအတွက် စိတ်ပူပန်ပေးနေတာလား?ဟုတ်မှာပါ......

######

အရိုတွေအချိုတွေလာတော့မယ်😭

All Chapters