← Chapters

အခန်း ၈၅

Vol. 4 Ch. 85

အခန်း ၈၅

Vol. 4 Ch. 85

Chapter 85

နင်းမုန့်ယောင်က သူတို့နှစ်ယောက်ကိုကြည့်လိုက်ပြီး သူတို့တွေက အသံတိတ်ပဟေဠိကစားနေကြတယ်လို့ ခံစားနေရတယ်။

"ဒါဆို မိန်းကလေးနင်းက ဘာအစီအစဉ်တွေရှိလဲဆိုတာ ကျွန်တော်သိလို့ရမလား"

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို သိချင်စွာမေးလိုက်သည်။

"တကယ်တော့ ဘာမှမရှိပါဘူး။ကျွန်မက အခု ဝိုင်ပဲချက်ချင်နေလို့"

နင်းမုန့်ယောင်က သက်သောင့်သက်သာဖြေလိုက်ပြီး ချောင်ထျန်းချန်နှုတ်ခမ်းတွေက တွန့်သွားတယ်။ဒီလောက် ရိုးရှင်းတာက ပြောလို့အဆင်ပြေလို့လား?

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို အံ့ဩစွာကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲ သံသယရှိနေကာ

"မင်းက ဝိုင်လည်းချက်တတ်တာလား"

"ဒါက ထူးဆန်းလို့လား"

နင်းမုန့်ယောင်က ရှောင်ချီထျန်းကို အပြစ်ကင်းစွာကြည့်လိုက်ပြီး သူ့ကို သီးသွားစေကာ မဖြေနိုင်ဖြစ်သွားစေသည်။

"ဒါဆို မင်းက ဘယ်လိုဝိုင်မျိုးချက်မှာလဲ"

ဒါနဲ့ပတ်သက်ပြီး ရှောင်ချီထျန်းက တအားသိချင်နေတယ်။

နင်းမုန့်ယောင်က ထိုအကြောင်းကိုစဉ်းစားလိုက်ပြီး ရှောင်ချီထျန်းကို ကြည့်နေကာ အဲ့ဒီနောက် ချောင်ထျန်းချန်ကိုကြည့်လိုက်ပြီး မဖြေခင် ခဏလောက်တိတ်သွားသည်။

"အခုတော့ တရုတ်ဆီးသီးဝိုင်နဲ့မက်မွန်ဝိုင် လုပ်ဖို့စီစဉ်ထားတယ်၊အဲ့နှစ်ခုအပြင် စပျစ်ဝိုင်လည်းရှိသေးတယ်"

ရှောင်ချီထျန်း မျက်လုံးတွေက သူ ဇဝေဇဝါဖြစ်သွားတယ်ဆိုတာ ဖော်ပြနေတယ်။ပန်းပွင့်တွေကလည်း ဝိုင်ချက်လို့ရတာလား?

"ရှင် နောက်အရသာမြည်းကြည့်တဲ့အခါကျရင် သိလိမ့်မယ်"

နင်းမုန့်ယောင်က ပြုံးလိုက်သည်။

ချောင်ထျန်းချန်ခေါ်လာတဲ့လူဖြစ်တာကြောင့် သူမ သူ့ကို ယုံကြည်တယ်။

"ဒါဆို ကျွန်တော်မင်းကို ဒုက္ခပေးရတော့မှာပဲ"

သူတို့သုံးယောက်က ဧည့်ခန်းထဲမှာ စကားဆက်ပြောနေခဲ့ကြပြီး ချင်ပေါဇီနဲ့ချင်းရွှယ်က တစ်ခြားလူတွေနဲ့ဝင်လာကာ အစားအစာတွေလုပ်ဖို့ မီးဖိုချောင်ထဲသွားကြသည်။

နေ့ခင်းမှာ ချင်ပေါဇီက စားစရာတွေကို စားပွဲပေါ်ချထားလိုက်သည်။ချင်းရွှင်က ဝိုင်နှစ်ပုလင်းလောက်ထုတ်ယူဖို့ မြေအောက်ခန်းကိုသွားခဲ့သည်။

ပုလင်းဖွင့်လိုက်တဲ့အချိန် ရှောင်ချီထျန်းက ဝိုင်ရဲ့ အနံ့ကိုရပြီး သူ့တည်ငြိမ်မှုကို မထိန်းနိုင်တော့ပေ။ဒီလိုအနံ့မျိုးက သူဘယ်တုန်းကမှ မသိခဲ့ဘူးပေမယ့် အရသာက လုံးဝဆိုးမှာမဟုတ်ဘူးဆိုတာ သူသေချာသိတယ်။

နင်းမုန့်ယောင်က သူ့ကို ဝိုင်တစ်ခွက်ထည့်ပေးတဲ့အချိန် အရသာကိုမြည်းဖို့ မစောင့်နိုင်တော့ပေ။တစ်ငုံသောက်ရုံနဲ့တင် ရှောင်ချီထျန်းရဲ့ မျက်နှာက လင်းလက်တောက်ပသွားတယ်။

"ဒီဝိုင်က မဆိုးဘူး။ကျွန်တော် မင်းကို ကျွန်တော်နဲ့အတူတူအလုပ်လုပ်စေချင်တယ်"

ရှောင်ချီထျန်းက သည်းခံအောင့်အီးမနေတော့ဘဲ သူမကို ကမ်းလှမ်းလိုက်သည်။

ချောင်ထျန်းချန်က မပျော်မရွှင်ဖြစ်သွားပြီး သူ့ကို မကျေမနပ်ကြည့်ကာ

"ငါပြောမယ် မင်းကငါ့နံရံတွေကိုတူးပြီး ငါ့အလုပ်ကိုခိုးနေတာပဲ"

သူက အစတုန်းက နင်းမုန့်ယောင်နဲ့ အတူတူအလုပ်လုပ်ဖို့စီစဉ်ထားတာဖြစ်တယ်။ဒါပေမယ့် ဒီကောင်လေးက သူ့ခြေထောက်တွေထိုးဝင်လာပြီး အရှက်မဲ့လိမ့်မယ်လို့ ဘယ်သူသိမှာလဲ?

ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို ကြည့်ကာ ပြုံးလိုက်ပြီး

"ထျန်းချန် ကပ်စေးမနှဲစမ်းပါနဲ့"

ရှောင်ချီထျန်း သူမနဲ့လက်တွဲလုပ်ချင်တာကိုသိတော့ နင်းမုန့်ယောင်က အံ့ဩမသွားပေ။သူမက ထိုဟာကိုတွေ့ရတာ ပျော်တောင်ပျော်သေးတယ်။

ဒီကိစ္စကိုစဉ်းစားမိပြီးတော့ သူမက သူတို့နှစ်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။

"ကျွန်မက ခြောက်ဆယ်ရာခိုင်နှုန်းယူပြီး ရှင်တို့က နှစ်ဆယ်ရာခိုင်နှုန်းရမယ်လေ။နောက်တစ်ခုက နွေဦးရောက်တဲ့အခါကျရင် ပါဝင်ပစ္စည်းတွေအတွက် ရှင်တို့မှာတာဝန်ရှိတယ်။နောက်ရက်နည်းနည်းကျရင် ကျွန်မဆီရှိမှာ မဟုတ်တော့ဘူး"

နင်းမုန့်ယောင်က သက်သောင့်သက်သာပြောလိုက်သည်။

"ဒါက ပြဿနာမရှိပါဘူး"

ရှောင်ချီထျန်းက လက်သီးဆုပ်ကာ အာမခံလိုက်သည်။

ချောင်ထျန်းချန်က စဉ်းစားပြီး အဲ့ဒီနောက် ခေါင်းငြိမ့်လိုက်တယ်။ပန်းတွေ ဘယ်ကရနိုင်လဲဆိုတာ သူသိတာ ကောင်းသွားတယ်။

"ဒါဆို ဝိုင်ကရော"

ရှောင်ချီထျန်းက ဝိုင်ကို ညွှန်ပြလိုက်သည်။

"အဲ့ဒါက နောက်နှစ်ဆောင်းဦးအထိစောင့်ရမယ်။ဒီတစ်ခုက ဒီနှစ်ဆောင်းဦးမှာ အစ်ကိုကြီးချောင်က ကျွန်မကို ဒါလုပ်ဖို့ ကူညီပေးခဲ့တာ။အများကြီးမရှိတော့ဘူး"

ရှိတယ်ဆိုရင်တောင်မှ သူမဝန်ခံမှာမဟုတ်ပေ။ဒီလူက အကုန်သယ်သွားရင် ဘယ်လိုလုပ်မလဲ?

ရှောင်ချီထျန်းက အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားကာ သက်ပြင်းချလိုက်ပြီး နင်းမုန့်ယောင်ကိုကြည့်လိုက်သည်။

"ကျွန်တော့်ကို နှစ်ပုလင်းလောက်ပေးလိုက်ရင် ဘယ်လိုလဲ"

နင်းမုန့်ယောင်က ထိုဟာကို စဉ်းစားကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။

"နှစ်ကျင်းကို တစ်ပုလင်း။တစ်ပုလင်းကို လျန်းသုံးရာတန်တယ်။ရှင်လိုချင်ရင်တော့ ပိုက်ဆံပေးရမယ်"

ရှောင်ချီထျန်းလက်တွေက ရပ်တန့်သွားပြီး နင်းမုန့်ယောင်က စနောက်နေတာမဟုတ်ဘူးဆိုတာ မြင်တော့ ထစ်ထစ်ငေါ့ငေါ့နဲ့ပြောလိုက်သည်။

"ကောင်းပါပြီ"

ဒါက လျန်းနည်းနည်းလောက်ပဲမဟုတ်ဘူးလား?ဒီလောက် ပမာဏကတော့ သူထုတ်သုံးနိုင်ပါသေးတယ်။

နင်းမုန့်ယောင်က ကျေနပ်သွားပြီး ဝိုင်ခွက်ကို မြင့်မြင့်မြှောက်ကာ

"ကျွန်မတို့ ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ပါစေ"

"ငါတို့ ပျော်ရွှင်စွာအလုပ်လုပ်နိုင်ပါစေ"

လူသုံးယောက်ထဲမှာ ရှောင်ချီထျန်းပဲ မျက်နှာမကောင်းဖြစ်နေပြီး ချောင်ထျန်းချန်ကတော့ ပြုံးနေကာ သူ့သူငယ်ချင်းရဲ့ ကံဆိုးမှုကို သဘောကျနေပုံရသည်။

စားသောက်ပြီးတဲ့နောက် နင်းမုန့်ယောင်က စာချုပ်တစ်ခုရေးလိုက်ပြီး သူတို့အတွက် နှစ်ခုဆီ ကူးယူထားလိုက်သည်။ဝိုင်ပြီးသွားတဲ့အချိန်မှာ ရှောင်ချီထျန်းက တစ်ယောက်‌ယောက်လွှတ်လိုက်လိမ့်မယ်။သူက ဝိုင်ရောင်းဖို့အတွက် တာဝန်ရှိတယ်။‌ဒါပေါ့ သူမကနောက်မှာ နည်းနည်းချန်ထားဦးမှာ။

ဒီကိစ္စပြီးတော့ ချောင်ထျန်းချန်နဲ့ ရှောင်ချီထျန်းက ထွက်သွားခဲ့သည်၊သူတို့နှစ်ယောက်လုံးက မြင်းစီးကာ လက်တလော ရှောင်ချီထျန်းနေနေတဲ့ မြို့ကို သွားနေကြသည်။

"မင်း ဘယ်အချိန်ပြန်သွားဖို့ စီစဉ်ထားလဲ"

"ငါ မသိဘူး"

"မင်း မသိဘူးလား?ထျန်းချန် အစ်ကိုတော်ဧကရာဇ်က မင်းကိုလိုအပ်‌နေတယ်ဆိုတာ မင်းသိတာပဲ"

ရှောင်ချီထျန်းက ခပ်ဖွဖွသက်ပြင်းချလိုက်ပြီး ချောင်ထျန်းချန်ကိုကြည့်ကာ အကူအညီမဲ့စွာနဲ့ပြောလိုက်သည်။

ချောင်ထျန်းချန်က တိတ်သွားပြီး သူ့မျက်နှာပေါ်မှာတော့ ဘာအမူအရာမှမတွေ့ရပေ။ဒီလို အမူအရာမျိုးက ရှောင်ချီထျန်းကို မတတ်နိုင်ဘဲ မျက်ခုံးတွန့်သွားစေသည်။

All Chapters