← Chapters

အခန်း ၈၆

Vol. 4 Ch. 86

အခန်း ၈၆

Vol. 4 Ch. 86

Chapter 86

"မင်းက အဲ့လူတွေရဲ့အမြင်ကို တကယ်ကြီး အဲ့လောက်ဂရုစိုက်နေတာလား"

ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို သံကိုအပူပေးလည်း သံမဏိဖြစ်မလာဘူးဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်နေခဲ့တယ်။အစတုန်းကတော့ ချောင်ထျန်းချန်ဘာကြောင့် ထွက်သွားခဲ့လဲဆိုတာ သူရှင်းရှင်းလင်းလင်းသိတယ် ဒါပေမယ့် ချောင်ထျန်းချန်က သူ့ပြဿနာတွေဆီကနေ ရှောင်ပြေးတဲ့ ယောကျာ်းမျိုးဆိုတာ သူမယုံကြည်ပေ။

ချောင်ထျန်းချန်မျက်နှာပေါ်မှာ ခါးသက်သက်အပြုံးတစ်ခု ပေါ်လာခဲ့ပြီး

"ချီထျန်း ဒါကို ဆက်ပြောနေဖို့ မလိုတော့ဘူး။တကယ်တော့ ဒီမှာနေရတာလည်း မဆိုးပါဘူး။အနည်းဆုံးတော့ ဒီမှာ ပြဿနာတွေအများကြီးမရှိဘူးလေ"

ရှောင်ချီထျန်းက သူ့ပါးစပ်ကိုဖွင့်ကာ စကားနည်းနည်းထပ်ပြောချင်ပေမယ့် အဆုံးမှာတော့ ဘာမှမပြောခဲ့ပေ။

"ငါနားလည်တယ်။ဒါပေမယ့် သူတို့တွေမင်းကို ဘယ်လိုထင်လဲဆိုတာ မင်းဂရုမစိုက်သင့်ဘူး"

"ဒါ ငါအဲ့ဒါကို စဉ်းစားကြည့်ပြီးပြီ။ဒါပေမယ့် သူတိူ့ကငါ့ကို လွှတ်ထားပေးဖို့ ဆန္ဒရှိကြရဲ့လား"

သူတို့သာ ဆန္ဒရှိရင် ဒါဆို ပထမဆုံးသူပြန်တဲ့အချိန်တုန်းက သူတန်ဖိုးရှိသမျှကိုသုံးဖို့ စိတ်မရှည်ကြဘူး၊သူတို့နှလုံးသားတွေက တကယ်ကြီးတာပဲ.....သူက သူတို့အားလုံးကို သတ်ပစ်လိုက်မှာ မကြောက်ကြဘူးလား....

ရှောင်ချီထျန်းက ဘာမှမပြောပေ။သူက ဒီကိစ္စတွေကို သိတယ် ဒါပေမယ့် အဲ့ဒီနေရာကတော့ သူ့ကို အမှန်တကယ်လိုအပ်နေတယ်။

"ဘာပဲဖြစ်ဖြစ် မင်းပြန်သွားလိမ့်မယ်လို့ ငါတို့တကယ်မျှော်လင့်ထားတယ်"

ရှောင်ချီထျန်းက ချောင်ထျန်းချန်ပုခုံးကိုပုတ်လိုက်ပြီး လိုလိုလားလားပြောလိုက်သည်။

ချောင်ထျန်းချန်က သူပြောချင်တာကို ဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ,ဒါပေမယ့် နားလည်တယ်ဆိုတာနဲ့ပဲ သူအဲ့ဒါကို လုပ်မှာမဟုတ်ဘူး။

လေးနက်စွာ သက်ပြင်းချလိုက်ပြီး ချောင်ထျန်းချန်က သူ့ကိုစိုက်ကြည့်ကာ

"နယ်စပ်မှာ စစ်ဖြစ်တာမှ မဟုတ်ရင် ငါပြန်မသွားဘူး"

သူက ဒီနေရာမှာပဲ နင်းမုန့်ယောင်နဲ့ သူ့စီးပွားရေးကိုလုပ်မယ်။ဒါကလည်း မဆိုးပါဘူး။ဘဝက ရိုးရိုးရှင်းရှင်းပဲ ပြီးတော့ ပြဿနာတွေအများကြီးနဲ့ စိတ်ကူးယဉ်ဆန်တာတွေမရှိဘူး။သူက ပြဿနာတွေကို ကြောက်ရွံ့တာမဟုတ်ဘဲ ရွံနေတာဖြစ်တယ်။

ရှောင်ချီထျန်းရဲ့ မျက်နှာကပြောင်းသွားတယ်။သူက ချောင်ထျန်းချန်ကို မယုံနိုင်စွာကြည့်လိုက်ပြီး

"မင်း တကယ်ကြီးလား"

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်သည်။

"ဒီနှစ်တွေမှာ ငါသူ့အတွက် အားလုံးကိုသည်းခံပေးခဲ့တယ်။ဒါပေမယ့် အခု နယ်စပ်ကလည်းလုံခြုံသွားပြီ၊ငါ ရိုးရိုးရှင်းရှင်းဘဝပဲ နေချင်တော့တယ်"

ရှောင်ချီထျန်းက ခေါင်းငုံ့ကာ တိတ်သွားတယ်။ချောင်ထျန်းချန်က ဒါတွေအားလုံးကို အစ်ကိုတော်ဧကရာဇ်အတွက် လုပ်ခဲ့တယ်ဆိုတာ သူသိပြီးတော့ အခု အစ်ကိုတော်ဧကရာဇ်မှာ အကြီးမားဆုံးအာဏာရှိနေပြီဖြစ်လို့ ချောင်ထျန်းချန်ဆက်မကူညီနိုင်တော့ပေ။ဒါကြောင့် အဲ့ဒီလူတွေ ချောင်ထျန်းချန်ဆီသွားတဲ့အချိန်မှာ သူက ချက်ချင်းတစ်ယောက်ထဲ ထွက်သွားခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်က လဲ့အန်းပြောတာကြောင့်သာမဟုတ်ရင် သူတို့အားလုံးက ချောင်ထျန်းချန်က ရွာငယ်လေးကိုသွားပြီး မုဆိုးတစ်ယောက်လိုနေနေတယ်ဆိုတဲ့ သတင်းက အရိပ်ထဲမှာပဲ ရှိနေဦးမှာဖြစ်တယ်။

"ဒါကို မင်းစိတ်ထဲ ဆုံးဖြတ်ပြီးသွားပြီလား"

"အင်း ငါဆုံးဖြတ်ပြီးပြီ။စစ်မရှိဘူးဆိုရင် ငါမပြန်လာတော့ဘူး"

ချောင်ထျန်းချန်က အလေးအနက် ခေါင်းငြိမ့်လိုက်သည်။

ရှောင်ချီထျန်းက ချောင်ထျန်းချန်နဲ့ ကြီးပြင်းလာတာ‌ဖြစ်တာကြောင့် ချောင်ထျန်းချန် ဘယ်လိုစိတ်ဓာတ်မျိုးရှိလဲဆိုတာ သူသိတယ်။သူ့စကားတွေက ချောင်ထျန်းချန်ကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာလည်း သိတယ်။ရှောင်ချီထျန်းက ချောင်ထျန်းချန်ပုခုံးကို ထပ်ပုတ်လိုက်ပြီး ပြောလိုက်တယ်

"မင်းက ဒီလိုတွေးထားမှတော့ ငါအစ်ကိုတော်ဧကရာဇ်ကို ပြောလိုက်ပါ့မယ်"

"ဒါဆို ငါမင်းကို ကျေးဇူးတင်ရတော့မှာပဲ"

"ဘာလို့ ငါနဲ့ ယဉ်ကျေးပြနေတာတုန်း"

"အမ်း.....စည်းကမ်းတွေမလိုဘူး ဟားဟား"

ချောင်ထျန်းချန်ရဲ့ အေးစက်စက်မျက်နှာက နွေးထွေးလာခဲ့သည်။

ရှောင်ချီထျန်းက ချောင်ထျန်းချန်ရဲ့ ဒီလိုပုံစံကိုကြည့်လိုက်ပြီး ရုတ်တရက်

"မင်းရဲ့ မင်္ဂလာဖိတ်စာကို စောစောရဖို့ ငါစောင့်နေမယ်"

ချောင်ထျန်းချန်က ကြောင်သွားပြီး အဲ့ဒီနောက်ရယ်လိုက်သည်။

"ငါပို့ပေးပါ့မယ်"

"ဟားဟား ဒါဆို ငါမျှော်‌နေမယ်"

နင်းမုန့်ယောင်ရဲ့ရှေ့မှာဆို ချောင်ထျန်းချန်က အရမ်းသက်သောင့်သက်သာရှိနေတာကို သူတွေ့ရတယ်။ပြီးတော့ နင်းမုန့်ယောင်ကိုလည်း သူယုံတယ်။ဒီအခြေအနေက သံသယဝင်စရာမလိုဘူး။

နောက်တစ်ရက်မှာ ရှောင်ချီထျန်း ထွက်သွားခဲ့သည်။ဒီအတွက် ချောင်ထျန်းချန်က ပြုံးရုံသာပြံုးပြီး ဒီကိစ္စအတွက် စိတ်မပူပေ။သူက နင်းမုန့်ယောင်အတွက် ဆီးသီးပန်းပွင့်နဲ့မက်မွန်ပန်းကိစ္စကို ပိုပြီး အလေးထားသည်။

ဟုတ်တာပေါ့ သူ စပျစ်ဝိုင်တွေရတဲ့အချိန်က သူ့မျက်လုံးတွေ ရွှန်းလဲ့တောက်ပသွားခဲ့တယ်။ဒါတွေသာ အဲ့ဒီလူဆီရောင်းလိုက်ရင် သူပိုက်ဆံတွေအများကြီးရလိမ့်မယ်။

လူနာလရဲ့ ငါးရက်မြောက်နေ့မှာ မြို့မှာ မီးပုံးပွဲတော်ကျင်းပသည်။နင်းမုန့်‌ယောင်က ရန်လဲ့လဲ့နဲ့အတူ မြို့ကိုသွားခဲ့သည်။ယန်ရှိုးအာက အရေထူပြီး နင်းမုန့်ယောင်နဲ့အတင်းအကြပ်လိုက်ဖို့လုပ်ပေမယ့် နင်းမုန့်ယောင်ပြောတဲ့စကားတွေက ကြားရတာဆိုးရွားတယ်။ဒါကြောင့် သူမက နင်းမုန့်ယောင်ကပဲ သူမကို တစ်ခုခုလုပ်လိုက်တဲ့ပုံစံနဲ့ မတရားခံရတဲ့မျက်နှာလုပ်ကာ ရွာသားတွေနဲ့သာသွားခဲ့သည်။

လူနာလရဲ့ငါးရက်မြောက်နေ့မှာ မြို့ကစည်ကားနေသည်။ညမရောက်သေးတာတောင်မှ လမ်းတွေမှာ မီးပုံပေါင်းစုံ ထွန်းညှီပြီးဖြစ်ပြီး အရမ်းလှပသည်။ဒါက နင်းမုန့်ယောင်ကို အသာလေးပိုပြီးတော့ စိတ်ဝင်စားလာစေသည်။

"သခင်မလေး ဒီမီးပုံးကိုကြည့်ပါဦး။ချစ်စရာလေး!"

ချင်းကျူးက ယုန်ဖြူလေးပုံစံ မီးပုံးတစ်ခုကိုယူကာ သူမမျက်လုံးတွေက ရွှန်းလက်တောက်ပနေသည်။

"နင်ကြိက်တယ်ဆိုရင် ဝယ်လိုက်လေ"

"ဟုတ်ကဲ့"

ချင်းကျူးက ခေါင်းငြိမ့်ခဲ့ပြီး အဆုံးမှာတော့ ပြန်တင်ခဲ့သည်။

သူတို့က စိတ်ထဲ ဉီးတည်ရာမရှိဘဲ လမ်းတွေပေါ်လျှောက်သွားကြသည်။သူတို့က ဖွင့်ထားတဲ့ဘယ်နေရာမဆို သွားကြသည်။

မြို့ထဲက ခေါင်ရမ်းတွေလိုမျိုး ကြည့်ကောင်းတာကို စိတ်ဝင်စားပြီး စိတ်လှုပ်ရှားနေတဲ့လူကတော့ ရန်လဲ့လဲ့ပဲဖြစ်တယ်။သူမက သူမကြိုက်တဲ့အရာအားလူံးကို ဝယ်ပစ်လိုက်တယ်။

All Chapters