အခန်း ၈၇
Vol. 4 Ch. 87
Chapter 87
ရန်လဲ့လဲ့က လမ်းပေါ်မှာ လူတွေပိုပိုများလာတာတွေ့တော့ ပျင်းလာတယ်လို့ခံစားရပြီး
"ယောင်ယောင် မီးပုံးပွဲတော်က ဘယ်အချိန်စမယ်လို့ နင်ထင်လဲ"
သူတို့က မနက်တုန်းကရောက်လာပြီး အခုဆို နေ့ခင်းတောင်ရောက်နေပြီ။သူတို့ ဘယ်လောက်ကြာကြာစောင့်နေရဦးမလဲဆိုတာ သူမ မသိဘူး။
"အခုထိစောနေသေးတယ်။အဲ့ဒါက မှောင်သွားပြီဆိုမှ စတာ"
နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုကြည့်လိုက်သည်။သူမက ရန်လဲ့လဲ့စကားတွေကြောင့် ရယ်မောလိုက်ပြီး အသာလေးခေါင်းရမ်းလိုက်သည်။
"ဒါဆို ငါတို့ဒီည ဘယ်သွားကြမလဲ"
သူမတို့တွေ ကောင်းကင်ကြီးမှောင်သွားတဲ့အထိ စောင့်ရမယ်ဆိုတာ သူမကြားတော့ ရန်လဲ့လဲ့က မယုံနိင်စွာနင်းမုန့်ယောင်ကို လှမ်းကြည့်ရင်း အံ့ဩနေသည်။
"ငါ ဒီနေရာမှာ ခြံတစ်ခုရှိတယ် ပြီးကျရင် ငါတို့အဲ့ဒီကိုသွားကြမယ်"
နင်းမုန့်ယောင်က အေးအေးဆေးဆေးပြောလိုက်သည်။
ရန်လဲ့လဲ့က ပါးစပ်ကြီးဟသွားပြီး
"နင်.....ဒီနေရာမှာ.....နင် ဒီနေရာမှာ ခြံဝင်းရှိတယ်ပေါ့လေ"
"ဟုတ်တယ်။ခဏလောက် အဲ့ကိုသွားပြီးနားကြမယ်လေ။ညကျရင်လည်း ငါနင့်ကို ပြောစရာလေးတွေရှိသေးတယ်"
နင်းမုန့်ယောင်က ဒီအကြောင်းကို စဉ်းစားလိုက်ပြီး သူမ ချင်းကျူးနဲ့ပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရန်လဲ့လဲ့နဲ့အရင် ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်သည်။
ရန်လဲ့လဲ့က စိတ်အားထက်သန်စွာနဲ့ ခေါင်းငြိမ့်လိုက်ပြီး နင်းမုန့်ယောင်နောက်ကိုလိုက်ကာ သူမခြံဝင်းဆီလိုက်သွားခဲ့သည်။
သူတို့ရောက်တာနဲ့ ရန်လဲ့လဲ့က သူမတို့ မသေမျိုးတွေနေတဲ့နေရာ ရောက်သွားတာလားလို့တောင် ထင်လုနီးပါးဖြစ်သွားတယ်။ခြံဝင်းက သူမ အရင်တုန်းက မြင်ဖူးတဲ့ဟာတွေနဲ့ မတူညီပေ။ဒီနေရာမှာ ပန်းပေါင်းစုံရှိပြီး သူမတို့တံခါးပေါက်နေ ဝင်လာတဲ့အချိန်ကတည်းက ပန်းနံ့တွေမွှေးနေတာဖြစ်တယ်။ဒီ ပန်းခင်းအကြီးကြီးက ရန်လဲ့လဲ့ကို ပျော်ရွှင်သွားစေတယ်။
"နင်သဘောကျရင် ခူးလို့ရတယ်"
"ငါ လုပ်လို့ရလား"
ရန်လဲ့လဲ့က မျှော်လင့်တကြီး မေးလိုက်သည်။
"အင်း ရတယ်။သွားလေ"
အခန်းထဲကို ဝင်သွားတော့ အထဲမှာ နွေးနေတာကြောင့် ရန်လဲ့လဲ့က သဘောကျသွားသည်။
"ဒီအခန်းက တကယ်နွေးနေတာပဲ"
"ဒါဆောက်ထားတဲ့ မြေကြီးက မြေအောက်အပူဓာတ်ရှိတယ်လေ။အဲ့ဒါကြောင့် ဒီနေရာက သဘာဝအတိုင်းနွေးနေတာ"
နင်းမုန့်ယောင်က ကြွားဝါဖို့ရည်ရွယ်ချက်မရှိဘဲ ရန်လဲ့လဲ့ရဲ့မေးခွန်းကိုသာ ရှင်းပြလိုက်သည်။
"ဒီလိုကိုး....အာ....နင် ငါ့ကို စောနတုန်းကပြောမယ်ဆိုတာဘာလဲ"
ရန်လဲ့လဲ့ မျက်လုံးတွေက တစ်ခန်းလုံးကို သဘောတကျ လှည့်ပတ်ကြည့်ရှူနေပြီး မနာလိုခြင်းမရှိပေ။ဒါက သူမကို အာရုံစိုက်နေတဲ့ နင်းမုန့်ယောင်ကို ပျော်ရွှင်သွားစေသည်။
ဒီအချိန်မှာသာ မနာလိုတာ ဒါမှမဟုတ် တစ်ခြားခံစားချက်တွေရှိလာရင် ရန်လဲ့လဲ့ ချင်းကျူးနောက်လိုက်ဖို့ကိစ္စကို သူမပြောမှာမဟုတ်ဘူး။
"နှစ်သစ်ပြီးရင် ငါနင့်ကို ချင်းကျူးနောက်လိုက်ခိုင်းဖို့ စီစဉ်ထားတယ်"
"အဲ့ဒါက ဘာပြောတာလဲ"
ရန်လဲ့လဲ့က အံ့ဩသွားပြီး နင်းမုန့်ယောင် ဘာအကြောင််းပြောနေလဲဆိုတာကို နားမလည်ပေ။
"ငါ့ဆီမှာ ကိုယ်ပိုင်ပန်းထိုးတဲ့ဌာနရှိတယ် ဒါပေမယ့် အပြင်ကဟာတွေနဲ့တော့ မတူဘူး။ငါတိ့က အဝတ်အစားတစ်မျိူးထဲကိုပဲလုပ်ပြီးတော့ ဒီအလုပ်ကို ချင်းကျူးက ကြီးကြပ်တယ်"
ဒီအထိပြောပြီး နင်းမုန့်ယောင်က ရပ်လိုက်တယ်။သူမက အခုဆို ရန်လဲ့လဲ့ သူမရည်ရွယ်ချက်ကို သိလောက်ပြီလို့ ခံစားရတယ်။
ပြီးတော့ သူမမျှော်လင့်ထားသလိုပဲ ရန်လဲ့လဲ့မျက်လုံးတွေက တောက်ပသွားပြီး စိတ်လှုပ်ရှားကာ
"အရည်အချင်းလိုအပ်ချက်တွေက မြင့်လား"
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး ရန်လဲ့လဲ့က စိတ်ဓာတ်ကျသွားသည်။
"ငါမသွားတာ ပိုကောင်းမယ်ထင်တယ်။ငါ့အရည်အချင်းကို ငါသိတယ်"
သူမက နောက်ကျရင် ပြဿနာဖြစ်မှာ မလိုလားပေ။
နင်းမုန့်ယောင်က သူမကို ကူညီချင်တယ်ဆိုတာ သူမသိတယ် ဒါပေမယ့် သူမ ကျေးဇူးကန်းလို့မရပေ၊သူမရဲ့ကန့်သတ်ချက်တွေကို သူမသိတယ်။
"ကောင်းပြီ နင့်ကိုယ်နင် ဒီလိုမျိုး နှိမ့်ချမနေနဲ့။နင် လုပ်နိုင်ပါတယ်။ဆယ့်ငါးရက်ပြီးရင် နင့်ကို ချင်းကျူးက အရည်အချင်းစစ်လိမ့်မယ် ပြီးတော့ နင်အောင်သွားရင် နင်အထဲမှာ အလုပ်လုပ်လို့ရပြီ။နင်မအောင်ဘူးဆိုရင်လည် နင့်ရဲ့ ပန်းထိုးနိုင်စွမ်းကို ပိုပြီး လေ့ကျင့်လို့ရတာပေါ့။နင်က လိုအပ်တဲ့အရည်အချင်းကိုရောက်ရင် နောက်တစ်ခါ ပြန်ကြိုးစားလို့ရတယ်လေ။ဘယ်လိုလဲ"
နင်းမုန့်ယောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ရန်လဲ့လဲ့က တော်တယ် ဒါပေမယ့် သူမကိုယ်သူမ ယုံကြည်မှုအားနည်းတယ်။
ဒီအကြံကို စဉ်းစားကြည့်လိုက်ပြီး ရန်လဲ့လဲ့က နင်းမုန့်ယောင် ဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်ကာ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပြီ ငါသိပြီ။ငါအကောင်းဆုံး လုပ်မယ်"
"ဒီလိုသတ္တိရှိမှပေါ့"
နင်းမုန့်ယောင်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
ရန်လဲ့လဲ့က ပန်းထိုးတာမှာ အရည်အချင်းရှိပြီးတော့ အချိန်အများစုမှာ နည်းနည်းလေးညွှန်ပြလိုက်တာနဲ့တင် သူမက သူမဘာသာ နားလည်နေပြီ။ဒါပေမယ့် အရင်တုန်းက အရာတွေကြောင့်သာ သူမက သူမကိုယ်သူမ ယုံကြည်မှုမရှိဘူးဖြစ်နေတာ။
သူမက တွန်းအားတစ်ခုသာလိုပြီး ဒါဆို သူမရဲ့ အနာဂတ်အောင်မြင်မှုတွေက နိမ့်ကျတော့မှာ မဟုတ်ဘူး။
နင်းမုန့်ယောင်ရဲ့ အကူအညီကြောင့်လည်း ရန်လဲ့လဲ့က မကြာခင်မှာ တစ်တိုင်းပြည်လုံးကို လွှမ်းမိုးနိုင်တဲ့ ပန်းထိုးသမားတစ်ယောက်ဖြစ်လာလိမ့်မယ်။သူမရဲ့ ပန်းထိုးတာက အလွန်ရှာရခက်လိမ့်မယ်။ဒါပေမယ့် အခုချိန်မှာတော့ သူမက ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတဲ့ မိန်းကလေးတစ်ဦးသာဖြစ်တယ်။
ဒီအချိန်မှာ ချင်းကျူးက ရန်လဲ့လဲ့ကို အမြဲတမ်းအာရုံစိုက်နေခဲ့ပြီး သူမက ဒီလို မသေမချာဖြစ်နေတာ တွေ့တော့ ချင်းကျူးက မတတ်နိုင်ဘဲ မျက်ခုံးတွန့်သွားရတယ်။ဒီလိူလူမျိုးက ငါတို့ဆီဝင်လာရင် အနိုင်ကျင့်မခံရနိုင်ဘူးလား?ထပ်ပြီးတော့......သူမက ဒါကို လုပ်နိုင်ပါ့မလား?