← Chapters

အခန်း ၈၈

Vol. 4 Ch. 88

အခန်း ၈၈

Vol. 4 Ch. 88

Chapter 88

ရန်လဲ့လဲ့ရဲ့တုံ့ပြန်မှုတွေကိုကြည့်ပြီးတော့ အမှန်ပြောရမယ်ဆိုရင် ချင်းကျူးစိတ်တိုင်းမကျပေ။အထူးသဖြင့် ရန်လဲ့လဲ့က မသေမချာဖြစ်နေတာကိုဖြစ်တယ်။သူမက အဲ့ဒါကိုတော့ တစ်ဖက်လူရှေ့မှာ ထုတ်ပြောမှာမဟုတ်ဘူး။

နင်းမုန့်ယောင်က ရန်လဲ့လဲ့ စိတ်လှုပ်ရှားနေပြီး အနည်းငယ် အကူအညီမဲ့သလို ခံစားနေရတာ တွေ့တော့

"လဲ့လဲ့ နင့်ကိုယ်နင် ယုံကြည်မှု မရှိဘူးလား"

"ငါ......ငါ မသိဘူး....."

ရန်လဲ့လဲ့က ခါးသက်သက်ပြုံးလိုက်သည်။

တစ်ခြားလူတွေက အကြိမ်ပေါင်းများစွာပြောကြပေမယ့် အန်တီလော်နဲ့နင်းမုန့်ယောင်က သူမပန်းထိုးတာ ကောင်းတယ်လို့ ပြောတယ်ဆိုရင်တောင်မှ ရန်လဲ့လဲ့ မယုံရဲပေ။အဲ့ဒါတွေအားလုံးက သူမကို နှစ်သိမ့်ပေးနေတာလို့သာ ခံစားရတယ်။

"လဲ့လဲ့ ငါ့ကိုကြည့်"

နင်းမုန့်ယောင်က ရုတ်တရက် အလေးအနက်ဖြစ်သွားပြီး ရန်လဲ့လဲ့ကို အံ့ဩသွားစေသည်။

"မုန့်ယောင်......."

"နင့်ကိုယ်နင် ယုံကြည်မှုရှိရမယ်။ငါ့ကို ယုံ"

နင်းမုန့်ယောင်ကိုကြည့်ပြီး သူမမျက်လုံးတွေက ရန်လဲ့လဲ့မပိုင်ဆိုင်တဲ့ ယုံကြည်မှုတွေရှိနေသည်။ယုံကြည်မှုရှိတာက ရန်လဲ့လဲ့ မလုပ်ရဲတဲ့ အရာတစ်ခုဖြစ်သည်။

"အန်တီလော်နင့်ကို ဈေးကြီးပေးတာက ငါ့ကြောင့်ဆိုပြီး သေချာပေါက်တွေးနေတာ ဟုတ်တယ်မလား?ဒါပေမယ့် နင့်ရဲ့ ပန်းထိုးတာကသာမကောင်းရင် သူ(မ)က သူ့ကိုယ်သူ ဒုက္ခပေးမှာမဟုတ်ဘူး။နင် မစဉ်းစားမိဘူးလား"

ရန်လဲ့လဲ့က ကြောင်နေတယ်။သူမက နင်းမုန့်ယောင် ဘာကိုဆိုလိုလဲဆိုတာ သဘောမပေါက်ဘူး။

"အခုဆို အပျော်ထိုးတဲ့ ပန်းထိုးတာကို နင် ငွေဆယ်နဲ့ချီပြီး ရောင်းနိုင်ပြီလေ။အန်တီလော်က အဲ့လောက်ဈေးနှုန်းကို နင့်ကြောင့်ပေးတာလို့ စဉ်းစားမိရဲ့လား?သူ(မ)က သူ့စီးပွားရေးကို အရှူံးခံမယ်လို့ ထင်နေတာလား?သူ(မ)က စီးပွားရေးသမားတစ်ယောက် နင်သာ သူ့ကို ဘာအကျိုးအမြတ်မှ မပေးဘူးဆိုရင် ဒါဆို သူကနင့်ကို ဈေးကြီးပေးပါ့မလား"

နင်းမုန့်ယောင် စကားတွေက ရန်လဲ့လဲ့ စိတ်ထဲကို တစ်လုံးပြီးတစ်လုံး တိုက်ရိုက်ဝင်ရောက်သွားသည်။

ဟုတ်တယ်။သူမရဲ့ ပန်းထိုးတာကသာ အန်တီလော်အတွက် အကျိုးအမြတ်မရရင် ဒါဆို အန်တီလော်က ဘာလို့ ဈေးကြီးပေးနေမှာတုန်း?

"လဲ့လဲ့ နင်အတိတ်ကို မေ့ပစ်လိုက်ဖို့ ငါမျှော်လင့်တယ်။တစ်ခြားလူတွေ ဘာတွေပဲပြောပါစေ သူတို့ကို ဂရုစိုက်မနေနဲ့။အခုနင်က နင်အသစ်ပဲ"

နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။

ရန်လဲ့လဲ့က ဘာမှမပြောဘဲ နင်းမုန့်ယောင်စကားတွေကိုသာ အလေးအနက်စဉ်းစားနေခဲ့တယ်။နင်းမုန့်ယောင်ပြောတာတွေက ကျိုးကြောင်းသင့်လျော်တယ်။သူမသာ ဒီလိုဆက်သွားနေရင် ဒါက မကောင်းဘူး။သူမက အသုံးမကျတဲ့လူလား?ဒါပေါ့ ဘယ်ဟုတ်မလဲ။ဒါပေမယ့် တစ်ခြားလူတွေက ဘာလို့ ဒီလိုပြောရတာလဲ,

မနာလိုမှု......အဲ့ဒါ မနာလိုတာပဲ။သူမက တစ်ခြားလူတွေထက်ပိုပြီး သာလွန်နေလို့။

"ငါသိပြီ။ယောင်ယောင် စိတ်ချထားလိုက်ပါ"

"အခု ဒါအဆင်ပြေသွားပြီ။အပြင်သွားကြရအောင်"

နင်းမုန့်ယောင်က ရန်လဲ့လဲ့ စိတ်ဓာတ်တက်ကြွလာတာကိုကြည့်ပြီး ပြုံးလိုက်သည်။

ရန်လဲ့လဲ့က ခေါင်းငြိမ့်လိုက်ပြီး နင်းမုန့်ယောင် လက်မောင်းကို ဆုပ်ကိုင်ဆော့ကစားရင်း တစ်ခုခုပြောနေခဲ့သည်။ထိုဟာက အရင်လိုပဲဖြစ်ပြီး တစ်ခုမှပြောင်းလဲမသွားပေ။ဒါပေမယ့် သူမ မျက်လုံးထဲက စိတ်ပိုင်းဖြတ်ထားမှုက အခုချိန်ကနေစပြီး သူမက အရင်လို သိမ်ငယ်နှိမ့်ချတတ်တဲ့ ရန်လဲ့လဲ့အဖြစ် မနေတော့ဘူးဆိုပြီး ဆုံးဖြတ်ထားလိုက်ပြီဆိုတာ နင်းမုန့်ယောင်သိသည်။

ချင်းကျူးက မိန်းကလေးနှစ်‌ယောက်နောက်ကနေ လိုက်သွားပြီး ရန်လဲ့လဲ့ကျောပြင်ကိုကြည့်ရင်း မျက်ခုံးတစ်ချက်ပင့်ကာ သူမနှုတ်ခမ်းတွေက အသာလေးတွန့်ကွေးသွားသည်။

ကြည့်ရတာ သူမအရင်က မှားသွားတဲ့ပုံပဲ။

သူတို့လူစုက လမ်းတွေပေါ်မှာ လျှောက်သွားနေကြပြီး တစ်ချို့မီးပုံးတွေက လောင်ကျွမ်းနေပြီးဖြစ်သည်။

"လူတွေ အများကြီးပဲ"

"အနီးနားကို ပတ်ကြည့်ပြီး ရှေ့မှာ ဘာရှိလဲ သွားကြ့ည့်ရအောင်!သခင်လေးနဲ့ သခင်မလေးတွေ အများကြီးလည်း ဖျော်ဖြေမှုကို လာကြည့်မယ်လို့ ငါကြားတယ်"

နင်းမုန့်ယောင်က အမှတ်တမဲ့ပဲပြောလိုက်တယ်။ဒါတွေက ချင်းရွှင်သတင်းရလာခဲ့တာ။

လမ်းတစ်လျှောက်မှာ သူတို့က ကုန်ပစ္စည်းတွေနဲ စင်တွေကို တွေ့ရပြီးတော့ သူတို့ဦးတည်ရာကို ရောက်တဲ့အခါမှာတော့ အလွှာတွေပေါ်မှာ လူတွေပြည့်နေပြီဖြစ်သည်။သူတို့အများစုက စတင်တော့မယ့် ဖျော်ဖြေမှုကို ကြည့်ဖို့ ရောက်လာကြတာဖြစ်သည်။

ဒီတစ်ကြိမ်ဖျော်ဖြေမှုက လူတွေ အမြင်ဖလှယ်ခြင်းကနေ ယဉ်ကျေးသိမ်မွေ့စွာ သင်ယူဖြစ်ပြီး ပွင့်လင်းစွာပြောရမယ်ဆိုရင်တော့ ဟာသဆန်တယ်။

"လူတွေ ဘာလို့ ဒီလောက်များနေတာလဲ"

ရန်လဲ့လဲ့က ခါးသက်သက်ပြုံးလိုက်တယ်။

"ငါလည်း ဒါကိုမရှင်းဘူး"

"ဒါဆိုကြည့်ဖို့ အမြင့်တစ်နေရာရှာရအောင်"

နင်းမုန့်ယောင်က အနီးအနားကိုကြည့်လိုက်ပြီး သူမပြောတောမယ့်အချိန်မှာပဲ သူတို့ရှေ့က ပျောက်ကွယ်သွားတဲ့ ချင်းရွှင်က ပေါ်လာခဲ့သည်။

"သခင်မလေး ကျွန်တော်နေရာယူပြီးသွားပြီ။သခင်မလေးတို့ လာတာစောင့်နေတာ"

နင်းမုန့်‌ယောင် နှုတ်ခမ်းတွေက ကွေးတက်သွားတယ်။သူက တကယ်‌တွေးတတ်တာပဲ။

သူတို့က ဖျော်ဖြေရေးစင်ဘေးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို သွားကြသည်။ထိုင်ခုံကလည်း နေရာကောင်းပြီး သူတို့ပြတင်းပေါက်ကိုမှီကာ အောက်က အရာတွေကို ရှင်းရှင်းလင်းလင်း ကြည့်နိုင်သည်၊ဒါက လုံးဝမဆိုးပေ။

ရန်လဲ့လဲ့က အဲ့ဒါကိုကြည့်ပြီး ကောင်းတယ်လို့ ခံစားရတယ်။သူမက ကွတ်ကီးတစ်ခုကို ဆွဲယူလိုက်ပြီး အပြင်ကိုကြည့်ကာ သူမမျက်လုံးတွေက ဟိုဟိုဒီဒီ လျှောက်ကြည့်နေပြီး တကယ်ချစ်စရာကောင်းတယ်။

လူအုပ်ကြီး မျှော်နေကြတဲ့အတိုင်း ကောင်းကင်က တဖြည်းဖြည်း မှောင်လာခဲ့ပြီး လုံးဝ မှောင်သွားတဲ့အချိန်မှာ သူတို့အားလုံး အတူတူ သဘောတူထားလား မတူထားလား မသိရဘဲ မီးပုံးတွေအားလုံးက ထိုအချိန်မှာ မီးလင်းလာကြပြီး နင်းမုန့်ယောင်လည်း အနည်းငယ်စိတ်လှုပ်ရှားသွားသည်။

All Chapters