အခန်း ၈၉
Vol. 4 Ch. 89
Chapter 89
နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုခေါ်ပြီး တစ်ခြားလူတွေနဲ့အတူ မီးပုံးကြည့်ဖို့ အောက်ဆင်းသွားတဲ့အချိန် သူတို့ဘေးက သေရည်ဆိုင်မှာတော့ ချောင်ထျန်းချန်က သူမကို မြတ်မြတ်နိုးနိုးကြည့်နေခဲ့သည်။
လဲ့အန်းက သူ့သခင်ကို ထူးဆန်းသလိုကြည့်လိုက်တယ်။ဒီလို မြတ်မြတ်နိုးနိးအကြည့်နဲ့ကြည့်နေတဲ့လူက သူ့သခင်ရောဟုတ်ရဲ့လား?
"သခင်လေး ဘာကိုကြည့်နေတာလဲ"
လဲ့အန်းက အောက်ကိုကြည့်လိုက်တယ်။အဲ့ဒီမှာ လူတွေအများကြီးသွားလာနေကြပြီး ချောင်ထျန်းချန် ဘာကိုကြည့်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း မတွေ့ရပေ။
သူ့ခေါင်းကိုလှည့်ကာ ဘေးနားက လူကိုစိုက်ကြည့်လိုက်ပြီး ချောင်ထျန်းချန်က
"မင်းမှာပြဿနာရှိလို့လား" ဟု မေးလိုက်သည်။
လဲ့အန်းရဲ့ လည်ပင်းက တောင့်တင်းသွားပြီး ချက်ချင်း သူ့ခေါင်းကိုရမ်းကာ
"မရှိဘူး။လုံးဝ မရှိဘူး ဒါပေမယ့် အစ်ကိုကြီး......"
"စကားတွေအများကြီးပြောဖို့ မလိုဘူး"
လဲ့အန်း စကားဆက်ပြောတာကို စောင့်မနေတော့ဘဲ ချောင်ထျန်းချန်က သူ့ကိုဖြတ်ပြောလိုက်သည်။
"ငါ အဲ့ဒီလူကို အဓိပ္ပာယ်ရှင်းအောင်ပြောထားပြီးသား။လဲ့အန်း မင်းနဲ့တစ်ခြားလူတွေ ငါ့ကို ဆက်ရှာနေဖို့ မလိုဘူး။ဒီလိုနေရတာကလည်း မဆိုးပါဘူး"
လဲ့အန်းက သူ့အစ်ကိုကြီးကို မယုံနိုင်စွာကြည့်လိုက်ပြီး
"အစ်ကိုကြီး မင်းတစ်ဘဝလုံးကို ဒီလိုမျိုး ကုန်ဆုံးသွားချင်တာလား?သာမန် မုဆိုးတစ်ယောက်အဖြစ်နဲ့လေ"
ချောင်ထျန်းချန်က ရုတ်တရက် သူ့ခေါင်းကိုလှည့်ကာ အောက်ကလူရဲ့ အရိပ်လေးကို အမိအရဖမ်းကြည့်လိုက်ပြီး သူ့ပါးစပ်က အသာလေးပွင့်လာခဲ့သည်။
"မုဆိုးတစ်ယောက် ဖြစ်ရတာလည်း မဆိုးပါဘူး"
အနည်းဆုံးတော့ အေးအေးချမ်းချမ်းနဲ့ အချိန်ကုန်ဆုံးနိုင်ပြီး အဲ့ဒီ ရှုပ်ယှက်ခတ်နေတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းစရာမလိုပေ။
လဲ့အန်းက သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ကာ ချောင်ထျန်းချန်ကို စိုက်ကြည့်လိုက်သည်။သူက ချောင်ထျန်းချန်ကို ပြန်သွားဖို့ သေချာပေါက် ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ သူသိသည်။
အောက်မှာ မီးပုံးတွေကြည့်နေတဲ့ နင်းမုန့်ယောင်က မျက်ဝန်းပြာတွေကနေ စူးစူးစိုက်စိုက်ကြည့်နေတာကို ခံစားလိုက်ရပြီး မသိစိတ်ကနေ ခေါင်းလှည့်ကြည့်လိုက်ပေမယ့် ဘာမှမတွေ့ရပေ။
သင်္ကာမကင်းဖြစ်စွာနဲ့ မျက်တောင်ခတ်လိုက်ပြီး ရန်လဲ့လဲ့ရဲ့ ဆွဲခေါ်မှုအောက်မှာ ပြဇာတ်ကြည့်ဖို့ ရှေ့ကိုပြေးသွားခဲ့သည်။
ပြတင်းပေါက်နောက်မှာ ပုန်းနေတဲ့ ချောင်ထျန်းချန်က သူတို့ထွက်သွားပြီးတဲ့နောက် သူ့မျက်လုံးထဲမှာ ရွှင်မြူးနေခဲ့သည်။သူမရဲ့ အသိစိတ်က တကယ်ကောင်းတာပဲ။
လဲ့အန်းက ချောင်ထျန်းချန်ကို ထူးဆန်းသလိုကြည့်လိုက်တယ်။ချောင်ထျန်းချန်ရဲ့ စောနတုန်းက အပြုအမူတွေကနေ ချောင်ထျန်းချန်က တစ်ယောက်ယောက်ဆီကနေပုန်းနေတယ်ဆိုတာ သူပြောရဲတယ်။
"အစ်ကိုကြီး အဲ့ဒါဘာလဲ"
"ဘာမှမဟုတ်ဘူး။မင်းပြန်သင့်ပြီ။နောက်ထပ် ဒီကိစ္စပြောမှာဆိုရင် ငါ့ဆီမလာခဲ့နဲ့။ငါသူ့ကိုပြောထားပြီးသား စစ်ပွဲမရှိဘူးဆိုရင် ငါပြန်မလာဘူး"
လဲ့အန်းက နောက်ကို ယိုင်နဲ့စွာဆုတ်လိုက်ပြီး ချောင်ထျန်းချန်ကို မျက်လုံးအပြူးသားနဲ့ကြည့်နေခဲ့တယ်။
စစ်ပွဲသာ မရှိဘူးဆိုရင် သူက ပြန်မလာဘူးလား?ဒါဆို စစ်ပွဲက လုံးဝမရှိဘူးဆိုရင် သူက တစ်သက်လုံး ပြန်မလာတော့ဘူးပေါ့?
"အစ်ကိုကြီး မင်း......"
"လဲ့အန်း ဒါကို အများကြီးပြောနေဖို့ မလိုဘူး"
ချောင်ထျန်းချန်က လှည့်ထွက်သွားခဲ့သည်။
လဲ့အန်းက သူ့နောက်ကို မလိုက်သွားဘဲ ချောင်ထျန်းချန်ရဲ့ ထွက်သွားတဲ့ပုံရိပ်ကိုပဲ စိုက်ကြည့်နေခဲ့သည်။သူ့အစ်ကိုကြီးက စိတ်သက်သာရာရအောင် ခဏအနားယူနေတာဖြစ်ပြီး ပြန်လာလိမ့်မယ်လို့ သူအမြဲတမ်း ထင်ထားခဲ့တာ။
ဒါပေမယ့် အခု သူ့အတွေးတွေက တုံးအနေမှန်း သိလိုက်ရတယ်။ကြည့်ရတာ အဲ့ဒီမိသားစုက အစ်ကိုကြီးရဲ့စိတ်ကို အမှန်တကယ်နာကျင်သွားအောင် လုပ်လိုက်ပုံရပြီး အစ်ကိုကြီးက ပြန်သွားဖို့ ဆန္ဒမရှိတော့ပေ။
ချောင်ထျန်းချန်က သေရည်ဆိုင်ကနေထွက်လာပြီးတဲ့နောက် နင်းမုန့်ယောင်သွားတဲ့ဆီကိုသွားပြီး ရန်လဲ့လဲ့နဲ့တစ်ခုခုပြောနေတဲ့ နင်းမုန့်ယောင်ကို အဝေးကနေ ကြည့်နေခဲ့သည်၊သူ့နှုတ်ခမ်းတွေက သဘောကျစွာ ပြုံးနေခဲ့သည်။
ဘာဖြစ်တာလဲဆိုတာ မသိရဘဲ ရန်လဲ့လဲ့၊ချင်းရွှယ်နဲ့ တစ်ခြားလူတွေက ရှေ့ကိုပြေးသွားကြပြီး နင်းမုန့်ယောင်ကို တစ်ယောက်ထဲ ထားခဲ့သည်။
ဒါပေမယ့် ထိုအချိန်မှာ လူတွေက များပြားလာပြီး သူမကို လဲကျလုနီးပါး တွန်းတိုက်သွားကြသည်။
လူပင်လယ်ကြီးထဲမှာ နင်းမုန့်ယောင်က သူမရဲ့ကိုယ်ပိုင်စိတ်ခံစားချက်တွေကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ကြိုးစားပြီး ခလုတ်တိုက်မိလုနီးပါးဖြစ်သွားသည်။
"သတိထား!"
သူမဘေးနားက အသံကိုကြားပြီး နင်းမုန့်ယောင်က ပထမတော့ အံ့ဩသွားကာ သူမခေါင်းကိုမော့ပြီး သူမဘေးကလူကို ကြည့်လိုက်သည်။
"လူတွေကအများကြီးပဲ မင်းပိုပြီး သတိထားသင့်တယ်"
ချောင်ထျန်းချန်က လူတွေက သူတို့လမ်းဆီကို လာကြတာ ခံစားမိပြီး ဘေးကိုသွားလိုက်သည်။
နင်းမုန့်ယောင် မျက်နှာလေးက မသိမသာရှက်ရွံ့နေပြီး
"အဲ့ဒါ.......အစ်ကိုကြီးချောင်ကို ကျေးဇူးတင်ပါတယ်"
နင်းမုန့်ယောင်ရဲ့ မျက်နှာလေးကို ခဏလောက်စိုက်ကြည့်လိုက်ပြီး သူ့ခေါင်းကိုပြန်လှည့်ကာ ချောင်ထျန်းချန်က တင်းကုပ်သေးသေးလေးကို တွေ့ပြီး
"လာ!ဟိုနားမှာ သွားထိုင်ရအောင်။ဒီနေရာက လူတွေအရမ်းများလာပြီ"
"ကောင်းပြီ"
ရှက်ရွံ့စွာနဲ့ သူမလက်ကိုပြန်ဆွဲထုတ်လိုက်ကာ နင်းမုန့်ယောင်က သူ့နောက်ကနေ လိုက်သွားသည်။
"အစ်ကိုကြီးချောင် ဒီနေ့ ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ?"
နင်းမုန့်ယောင်က သိချင်စွာမေးလိုက်တယ်။ပုံမှန်အားဖြင့် ပန်းမီးပုံပွဲတော်လိုမျိုးက အမျိုးသမီးတွေပဲ အများဆုံးရှိလေ့ရှိပြီး အမျိုးသား အနည်းငယ်လောက်သာ တက်ရောက်ကြသည်။
ထုတ်မေးပြီးတဲ့နောက်မှာ နင်းမုန့်ယောင်က သူမအဲ့ဒါကိုမမေးသင့်ဘူးလို့ ခံစားလိုက်ရတယ်.......
"ဒီနေ့မိတ်ဆွေတစ်ယောက် ရောက်လာတယ်လေ။ကိုယ်သူနဲ့တွေ့နေတာ"
ချောင်ထျန်းချန်က အားတုံ့အားနာ အမူအရာဖြစ်နေတဲ့ နင်းမုန့်ယောင်ကိုကြည့်လိုက်ပြီး နူးညံ့စွာရှင်းပြလိုက်သည်။
နင်းမုန့်ယောင်က "အိုး" ဟု အသံပြုကာ ဘာမှထပ်မပြောတော့ပေ။အဲ့ဒီအစား သူမက မုန်ကတွေ မှာလိုက်သည်။
ချောင်ထျန်းချန်ရဲ့ တစ်မူထူးခြားနေတဲ့ အကြည့်ကို ရင်ဆိုင်ရတော့ နင်းမုန့်ယောင်က အဲ့ဒီလို ခံစားချက်မျိုးမရှိသင့်ပေမယ့် နေရခက်သွားသည်။