အခန်း ၉၀
Vol. 4 Ch. 90
Chapter 90
ချောင်ထျန်းချန်က တူတစ်စုံကိုယူကာ စိုက်ကြည့်နေခဲ့သည်။ဒါက မုန့်စားနေတဲ့ နင်းမုန့်ယောင်ကို ဆက်စားရမလား မစားရဘူးလား ကြားညှပ်သွားစေသည်။
"ကိုယ်တို့ နှစ်ယောက်ထဲ ခဏခဏ အတူတူရှိနေကြကို မင်းက ဘယ်လိုဖြစ်လို့ ဒီတစ်ခေါက်ကျမှ ရှက်နေရတာလဲ?မင်း မျက်နှာကိုကြည့်ပါဦး ပန်းသီးတစ်လုံးလို နီရဲနေပြီ!"
ချောင်ထျန်းချန်က ရယ်လိုက်တယ်။
ချောင်ထျန်းချန်ကို စိုက်ကြည့်လိုက်ပြီး နင်းမုန့်ယောင်က သူမစိတ်ထဲမှာ စိတ်ဓာတ်ကျသွားတယ်။သူမက ဒီလူနဲ့ရင်းနှီးတယ် ဒါပေမယ့် ဘာလို့မှန်းမသိဘဲ အခု သူနဲ့အတူတူရှိနေတာကို သူမ သတိထားနေမိတယ်။
"ဒါက အဆင်ပြေပါတယ်။ကျွန်မ လဲ့လဲ့နဲ့တစ်ခြားလူတွေကို သွားရှာချင်တယ်"
နင်းမုန့်ယောင်က သူမရှေ့က မုန့်ကိုမထိတော့ဘဲ မတ်တပ်တန်းရပ်ကာ ထွက်သွားဖို့ပြင်လိုက်သည်။
သူမ ခြေနှစ်လမ်းတောင် မလှမ်းရသေးခင်မှာ တစ်ခြားလူက သူမကို ဆွဲလာခဲ့သည်။
"ဒါဆို အတူတူသွားကြမလား"
နင်းမုန့်ယောင်က သူမခေါင်းကိုမော့ကာ သူမရှေ့က အမျိုးသားကိုကြည့်ပြီး မျက်တောင်ခတ်လိုက်သည်။သူမက အံ့ဩနေပြီး
"ရှင် ဘာကို ဆိုလိုတာလဲ"
ချောင်ထျန်းချန်က ရုတ်တရက် သူ့ခေါင်းကိုငုံ့ကာ နင်းမုန့်ယောင်နဲ့ မျက်လုံးချင်းဆုံလိုက်ပြီး
"ကိုယ်တစ်ချိန်လုံး လုပ်ပြခဲ့တဲ့ အပြုအမူတွေက သိသာတယ်လို့ထင်နေခဲ့တာ"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ငေးကြည့်နေပြီး သူမမျက်လုံးတွေက သူမဘယ်လောက် အံ့ဩသွားတယ်ဆိုတာ ပြနေသည်။
ဒါ......ဒါက ဘာအဓိပ္ပာယ်လဲ?
"ကျွန်မ........ရှင်........."
"ရှူး......ဒီအကြောင်းမပြောဘဲ နေကြရအောင်။ပြဇာတ်သွားကြည့်ကြမယ်"
နင်းမုန့်ယောင်ယောင် လက်ကိုဆွဲပြီး ချောင်ထျန်းချန်က ရှေ့တိုးသွားခဲ့သည်။
နင်းမုန့်ယောင်က သတိပြန်ကပ်မလာသေးပေ။သူမက ချောင်ထျန်းချန်ဘာကိုပြောဖို့ ကြိုးစားနေခဲ့လဲဆိုတာ နားမလည်တာ မဟုတ်ပေမယ့် ရုတ်တရက်ကြီး ဒီအခြေအနေ ရောက်သွားတာကို နားမလည်နိုင် ဖြစ်နေတာဖြစ်သည်။
"အစ်ကိုကြီးချောင် ခဏနေဦး"
နင်းမုန့်ယောင်ယောင်က သူမခြေလှမ်းတွေကိုရပ်လိုက်ပြီး ချောင်ထျန်းချန်လက်ကိုကိုင်လိုက်သည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ဘက်ကို လှည့်ကြည့်လိုက်ပြီး
"ဘာဖြစ်လို့လဲ"
"ရှင်စောနတုန်းကပြောတဲ့ စကားတွေက ဘာအဓိပ္ပာယ်လဲ"
"မင်းက ပုံမှန်ဆို ဉာဏ်ကောင်းနေတာကို အခုမှ တုံးလာတယ်လို့ ကိုယ်ဘာလို့ခံစားမိနေတာလဲ?ရိုးရိုးလေးပြောရရင် ကိုယ်မင်းကိုကြိုက်တယ်။မင်း အခုနားလည်ပြီလား"
ချောင်ထျန်းချန်က သူ့ခေါင်းကိုငုံ့လိုက်ပြီး သူ့နဖူးက နင်းမုန့်ယောင် နဖူးနဲ့ထိနေကာ တိုးတိုးလေးပြောလိုက်သည်။
နင်းမုန့်ယောင်က သူမနဲ့နီးနီးလေးက ယောကျာ်းကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲက ပြင်းထန်တဲ့ ခံစားချက်တွေကို တွေ့ရတယ်။
"ကျွန်မ......နားမလည်ဘူး"
ချောင်ထျန်းချန်က အံ့အားသင့်သွားပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ကို ငိုရမလား ရယ်ရမလား မသိတဲ့ပုံစံနဲ့ကြည့်လိုက်ပြီး
"အဆင်ပြေတယ် မင်းနားလည်လာတဲ့အထိ ကိုယ်စောင့်နေမယ်"
နင်းမုန့်ယောင်ရဲ့ လက်ရှိစိတ်ခံစားချက်က ရှုပ်ထွေးနေပြီး ဖော်ပြဖို့ခက်ခဲသည်။သူမ မြို့တော်ကနေ ထွက်လာပြီးတဲ့နောက် လင်းလော်ကိုထားခဲ့ပြီးတဲ့နောက် မိန်းမနဲ့ယောကျာ်းကိစ္စတွေကို သူမစိတ်ပျက်သွားပြီဆိုပြီး သေချာပေါက်ထင်ခဲ့ပေမယ့် ချောင်ထျန်းချန်က သူမကို သဘောကျနှစ်ခြိုက်တယ်လို့ ပြောတာကြားရတော့ သူမ တကယ့်ကို ကျေနပ်အားရနေခဲ့သည်။
သူမ စိတ်နှလုံးသားထဲမှာ လိုချင်တဲ့တစ်စုံတစ်ခုရှိနေပြီး......အဲ့ဒီလိုချင်တာက သူနဲ့အတူတူရှိနေချင်တာ။
သူမ ချောင်ထျန်းချန်ကို သိတဲ့အချိန်က မကြာသေးဘူးဆိုပေမယ့် ချောင်ထျန်းချန်က ဖိုဝါဒီ ကိုင်စွဲတဲ့ယောကျာ်းတစ်ယောက်မဟုတ်ဘူးဆိုတာ သူမသိသည်။သူ သူမနဲ့ စကားတွေပြောတဲ့အချိန်မှာ သူ သူမကိုပြောခွင့်ပြုခဲ့တာ အများကြီးဖြစ်သည်။
သူမလုပ်ချင်တာကို သူက သူမကို ကူညီပေးတော့ လုပ်ပေးတယ်။ထိုဟာက သူစပျစ်ဝိုင်ချက်တုန်းက သူစပျစ်သီးတွေ ရှာပေးတာမျိုးဖြစ်တယ်။ဘယ်လောက်များများရှာတွေ့ခဲ့ပါစေ တွေ့ခဲ့သလောက် ယူလာပေးခဲ့တယ်။သူမက ထိုဟာက လုံလောက်ပြီလို့ ပြောတာတောင်မှ သူတောင်ပေါ်ကနေပြန်လာတဲ့အချိန်တိုင်း အိတ်ကြီးနဲ့တစ်အိတ် ပြန်ယူလာခဲ့တယ်။
အဲ့ဒါတင်မဟုတ်ဘူး သူမ စားစရာတွေချက်တုန်းကလည်း သူက သူမကို ကူပြီးတော့ ဟင်းရွက်ခူးပေးတယ်၊ရေဆေးပေးတယ်၊ပြီးတော့ မီးမွှေးပေးတယ်။ဒါတွေက သူလုပ်ခဲ့တဲ့ အရာတွေပဲ။
ရှေးခေတ်လူတွေအတွက် သူတို့က အမျိုးသားတွေက မီးဖိုချောင်နဲ့ ဝေးဝေးမှာနေသင့်တယ်လို့ ပြောကြတယ်။ဒါပေမယ့် ချောင်ထျန်းချန်ကတော့ ထိုဟာကို မလိုက်နာပေ။သူက သူမဆီကနေ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာတောင်မှ ပျော်ပျော်ကြီးသင်သေးတယ်။
ဒီလိုအရာမျိုးတွေကို သူမ လင်းလော်နဲ့ရှိနေတုန်းကတောင် ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။သူမကို မီးလေးတောင် ကူပြီး မမွှေးပေးဖူးဘူး။
သူတို့နှစ်ယောက်ကို ယှဉ်ကြည့်လိုက်တော့ သဘာဝကျစွာနဲ့ သူမနှလုံးသားက ချောင်ထျန်းချန်ဘက်ကို ပိုပြီးယိမ်းယိုင်သွားတယ်။ဒါ့အပြင် ချောင်ထျန်းချန်က ပြဿနာတွေ၊ဇာတ်လမ်းအရှုပ်အရှင်းတွေ၊ရှုပ်ထွေးပွေလီတဲ့ မိသားစုတွေ မရှိတဲ့ သာမန်လူတစ်ယောက်ပဲဖြစ်တယ်။
(ချစ်မရေ ညည်းမှားပြီနော်)
"အား!"
နင်းမုန့်ယောင်က အတွေးနက်နေတာကြောင့် ချောင်ထျန်းချန်ရပ်လိုက်တာကို သတိမထားမိဘဲ သူ့ရင်ဘတ်နဲ့ ဝင်တိုက်မိသွားသည်။
နီရဲနေတဲ့ မျက်လုံးအစုံနဲ့ သူမခေါင်းကို ပွတ်လိုက်ပြီး နင်းမုန့်ယောင်က ခေါင်းမော့ကာ ချောင်ထျန်းချန်ကို ကြည့်လိုက်သည်
"ရှင်ဘာလို့ ရပ်လိုက်တာလဲ"
မတရားခံရသလိုဖြစ်နေတဲ့ နင်းမုန့်ယောင်ကိုကြည့်ပြီး ချောင်ထျန်းချန် နှလုံးသားလေး နာကျင်သွားရတယ်။သူက သူ့လက်ကိုထုတ်ကာ သူမခေါင်းကို ပွတ်သပ်လိုက်ပြီး
"သူတို့က ဒီမှာ အခွံမာသီးတွေ ရောင်းနေတာတွေ့လို့ ကိုယ်က မင်းစားချင်လား မစားချင်ဘူးလားဆိုတာ မေးမလို့ပါ"
သူမက နက်နက်ရှိုင်းရှိုင်းတွေးနေခဲ့ပြီး သူ့ကိုဝင်တိုက်လိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
နင်းမုန့်ယောင်က လှည့်ကြည့်လိုက်ပြီး သစ်ကြားသီးကို တွေ့သွားသည်။
စိတ်ဝင်တစားနဲ့ စင်နားကိုလျှောက်သွားလိုက်ပြီး သစ်သားခြံထဲကဟာကို ယူကာ
"ဒါကို ဘယ်လိုရောင်းလဲ"
နင်းမုန့်ယောင်က တစ်ခြားဟာတွေမကောက်ပေ။သစ်ကြားသီးကိုသာယူပြီး ဈေးသည်ကို စိတ်ဝင်တစားနဲ့ မေးလိုက်သည်။
ဈေးသည်က အားနာသလိုခေါင်းကုတ်နေပြီး
"ဒါက အရသာတော့ရှိတယ် ဒါပေမယ့် ခွာဖို့ခက်တယ်။မိန်းကလေးကြိုက်တယ်ဆိုရင် ဒါဆိုသွားရွေးလိုက်ပါ”