← Chapters

အခန်း ၉၁

Vol. 4 Ch. 91

အခန်း ၉၁

Vol. 4 Ch. 91

Chapter 91

နင်းမုန့်ယောင် မျက်လုံးတွေက ၃-၄ ကျင်း*လောက်ရှိတဲ့ သစ်ကြားသီးတွေကိုကြည့်ပြီး အရောင်လက်သွားသည်။

"ကျွန်မသူတို့ အားလုံးကိုလိုချင်တယ်။ဒီမယ် ပိုက်ဆံ"

နင်းမုန့်ယောင်က သုံးဆယ်ဝမ်ပေးခဲ့လိုက်ပြီး ဈေးသည်မျက်လုံးထဲမှာတော့ အလွန်များတဲ့ ပမာဏဖြစ်သည်။

"သခင်မလေး ဒါက ဒီလောက်မတန်ပါဘူး"

နင်းမုန့်ယောင်က သူမလက်တွေကိုရမ်းလိုက်ပြီး

"ကျွန်မက အဲ့လောက်တန်တယ်လို့ပြောရင် အဲ့လောက်တန်ကြေးရှိလို့ပဲ" ဟု ပြန်ဖြေလိုက်သည်။

ချောင်ထျန်းချန်က အလိုအလျောက် သစ်ကြားသီးအိတ်ကိုယူပြီး အဲ့ဒါကိုသယ်ကာ နင်းမုန့်ယောင်ရဲ့လက်ကိုလည်း ဆုပ်ကိုင်ထားသေးသည်။သူ့နှုတ်ခမ်းထောင့်တွေက အသာလေးကွေးတက်နေခဲ့သည်။

ဆိုင်ကနေ ထွက်လာပြီးတဲ့နောက် နင်းမုန့်ယောင်က ချောင်ထျန်းချန် လက်ထဲကိုင်ထားတဲ့ အိတ်ကို စိတ်အားထက်သန်စွာ ကြည်လိုက်တယ်။သစ်ကြားသီး‌တွေက သူမစားရတာ အနှစ်သက်ဆုံးအရာဖြစ်တယ်။၊သူမက ဒီနေရာမှာ ရောက်နေတာ အချိန်တော်ကြာပြီဖြစ်ပြီး တစ်ယောက်‌‌ယောက်ကို သွားရှာခိုင်းဖို့ အခုထိမေ့နေခဲ့တာဖြစ်တယ်၊အဲ့ဒါကြောင့် သူမ ရုတ်တရက် သူတို့ကိုမြင်လိုက်တော့ တကယ့်ကို ရချင်မိတယ်။

ချောင်ထျန်းချန်က ရွေးချယ်စရာမရှိဘဲ နင်းမုန့်ယောင်လက်ကိုလွှတ်ကာ သစ်ကြားသီးအချို့ကို အိတ်ထဲကထုတ်ပေးလိုက်သည်။သူက နှစ်ခုယူလိုက်ကာ သူတို့ကို အတူတူခြေမွမပစ်ခင် သူ့လက်ဖဝါးထဲထည့်လိုက်သည်။

ပုံမှန်အားဖြင့် လူတစ်ယောက်က သစ်ကြားသီးခွဲဖို့ဆိုရင် ကျောက်ခဲတစ်လုံး သုံးမှာဖြစ်ပေမယ့် ချောင်ထျန်းချန်လက်ထဲက ကွဲကြေသွားတဲ့ အသံကို ကြားလိုက်ရသည်။တစ်ဖန်ပြန်ကြည့်လိုက်တော့ သစ်ကြားသီးနှစ်ခုလုံးက ကွဲသွားပြီး သစ်သီးအဆံက ချောင်ထျန်းချန်လက်ဖဝါးထဲမှာ ရှိနေသည်။

အဆံတွေကိုယူလိုက်ပြီး သူက သူမလက်ထဲထည့်ပေးလိုက်သည်။နင်းမုန့်ယောင်က သူတို့နဲ့မဝတာကိုတွေ့တော့ သူမလက်ကို ထပ်ဆွဲကိုင်လိုက်ပြီး အနီးအနားက လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားခဲ့သည်။သူက လက်ဖက်ရည်နဲ့မုန့်အချို့မှာလိုက်ပြီး သူမအတွက် သစ်ကြားသီးအခွံခွဲတာကို ဆက်လုပ်ပေးနေခဲ့သည်။

နင်းမုန့်ယောင်က သူမမျက်လုံးတွေကိုမှေးကာ သူ့ကိုကြည့်လိုက်တယ်။ရုတ်တရက်ကြီး ချောင်ထျန်းချန်နဲ့ အတူတူရှိတာက မဆိုးဘူးလို့ သူမခံစားလာရတယ်။

အနည်းဆုံးတော့ သစ်ကြားသီးတွေစားတဲ့အခါကျရင် သူမဘာသာ အခွံခွဲဖို့ မလိုတော့ဘူး။

"မင်း ထပ်စားချင်သေးလား"

"ဟင့်အင်း အပြန်ကျရင် စားဖို့ချန်ထားရအောင်"

"ကောင်းပြီ"

"အစ်ကိုချောင် ကျွန်မကို သဘောကျတယ်လို့ ရှင်ပြောခဲ့တယ်နော် ဟုတ်တယ်မလား"

သူမက ဒီအချိန်အတောအတွင်း ထိုအကြောင်းကို အများကြီး စဉ်းစားနေခဲ့ပြီး သူနဲ့ ရှင်းရှင်းလင်းလင်းပြောဆိုရမယ့် အရာတွေရှိတယ်လို့ ခံစားရတယ်။

ချောင်ထျန်းချန်က အံ့ဩသွားပြီး ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်"

"ကျွန်မ အများကြီး မတောင်းဆိုဘူး။သစ္စာသာ မဖောက်ပါနဲ့"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို မျက်လုံးချင်းဆုံအောင်ကြည့်ပြောလိုက်သည်။

"အမ်း"

"လူနှစ်ယောက်ပဲ သူတို့ဘဝကို အတူတူဖြတ်သန်းကြမယ်"

(အဓိပ္ပာယ်ကတော့ မယားငယ်တွေ၊ကိုယ်လုပ်တော်တွေမထားဘဲနဲ့ လူနှစ်‌ယောက်ပဲလို့ ဆိုလိုတာပါ)

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကြည့်လိုက်တယ်။သူမ စိတ်ပျက်မသွားခင်မှာပဲ ချောင်ထျန်းချန်က ရုတ်တရက် ရယ်လိုက်တယ်။

"မင်းဘာလိုချင်လဲ ကိုယ်မင်းကို ပေးနိုင်တယ်။ပြီးတော့ ကိုယ့်ကလည်း ပိုးမွှားတွေကိုကြောက်တယ်"

(ဒီနေရာမှာ သုံးထားတာက mysophobia ပါ။သူ့ရဲ့အဓိပ္ပာယ်က extreme fear of germsပါ။ချောင်ထျန်းချန်ပြောချင်တဲ့ အဓိပ္ပာယ်က သူလည်း အငယ်အနှောင်းတွေကို မကြိုက်ဘူးလို့ ပြောချင်တာပါ)

သူက မိန်းမတွေအများကြီးနဲ့ ကိုယ်လုပ်တော်တွေရှိတဲ့ ‌ယောကျာ်းတွေကို မရေမတွက်နိုင်အောင် တွေ့ဖူးပြီး သူတို့ရဲ့ ညစ်ပတ်တဲ့ရန်ဖြစ်တာတွေ လှည့်ဖြားတာတွေကိုလည်း လုံလောက်အောင်မြင်ဖူးတယ်။သူက မိန်းမတွေအများကြီးနဲ့ကိုယ်လုပ်တော်တွေယူဖို့ စိတ်မဝင်စားဘူး။အဲ့ထက်ပိုတာက မိန်းမတွေနဲ့ကိုယ်လုပ်တော်တွေ အများကြီးရှိတဲ့ ယောကျာ်းတွေက သူတို့ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒတွေကို ဖြေဖျောက်ဖို့ပဲ။

လူတစ်ယောက်ကသာ တစ်ခြားလူတစ်‌ယောက်ကို တကယ်ချစ်ရင် သူတို့ကဘယ်လိုလုပ် အခြားလူတွေအများကြီးကို လက်ထပ်ပြီး သူတို့ရဲ့အချစ်စစ်ကို အဆုံးမှာ စိတ်မချမ်းမြေ့အောင်လုပ်လို့ ဖြစ်ပါ့မလဲ?

"ကိုယ်က ပန်းပွင့်လို စကားတွေ မပြောတတ်ဘူး။ဒါပေမယ့် ကိုယ်ဒါကို ပြောနိုင်တယ်။တစ်ခြား ယောကျာ်းတွေက မိန်းမတွေနဲ့ကိုယ်လုပ်တော်တွေ အများကြီးယူရတာကို သဘောကျကြလိမ့်မယ် ဒါပေမယ့် ကိုယ်ကတော့ မဟုတ်ဘူ၊။ကိုယ်က အဲ့ဒါကို ရွံတောင်ရွံသေးတယ်။အဲ့ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကိုယ့်ကိုမွေးခဲ့တာ"

နင်းမုန့်ယောင်ကို မျက်နှာချင်းဆိုင်ရင်း သူ့မှာ ပြောစရာ အများကြီးမရှိပေ။

အခု သူအမှန်တကယ့်ကို နေချင်တယ်။သူအရင်တုန်းက ပိုင်ဆိုင်ခဲ့တဲ့အရာတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေပြီး ဝေးလံတဲ့ရွာလေးမှာပဲ ရိုးရှင်းတဲ့ဘဝနဲ့ နေချင်တော့တယ်။

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ယုံရခက်စွာ ကြည့်လိုက်တယ်။သူက သူ့မိသားစုရဲ့ သခင်ငယ်လေးလား?ဒါမှမဟုတ် ကိုယ်လုပ်တော်တစ်ယောက်ရဲ့ သားလား?

"ကိုယ့်အဖေနဲ့မတွေ့ခင်တုန်းက အမေက သူမ ငယ်ချစ်ဦးနဲ့ စေ့စပ်ထားခဲ့တယ်လေ။ဒါပေမယ့် ကိုယ့်အဖေရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် မိသားစုနှစ်ခုက ပျက်ဆီးသွားပြီး ကိုယ့်အမေလည်း ဖျက်ဆီးခံခဲ့ရတယ်။ကိုယ့်အ‌မေသေသွားတုန်းက ကိုယ်က ငါးနှစ်သားအရွယ်ပဲရှိသေးပြီး မိသားစုထဲက လူတိုင်းမျက်လုံးထဲမှာ ဆူးညှောင့်ခလုတ်အနေနဲ့ ဖယ်ကြဉ်ခံခဲ့ရတယ်။"

ရှောင်ချီထျန်းနဲ့ တစ်ခြားလူတွေနဲ့အတူ သူတို့ငယ်ငယ်ထဲက ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတာကြောင့်သာမဟုတ်ရင် သူ့မိသားစုဝင်တွေက သူ့ကိုသတ်ဖို့ တွေဝေနေမှာမဟုတ်ဘဲ သူဒီနေ့အထိ သေချာပေါက် အသက်ရှင်နိုင်မှာမဟုတ်ပေ။

ဒါကိုနားထောင်ပြီးတော့ နင်းမုန့်ယောင်စိတ်ထဲ ဝမ်းနည်းသွားတယ်။သူက အရမ်းအေးစက်ပြီး အထီးကျန်နေတာ အံ့ဩစရာမဟုတ်တော့ပါဘူး၊အရာအားလုံးကို လျစ်လျှူရှုထားပုံရတယ်။

"ကျွန်မ နားလည်ပြီ"

"ကျွန်မ နားလည်ပြီဆိုတာ မင်းဘာကိုဆိုလိုတာလဲ"

သူမရဲ့ ဟန်ဆောင်တည်ငြိမ်မှုကိုတွေ့တော့ ချောင်ထျန်းချန်က သူမကို နည်းနည်းစလိုက်သည်။

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်ကာ ခေါင်းငုံ့လိုက်ပြီး ဘာမှတုန့်ပြန်ခြင်းမရှိပေ။

"နှစ်သစ်ပြီးရင် စေ့စပ်ကြရအောင်"

ချောင်ထျန်းချန်က ရုတ်တရက်ပြောလိုက်တယ်။ဒီစကားတွေက နင်းမုန့်ယောင်ကို ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်ထိတ်လန့်သွားစေတယ်။

"ရှင် ဘာပြောလိုက်တာလဲ"

"စေ့စပ်ရအောင်"

"ဘာလို့ အလျင်လိုနေတာလဲ"

နင်းမုန့်ယောင်က မေးရိုးကိုမစေ့နိုင်တော့ပေ။သူတို့တွေအခုမှ နားလည်မှုတစ်ခုကို ရောက်တာမဟုတ်ဘူးလား,သူတို့က ဘယ်လိုလုပ် စေ့စပ်ဖို့အကြောင်း ပြောတဲ့ဆီကို ခုန်တက်သွားတာလဲ?ဘာလို့ အလျင်စလိုဖြစ်နေရတာလဲ?

ချောင်ထျန်းချန်က ဘာမှမပြောဘဲ နင်းမုန့်ယောင်ကိုသာ သဘောတကျပြုံးပြီး ကြည့်နေခဲ့သည်။သူမက အရမ်းထက်မြတ်တာကြောင့် သူမကို သူ့ဘေးမှာထားနိုင်မယ့် နည်းလမ်းစဉ်းစားထားရသည်။မဟုတ်ရင် အနာဂတ်ကျရင် တစ်ယောက်ယောက်ကရောက်လာပြီး သူမကို သူ့ဆီကနေခိုးယူသွားရင် သူငိုချင်တောင်မှ ဘာမှလုပ်နိုင်မှာမဟုတ်ပေ။

နင်းမုန့်ယောင်ရဲ့ ‌စိုက်ကြည့်မှုအောက်မှာ ချောင်ထျန်းချန်က နောက်ဆုံးတော့ ပြောလာခဲ့သည်။

"ဒါက စေ့စပ်တာပဲလေ”

All Chapters